မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 April 2010

12 စားတယ် ဝါးတယ် မွေးနေ့ဝယ်


ဟော. . . ဒီမှာ ကြည့်လိုက်ပါဦး. . . ။


















ဒီမှာလည်း ပိတောက်ပန်းတွေ ပွင့်နေကြပါပြီဗျ. . ။ ပိတောက်ကို ကျွန်တော် မကြိုက်ပါ။ သူနဲ့ ကျွန်တော် ရန်ညှိုးလည်း မရှိလေတော့ မုန်းစရာ အကြောင်းလည်း မရှိပါ။ မကြိုက်နှစ်သက်သောလည်း ချစ်တော့ ချစ်ပါတယ်။ သင်္ကြန်ဆိုရင် ပိတောက် နဲ့ တွဲပြီး မြင်တတ်ကြတယ်လေ။ ကျွန်တော်တောင်မှ ဒီနေ့ နဖူးစည်းလေးမှာ ပိတောက်ပုံလေးနဲ့ ထည့်ထားသေးတာပဲ။


ဒါကရော ဘယ်သူလဲ သိလား။ မန်ယူက အရင် ဂိုးသမားဟောင်း “ ပီတာ ရှမိုက်ကယ် “ ဆိုတာလေ။ သူရောက်လာလို့  လက်မှတ် အမှတ်တရ ထိုးနေကြတာလေ။ အဟဲ. . . ကျွန်တော် သွားတာ ထင်နေဦးမယ်။ သွားဘူး. . ။ သူငယ်ချင်း တစ်ယောက် ရိုက်လာတာ. . ။



ရှမိုက်ကယ် တို့က အသက်သာကြီးတယ်နော်. . . .အိုနေပြီ. .:P



မလေးရှားမှာတော့ အပြင်အဆင်ရော ၊ အစားအသောက်ရော ကောင်းတဲ့ “ နတ်ပြည်နန်းတော် ” မှာ သူငယ်ချင်း အားလုံးနဲ့ ချိန်းထားခဲ့ပါတယ်။ ချိန်းထားတုန်းက ကျွန်တော် ပြောတယ်။ စနေနေ့ဆိုတော့ လူတွေ အားလုံး အလုပ် မပိတ်သေးဘူးလေ။ ကျွန်တော်ကတော့ အကြောင်း မဟုတ်။ သူတို့ကလည်း မွေးနေ့ဆိုတာ မွေးနေ့မှာပဲ ကောင်းတယ် ဆိုပြီး ပြောကြလို့ ချိန်းလိုက်ကြတယ်။ 

သူတို့လည်း ခွင့်ယူလို့ ရမယ်ထင်လို့ နေမှာပါ။ တကယ်တမ်းကျတော့ ခွင့်က ယူလို့ မရဘူး ဖြစ်နေကြတယ်။ ဒါကြောင့် ကျွန်တော့်မှာ ကျွေးချင်လွန်းလို့ လက်ထဲက ပိုက်ဆံနဲ့တောင်မှ မလောက်မှာ စိုးလို့ ဘဏ်က ပြေးထုတ်လိုက်ရတာ . . .လက်ထဲမှာ ပိုက်ဆံတွေ . . . တစ်ထပ်ကြီး . .တစ်ထပ်ကြီး . .တစ်ထပ်ကြီး . . ( ကျော်ထူး လိုမျိုး သုံးကြိမ် ဆင့်ပြောသွားတယ်နော်. . .:P )  အခုတော့ လူလေး နည်းနည်းလေးပဲ ရောက်လာကြတယ်။ မာမီညို ( ဏီလင်းညို ) ကိုများ ခေါ်လိုက်မိရင် ပိုတောင်မှ ဆိုးဦးမယ်။ သူက နောက်နေ့ တနင်္ဂနွေနေ့ . . သူ ရှောက်သီးဆေးပြား ရောင်းရမဲ့ နေ့ဆိုတော့ လာနိုင်မှာ မဟုတ်ဘူးလေ။ 

ဘယ်တတ်နိုင်မလဲ ။ ရောက်လာတဲ့ သူငယ်ချင်းတွေ နဲ့ပဲ စားကြ ၊ ဝါးကြတာပေါ့။ ( ဘယ်နှစ်ယောက် ရောက်လာလဲ ဆိုတာ မပြောဘူး။ ) ဒီအောက်ကတော့ သူငယ်ချင်းတွေရဲ့ လက်ဆောင်တွေ . . . အဲ.. . . တွေ့ပြီး ပြန်ခါနီးမှ ဝယ်ပေးသူတွေကတော့ ပုံထဲမှာ မပါ. . .ဆောရီး . .။



အဲဒီလိုပဲ ရောက်ရာ နေရာမှာ ကွန်ပျူတာထဲပဲ ခေါင်းဝင်နေတတ်တယ်။ ဒါက သူငယ်ချင်းစက်ထဲကို Anti Virus ထည့်ပေးနေတာ . . . .ကဲ. . ကဲ. . ကွန်ပျူတာလေး ဘေးချ . . .စားစရာတွေ မှာကွာ။


အဲသလိုပဲဗျ။ ကျွန်တော်က အိမ်လာလည်လည်း “ စားပါဦးး ” ဆိုပြီး လောကွက် မလုပ်တတ်ဘူး။ ဒါကြောင့် ကျွေးမယ် ပြောပြီးရင် စားချင်တာ မှာစားကြပဲ။ ကျွန်တော် ဘာညာ မမှာတတ်ဘူး။ ကျွန်တော်လည်း ကိုယ်စားချင်တာ မှာပြီး ငုတ်တုပ် ထိုင်နေတတ်တာမျိုးဗျ။ မကောင်းတော့ မကောင်းဘူး။ ဒါပေမဲ့ မွေးရာပါကို ဖြစ်နေတာ . . .အင်း. . သတိထားပြီးတော့တော့ ပြင်နေပါတယ်။

ကဲ . .. . ကဲ. . . မှာကြလေကွာ။ စားချင်တာသာ မှာစားကြ။ ငါကတော့ ခေါက်ဆွဲကြော် ( အစပ် ) မှာလိုက်ပြီ. . တုန်ရမ်းတစ်ပွဲ ၊ စမူဆာတစ်ပွဲ . . .နောက်. . .အဲ..ရပ်ထားဦးမှ တော်ကြာ အစားကြီးတယ် ဆိုပြီး နောက်ဆို မဖိတ်ပဲ နေဦးမယ်။ 

အဲ . .ဒီတော့မှ မှာကြတယ်ခင်ဗျ. . ။ ကျွန်တော်လည်း မသိတော့ဘူး။ ကွန်ပျူတာထဲပဲ ခေါင်းပြန်ဝင်နေလိုက်တယ်။ ခဏကြာလို့ ရောက်လာတော့မှ ကွန်ပျူတာလေး ပိတ်ပြီး . . . ဟိဟိ  . . စဝါးပြီးဗျို့. . .ဆွဲ. .ဆရာရေ. .ရှလွှတ်. . .( စာဖတ်နေရင်းနဲ့ သွားရည် ကျနေတယ် မဟုတ်လား။ သိတယ်.. . ကျွေးဘူး . .:P )

ဒါက . . .ခေါက်ဆွဲကြော် အစပ် လေ။


ဒါက ပဲပြုတ်ထမင်း အမဲကြော် ဆိုပဲ. . .ရှလွှတ်. . .


အ. . .တူ . . .တူ. . .ပဲ.. . . .ဒါကြောင့် ထပ်ပြီး ရှလွှတ်. . . ။


ဒါက မစားခင် . . တရားနာ နေတာ. . အဲလေ.. . ဟုတ်ပေါင်. . . ပွားနေကြတာ . . ကဲ . . စစားပြီ။


ဒါက စီးဖု တုန်ရမ်း ( ဆလိမ် နဲ့ မဆီး ချင်လို့ စလုံး နဲ့ပဲ စီး လိုက်တယ်နော်...ဟီး ) သွားရည်ကျနိုင်ကြပါစေ။


အဲ. . .ဘာဆက်ရေးရတော့မလဲ မသိတော့ဘူးရယ်. . . . ။

တော်ပါသေးရဲ့ ကင်မရာတွေ ပါမလာကြလို့ ဒါတွေက လက်ကိုင်ဖုန်းက ကင်မရာ တွေနဲ့ ရိုက်ထားတာတွေလေ။ တော်သေးတယ်နော်။ ဒါတောင်မှ စာဖတ်သူတွေ မရှလွှတ်ပဲ ရင်တုန် ၊ ရင်ခံသွားစေနိုင်တဲ့ ကျွန်တော် နဲ့ သူငယ်ချင်းတွေ ပုံကို မထည့်လိုက်. . မတင်လိုက်တော့ဘူးနော်. . .ဟီး။
    
သူငယ်ချင်းတွေ အားလုံး မလာနိုင်ပေမဲ့ ဖုန်းနဲ့ တစ်မျိုး ၊ မေလ်းနဲ့ တစ်ဖုံ ၊ မက်ဆေ့နဲ့ တစ်ခါ ၊ စီဘောက်မှာ တစ်ကြောင်း . . . အမျိုးမျိုး မွေးနေ့ ဆုပေးသွားကြတာ ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ကြပါစေဗျာ
 
လေးစားစွာဖြင့်
ကိုဇော် 
.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

ရွှေရတုမှတ်တမ်း said...

အဝေးမြေမှ ကိုဇော့်မွေးနေ့က အကြွေးတွေ (စားစရာကြွေးတာ ပြောတာပါ) ကိုကြည့်ပြီး သာဓုအနုမောဒန ခေါ်ဆိုသွားပါကြောင်း....

khin oo may said...

happy birthday..

khin oo may said...

မဲမဲပြူးပြူးလေးပါလား အဟင့်။

shwezinu said...

မဖိတ်ပေမဲ့ လာစား
happy birthday ပါ

ခင်တဲ့
ရွှေစင်ဦး

ချစ်ကြည်အေး said...

စားသွားပြီ...ရှလွတ်...

မမကွန်...မဲမဲပြူးပြူးလေးဆို တော်ရောပေါ့
အဟင့်က ဘာဒုန်း...ဟွန်း...

အောင်မော် said...

ကိုဏီလင်းညီု ခေါ်ခေါ်နေတဲ့ မိဇော်ဆိုတာယုံသွာြး့ပီ
ကိုဇော်ေ၇...:ဟားဟား......

မောင်မိုး said...

အဟမ်းးးးးတို့လည်းမစားရဘဲနဲ့ လာနောက်နေတာလား။။။ တွေ့ရင်တော့ အပြတ်ညှစ်ပစ်လိုက်မယ်။ (ပိုက်ဆံအိတ်)

what is good things said...

မကျွေးဘူးလည်းဆိုသေး သရေကျအောင်လည်း ပြထားတယ် ။ မတရားဘူးးးးး)))
လာလည်သွားတယ် ။ ရေလည်းလာလောင်းတယ် ဒါဘဲ

နှင်းနဲ့မာယာ said...

Happy Birthday ပါ ကိုဇော်.....
ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ...


နှင်း

Unknown said...

ဖတ်၇င်းကြည့်၇င်းနဲ့ မျက်ရည်တွေပါဝိုင်းသွားတယ်..
ငါ့နှယ်ကံဆိုးလိုက်လေခြင်း..
ကိုဇော် ကျွေးမယ်ဆိုမှ မစားလိုက်၇ဘူး..
ဂလု..ဂလု... တံတွေးလေးမျိုချပြီးပြန်သွား
တယ်ဗျာ

Anonymous said...

အထက်က ပြောသလို မဲမဲပြူးပြူးဆိုတော့ မဲမဲဇီးသီး နဲ့ ဘာတော် လဲဟင်.
မျက်နှာပေးကတော့ လူကြမ်းကား ဝင်ရိုက်လို့ ရတယ်။
(မှတ်ချက်) မင်းသမီးမပါ။။

Kay Lay said...

သူငယ်ချင်းတစ်ယောက်မွေးနေ့ နဲ့ အတူတူပဲ