မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 April 2010

23 ကျွန်တော့် မွေးနေ့ ဆုပန်




“ မည်မျှပင် ကြီးစေသော သင်္ဘောကြီးများပင် ဖြစ်ပါစေ ကမ်းနှင့်ကင်းလွတ်၍ မခွာစကောင်း ”  ဟူသော စကားပုံ အရ မည်သူ မဆို ကိုယ်ရှေ့က စာဖတ်ခဲ့ရသော စာပေ ပညာရှင်တို့ရဲ့ အရိပ်များ ဖုံးလွှမ်းခံနေရမှာ ဖြစ်ပါတယ်။ 

ဒီစာရေးလေးကို ရေးသူက နိုင်ငံကျော် စာရေးဆရာ မင်းသိင်္ခ ပါ။ သူရဲ့ စာအုပ် အထိမ်းအမှတ်များတွင် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံကျော် စာရေးဆရာကြီးကတောင်မှ သူစာရေးဆရာ ဖြစ်လာတာ ဆရာ ရွှေဥဒေါင်း ၊ ဆရာ ဒဂုံရွှေမျှား တို့၏ စာအုပ်များကို ဖတ်ခဲ့ရသောကြောင့် သူတို့၏ အရိပ် ၊ အငွေ့အသက်များ လွှမ်းမိုးခံနေရနိုင်ပါတယ် လို့ ပြောကြားခဲ့တယ် ဆိုရင် ကျွန်တော်တို့ ဘာမှ မဟုတ်သော ဘလော့ရေးသူ တစ်ယောက် အနေနဲ့ ဒါကတော့ ငါရဲ့ ပုံစံ စစ်စစ်လို့ မပြောနိုင်ပါဘူး။

ကျွန်တော့်ရေးသော စာများတွင်လည်း ကျွန်တော် ဖတ်ခဲ့ရသော စာများမှ နှစ်သက်မိသော စာပေဟန်များ ပါနေနိုင်ပါတယ်။ သို့သော် ကျွန်တော် ရိုးစင်းစွာ ပြောကြားလိုသည်မှာ သူတို့ကို တုပြီး ရေးတာတော့ မဟုတ်ပါ။ (ထပ်၍) သို့သော် မိမိဖတ်ခဲ့ရသော စာများရဲ့ လောင်းရိပ်အောက်မှ မကျော်နိုင်သေးသော အချိန်အတိုင်းအတာ တစ်ခုအထိ စာရေးသားသူတို့ရဲ့ စာပေတွေမှာ ကိုယ်ပိုင်ဟန်များ ဖြစ်ထွန်းလာဖို့ နှောင့်နှေးပြီး သွယ်ယှက်ပါဝင်နေတတ်ပါတယ်။ 

မည်သို့ပင်ဖြစ်ပါစေ. . .

ကျွန်တော်ကတော့ စာကို ကျွန်တော့်ရေးဟန် အတိုင်းပဲ ရေးပြချင်ပါတယ်။  တစ်ခုပါပဲ . . . အဲဒီလို ကျွန်တော် စာတစ်ပုဒ် ဖန်တီးနေတဲ့ အချိန်မှာ ကျွန်တော် ဘယ်လို စိတ်ခံစားမှု ဖြစ်နေလဲ ဆိုတဲ့ အချက်က စာထဲမှာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ရင်ဖွဲ့ ခံစားမှု ဖြစ်ချင် ဖြစ်မယ် ၊ ရသ ဖြစ်ချင်ဖြစ်မယ် ၊ မြန်မာမှု ပြုထားသော စာ ဖြစ်ချင်ဖြစ်မယ် ၊ စိတ်ကူးတည်ရာ ရေးထားတာ ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် ဘယ်လိုပဲ ရေးရေး ကျွန်တော် တစ်ခု သေချာတာကတော့ ကျွန်တော် အဆိပ်အတောက် ဖြစ်မဲ့ စာ မရေးပါဘူး။

“ ဆရာဝန် တစ်ယောက် အမှားလုပ်ရင် လူတစ်ယောက်ပဲ သေမယ် ၊ အင်္ဂျင်နီယာ တစ်ယောက် အမှားလုပ်ရင် လူရာကျော်သေမယ် ၊ သို့သော် စာရေးသူ တစ်ယောက် အမှားလုပ်ရေးရင် လူမျိုး တစ်မျိုးလုံး အတွက် နစ်နာသေကြေ သွားရနိုင်ပါတယ်။ ”

ဒါကြောင့် ကျွန်တော် အဆိပ်အတောက် အမှားအယွင်း ဖြစ်စေနိုင်သော စာများကို (အတတ်နိုင်ဆုံး) ရှောင်ရှားရေးခဲ့ပါတယ်။ ကျွန်တော် ဖြစ်စေချင်တာကတော့ ကျွန်တော်က အတွေးလေးတွေကို မီးစလေး အဖြစ် စတင်ပွားပေးသူ တစ်ယောက်သာ ဖြစ်လိုပါတယ်။ ဒီအတွေး မီးစလေးကို စာဖတ်သူ ကိုယ်တိုင် ဘုရားမီးမှာ ပူဇော်မလား ၊ ဧည့်ခန်းထဲက မီးလင်းဖိုမှာ ထွန်းထားမလား ၊ စားသောက်ပွဲက ဖယောင်းတိုင်မှာ ထိန်ညှိစေမလား ၊ ဆောင်းတွင်း ချမ်းလို့ မီးလုံဖို့ မီးဖိုလေမလား ၊ သူများတွေကိုပါ အလင်းရောင် ရစေဖို့ မီးအိမ်တစ်လုံး ထွန်းညှိပြထားမလား ၊ ဒါမှ မဟုတ် အလောင်းကောင်များကို လောင်တိုက်သွင်းဖို့ မီးအဖြစ် ပွားယူလေ မလား ၊ သူများ အိမ်တွေကို မီးကွင်းသွား ပစ်မလား ၊ သူများတွေကို မီးလောင်တိုက် သွင်းမလား။

ဒါကတော့ စာဖတ်သူရဲ့ ကိုယ်တွင်း အဇ္ဈတ ၊ အတ္တ ၊ အစွဲ များဖြင့်သာ ခံစားကြားယောင် သွားတတ်မိပါတယ်။ မည်သို့ပင် ဖြစ်ပါစေ ကျွန်တော်က လက်ဝါးလို့ ပြလိုက်တာကို “ နေပါဦး . . ရပ်  ” ဆိုပြီး ကိုယ့်ဖာသာ မမြင်စဖူး မြင်မိသွားတယ် ဆိုရင်လည်း ကျွန်တော် အားတတ်သရော ဝမ်းသာမိပါတယ်။ 

ဘယ်လိုပဲ ဖြစ်ပါစေ “ လူဆိုတာ တွေးတော ကြံဆ ရတယ် ” ဆိုတာကြောင့် မတွေးမိတာထက် စာရင် နည်းနည်းလေး တွေးမိတာက ကောင်းပါတယ်။ လမ်းကြောင်းမှားနေတာတွေကတော့ ထိုသူကို သူ့ဘဝက ရိုက်နှက် ဆုံးမပါလိမ့်မယ်။ နည်းနည်းတော့ ခါးသီးပေမဲ့ တချို့အတွက်ကျတော့ ဒါက “ ဆေးခါး ” ပါပဲ။  နည်းနည်းတော့လည်း ရှည်ကြာ ခါးသီးနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော် ရေးသော စာများမှာ “  ဒါကို ဒါဖြစ်ပါသည်။ ” လို့  ကျွန်တော် ထပ်ဆင့် ဖွင့်ဆို ရှင်းမပြခဲ့ပါ။ စာဖတ်သူ ဖာသာ စိတ်ကြိုက် မြင်သွားနိုင်ပါတယ်။ စိတ်ကြိုက် ခံစားသွားနိုင်ပါတယ်။ ဒီအတွက်လည်း ကိုယ့်ဖာသာမှာပဲ တာဝန် ရှိပါတယ်။

ဒီလိုလေးတွေ အမြင် ၊ အတွေးလေးတွေ ရလာပြီ ဆိုတော့ ကျွန်တော် တကယ်ကို ဝမ်းသာမိပါတယ်။ ဒါကြောင့် ကျွန်တော် မွေးနေ့မှာ မှတ်မှတ်ရရ “ ဆုတစ်ခုသာ ပန် လိုပါတယ်။ ”

“ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့ မျက်မှောက်ပြုလိုရာ နိဗ္ဗန် ကို မရောက်မှီ စပ်ကြား ၊ ဖြစ်ခွင့် ၊ ဆုပန်ခွင့်ရခဲ့မယ် ဆိုရင် . . .  ဖြစ်လိုရာ ဘဝ၌ ကျွန်တော် နတ်လည်း မဖြစ်လိုပါ ၊ ဗြဟ္မာလည်း မဖြစ်လိုပါ။ နိဗ္ဗန် မရောက်ခင် စပ်ကြား လူ့ဘဝကိုသာ အကြိမ်ကြိမ် ရလိုပြီး ထိုလူဘဝမှာလည်း လူတွေကို အသိလေးတွေ ဖွင့်လှစ်ပေးနိုင်သော လူတစ်ယောက်သာ ရိုးရှင်းစွာ ဖြစ်ရပါစေသား။ ”

မှတ်ချက်။   ။ ဆရာ မင်းသိင်္ခ ၏ စကားလုံးတချို့ယူ၍ သုံးစွဲ ထားပါတယ်။ ( တကယ်တော့ မွေးနေ့မှာ ကျွန်တော် ရေးချင်တဲ့ စာက တစ်ခုပါ။ ဖြစ်ချင်တော့ ဒီရက်ပိုင်းမှာ အထွေထွေ အလုပ် ၊ လူမှုရေးတွေ ရှုပ်သွားလို့ မရေးနိုင် ဖြစ်သွားတယ်။ ဒါကြောင့် ဒါလေးပဲ တင်လိုက်ပါတယ်။ )

ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်
10.4.2010 - 4.21AM

.            

Share/Bookmark

23 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY....KO ZAW

Unknown said...

တောင်းတဲ့ဆုနဲ့ပြည့်စုံပါစေ။
ံHappy Birthday!
Many happy returns of the day!

မြလေးသျှင် said...

Happy Birthday KO ZAW!
May all your dreams come true!

Nonamelady said...

ချမ်းမြေ့ပျော်ရွှင် မွေးနေ့တွင်
လိုရာဆန္ဒအကုန်ပြည့်ဝ
ဘဝရဲ့အောင်မြင်ခြင်းကို ပိုင်ဆိုင်စေ...။
အများကောင်းကျိုးဆတက်ပိုး တမ်းရွက်နိုင်ပါစေ။
လူရော၊စိတ်ပါ ချမ်းသာစေ
ကောင်းကျိုးလိုရာပြည့် အသက်ရာကျော်ရှည်ပါစေ...။
ချစ်တဲ့သူနဲ့ရွှေလက်တွဲ အသက်ထက်ဆုံးနေနိုင်စေ။
အပူအပင်သောကများအဝေးသို့ပြေး စိတ်ချမ်းမြေ့ပျော်ရွှင်စေလို့....
တောင်းဆုချွေ....။

သဒ္ဓါလှိုင်း said...

ကိုဇော်ရေ..
မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာနေရတဲ့အထိ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့မိဘတွေကိုလုပ်ကျွေးနိုင်ပြီး
သာသနာပြုနိုင်သောသူဖြစ်ပါစေ.....
ကိုဇော်လိုချင်သော`လူတွေကိုအသိလေးတွေဖွင့်လှစ်ပေးနိုင်
သောလူတယောက်သာရိုးရှင်းစွာဖြစ်ပါစေလို့´.......
ဆုတောင်းပေးပါတယ်။
မုန်းကျွေးဖို့တော့မပြောတော့ပါဘူး........
ခင်တဲ့
သဒ္ဓါ

Anonymous said...

အင်တာနက်မှာ နာမည်ကျော်
ဘလော့ကာရယ်လို့ခေါ်
အရေးအသားနဲ့အတွေးအခေါ်
ကောင်းသူမို့…….
Zaw357 ဘလော့က နာမည်ကျော်
ကိုဇော် ရယ်လို့ သိကြတယ်နော်….။
ဧပြီ(၁၀)ရက်မှာ မွေးတဲ့
စာပေကိုချစ်တဲ့ မိဿရာသီဖွား
စိတ်ကူးအတွေး ကောင်းပြီး
သူများကို အကူအညီပေးတတ်လွန်းလို့
အွန်လိုင်းပေါ် လူချစ်လူခင်များတဲ့သူ…..
သူ့ဘဝကို သူအံခဲလို့ ရုန်းကန်ရင်း
အခြားသူတွေကို သူ့ဘလော့လေးကနေ
ပညာပေး၊ဗဟုသုတတွေ ဖြန့်ဝေတဲ့သူပါနော်….။
အသည်းကွဲလည်း ရေးမှာပဲ….
သူ့ဘလော့လေးထဲ
မဟုတ်မခံစိတ် ရှိသူမို့….
မမှန်တာတွေမြင်ရင် ဝင်ပြောတတ်လွန်းလို့
ရန်သူတွေကပေါ်...
ဒါပေမယ့်လည်းနော်....
ရေးမှာပဲ သူ့ဘလော့လေးထဲ...။
ဧပြီ(၁၀)ရက် နှစ်ပတ်လည်
(၃၁)နှစ်ပြည့် မွေးနေ့ရောက်ခဲ့ပြီ....
အတွေးအခေါ် အယူအဆကောင်းတွေနဲ့
ဆက်လက်ရေးပေါ့ ဘလော့ပေါ်...

မွေးနေ့မှသည် ပျော်ရွှင်မှုများနှင့်အထူ
အောင်မြင်မှုဆီ ရောက်ပါစေလို့...
တောင်းဆုခြွေ.....။

Anonymous said...

အင်တာနက်မှာ နာမည်ကျော်
ဘလော့ကာရယ်လို့ခေါ်
အရေးအသားနဲ့အတွေးအခေါ်
ကောင်းသူမို့…….
Zaw357 ဘလော့က နာမည်ကျော်
ကိုဇော် ရယ်လို့ သိကြတယ်နော်….။
ဧပြီ(၁၀)ရက်မှာ မွေးတဲ့
စာပေကိုချစ်တဲ့ မိဿရာသီဖွား
စိတ်ကူးအတွေး ကောင်းပြီး
သူများကို အကူအညီပေးတတ်လွန်းလို့
အွန်လိုင်းပေါ် လူချစ်လူခင်များတဲ့သူ…..
သူ့ဘဝကို သူအံခဲလို့ ရုန်းကန်ရင်း
အခြားသူတွေကို သူ့ဘလော့လေးကနေ
ပညာပေး၊ဗဟုသုတတွေ ဖြန့်ဝေတဲ့သူပါနော်….။
အသည်းကွဲလည်း ရေးမှာပဲ….
သူ့ဘလော့လေးထဲ
မဟုတ်မခံစိတ် ရှိသူမို့….
မမှန်တာတွေမြင်ရင် ဝင်ပြောတတ်လွန်းလို့
ရန်သူတွေကပေါ်...
ဒါပေမယ့်လည်းနော်....
ရေးမှာပဲ သူ့ဘလော့လေးထဲ...။
ဧပြီ(၁၀)ရက် နှစ်ပတ်လည်
(၃၁)နှစ်ပြည့် မွေးနေ့ရောက်ခဲ့ပြီ....
အတွေးအခေါ် အယူအဆကောင်းတွေနဲ့
ဆက်လက်ရေးပေါ့ ဘလော့ပေါ်...

မွေးနေ့မှသည် ပျော်ရွှင်မှုများနှင့်အထူ
အောင်မြင်မှုဆီ ရောက်ပါစေလို့...
တောင်းဆုခြွေ.....။

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေဗျာ..။ ကျန်းမာပျော်ရွှင်ပြီး ရည်ရွယ်သလို လုပ်ဆောင် နိင်ပါစေနော်။
ကျန်ရှိနေတဲ့ အချိန်တွေမှာလည်း အသိလေးတွေ အတွေးလေးတွေ ပြန်ဝေမျှ နေအုံးမယ်လို့ ထင်ပါတယ်။
မွေးနေ့ ပို့စ်လေးက အစားကောင်း စားလိုက်ရသလို ပီတိဖြစ်ဖွယ် စေတနာ ကိုလည်းခံစားလိုက်ရပါတယ်ဗျာ။

မြစ်ကျိုးအင်း said...

HAPPY BIRTHDAY KO ZAW !!!

သက်တန့်ချို said...

Happy Birthday ပါကိုဇော်ရေ.. မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိဘ၀ ရည်မှန်းချက်အတိုင်း ရောက်ရှိအောင် ချစ်သော သူငယ်ချင်းများနဲ့ အတူတကွ လျောက်လှမ်းနိုင်ပါစေဗျား)

သက်တန့်ချို

(ps. ဒါနဲ့ ဘာကျွေးမှာလဲမသိဘူးနော် ဟီး )

Unknown said...

ကိုဇော်ရေ .......... မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ........

Anonymous said...

HAPPY BIRTHDAY KO ZAW !!!

မြသွေးနီ said...

ကိုဇော်ရေ..
ကျွန်မရဲ့ အေပရယ်ဖုးလ်ပို့စ်လေးထဲကလို ခုနေ မလေးရှားသာရောက်နေရင် မွေးနေ့ပွဲဆင်နွှဲပြီး ၀ါးတီးပေးနေရပြီပေါ့နော်။
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ။
စာတွေအများကြီးဆက်တိုက်ရေးနိုင်ပါစေ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေ။
ကိုဇော့် အမေနဲ့ အဖေကို ဖုန်းလေးတော့ ဆက်လိုက်ပါဦး ကိုဇော်ရေ..။

what is good things said...

ံHaPpY BiRthDaY ! ပါ ။
၃၁နှစ်ပြည့်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာထိ ဆန္ဒတွေ ပြည့်စုံပါစေ။ ဆုတောင်းလေးလည်း ပြည့်ဝပါစေနော်။

Flower said...

Happy Birthday ပါ
စေတနာဝေဖြာတတ်တဲ့သူမို့
ဝေဒနာဘေးကနေ လွတ်ကင်းပါစေ..
စိတ်ဆန္ဒနဲ့ လူနဲ့ တစ်ထပ်တည်း ကျနိုင်ပါစေ..
၃၁နှစ်ပြည့်ပြီဆိုတော့
လိုနေတာလေးလဲ ဖြည့်လိုက်ဦးနော်..း)း)
သူများတွေကိုချည်းပြောမနေနဲ့
ကိုယ့်အတွက်လည်းကိုယ်ကြည့်ဦး..
၃၁နှစ်မှသည်.. နောင်နှစ်ပေါင်းများစွာ များစွာတိုင်
ရည်မှန်းချက်အားလုံးပြည့်စုံပါစေ
ပျော်စရာနေ့ရက်တွေကိုသာ ပိုင်ဆိုင်နိုင်ပါစေ..
စိတ်ဆန္ဒရှိရာ ပြည့်ဝနိုင်ပါစေ..

ခင်မင်စွာ
မချော

Anonymous said...

အဓိပ္ပါယ်ရှိသော မွေးနေ့ပေါင်းများစွာကို ဆက်လက်ပြီး ပိုင်ဆိုင်နိုင်ပါစေ... အတ္တ ပရ မျှတစွာနဲ့ လူ့ဘောင်အကျိုး ဆထက်ထမ်းပိုး တိုးတက်ထမ်းရွက်နိုင် ပါစေ.....
ခင်တဲ့
ပရိတ်သတ်တစ်ဦး

မြတ်မွန် said...

စာပေတွေသာ
ဦးနှောင့်ထဲမှာ
အစဉ်အမြဲ
ရှိသူတစ်ယောက်။

အတွေးတိုင်းမှာ
စာတစ်ပုဒ် ဖြစ်
စာပိုဒ်တွေသာ
သူ့အဖော်မွန်။

စာတွေရေးနေ
တင်နေရရင်
ကျေနပ်နေသူ။

စေတနာထား
အများအတွက်
ပညာပေးတာ
သူ့စေတနာ..။

နှစ်သစ်ကူးတဲ့
အတာ တန်းခူး
ပျော်ရွှင်မြူးလို့
လူပြည့်ရောက်လာ။

တစ်နှစ်တစ်ခါ
ကျရောက်တက်တဲ့
နှစ်သစ်နှစ်ဦး
မွေးနေ့ထူးမှ
နှစ်ပေါင်းများစွာ။

ပျော်ရွှင်စွာဖြင့်
အများအကျိုး
ဆထက်ပိုးလို့
သယ်ပိုးနိုင်စေ....။
happy happy birthday..mammyzaw

ဏီလင်းညို said...

ကိုဇော်ရေ.......
မနက်က လာမရဘူးဖြစ်နေတာ.....။
အခုမှ လာလို့ရလို့လေ......း((
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ........
စာတွေအများကြီးရေးနိုင်ပါစေ........
အင်တာနက်လည်း အမြဲမပြတ်သုံးစွဲနိုင်ပါစေ......
အဝေးတစ်နေရာက တစ်စုံတစ်ယောက်သောသူနဲ့လည်း....မြန်မြန်နီးပါစေ......။
(ဘာကျန်သေးလဲမသိတော့ဘူး.......ဆုတောင်းပေးဖို့...း))
ခင်မင်တဲ့
ဏီလင်းညို

မောင်မိုး said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ။ ဘလော်ဂါတိုင်းဖတ်သင့်တဲ့ အဖိုးတန်ပို့စ်တစ်ပုဒ်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းထောက်ခံပေးသွားပါတယ်။

ချစ်ကြည်အေး said...

မောင်လေး ကိုဇော်ရေ...ခုမှရောက်ပေမဲ့
နောက်မကျသေးပါဘူးနော်....
မွေးနေ့မှာ ပျော်ရွှင်ဖွယ် ဆိုတာထက် ပို၍ ပို၍ လေးနက်ခြင်းများနှင့် အတူ ဖြစ်ပါစေ...
မိဘ ကျေးဇူးဆပ်နိုင်သော၊ သာသနာ့ အကျိုး သယ်ပိုးနိုင်သော၊ လူများကို မိမိ ရေးသော စာဖြင့် အလင်းထွန်းညှိပေးနိုင်သူ ဖြစ်ပါစေကွယ်...

P.S : ကျွန်တော်တို့ ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ဆိုတဲ့ နေရာမှာ ဗုဒ္ဓဘာသာဝင် လို့ ပြောင်းလိုက်ပါ မောင်လေးရေ...

Anonymous said...

စာရေးသူဆိုတာ ကို့စာအပေါ်ရိုးသားဖို့လိုသလို ကို့စာဖတ်သူအပေါ်လဲ ရိုးသားဖို့လိုတာပေါ့ မောင်ဇော်ရေ။ ဒီတော့ မင်းရဲ့ရိုးသားမှုအရ မင်းအောင်မြင်မှုရပါလိမ့်မယ်။ မရိုးမသား လုပ်ထားရင်လဲ စာဖတ်နာသူတွေ သိကြပါတယ်။
မောင်ဇော်မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်။

Unknown said...

ကိုဇော်ရေ ဒီနေ့မှ ဒီပို့စ် လေးကို ဖတ်ဖြစ်တယ်.. ဒါပေမယ့်ငါ နင့်မွေးနေ့မှာ birthday wish ဖုန်းနဲ့ပို့လိုက်လို့ တော်သေးတာပေါ့ ..မနေ့က နင့်မွေးနေ့ အမှတ်တရ စာရေးမယ်ဆိုတာတော့ သိတယ် ပင်ပန်းသွားလို့ ခုမှ လာဖတ်တာ.. ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်းလို့ ဆုတောင်းပေးလိုက်ပါတယ်....

Unknown said...

ကိုဇော် ၇ဲ့ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျပါစေဗျာ...