နှလုံးသား ရှင်းတမ်း
ရင်ကွဲမယ် မှန်းသိရင်
ဘယ်သူက
နှလုံးကို ဖွင့်ပြီး
ကဗျည်းတင်မလဲ။
နှလုံးသားဆိုတာ
ပတ္တာ ပါမလာတဲ့
တံခါးတစ်ချပ်နဲ့
ပိတ်ထားတာ။
ဖွင့်ပြီးမှတော့ကွာ
အတင်းပြန်ပိတ်ရင်လည်း
နေပါစေ...
အံ မကျတော့ပါဘူး။
လွတ်ကျစရာ မလိုဘူး
ထိခိုက်မိစရာ မလိုဘူ
တွန်းတိုက်မိစရာ မလိုဘူး
လေသံ ၊ ဟန် ၊ မျက်ဝန်းတွေနဲ့လည်း
သူက ကွဲတတ်သေးတယ်။
အခုတော့...
စာကဗျည်းတွေ ဗလပွ
နှလုံးသားလေး ဟတတ
တံခါးလေး အံမကျ
ဒီမှာ . . .
ကွဲတာကတော့ ကြာခဲ့ပြီ။ ။
ကိုဇော်
ရင်ကွဲမယ် မှန်းသိရင်
ဘယ်သူက
နှလုံးကို ဖွင့်ပြီး
ကဗျည်းတင်မလဲ။
နှလုံးသားဆိုတာ
ပတ္တာ ပါမလာတဲ့
တံခါးတစ်ချပ်နဲ့
ပိတ်ထားတာ။
ဖွင့်ပြီးမှတော့ကွာ
အတင်းပြန်ပိတ်ရင်လည်း
နေပါစေ...
အံ မကျတော့ပါဘူး။
လွတ်ကျစရာ မလိုဘူး
ထိခိုက်မိစရာ မလိုဘူ
တွန်းတိုက်မိစရာ မလိုဘူး
လေသံ ၊ ဟန် ၊ မျက်ဝန်းတွေနဲ့လည်း
သူက ကွဲတတ်သေးတယ်။
အခုတော့...
စာကဗျည်းတွေ ဗလပွ
နှလုံးသားလေး ဟတတ
တံခါးလေး အံမကျ
ဒီမှာ . . .
ကွဲတာကတော့ ကြာခဲ့ပြီ။ ။
ကိုဇော်
.
5 ယောက် ရဲ့ ထင်မြင်ချက်:
ဘယ်သူ့ကြောင့်များကွဲရတာပါလိမ့်.. ဒါကြောင့်ပြောတာ သေချာသော့ခတ်ထားပါဆိုတာ သော့မခတ်တော့ လူတွေက လာဆွဲဖွင့်၊ ဖွင့်ခံရတော့ အံမကျ၊ အံမှကျမှတော့ ဘာလုပ်ရမှာလဲ.. ကွဲတော့မှာပေါ့..
ဘယ်သူ့ကြောင့်များကွဲရတာပါလိမ့်.. ဒါကြောင့်ပြောတာ သေချာသော့ခတ်ထားပါဆိုတာ သော့မခတ်တော့ လူတွေက လာဆွဲဖွင့်၊ ဖွင့်ခံရတော့ အံမကျ၊ အံမှကျမှတော့ ဘာလုပ်ရမှာလဲ.. ကွဲတော့မှာပေါ့..
ကဗျာလေးက ကောင်းလိုက်တာ.. အားပေးနေပါတယ်...း)... အမြဲလာလည်နေတာတော့ ကြာပြီ... ဒီနေမှ မန့်ဖြစ်တယ် အစ်ကို.. ဘလော့ဂ်ကလေးက ဖတ်လို့ကောင်း၏.. ^_^
ကွဲတာကတော့ကြာခဲ့ပြီ။
မိုက်တယ်ဗျို့။
တကယ့်ခံစားချက်ထင်တယ်နော်။
ခံစားချက်ကဗျာတွေကအသက်ပါတယ်။
ခံစားချက်မပါပဲရေးတဲ့ကဗျာတွေကအသက်မဲ့နေတတ်တယ်။
ဟ မိုက်လှချည်လား ကိုဇော်ရ
ကဗျာမရေးတတ်လို့ပဲနော်။
ဖီလင်အပြည့်ပါတယ်။
ဒီနေ့ကဗျာတွေဝင်ဖတ်တာ တော်တော်သဘောကျတယ်။
အင်း ဒါကြောင့်လည်း zaw357ဖြစ်နေတာကိုး။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
အမည်မဲ့
Post a Comment