မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 April 2010

2 နည်းနည်းတွေးပြီး စဉ်းစားပေးပါ..(၁)






သူငယ်ချင်းတို့ ကြားလိုက်လား မသိဘူး.။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၆ ထပ်ကြီးဘုရားနား ည ၁နာရီခွဲလောက်မှာ လူ ၄ ယောက်ကို သရဲခြောက်ခံရတယ်။ သူငယ်ချင်း ၃ ယောက် အလုပ်ကနေပြန်လာပြီး သူတို့ ရွှေဂုံတိုင်မှာ သောက်စားရင်း အချိန်လွန်သွားလို့ သူတို့ လမ်းလျှောက်ပြန်လာကြရင်း ၆ ထပ်ကြီး ဘုရားနားလည်း ရောက်ရော အနောက်ကနေ “ ဒုန်း ” ဆိုပြီး ခြေသံကြီးကြားတယ်။              
             
သူတို့ လှည့်ကြည့်လိုက်တော့ ဘာမှ သူတို့ မတွေ့ရ။ ဒါနဲ့ သူတို့ ဆက်လျှောက်လာတော့ နောက်ကနေ ဒီလိုပဲ တဒုန်းဒုန်းနဲ့ ခြေသံကြားပြီး နောက်ကနေ လိုက်လာတယ်။ ဒါနဲ့ အားလုံးလည်း သောက်ထားတာတွေ ပျောက်ကုန်ပြီး နောက်ဘက်လှည့်ကြည့်တော့လည်း ဘာမှ သေချာ မတွေ့ရဘူး။ ဒါနဲ့ သူတို့လည်း ကြောက်ကြောက်နဲ ခပ်သွက်သွက် လျှောက်လာကြတယ်။ ဒါပေမဲ့ သူတို့ သွားတဲ့ နောက်မှာ အနောက်ကနေ တဒုန်းဒုန်းနဲ့ ခြေသံကြီး ကြားနေရတယ်။              
             
ဒါနဲ့ နောက်ဆုံး သူတို့ လုံးဝရပ်လိုက်ပြီး အနောက်ဘက်ကို သေချာလှည့်ပြီး စူးစမ်းလိုက်တော့ ဘာမှ သေချာ မတွေ့ရဘူး။ လမ်းမီးတွေကလည်း ပျက်နေတယ်လေ။ လရောင်လေးပဲ ခပ်ရေးရေး ရှိတယ်။ ဒီအချိန်မှာ သူတို့ နားက ညောင်ပင်လို့ ထင်ရတဲ့ အပင်ကြီးကို ဘာရယ်မဟုတ် မော့ကြည့်လိုက်တော့ သူတို့တွေ အားလုံး ကြက်သေသေသွားတယ်။            
              
ဒါ သူတို့ ထင်နေသလို ညောင်ပင်ကြီး မဟုတ်ပဲ။ အကောင်ကြီး တစ်ကောင်ရဲ့ ခြေထောက်ကြီး ဖြစ်နေတယ်။ ခုန သူတို့ကြားရတာ ဒီအကောင်ကြီး သူတို့နောက်ကို လိုက်နေတဲ့ အသံ။ ဒီတော့မှ သူတို့ စဉ်းစားမိတယ်.ဒီအကောင်ကြီးဆိုတာ ဘာလဲ. . . “ သရဲ ” လား။ “ တစ္ထေ ” လား။ ဒါနဲ့ပဲ သူတို့ ၄ ယောက်သား ကြောက်လန့်တကြား ခြေဦးတည့်ရာ ထွက်ပြေးကြတယ်။ ဒါပေမဲ့. . . ကံမကောင်းလှစွာပဲ သူတို့ အလွန်ကြောက်ပြီး . . . အကြောက်လွန်ကာ ၃ ဦးပွဲချင်းပြီး သေသွားပြီး ၁ ယောက်ကတော့ သွက်သွက်ခါအောင် ရူးသွားရှာတယ်။             
                

ဒီအဖြစ်အပျက်လေးကြားတိုင်း ဘယ်သူမှ စိတ်မကောင်းနိုင်ကြ။ ဒီအဖြစ်အပျက် လေးကို အခု သူငယ်ချင်းရော ကြားတော့ ဘယ်လို ခံစားရပါသလဲ။ ဒါဟာ သူတို့ အရက်မူးပြီး ဘုရားနားက ပြန်လာလို့ ဘုရားက အစောင့်ဘီလူးက ဒဏ်ပေးလိုက်တယ်လို့ တချို့က ပြောတယ်။ တချို့ကျတော့ ဒါဟာ သူတို့ဖာသာ ညဘက်ကြီး ပြန်လာရတော့ သွေးလေခြောက်ခြားပြီး သရဲကို မြင်ပြီး ဖြစ်သွားကြတာလို့ မှတ်ချက်ပေးကြတယ်။             

ကဲ. . .စာဖတ်သူ ကရော ဘယ်လို ထင်မြင်ချက်နဲ့ မှတ်ချက်ပေးပါသလဲ။ အောက်က နေရာမှာ Comment ရေးခဲ့ပါ။ ပြီးမှာ မြားလေးအောက်က အဖြေကို ကြည့်ကြတာပေါ့။   









အဖြေ

သူငယ်ချင်း ဘယ်လို ဖြေလိုက်တာလဲ ကျွန်တော် မသိပါ။ ဖြစ်မှ ဖြစ်ရလေဗျာ. .လို့ပဲ ပြောရမှာပေါ့လေ။ ကျွန်တော် ခေါင်းစဉ်တပ်ထားသလိုပါပဲ။ နည်းနည်းတွေးပြီး စဉ်းစားဖို့တော့ လိုတာပေါ့ဗျာ။ သူများတွေ ပြောတိုင်း မယုံပါနဲ့။ သူငယ်ချင်းပဲ စဉ်းစားကြည့်လေ။ အခု သရဲ အခြောက်ခံရတော့  ၄ ယောက်မှာ ၃ ယောက်က အကြောက်လွန်ပြီး ပွဲချင်းပြီး သေသွားတယ်။ ၁ ယောက်ကတော့ သွက်သွက်ခါအောင် ရူးသွားတယ် လို့  ကျွန်တော် ပြောခဲ့တယ် မဟုတ်လား။           
               

ဖြစ်ရလေ. . . သေသူ ၃ ယောက်က ဒီအဖြစ်အပျက်ကို ဘယ်လိုလုပ်လာ ပြောနိုင်တော့မှာလဲ။ လူသေတွေက စကားမပြောနိုင်ဘူးလေဗျာ။ နောက်ပြီး ၁ ယောက်က သွက်သွက်ခါအောင် ရူးသွားတယ် ဆိုတယ်လေ။ အရူးပြောတဲ့ စကား ဘယ်သူကများ ယုံကြမှာလဲဗျာ။ အရူးပြောတဲ့ စကား အရူးပဲ ယုံတယ် လို့ ပြောကြတယ် မဟုတ်လား။ သူငယ်ချင်းပဲ ယုံချင်ယုံလိုက်ပါတော့။           

              
လောကကြီးမှာ တကယ်လိုလို နဲ့ ဒီလို အဖြစ်အပျက်တွေ အများကြီးပါ ဦးနှောက်ကို သုံးပြီး နည်းနည်းလေးတော့ စဉ်းစားကြည့်ပါ။ သူများပြောတိုင်း မယုံဖို့ပေါ့လေ။


ကိုဇော် ခံစားပုံဖော်သည်။
http://zaw357.multiply.com/journal/item/790 မှာ 26.11.2009 က ရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

purple said...

သိပ်ဟုတ်

Unknown said...

ကိုဇော်ပြောတော့ လူလေးယောက်အခြောက်ခံ၇တယ်
ဒါပေမဲ သောက်စားပြီးပြန်လာတယ်ဆိုကြတော့
သုံးယောက်ထဲပါလား.....
သုံးယောက်ကသေသွားတယ်ဆိုတော့
ပြိးနေပြီလေ...