မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 February 2010

0 ဒါလုံးဝ ရယ်စရာ မဟုတ်ပါ



Franklin Delano Roosevelt အမေရိကန်သမ္မတမဖြစ်ခင် နေအိမ်တွင်အခိုးခံ ရဖူးသည်။ သူငယ်ချင်းများက အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။

" လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘာမှ မဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာ တည်ငြိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကိုရန်မရှာခဲ့ဘူး ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး။ ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်မဟုတ်လိုပါပဲ။ "

ဒါတကယ် ရယ်စရာ မဟုတ်ပါ။ လူတွေ အားလုံးက သူပြောတာကို ရယ်စရာ အဖြစ်တွေးမိကြတယ်။ တကယ်တော့ ဒါဟာ နောင်ဖြစ်လာမဲ့ သမ္မတတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ပြနေတာပါပဲ။ အခုဆိုတာ ကောင်းနေမှ လူဆိုတာ နောင်ဆိုတာ ဖြစ်လာတာပါပဲ။

လူတွေမှာ အခုဆိုတာကို ကောင်းအောင် မလုပ်ချင်ကြဘူး။ နောင်ဆိုတာ ကို မျှော်မှန်းနေတတ်ကြတယ်။ ဒါကြောင့် နောင်ဆိုတာ ကြီးကျယ်တိုးတတ်ချင်တဲ့ သူတွေ အားလုံး ဒီလို စိတ်ဓါတ်လေးကို နမူနာယူပြီး နေထိုင်ကြိုးစားကြည့်ပါလားဗျာ။ နောက်တစ်ချိန် ခင်ဗျားကို သမ္မ္မတ မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။


ခင်မင်စွာဖြင့်
ကိုဇော်

http://zaw357.multiply.com/journal/item/567 မှာ 3.9.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: