တစ်ခါက...
လူငယ်လေး တစ်ယောက်ရှိသည်..။
ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိတယ်..။ ကြိုးစားမှုလည်း ရှိတယ်..။ ဒါပေမဲ့..သူဝါသနာ ပါမှုက ကျဉ်းမြောင်း လွန်းလှသည်..။ သူ့စိတ်ဝင်စားတာက ကွန်ပျူတာမှ လွဲ၍ ကျန်တာ စိတ်မဝင်စား.။ ကွန်ပျူတာကိုတောင်မှ သူက ကွန်ပျူတာကို မိမိလိုသလို စေခိုင်းနိုင်စေရန် ထည့်သွင်းရသော Software ကို ပို၍ စိတ်ဝင်စားသည်..။
ဒီလိုနဲ့ သူနဲ့ ဝါသနာတူ သူငယ်ချင်းများ စုပြီး ကွန်ပျူတာ အကြောင်း ပြောကြသည်.။ Software တွေ ရေးကြသည်.။ သူတို့ ရေးထားသော Software လေး တွေကို သူများကို စမ်းသုံးကြည့်စေရန် အလကား မျှဝေပေးသည်..။ ဒီလိုနဲ့ သူရေးတဲ့ Software လေးတွေ သူ့အသိများကြားမှာ နာမည်ရလာသည်.။
ဒီလိုနဲ့ သူ ရနိုင်သမျှ အခွင့်အရေးလေးတွေကို လိုက်လံ စုစည်း ပြီး သူ့ Software လေးတွေကို လူတွေ သုံးကြရင်တော့ ပိုက်ဆံလေး ရလာလိမ့်မယ်လို့ သူ အတွေးရခဲ့တယ်.။ ဒါပေမဲ့..Software တစ်ခုကို ထုတ်ရောင်းဖို့ သူ့မှာ ပိုက်ဆံ မရှိ..။ ဒါနဲ့ တစ်နေ့....။ သူ့Software လိုက်စပ်ထားသော ကုမ္ပဏီများထဲမှ ကွန်ပျူတာ ထုတ်လုပ် ရေးမှာ နာမည်ကြီး IBM ကုမ္ပဏီကြီးက သူ့ကို တာဝန်တစ်ခု ပေးတယ်.။
IBM ကုမ္ပဏီထုတ် ကွန်ပျူတာတွေမှာ တစ်ခါတည်း ထည့်ပေးလိုက်ဖို့ Operation System (OS) တစ်ခုကို Software ရေးသားဖို့ စရံ ငွေနဲ့ အတူ ကောင်လေးကို အလုပ်အပ်လိုက်တယ်.။ သူ့မျှော်လင့်တာထက် ပိုပြီး IBM ကုမ္ပဏီကြီးကတောင်မှ သူ့ကို Software ရေးသားဖို့ အလုပ်အပ်တယ် ဆိုတော့ ဒီကောင်လေး အရမ်းဝမ်းသာ သွားတယ်.။ ဒါနဲ့ ...သူ အပါအဝင် သူ့ သူငယ်ချင်းတွေ အားလုံး စုပြီး OS ကောင်းကောင်းလေး တစ်ခု ရဖို့ ဝိုင်းပြီး နေ့ည မနား Software ရေးသားကြတယ်.။
ဒီလိုနဲ့ ..ကွန်ပျုတာ တစ်လုံး အတွက် OS တစ်ခုကို သူတို့ ရေးလို့ ရလာပါတယ်.။ သူတို့တွေ အားလုံး အရမ်းဝမ်းသာ သွားကြတယ်.။ ဒါပေမဲ့..သူတို့ ဝမ်းသာမှုဟာ ကြာကြာ မခံပါဘူး..။ သူတို့ကို အလုပ်အပ်လိုက်တဲ့ IBM ကုမ္ပဏီက သူတို့ ရေးထားတဲ့ OS ကို ရှိလေတယ်လို့တောင်မှ မထင်ပဲ စရံငွေ အဆုံးခံပြီး ဆက်ပြီး ဘာမှ စကားမစတော့ပါ..။ သူတို့ အားကျိုးမာန်တတ် ရေးထားတဲ့ OS လေးကို သူတို့ ကြည့်ရင်း အားလုံး စိတ်ပျက်နေခဲ့တယ်.။
ဒီအချိန်မှာ ဒီကောင်လေးက တစ်ခု ဒီလိုတွေးလိုက်တယ်.။
“ ရတယ်.။ ငါတို့ ရေးတဲ့ OS Software ကို မသုံးဘူး ဆိုတဲ့ IBM ကွန်ပျူတာ ကုမ္ပဏီ တစ်နေ့ နောင်တ ကြီးကြီး ရစေရမယ်.။ ဘာဖြစ်လဲ ငါတို့ရေးတဲ့ Software သူတို့ မသုံးတော့ ငါ့ဖာသာ လူတွေ အားလုံး လက်ထဲကို ရောက်အောင် ငါ့ဖာသာ ကြိုးစားမယ်..။”
ဆိုပြီး ဒီကောင်လေးဟာ သူရေးတဲ့ OS Software ကို ကမ္ဘာသို့ တိုက်ရိုက် ဖြန့်ချီရောင်းချလိုက်တာ တစ်ခါတည်း ပေါက်သွားလိုက်တာမှာ IBM ကုမ္ပဏီကြီး မှေးမှိန်သွားတဲ့ အထိပါပဲ.။ ဒီကောင်လေးကတော့ Microsoft ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Bill Gates ပဲ ဖြစ်ပါတယ်.။

Microsoft က Windows စနစ်မတိုင်ခင်မှာ DOS ( Disk Operation System ) စနစ် ဆိုပါတော့..။ ၁၉၈၁ ခုနှစ်က စတင်ပြီး MS- DOS1.0 နဲ့ ကွန်ပျူတာ ကမ္ဘာကြီးထဲကို ဝင်ရောက်ခဲပတဲ့ MS - DOS စနစ်များကို ထုတ်လုပ်နေခဲ့ပြီး ဝင်းဒိုးစနစ်သို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ပါတယ်.။
Microsoft ရဲ့ Windows စနစ် အမျိုး အစားများနဲ့ ထုတ်လုပ်တဲ့ ခုနှစ် ၊ လတို့မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်..။
-1983 November Microsoft Windows
-1985 November Microsoft Windows 1.0
-1987 December Microsoft Windows 2.0
-1987 December Microsoft Windows/386
-1988 June Microsoft Windows/286
-1990 May Microsoft Windows 3.0
-1991 October Microsoft Windows 3.0a
-1992 April Microsoft Windows 3.1
-1992 October Microsoft Windows for Workgroups 3.1
-1993 August Microsoft Windows NT 3.1
-1993 April Microsoft Windows
-1994 February Microsoft Windows for Workgroups 3.11
-1994 September Microsoft Windows NT 3.5
-1995 June Microsoft Windows NT 3.51
-1995 August Microsoft Windows 95
(၄င်းကို ၄ ရက်အတွင်း ကော်ပီ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါသည်..။)
-1996 August Microsoft Windows NY 4.0
-1996 November Microsoft Windows CE 1.0
-1997 November Microsoft Windows CE 2.0
-1998 june Microsoft Windows 98
-1998 July Microsoft Windows CE 2.1
-1999 Microsoft Windows CE 3.0
- 2000 February Microsoft Windows 2000
- 2000 October Microsoft Windows XP Home Edition & Professional
-2002 September Microsoft Windows XP SP1
- 2003 February Microsoft Windows XP1a
- 2004 March Microsoft Windows Server 2003
- 2004 August Microsoft Windows XP SP2
- 2006 November & 2007 January Microsoft Windows Vista
Microsoft Windows Vista ကတော့ နောက်ဆုံးထွက် Version ပါပဲ..။
အခုတော့..နောက်လ 22.10.2009 မှာ Windows 7 ထွက်ပါလိမ့်မယ်..။
Source; Computer Journal
ကိုဇော် တင်ပြသည်။
http://zaw357.multiply.com/journal/item/644 မှာ 23.9.2009 က ရေးထားတာပါ။
.
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment