မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 April 2010

4 မျှမျှတတ ဒါဘဝ





အရသာရှိပြီး စားကောင်းတဲ့ ကိတ်မုန့်တစ်လုံးကို အလိုရှိတယ် ဆိုရင် ကိတ်မုန့်ထဲကို ထည့်ရမဲ့ အရာတွေကို သေချာစွာ ချိန်ဆရပါမယ်။ အချိုကဲလွန်းလည်း မဖြစ်ဘူး။ အမွှေးအကြိုင် များလွန်းလည်း မကောင်း။ သစ်သီး မျှမျှတတထည့် ၊ ကြက်ဥ ၊ ဂျုံ ၊ ထောပတ် ဒါတွေကိုလည်း သူ့လိုအပ်ချက်အရ အချိုးအစားကျကျ ထည့်မှ စားကောင်းသော ကိတ်မုန့်တစ်လုံး ဖြစ်လာရပါမယ်။

ပျော်ရွှင်သော ဘဝ ၊ စိတ်ချမ်းသာပြီး အသုံးကျသော ဘဝမျိုးကို နေချင်တယ် ၊ အောင်အောင်မြင်မြင် ဖြစ်နေတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ထားတယ် ဆိုပြီး ခံစားရချင်ရင်လည်း ထိုဘဝထဲသို့ ကိုယ်ဘာတွေ ထည့်ဝင်လိုက်လဲ ဆိုတာ အရေးကြီးပါတယ်။ ကိုယ်ထည့်ဝင်ထားတဲ့ အရာတွေက ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ခံစားရသော ပျော်ရွှင်သောဘဝ ကို ရရှိစေမှာ ဖြစ်ပါတယ်။

ပရိယာယ် နည်းနည်း ၊ သတ္တိတချို့ ၊ ရည်မှန်းချက် အိပ်မက် တစ်ခု နှစ်ခု ၊ ရယ်မောမှု များများ ၊ မျှတ ဘက်ညီသော ဘဝအတွက် အမြင် ၊ အပြုံးတွေ ပေါပေါများများ ၊ မျှော်လင့်ချက် များများစားစား ၊ နွေးထွေးတဲ့ ဂရုဏာတရားများ ၊ လိုချင်မှုပေါ် တပ်မက် ရူးသွပ်မှု နည်းနည်း ထည့်ပြီး ဥာဏ်အမြော်အမြင် ၊ ယုံကြည်မှု နဲ့ စိတ်ရှည်သည်းခံမှု တို့ကို ပေါင်းစပ်လိုက်ပါ။ လုံလဝိရိယနဲ့ အားစိုက်ထုတ် ၊ မိမိကိုယ်ကိုယ် နှိပ်ချဆက်ဆံ ၊ အတွေးအမြင်ထက် လက်ရှိကို လုပ်ကိုင် ဆောင်ရွက်နိုင်သော ပကတိဥာဏ်ကို များများသုံးပါ။

ကိုယ့်ကို ချစ်သူ ရှိရှိ မရှိရှိ ၊ ကိုယ်က လူတွေ အားလုံးအပေါ်မှာ ချစ်မြတ်နိုးစွာ ချစ်ခင်ထားလိုက်ပါ။ ကိုယ့်ကို ချစ်သော ချစ်သူ အပေါ်မှာလည်း မြည်တွန်တောက်တီး မနေဘဲ နှစ်သက် သဘောကျစွာ ဆက်ဆံပါ။ ကိုယ့်မှာ ပိုင်ဆိုင်ထားသမျှ အားလုံးကို ကျန်းမာရေး သင့်တော်နေသော အချိန်မှာ ဘဝထဲထည့်ပြီး ရောမွှေပေါင်းစပ် သုံးစွဲပါ။

ဒါဆို သေချာတယ် . . .ပျော်ရွှင်တဲ့ ဘဝ ရပြီပေါ့။


source; Ingredients By Patience Strong
ကိုဇော်

2.4.2010 – 2.40 AM



.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

purple said...

ကိုဇော်ေ၇ကိုဇော်၇ဲ့blog ကိုနေ့တိုင်းစိတ်အားဖြည့်ဖို့ဝင်
ကြည့်ဖြစ်တယ်postအားလုံးဟာအကောင်းဆုံးတွေကြီးပါဘဲ
လိုက်နာစ၇ာတွေပါဘဲကျေးဇူးတင်ပါတယ်

Unknown said...

စာမဖတ်ခင် ပုံကြည့်လိုက်တာ
တံတွေးတွေမျိုချလိုက်၇ပြီ......

မြသွေးနီ said...

ကြိုးစားရမယ်...
ကြိုးစားရမယ်...
မျှမျှတတ ဘ၀ဖြစ်အောင်..။
အစွန်းမရောက်တဲ့စိတ်လေးကလည်း
မျှတတဲ့ ဘ၀ကို အထောက်အပံ့ပေးတယ်နော်။

မြသွေးနီ said...

ကြိုးစားရမယ်...
ကြိုးစားရမယ်...
မျှမျှတတ ဘ၀ဖြစ်အောင်..။
အစွန်းမရောက်တဲ့စိတ်လေးကလည်း
မျှတတဲ့ ဘ၀ကို အထောက်အပံ့ပေးတယ်နော်။