“ ဒဲလ်စမစ် ” ဆိုသော ကောင်လေး တစ်ယောက်ရှိတယ်။ သူ ခုနှစ်သားမှာ မိဘတွေ ဆုံးသွားခဲ့တယ်။ သူ့ကို အဘွားလုပ်သူက ခေါ်ပြီး မွေးစားခဲ့တယ်။ သူ့အဘွားက သူ့ကို အမြဲတမ်းပြောနေကြ စကားလေး တစ်ခွန်းရှိတယ်။
“ အဘွားတို့ကတော့ အလုပ်အပေါ် အရမ်းကို ယုံကြည်အားထားတယ်။ ဒီလို အလုပ်က ဖြစ်ပေါ်တာမဲ့ အခွင့်အလမ်းဆိုတာကိုလည်း အလေးအနက် ယုံကြည်တယ်။ ”
အဘွားလုပ်သူက များများစားစားလည်း မပြော။ သူပြောတာ ဒါပဲ ဖြစ်တယ်။ အလုပ်ကို ယုံယုံကြည်ကြည်နဲ့ သာလုပ်။ အလုပ်က ကိုယ့်အတွက် အခွင့်အလမ်းတွေ ဖြစ်လာစေမယ်။ ဒါဆို ဘယ်သူ့ဆီ ၊ ဘယ်နေရာကမှ အခွင့်အရေးတွေ ပေးပါလို့ သွားပြီးတောင်းဆိုစရာ မလို။ ဒါက အဘွားတို့ မျိုးရိုးနဲ့ကို ယုံကြည်လာသော ခံယူချက်။ ဒါကြောင့် သူ့ကိုလည်း အမွေပေးနေတာ ဖြစ်တယ်။
ထိုနောက် သူ့ကို အနီးကပ် မသွန်သင်နိုင်တော့သော အဘွားက သူ့အတွက် စာအုပ်လေး တစ်အုပ်လက်ဆောင် ဝယ်ပေးတယ်။ ဒီစာအုပ်က “ Think And Grow Rich ” ( အကြံဥာဏ်ဖြင့် ကြီးပွားရေး ) စာအုပ်။ “ ဒဲလ် ” အရမ်းအားတတ်သွားတယ်။ သူ့အရွယ်နဲ့ ဘာမှတော့ လုပ်လို့မရသေး။ လုပ်လည်း မလုပ်နိုင်သေး။ ဒါပေမဲ့ ဒီအချိန်မှာ သူ့အတွက် လုပ်နိုင်တာ တစ်ခုတော့ ရှိနေသေးတယ်။
ဒါကတော့ သူ ဘဏ်တစ်ခုကို သွားပြီး နှစ်ဒေါ်လာခွဲ ပိုက်ဆံ သွားချေတယ်။ ပြီးတော့ ဒီဘက် ကားလမ်းမှာ ရှိနေတဲ့ ဘဏ်တစ်ခုကို ထပ်သွားပြီး နောက်ထပ် နှစ်ဒေါ်လာခွဲ ထပ်ချေးတယ်။ ဒီရလာတဲ့ ပိုက်ဆံနဲ့ မြက်ရိတ်စက် တစ်လုံးဝယ်ခဲ့တယ်။
ပြီးတော့ မြက်ခင်းတစ်ခုကို ဒေါ်လာ ၁၅ ဆင့်နဲ့ လိုက်ပြီး မြက်ရိတ်ပေးတယ်။ တချို့မြက်ခင်းတွေက ၁၅ ပေ ပတ်လည်လောက်သာ ရှိတယ်။ တချို့မြက်ခင်းပြင်တွေကျတော့ ဂေါက်ကွင်းကြီး တစ်ကွင်းစာလောက်ကို ကျယ်ဝန်းလှတယ်။ သို့သော် သူ့ကို ဒေါ်လာ ၁၅ ဆင့်မျှပဲ ပေးကြတယ်။ သူကလည်း ဘယ်သူ့ဆီကမှ ထပ်ပြီး မတောင်းဆို။
သူ ၁၁ နှစ်သား အရွယ်ရောက်တော့ သူ့မှာ ဒေါ်လာ ၁၀၀ စုမိလာတယ်။ ဒီအချိန်က ၁၉၄၁ ခုနှစ် ။ ဒီတော့ သူက သူ့မှာ ရှိနေသော ဒေါ်လာ ၁၀၀ ကိုပြကာ။ ဒေါ်လာ ၁၂၀၀ တန် အိမ်တစ်လုံးကို ဘဏ်ချေးငွေနဲ့ ဝယ်ပေးခဲ့တယ်။ ဒါကြောင့် သူ ကောလိပ်တတ်သော အခါ သူ့အဖွားက သူထည့်ဝင်ထားသော စတော့ရှယ်ယာမှ ငွေချေးငှားသုံးစွဲခွင့် ပြုလိုက်လေသည်။
ကောလိပ်ပြီးသော အခါ ငယ်စဉ်က ဝါသနာပါခဲ့သော လေတပ်သို့ ဝင်သည်။ သူက လေယာဉ်ပျံသန်းချင်ခဲ့သူ။ သို့သော် ဆေးစစ်သော အခါ သူ့မျက်လုံးက အရောင်တွေကို ခွဲခြား မမြင်နိုင်ကြောင်း သိခဲ့ရတယ်။ ဒါကြောင့် လေယာဉ်ပျံသန်းခွင့်မရ။ လေယာဉ်ပျံသန်းခွင့် မရှိသောကြောင့် သူ စိတ်ပျက်သွားရမည့်အစား သူက ကြုံးဝါးသည်။
“ ငါက စီးပွားရေးပဲ လုပ်တတ်တဲ့ သူ ဆိုတော့ လေယာဉ်မောင်းခွင့်မရတာပဲ။ ဒါကြောင့် စီးပွားရေးပဲ လုပ်မယ်။ စီးပွားရေးလုပ်လို့ ဝင်ငွေ ကောင်းကောင်း ရလာမှ ကိုယ်ပိုင် ရဟတ်ယာဉ် ဝယ်စီးမယ်။ ”
ထို့နောက် သူ ကျောင်းပြီးတော့ လေကြောင်း ကုမ္ပဏီမှာ ဝင်ရောက်ပြီး လုပ်မယ် ဆိုပြီး ဆုံးဖြတ်ချက်ချထားခဲ့တယ်။ အသက် ၂၅ နှစ်မှာ လေယာဉ်ကုမ္ပဏီမှာ ဝင်လုပ်ရင်း ရဟတ်ယာဉ်တစ်စီး ဝယ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှတော့ သူအတွက် အရေးပါသော အခွင့်အလမ်းများကို ဘယ်သူ့ဆီကမှ အခွင့်အရေး အနေနဲ့ မတောင်းဆိုခဲ့ပဲ သူ့ဖာသာ အခွင့်အလမ်းအဖြစ် ဖန်တီးရယူခြင်းဖြင့် ယခု အခါမှာ ကမ္ဘာအနှံ့ကို ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်း ၂၆ ခု ကို ဦးဆောင် လှုပ်ရှားနေပါတော့သည်။
သူကတော့ ဒီလိုပြောတယ်။
“ လူတွေတိုင်းကတော့ အခွင့်အရေး မရလို့ မအောင်မြင်ကြတာလို့ ပြောကြတယ်။ အဲဒါ မှားတယ်ဗျ။ တကယ်လို့ ဒီလိုသာ အခွင့်အရေးတွေ လိုက်ရှာနေမယ် ဆိုရင် ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူး။
တကယ်တော့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေကတော့ ကမ္ဘာနဲ့ အနှံ့ဖြန့်ကျက်နေတာပါပဲ။ ဒါပေမဲ့ ဒီလို အခွင့်အလမ်းကို မြင်နိုင်ဖို့ ဆိုတာ တစ်ခုပဲ ရှိတယ်။ အလုပ်ကို ထဲထဲဝင်ဝင်လုပ်ပြီး ဒီအလုပ်မှာ စိတ်ဝင်စားနေဖို့ပါပဲ။ ”
တဲ့။
စာဖတ်သူကရော ဘာတွေကို ရှာနေပါသလဲ။ “ အခွင့်အရေးလား ၊ အခွင့်အလမ်း လား။ ”
source; Jack Canfield ၏ Find What?
ကိုဇော် တင်ပြသည်။
.

5 ယောက် ရဲ့ ထင်မြင်ချက်:
ကိုဇော်ရေ...
ဒီပို့စ်လေးကောင်းတယ်ဗျာ...။ အလုပ်ကပြန်ရောက်လာခြင်းဖတ်လိုက်ရတာ ကောင်းလိုက်တာ...။
အဲ့ဒီနှစ်ခုထဲက ဘာကိုပဲရှာရှာရှာ တစ်ကယ်ဖြစ်ချင်တဲ့ စိတ်ကလေးတော့ရှိနေဖို့လိုမယ်ထင်တယ်နော်....း)
ခင်မင်တဲ့
ဏီလင်းညို
မှတ်သားစရာလေးပါ အစ်ကို... အားပေးနေပါတယ်...း)
ကောင်းပါတယ်ဗျာ
တကယ်ပါ အသိတစ်ခုတိုးသွားတာပေါ့
ဘာပဲဖြစ်ဖြစ် အကျိုးရှိတာတွေ
ထွက်ပေါ်လာတဲ့အတွက်
ကျေးဇူးတင်ပါတယ် ဗျာ
အားကျလိုက်တာ ဒီလို လူမျိုးတွေကို ..
ဒီလိုကျိုးစားတဲ့ သူတွေရှိနေလို့လဲ ကိုယ်တွေစာရေးဖို့ ရှိနေတာဖြစ်မယ်... များများပေါ်လာပါစေ... ဒါမှရေးစရာ များများရမှာ :)
Post a Comment