မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 April 2010

18 ကျွန်တော့် ချစ်သူ ဓါတ်ပုံ


မြင်ရတော့ ယုံတောင်မှ မယုံနိုင်ဘူးဗျာ။ ဘာပဲ ပြောပြော ဘယ်သူ မပြု မိမိမှု ပဲ မဟုတ်လား။

ဟိုးအရင်က ဘလော့လေး စလုပ်တုန်းက မိသားစုပုံလေးတွေ ၊ အမှတ်တရလေးတွေ ရေးမယ် တင်မယ် လို့ စဉ်းစားခဲ့မိတယ်လေ။ ဒါကြောင့် ကျွန်တော့်ပုံတွေရော ကျွန်တော့် မိသားစု ပုံတွေရော ၊ ကျွန်တော့် ချစ်သူပုံလေးတွေရော တင်ထားမိပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

အခုတော့ သူငယ်ချင်း တစ်ယောက် ပြောလို့ သွားကြည့်မိတယ်။ ဟုတ်တာပေါ့ဗျာ။ ရှားရှားပါးပါး ကျွန်တော့် ချစ်သူပုံလေး တင်ထားတာကို ကူးပြီး Photoshop နဲ့ ဖျက်ဆီးထားလိုက်တာ ရစရာ မရှိဘူးဗျာ။ မလှအောင် ရုပ်ဆိုးအောင် လုပ်ထားတာ ဆိုရင်လည်း အပြစ်မပြောပါဘူး။ အခုဟာက သိတယ်မလား။ ဟိုလိုလို ဒီလိုလို ပုံတွေ ထင်အောင် လုပ်ထားတာ. . . .

တွေ့တွေ့ချင်း ဒေါသတွေထွက်တယ် ဆိုတာထက် ရှက်မိတာက ပိုတယ်ဗျာ။ ကျွန်တော့်ချစ်သူ သိရင်လည်း သူလည်း ရှက်ရှာမှာပဲလေ။ ပြောရင်းနဲ့တောင်မှ ရှက်လာပြီဗျာ. . . .

သူငယ်ချင်းများ ၊ စာဖတ်သူများကိုလည်း သတိထားနိုင်အောင် ၊ နောက်ပြီး ကျွန်တော့် ချစ်သူ ပုံလေးကို တွေ့ဖူးတယ် ရှိတယ်။ သူတို့ ဖျက်ထားတဲ့ ပုံအတိုင်း တင်ပေးလိုက်ပါတယ်။ ဒီအတိုင်း မတင်ထားတာကိုတော့ နားလည်ပေးနိုင်မယ် လို့ ထင်ပါတယ်။ ကျွန်တော် အောက်မှာ နှစ်နေရာမှာတောင်မှ တင်ပေးထားပါတယ်။ အဆင်ပြေတဲ့ နေရာက ဒေါင်းပြီးတော့ ကြည့်ပါ။ သူများတွေကိုတော့ လျှောက်မပြော ၊ မပြပါနဲ့ဗျာ . . . ဘာမှရယ် မဟုတ်ပေမဲ့ ရှက်လို့ပါ။


Mediafire ကနေ ဒေါင်းချင်သူများ အတွက် ---->



ifile ကနေ ဒေါင်းချင်သူများ အတွက် ---->





ပျော်ရွှင်နိုင်ကြပါစေဗျာ
ကိုဇော်

.


Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

ParLayYar said...

Link ၂ ခုလုံး Download လုပ်လို့မရဘူးဗျ... တစ်ခုခုလွဲနေသလားလို့ ?

ကိုဇော် said...

ကျနော် အခုပဲ ပြန်ဒေါင်းကြည့်တော့ ရတယ်ဗျ...
လုပ်ကြည့်ပါဦး..။

Violet Noble said...

April Fool ကြီး။ တော်တော်နောက်တယ်။ :(

မီးငယ် said...

တော်တော်နောက်တယ် :D

Anonymous said...

ဟွန်း... လူဆိုး
စိတ်မကောင်းဖြစ်လို့ သွားကြည့်တော့..
တော်တော်နောက်တယ်။
(ကိုယ်က ဘယ်သူကို Fool လုပ်ရင် ကောင်းမလဲ စဉ်းစားတုန်း သူကအရင်လုပ် သွားတယ်)
ကိုဇော်ရေ အမှတ်တရ ပျော်ရွှင်ရတဲ့အတွက်
ကျေးဇူးပဲ

ညလင်းအိမ် said...

ပျော်ပါတယ်ဗျာ .. ပျော်ပါတယ်ဗျာ ...
အေပရယ်လ်ဖူးမို့ပဲ ...

Flower said...

မိဇော်
ပုံတွေက တစ်ပုံမှ ဒေါင်းလို့မရဘူး
သိတယ်မဟုတ်လား ဒီကနေ ဘာမှဒေါင်းမရဘူးဆိုတာ
ဒါပေမဲ့ သိပြီးသားပါအေ
ညည်းအကြံလောက်တော့ အပျော့ပေါ့..
လူကို အရူးလုပ်လို့ရမယ်ထင်နေလား
ကိုယ့်ရည်းစားပုံအဖျက်ခံရတာ ဘယ်အရူးက
ဝမ်းသာအားရ ဘလော့ပေါ်တင်နေမတုန်း
စဉ်းစဉ်းစားစား လုပ်ပါအေ... သူများကိုချည်း အရူးလုပ်ဖို့စဉ်းစားမနေနဲ့..း)း)

Anonymous said...

ကိုဇော်.. သူ့ ချစ်သူဆိုပြီး ပြေးလာကြည့်တာ...:(

ကိုဇော် လူညာကြီး.... ဘာပဲဖြစ်ဖြစ် အလယ်တစ်ခေါက်ပေါ့... :)

ParLayYar said...

ဟဲဟဲ.. ဒေါင်းလို့ရပါတယ်.. အစကတည်းက .. Just April Fool back.. ဟီးဟီး

Unknown said...

သတိထားတဲ့ ကြားကကို...
အမ်...ခံလိုက်၇ပြီ...ဟိဟိ
လူဇိုး......

မြသွေးနီ said...

နာတို့က သိနှင့်ပြီးသား။
မရဘူးနော်။
ဟဲ..ဟဲ

ချစ်ကြည်အေး said...

ဒါမျိုး မတင်ဘူးဆိုတာ သိနေတယ် စိတ်ချမ်းသာပါစေတော့ ဆိုပြီး လာကြည့်တာ...:)

Unknown said...

ခံလိုက်၇ပြီ
တော်တော်နောက်တယ်။

;D

ဆောင်း said...

အစက ဘာမှ မရေးဘဲပြန်မလို့ အပေါ်မှာ ဆောင်းဆိုတာ တွေ့လိုက်လို့ ရေးဖြစ်သွား ပါတယ်။
ဒေါင်းကြည့်ပေမဲ့ .com ဖြစ်နေလို့ အန်တရယ် တွေ့မှာစိုးတာနဲ့ မဖွင့်ပါဘူး။ ကော်မဲန့်လေး ကြည့်မှ ဆိုပြီးဖတ်ကြည့်မှ ဧပြီအရှုးလုပ်တာ သိရလို့ ပြုံးသွားပါတယ် ဗိုင်းရပ်မပေးတာဘဲ ကျေးဇူးတင်ရသေး

မြစ်ကျိုးအင်း said...

မိဇော်ရယ် နင့်အကြောင်းသိလို့ ကွန်မန့် တွေ အရင် ဝင်ဖတ်လိုက်တယ်....။

ShwunMi- said...

ထင်တော့ထင်သား.. ကော်မန့်အရင်ဖတ်မိတယ် :D

Unknown said...

အင်း အကို ချစ်သူချောသားပဲ....

ရဲနိုင်ဝင်း said...

ကိုဇော် ဆိုတဲ့လူကြီးကတော့ တကယ့်ကို ဇော်ပဲဗျ ဟားး