မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 February 2010

0 ထင်းခွဲသမား နှစ်ယောက်


တစ်ခါက

ရွာစဉ်လှည့်ပြီး ထင်းခွဲစားသောက်ရသော ထင်းခွဲသမား ဆရာတပည့် နှစ်ယောက် ရှိတယ်..။ အဲဒီမှာ စဉ်းစားမိရင် ထူးခြားတာလေးကို သတိထားမိမှာပဲ.။ ထင်းခွဲသမား ဆရာတပည့်..။ ထင်းခွဲတဲ့ အလုပ်မှာ ဆရာတပည့်ဆိုတာ လိုလို့လား..။ ဥပမာ - လက်သမား ဆိုရင်လည်း ထားပါတော့..လက်သမား ဆရာကြီး သူ့တပည့်တွေ ဒီလို ဖြစ်နိုင်သေးတယ်..။ အခုတော့ ..ထင်ခွဲတာမှ ဆရာ ၊ တပည့်ဆိုပြီး ရှိနေလို့လား.။

တကယ်ကြည့်လိုက်တော့ ...တကယ်ကို ရှိနေပါတယ်..။ ဘယ်လို ရှိနေလဲ ဆိုတော့ တပည့် လုပ်သူက ပေါက်ဆိန်ကြီးနဲ့ ထင်းတုံးကြီးတွေကို အားရ ပါးရ တဖြောင်းဖြောင်းခွဲတယ်။ သူ့ဘေးမှာ ခွဲဖို့ ထင်တုံးကြီးတွေ အများကြီး ၊ ဒီလိုပဲ ခွဲပြီးသား ထင်းတုံးတွေလည်း အများကြီး ၊ ပေါက်ဆုံပေါ်တင်ပြီး အားရပါးရ တပည့်လုပ်သူက လက်ထဲက ပေါက်ဆိန်နဲ့ လွဲလွဲပြီး ခွဲတယ်။ အဲ...သူပေါက်ဆိန်နဲ့ ပေါက်ခွဲလို့ မရတဲ့ အမြစ်ဆုံ ၊ အကြောသား ၊ ကြားသား ၊ သစ်ဖေါက်ထိုးသား တွေကို ကျတော့ သူ့ဘေးက သူ့ဆရာဆီ ပို့ပေးတယ်..။

ဆရာလုပ်တဲ့ သူက သူ့ဆီရောက်လာတဲ့ အကြောဆုံ ၊ အမြစ်သား ဒီလို ခက်ခက်ခဲခဲ ခွဲရတဲ့ အသားတွေကို သူ့လက်ထဲက သပ်ကလေးနဲ့ အသားလေးတွေကို တစ်ဖဲ့ချင်း ၊ တစ်ဆစ်ချင်းဖဲ့ပြီး ခွာထုတ်တယ်.။ လက်တော့ ဝင်တယ်.။ လုပ်ရတာလည်း ခက်ခက်ခဲခဲ ၊ စိတ်ရှည်ရှည်နဲ့ လုပ်ရတယ်.။ ဒီလိုနဲ့ အမြစ်ဆုံ ၊ အကြောသားတွေကို ဆရာ လုပ်သူက တစ်ဖဲ့ချင်း ခွာ ထုတ်တယ်.။

ညနေစောင်းတော့ တပည့်ဘေးမှာ ထင်းပုံကြီး တစ်ပုံ ၊ ဆရာ့ရှေ့မှာက ထင်းပုံလေး တစ်ပုံ၊ ရတဲ့ လုပ်ခ ခွဲယူတော့ ...ဥပမာ - ၅၀ ရရင် ဆရာက ၃၀ ၊ တပည့်က ၂၀ ။ ဒီလောက် ထင်းတွေ အများကြီးခွဲထား တဲ့ တပည့်က ဘာလို့ ၂၀ ပဲ ရတာလဲ.၊ ထင်းပုံလေး နည်းနည်းလေးနဲ့ သပ်ကလေးနဲ့သာ ခွာထုတ်ရတဲ့ ဆရာ က ဘာလို့ ၃၀ ရတာလဲ..။

တကယ်တော့ ..လောကကြီးမှာလည်း ဒီလိုပါပဲ..။

လူတွေဟာ တကယ်အခက်အခဲကို ရင်ဆိုင် အံတုကြံကြံခံပြီး ဖြေရှင်းသလား..။ အခက်အခဲတွေကို လက်ရှောင် ခေါင်းရှောင်နေသလား.။ အဲဒီနေရာမှာ ဆရာနဲ့ တပည့်ဆိုတာ ကွဲသွားတာပါပဲ..။ လူတွေဟာ များသော အားဖြင့် ဆရာဖြစ်ချင်ကြပါတယ်..။ ဆရာဖြစ်ချင် သူဟာ ခေါင်းဆောင်တတ် ရပါတယ်. ၊ ခေါင်းရှောင်သူဟာ ဘယ်တော့မှ ခေါင်းဆောင် ဖြစ်လာလိမ့်မယ် မဟုတ်ပါ..။

တကယ်လို့.....အခု စာဖတ်သူဟာ....ဆရာ ဖြစ်ချင်သူတစ်ယောက်... (သို့) ခေါင်းဆောင် ဖြစ်ချင်သူ တစ်ယောက် ဖြစ်ချင်ခဲ့တယ် ဆိုရင်...။ အခု ကျွန်တော်ရေးထားသော ထင်းခွဲသမား ဆရာတပည့်မှာ စာဖတ်သူက ဘယ်နေရာမှာလဲ..။ ကျွန်တော့်ကို မပြောပါနဲ့..။ ကိုယ့်ဖာသာကိုယ်ပဲ မေးပြီး ကိုယ့်ဖာသာကိုယ်ပဲ ပြောလိုက်ပါ..။


Thomas Jefferson ရေးတဲ့ Two split firewood ကို
ကိုဇော် ဘာသာပြန်သည်.။


(ဆရာဖေမြင့်ရဲ့ စာအုပ်တစ်အုပ်မှာလည်း ဖတ်ဖူးတယ်လို့ ထင်မိပါတယ်.။ ဘယ်စာအုပ်လည်း တော့ မမှတ်မိတော့လို့ မဖော်ပြနိုင်တော့ပါ..။)

http://zaw357.multiply.com/journal/item/618 မှာ 10.9.2009 ကရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: