မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 April 2010

5 ဘ၀ထဲက သင်ခန်းစာများ



၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။

၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။

၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။


ဘာသာပြန်သူ - လူထုစိန်ဝင်း
ပေးပို့သူ -
excellentchoice007@gmail.com

မှတ်ချက်။     ။ သူငယ်ချင်းတွေကို ဖတ်စေချင်လို့ လူထုစိန်ဝင်း စာအုပ်လေးကို ဝယ်ပြီး မြန်မာလို မကျွမ်းကျင်တာကို ရအောင် ကြိုးစားရိုက်ပြီး ပို့လိုက်တဲ့
excellentchoice007@gmail.com ပါ.။ ဒါပေမဲ့..သူပြန်ရတာ ဘာလဲ သိလား.။ တစ်ယောက်က  Reply All လုပ်ပြီး ပြန်ပြီး စာပို့တယ်.။ အင်တာနက်ခေတ်မှာ ကိုယ်လိုချင်တာ အားလုံး ရှာဖတ်လို့ရတယ်။မသိတဲ့မေးလ်တွေနဲ့ တသီတတန်းကြီး ပို့တဲ့ အကျင့်ကို ဆင်ခြင်သင့်ပါတယ်။ ဘီစီစီရဲ့ သဘောကိုနားလည်အောင် လေ့လာပါဦး ။ ဒီမေးလ်ကို နောက်မပို့ပါနဲ့။ လူတွေ ဘာလို့များ ဒီလို လုပ်ချင်တာလဲ.။ ကျေးဇူးတင်စကားပြောရမှာ စိုးလို့လား.။ ကျွန်တော်ကတော့ ပြောခဲ့ပါတယ်.။ “ ကျေးဇူးပါ သူငယ်ချင်းexcellentchoice007@gmail.com ။ ”  သူ့ကိုလည်း အမှတ်တရ ဒီမှာ တင်လိုက်တာပါ.။


ကိုဇော် ထပ်ဆင့်ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/801 မှာ 29.11.2010 က ရေးထားတာပါ။
.
Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဟိုစာပြန်ပို့ တဲ့ သူကလည်းဗျာ..
တော်တော်ဆိုးတာဘဲ.
.ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို သတိတ၇ မေလ်းပို့ 
ပေးတာလေးတော့ ထောက်ထားသင့်တာပေါ့
ဗျာ....အင်တာနက်ထဲမှာလိုက်၇ှာဖတ်လို့ 
၇တယ်ဆိုပေမဲ့ ..အဆင်သင့်လေးကိုယ်ဖတ်လို့ ၇အောင် ပို့ ပေးတာကို...ဘယ်လိုလူတွေလည်းဗျာ

အဖြူရောင်နတ်သမီး said...

မှတ်သားသွားပါသည်..။
အဲဒီလို ဗဟုသုတတွေကို လိုက်ရှာပြီးဖတ်ဖို့ဆိုတာ မလွယ်သလို အချိန်လည်းမပေးနိုင်တဲ့ ကျမအတွက် အဆင်သင့်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ကိုဇော်ရေ..။

မြသွေးနီ said...

ကိုဇော်ရေ...
ဆရာကြီး လူထုစိန်ဝင်းရဲ့ ဒီစာအုပ်လေး ကျွန်မမှာရှိနေပါတယ်။ ကျွန်မလည်း ဒီစာလေးကိုနှစ်သက်လို့ STA မှာတင်ထားမိပါသေးတယ်။ ကျွန်မကြည်ညိုလေးစားရတဲ့ ဆရာကြီးအကြောင်းကို ရေးဖို့ကြံထားသေးတယ် ကိုဇော်ရေ..။

Flower said...

ဖတ်ရှုသွားပါသည်။
ပျော်စရာမွေးနေ့ဖြစ်ပါစေ မိဇော်ရေ.. အိမ်ပြန်ဦးမယ်ဟ..နှုတ်ဆက်သွားပါတယ်. နောက်တစ်ပတ်မှပြန်ဆုံမယ်.
တာ့တာနော. စီဘောက်မှာ မပေါ်လို့ ဒီမှာ ရေးလိုက်တယ်..

Unknown said...

ကိုဇော်ရေ လူထုစိန်ဝင်းရဲ့ ဒီလို တန်ဖိုးရှိတဲ့စာလေး ဖတ်ရတာ ကျေးဇူးပါ.. excellentchoice007@gmail.com ဆိုတဲ့သူငယ်ချင်းရဲ့ စေတနာကိုလည်း ကျေးဇူးတင်လေးစားပါတယ်လို့