မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 April 2010

4 လင်းယုန်တံဆိပ် အလံ






သင် အောက်ကို ငုံကြည့်လိုက်ပါ။ ပင်လယ်ကမ်းစပ်များ ၊ ပင်လယ်ကမ်းစပ်နဲ့ နီးသော ကျောက်ကြိုကျောက်ကြားများတွေမှာ တွေ့ရသော ဂုံးကောင်များရဲ့ သဘာဝကို လေ့လာဖူးပါသလား။ ဂုံးကောင်များသည် သူ့အခွံအိမ်ထဲမှာသာ ပုန်းနေလေ့ရှိပါတယ်။ သူတို့ အပြင်ကို မထွက် ၊ ဟိုဟိုဒီဒီကိုလည်း မသွား ၊ သူတို့အခွံထဲမှာသာ နေထိုင်ကျင်လည်ကြတယ်။ သူတို့မှာ လှုပ်ရှားတာ ဆိုလို့ ဒီရေ အတတ်အကျကြောင့် ဖြစ်လာတဲ့ လှိုင်းလုံးများရဲ့ သယ်ဆောင်မှု နောက်ကိုသာ လိုက်ပါပြီး ရွေ့လျားကြတယ်။ အစာဆို၍လည်း သူတို့ သွားလာ ရှာဖွေ မစားကြ။ သူတို့ဆာလောင်လာသောအခါ ဂုံးကောင်ရဲ့ ပါးစပ်ကို ဖွင့်ထားလိုက်ပြီး ဒီရေ လှုပ်ရှားမှုကြောင့် ဝင်လိုက် ၊ ထွက်လိုက်ရေက သူတို့ အတွက် အစာများကို သယ်ယူလာကြတယ်။ ထိုအစာလေးမျှလောက်နှင့် သူတို့ ကျေနပ်ကြတယ်။

သင် အထက်ကို မော့ကြည့်လိုက်ပါ။ ကောင်းကင်မှာ ပျံဝဲနေတဲ့ လင်းယုန်များကို တွေ့ရပါလိမ့်မယ်။ သူတို့က အတောင်ပံ မခတ်ပဲ ငြိမ်သက်စွာ ပျံဝဲနေတယ်။ လင်းယုန် ဆိုတာ သူ့အသိုက်ကို အမြင့်ဆုံးဆိုသော သစ်ပင် ၊ ကျောက်ဆောင်များတွင် တည်ဆောက်ကြတယ်။ လင်းယုန်ဆိုတာ သူတို့ အစာအတွက် ကောင်းကင်မှ စူးစိုက်စွာ ကြည့်ရှုရှာဖွေပြီး အမြင့်မှ သားကောင်ရှိရာကို ထိုးဆင်းလာပြီး ထိုးသုတ်ကာ ခြေဖြင့် ကုတ်ယူသွားကြတယ်။ လင်းယုန် ဆိုတာ သူတို့ နှစ်သက်ရာ နေရာမှာ နှစ်သက်သလို ပျံဝဲနိုင်တယ်။ သူတို့ နှစ်သက်ရာ နေရာမှာ အသိုက်တည်ဆောက်ကြတယ်။ သူတို့နှစ်သက်ရာ အစာကို သူတို့ ခွန်အားဖြင့် ရှာဖွေစားသောက်ကြတယ်။

ဒါကြောင့် အင်အားရှိသော ၊ ခွန်အားနဲ့ ပြည့်စုံသော “ လင်းယုန်ငှက် ” ကို အထိမ်းအမှတ်အဖြစ် အလံများ ပြုလုပ်ပြီး လွှင့်ထူဖော်ပြတတ်တယ်။ သို့သော် သက်တောင့်သက်သာဖြင့် နေတတ်သော “ ဂုံးကောင် ” ကိုတော့ အထိမ်းအမှတ် အဖြစ် ဘယ်သူမှ မဖော်ပြပါ။


source; Chicken Soup For The Soul
ပို့ပေးတဲ့ ညီလေးကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုဇော်

.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

မိဇော်လေး စောစောစီးစီး ဂုံးမ တကောင် လာဖတ်သွားတယ်နော်....:)

Unknown said...

ဟုတ်..လင်းယုန်ဘဲဖြစ်ချင်တယ်ကိုဇော်ေ၇
အားကျတယ်...

မြသွေးနီ said...

သဘာဝမတူတဲ့သထ္ထ၀ါ(၂)မျိုးကိုနှိုင်းယှဉ်ပြထားတော့
ဆန့်ကျင်ဘက်အရည်အသွေးတွေပဲမြင်မိမယ်ထင်တယ်။ မမေ့သင့်တာက ဂုံးလည်း သူ့သဘာဝကပေးထား တဲ့ အခွင့်အရေးလောက်သာသူရရှာတာပါ။ လင်းယုန် လည်း အလားတူပါဘဲ။ သူတို့မှာ သဘာဝက သူ့တို့ရဲ့ စွမ်းဆောင်နိုင်ခွင့်တွေကိုသတ်မှတ်ထားပြီး သားပါ။ ကျွန်မသာဂုံးတစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင်လည်း လင်းယုန်တစ်ကောင်ရဲ့ ဘ၀ကို မက်မောနေမိမယ်မထင်ပါဘူး။ ဂုံးဘ၀မှာပဲ အကောင်းဆုံး အနေအထားနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားမိမှာပါ။ တကယ်တော့ လင်းယုန်လည်း လင်းယုန်ပီသ၊ ဂုံးလည်းဂုံးပီသဖို့သာ လိုမယ် ထင်တယ်နော်။
This is my opinion & my point of view only.
:P

Unknown said...

I agree with what Ms Mya Thway Ni siad ........ really good post!