မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 February 2010

0 ချန်ပီယံ ဆိုတာ


၂၀ ရာစု စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး လက်ဝှေ့ပွဲကို သင်သိပါသလား..။

ဒီလက်ဝှေ့ပွဲတွင် ဘယ်သူတွေ ဘယ်လို ထိုးသွားမယ် ထင်ပါသလဲ..။ ဒီလက်ဝှေ့ပွဲမှာ ပါဝင် ထိုးသတ် သွားသူတွေက ရှုးဂါးရေး လီယိုနတ် (sugar ray leonard) နဲ့ ဗာမင်ဟက်ဂလာ တို့ရဲ့ ပွဲဖြစ်သည်..။ လက်ဝှေ့ထိုးတာကတော့ ထိုးတာပါ မဆန်းပါ.။ ဒါပေမဲ့ ..ဒီနေရာမှာ ရှုးဂါးရေး လီယိုနတ် ရဲ့ ရာဇဝင်ကို ပြောပြရပါလိမ့်မယ်.။ ရှုးဂါးရေး သည်မစ်ဒယ်ဝိတ်တန်းချန်ပီယံ အတွက် ဟက်ဂလာကို စိတ်ခေါ်ထိုးသတ် ခြင်း ဖြစ်သည်.။

တကယ်တော့ ဒီအချိန်မှာ ရှူးဂါးရေးသည် မျက်စိကို ထိခိုက်မှုကြောင့် လက်ဝှေ့မှ အနားယူထားရသူ ဖြစ်သည်.။ ဆရာဝန်က သူအား နောက်တစ်ကြိမ် မျက်လုံးကို မိမိရရ အထိုးခံရပါက တစ်သက်လုံး မျက်လုံးကွယ် သွားနိုင်ကြောင်း သတိပေးထားသောကြောင့် သူလက်ဝှေ့ လောကမှ အနားယူထားရသူ ဖြစ်သည်.။

ထိုသို့ သတိပေးထားလို့ သူ အနားယူ ထားရတာတောင်မှ ၊ ဆရာဝန်တွေ သတိပေးထားရင်း သူ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး လက်ရှိ ချန်ပီယံ ဗာမင် ဟက်ဂလာ ကို စိန်ခေါ်ထိုးချင်သော သူ့စိတ်ကို သူ ထိန်းမရ..။ သူသည် ယခင်က အိုလံပစ်လက်ဝှေ့ ချန်ပီယံ ဖြစ်သည်.။ ထိုပြင် အောင်မြင်ကျော်ကြားမှုကြောင့် ချမ်းလည်း ချမ်းသာနေပြီ.။ သည်လောက်ပြည့်စုံနေမှတော့ ဘာလို့ လက်ဝှေ့လောကမှ အနားယူပြီး ငြိမ်မနေတာလဲ ။ ဘာလို့ ဒုက္ခခံချင်နေတာလဲ..။ သူ့ကို ဘယ်သူမှ နားမလည်နိုင်ကြ..။ သူ့စိတ်ဓါတ်ကို သဘောမပေါက်ကြ..။

ဟင်ဂလာအား စိန်ခေါ်မည် ဆိုသော ယခု သူ့အခြေအနေက လက်ဝှေ့လေ့ကျင်မှု အဆက် ပြတ်နေတာ တော်တော် ကြာနေပြီ။ ထို အချိန်မှာ ဟက်ဂလာက မစ်ဒယ်ဝိတ်လက်ဝှေ့တန်းမှာ စွမ်းအားအပြင်းဆုံး..။ ချန်ပီယံ...။ ဒါကြောင့်..ရှူးဂါးရေး နဲ့ ဟက်ဂလာ အခြေအနေက ကွာခြားချင်တိုင်း ကွာခြားနေတော့တယ်.။ ပြီးတော့ သူတို့ထိုးသတ်ကြမယ် ဆိုရင်လည်း ရှူးဂါးရေးက သူ့မျက်လုံးကို မထိခိုက်အောင် ကာကွယ်ရဦးမယ်.။ အားလုံးရဲ့ အမြင်မှာ သူ့ကို ထပ်မထိုးစေချင်..။

ဒီလို အားလုံးက တားနေရင်းကပင် ဟက်ဂလာနဲ့ ထိုးသတ်ချင်နေသော ရှူးဂါးရေး ၏ စိတ်ဓါတ်ကို ပိုပို နားလည်ရခက်လာသည်.။ တကယ်တော့ ..သူ့စိတ်က ချန်ပီယံ စိတ်ဓါတ်ဖြစ်သည်..။ အောင်နိုင်သူတို့၏ စိတ်ဓါတ်ဖြစ်သည်..။ သူသည် ချန်ပီယံ ဖြစ်ခဲ့သည်..။ သမိုင်းတလျှောက် အကောင်းဆုံး သော မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်ချင်သည်..။ ဒါက သူ့ဘဝမှာ အပြင်းပြဆုံးသော ဆန္ဒဖြစ်သည် ။ ထိုစိတ်ကပဲ သူ့ကို အမြဲလွှမ်းမိုးနေသည်.။ ဒါကြောင့် သူ ဟက်ဂလာ ကို စိန်ခေါ်ခဲ့သည်။ ထိုနောက်တွင်တော့ သူ သဲသဲမဲမဲ လေ့ကျင့်သည်။ အညှိုးနဲ့ လေ့ကျင့်တယ်လို့တောင်မှ ပြောလို့ရတယ်.။

သူတို့ လက်ဝှေ့ထိုးသော နေ့တွင် ကမ္ဘာပေါ်မှာ ရှိသော လူအားလုံး စိတ်လှုပ်ရှားစွာ အံ့မခန်း တွေ့ကြရတယ်.။ ထိုပွဲတွင် ရှူးဂါးရေး က ဟက်ဂလာ အား အနိုင်ယူသွားပုံမှာ အခိုက်အတန့် ၊ အလစ် အငိုက်ကို ရယူကာ တစ်ပွဲတိုး အချိန်တိုတို အတွင်း အနိုင်ယူသွားသည် မဟုတ်..။ သူသည် သူများကို ထိုးနိုင်သလို အထိုးခံနိုင်သူ လည်း ဖြစ်သည် ဆိုတာကို ရေကုန်ရေခန်းထိုးကာ သူ၏ အရင်က သူ၏ မစ်ဒယ်ဝိတ် ချန်ပီယံ သရဖူ ကို ပြန်လည် ရယူသွားပေသည်.။

ဒါကြောင့် ဘယ်လို အခြေအနေဆိုးမှာပဲ ဖြစ်နေပါစေ..။ ပြင်းပြသော ချန်ပီယံ စိတ်သာ ရှိပါ.။ အရာရာ အောင်မြင် ဖြစ်မြောက်လာနိုင်ပါတယ်..။ သင့်မှာ ပြင်းပြသော ဆန္ဒ နဲ့ စိတ်ဓါတ် တစ်စုံ ရှိပါစေ..သင်အရာရာ အောင်မြင်လာနိုင်ပါသည်..။

Arthur Lynch Williams ရဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ထဲမှ အပိုင်းအစ တစ်ခုကို ကိုဇော် ထပ်ဆင့်ခံစားသည်..။


http://zaw357.multiply.com/journal/item/625 မှာ 12.9.2009 ကရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: