မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 April 2010

8 နေပျော်သောဘဝ





ဘဝဟာ နေပျော်ပါသလား။
ဒါဟာ မိမိ ခံယူနိုင်စွမ်းသော စိတ်နဲ့ပဲ ဆိုင်ပါတယ်။

ဘဝဟာ ဆက်နေဖို့ ကောင်းပါသလား။
ဒါဟာ မိမိ ဘယ်လို ဖန်တီးထားသလဲ နဲ့ပဲ သက်ဆိုင်ပါတယ်။

ဒါဟာ ငြင်းလို့ မရတဲ့ အချက်ပါ။ ကိုယ်အနည်းငယ် ကြိုးစားယုံနဲ့ ဘဝကို နေပျော်အောင် လုပ်နိုင်မှာ သေချာပါတယ်။

ဘဝဟာ နေပျော်ပါသလား။ မနေပျော်ဘူး လို့ ထင်ရင် တွေးကြည့်ပါ။ ဘဝဟာ သောကတွေ ။ ပြဿနာတွေ ၊ ဒုက္ခတွေ ၊ စိတ်မရှည်ချင်စရာတွေ ၊ ညည်းတွားမှုတွေ ၊ ပူဆွေးမှုတွေ ၊ စိုးရွံပြစ်တင် ဝေဖန်မှုတွေ ၊ ယုတ်ညံ့တဲ့ အဆိုးမြင်တွေ ပေါင်းစုထားတဲ့ ငြီးငွေ့စရာ တစ်ခုတော့ မဟုတ်ပါ။ သို့သော် ဒီအရာတွေကတော့ ရှိနေမှာ မလွဲပါ။

ထိုအရာတွေကို လွန်မြောက်အောင် ရုန်းထွက်နိုင်ခဲ့ရင်တော့ ကိုယ်ရရှိမှာက စိတ်စွမ်းပကားကို အသုံးပြုပြီး အခက်အခဲများကို ကြံကြံခံ ဖြတ်ကျော်နိုင်တယ် ဆိုတဲ့ စိတ်ကြည်နူးစရာများကို ရရှိစေမှာ ပါပဲ။ ဒါကြောင့် ဘဝမှာ နေပျော်ဖို့ ဆိုရင် . . . အကောင်းမြင်စိတ်ကို မွေးပါ။ သည်းခံပါ။ စိတ်ရှည်စွာ စောင့်ဆိုင်းတတ်ပါစေ။ အရာရာကို နားလည် ခွင့်လွှတ်စိတ်ထားပါ။ မိမိနဲ့ ထိတွေ့ လုပ်ကိုင်သမျှကို အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားပါ။ 

ဒါဆိုရင်တော့ ဘဝ ဆိုတာ နေပျော်ပါလား ဆိုတာ လက်တွေ့ မြင်ရပါလိမ့်မယ်။


source; Worth Living By Patience Strong
ကိုဇော် တင်ပြသည်။
6.4.2010 - 3.42 AM

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အ၇မ်းကောင်းသည် ကျေးဇူးတင်သည်

မကေ said...

အကောင်းမြင်စိတ် ရှိဖို့ လိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေကိုတော့ အကောင်းမြင်လို့ မရဘူး။ အဲဒါဆို ဥပက္ခာ ပြုထားလိုက်ပါတယ်

Anonymous said...

သူငယ်ချင်း မျှဝေပေးတာကျေးဇူးပါ။
ကျွန်မအတွက်တော့ ဒီပို့စ်လေးတကယ်တန်ဖိုးရှိတယ်။
မှတ်သားသွားတယ်။ ဘဝမှာနေပျော်ဖို့က အဓိကကျတာက “စိတ်”ပဲပေါ့နော်။

Anonymous said...

သူငယ်ချင်း မျှဝေပေးတာကျေးဇူးပါ။
ကျွန်မအတွက်တော့ ဒီပို့စ်လေးတကယ်တန်ဖိုးရှိတယ်။
မှတ်သားသွားတယ်။ ဘဝမှာနေပျော်ဖို့က အဓိကကျတာက “စိတ်”ပဲပေါ့နော်။

သုခုမလေဒီ said...

တစ်ချို့ကဘ၀ကိုနေပျော်အောင်မနေကြဘူး။ ကိုယ့်ကိုကိုယ် စိတ်ဒုက္ခခံနေကြတာတွေရှိတယ်။ ဒီပိုစ့်လေးကိုဖတ်သင့်တယ်။

Unknown said...

ကျွန်တော်ကတော့ အတတ်နိင်ဆုံး ပျော်အောင်နေတယ်ဗျာ...တော်၇ုံ ကိုဟာသလုပ်ပစ်တော့ တချို့ အပေါ်ယံတွေး
တဲ့ လူတွေကလေ ပေါ့ပေါ့နေ ပေါါ့ ပေါ့ စား
တဲ့ လေ.....

Unknown said...

အကောင်းမြင်တက်တဲ့ စိတ်ကလေးရှိရင်ကို တော်တော် နေပျော်မယ်လို့ ထင်ပါတယ်.. တစ်ချို့လူတွေက အရာရာ ကို အဆိုးဘက်ကကြည့်ပြီး ကိုယ့်ဟာကို စိတ်ဒုက္ခရောက်အောင် ဖန်တီးယူတက်ကြတယ်...

Unknown said...

I would like to read longer posts.
Thx.