ဝဆွဲ...တဲ့..။
ဘာလို့ ဝဆွဲပါသလဲ..။
ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်......
ဝလုံးလေးတစ်လုံးပါပဲ။သူ့ကို ဒီအတိုင်းထားရင် “ ဝလုံး ” ပါပဲ။ သူ့ကို အက္ခရာတစ်ခုခု အပေါ်မှာ ထားလိုက်ရင် “ လုံးကြီးတင် ” တဲ့။ သူ့ကို အက္ခရာတစ်ခုခု ရဲ့ အောက်မှာ ထားလိုက်ရင် “ ဝဆွဲ ” လို့ ခေါ်ကြတာပဲ။ ဒါဆို “ ဝဆွဲ ” မှာ ဘယ်လို အစွမ်းသတ္တိတွေ ရှိနေပါသလဲ။
ကျွန်တော် ငယ်ငယ်က ကြားဖူးတဲ့ စကားလေး တစ်ခွန်း ရှိတယ်ဗျာ..။ “ ဒီလူက ဟိုသူဌေးရဲ့ အောက်ဆွဲပေါ့။ ” ဆိုတာမျိုးလေ။ ဘာလို့ “ အောက်ဆွဲ ” လို့ ခေါ်ရသလဲ ဆိုတော့ လူတစ်ယောက်ကို ကောင်းရာကောင်းကြောင်းကို မညွှန်ပြနိုင်ပဲ ၊ အလိုလိုက် အကြိုက်ဆောင်ပြီး ပျက်ဆီးရာ ၊ ပျက်ဆီးကြောင်း အောက်သို့ ဆွဲချနိုင်သူကို “ အောက်ဆွဲ ” လို့ခေါ်ကြသတဲ့။
လူတွေရဲ့ ပျက်စီးခြင်း ဘက်ကို ရှေ့ရှုရင် “ အောက်ဆွဲ ” လို့ ခေါ်ရင် အက္ခရာတွေကို ပျက်ဆီးခြင်းဘက်ကို ရှေ့ရှုရင် “ ဝဆွဲ ”လို့ ခေါ်မလား။
ကျွန်တော်တို့ ဥပမာလေးနဲ့ စဉ်းစားကြည့်ရအောင်..။
မင်းသမီး က နေသည်...။
ဒါလေးကို “ ဝဆွဲ ” လေးထည့်ကြည့်ရအောင်..။
မင်းသမီး ကွ နေသည်..။
ဟာ...စိတ်ကူးထဲတောင်မှ မြင်မကောင်းဘူးဗျာ..။
၂)
မိန်းကလေးတွေပါ သင်္ကြန်မှာ ကဲ နေပြီ..။
ဒါကို “ ဝဆွဲ ” ထည့်ကြည့်မယ်ဗျာ..။
မိန်းကလေးတွေပါ သင်္ကြန်မှာ ကွဲ နေပြီ..။
အာ...မကောင်းတော့ဘူး..။
၃)
စားအုန်းဆီတွေ ခဲ နေတယ်..။
“ ဝဆွဲ ” ထည့်ပြီး ပြောင်းပြောကြည့်မယ်..။
စားအုန်းဆီတွေကို အပူပေးပြီး ခွဲ လိုက်တယ်..။
ဘယ်လိုမှ မတည်မြဲတော့ဘူး..။
၎)
သူဌေးကြီးသည် ဆင်းရဲသားများကို ပေး နေသည်..။
ဒီစာသားလေးကို “ ဝဆွဲ ” ထည့်ကြည့်တော့...
သူဌေးကြီးသည် ဆင်းရဲသားများကို ပွေး နေသည်.။
သေပြီ...ဒီသူဌေးတော့...။
ဒီလိုပါပဲ..။
ဆက် စဉ်းစားကြည့်ပါဗျာ။ စဉ်းစားမိရင် “ ဝဆွဲ ” ဆိုတာ တော်တော်ကြောက်ဖို့ ကောင်းပါလားလို့ သိလာရတယ်။
ကိုဇော် ခံစားတင်ပြသည်။
http://zaw357.multiply.com/journal/item/616 မှာ 9.9.2009 က ရေးထားတာပါ။
.
2 ယောက် ရဲ့ ထင်မြင်ချက်:
ကိုဇော်ရေ...
ဟုတ်ပဗျာ...
ကိုဇော်ရေးတော့မှပဲ စဉ်းစားမိတော့တယ်...။
တော်တော့်ကိုတွေးတတ်ပါလားဟင်...
(မနာလိုဖက် ကဲနေသောလေသံနှင့်ပြောသွားသည်...း))
ခင်မင်တဲ့
ဏီလင်းညို
ကိုဇော်.. မလေးမှာ သိပ်ကဲမနေနဲ့နော်..
ဆေးလိပ်တွေခနခန မခဲနဲ့နော်..
စိတ်တိုတိုင်းကိုယ့်ကိုယ်ကို ပြန်မဆဲနဲ့နော်..
အားတိုင်းလဲ ကမနေနဲ့ဦး
ကောင်မလေးမြင်တိုင်း စာလိုက်ပေးမနေနဲ့..
ဝဆွဲထည့်ပြီး ကိုယ့်ဟာကိုယ်ဖတ်ပေတော့..ခိခိ
Post a Comment