မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 May 2010

11 ကျွန်တော် ချစ်ရသော . . . . .



မိဘရဲ့ သဘောတူညီမှု ဆိုသော မိဘအသိုင်းအဝိုင်းကြောင့် ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးကို လေးမြတ်ကြီးလွန်းစွာ ကိုယ်တိုင် မချစ်မနှစ်သက်ပဲနဲ့ ပေါင်းသင်းနေထိုင်ရခြင်း ဆိုတာတွေ ထမ်းရွက်နေရသော သူငယ်ချင်းများကို တွေ့တဲ့ အခါမှာ ကြီးမားလှပြီး သယ်ယူရန် ခက်ခဲသော Main Server ကွန်ပျုတာများကို သွားပြီး သတိရမိတယ်။ 

တချို့ကတော့လည်း ချစ်သူတော့ ရထားပါတယ် မိဘတွေက သဘောမတူ။ ဒါကို ညှိရ နှိုင်းရ အဆင်ပြေအောင် လုပ်ရနဲ့ ရွေ့ရပြောင်းရ ခက်တဲ့ ကွန်ပျူတာ မဟုတ်ပေမဲ့ သယ်ရတာ ပင်ပန်းတဲ့ Desktop ကွန်ပျူတာ တစ်လုံးလို သူတို့အဖြစ်ကို သတိရမိတယ်။ 

တချို့ကျတော့လည်း  ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ ရည်းစားတွေ ထည်လဲတွဲပြီး ပေါ့ပေါ့ပါးပါး အဆင်ပြေနေကြတယ်။ သူတို့မှာ ဝန်ထုပ် ဝန်ပိုး ဆိုတာလည်း မဖြစ်ဘူး။ တကယ် နှစ်နှစ်ကာကာ ချစ်ရမယ် ဆိုတာလည်း မသိဘူး။ သူတို့ကို ကျတော့ ကျွန်တော် ပေါ့ပေါ့ပါးပါး သယ်ရလွယ်တဲ့ Net Book လေးလို့ မြင်မိတယ်။

ကျွန်တော် . . . . . 

ကျွန်တော် သူမကို စတွေ့တုန်းက သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ သူမရဲ့ အရည်အချင်းတွေကို ကျွန်တော် နှစ်သက်ခဲ့တယ်။ သူမဟာ ကျွန်တော့်အတွက် မိသားစုက ပေးစားတယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလိုလည်း မဟုတ်ဘူး။ မိဘတွေ သဘောတူအောင် လုပ်နေရတဲ့ သယ်ရခက်သူ တစ်ယောက်လည်း မဟုတ်ဘူး။ သူများတွေလို ဟော တစ်ယောက် ၊ ဟော တစ်ယောက် ပေါ့ပေါ့ပါးပါး ချစ်တမ်း ကစားနေတတ်သူမျိုးလည်း မဟုတ်ဘူး။ သူမဟာ ကျွန်တော့်အတွက်တော့ ကျွန်တော့်က စိတ်နှစ်ကိုယ်နှစ် ချစ်ရပြီး သူမကလည်း စိတ်နှစ်ကိုယ်နှစ်ချစ်ကာ ၊ မိဘများနဲ့လည်း အဆင်ပြေ ပေါင်းသင်းနိုင်မယ် လို့ ကျွန်တော် ယုံကြည်ရသူ တစ်ယောက် ဖြစ်တယ်။ သူမက ကျွန်တော့်တစ်ပိုင် တစ်နိုင် သွားလေရာ သယ်သွားနိုင်တဲ့ “ Laptop ” လေး တစ်လုံး လိုပဲ ဖြစ်တယ်။

သူမကို ကျွန်တော် ချစ်တာ သူမရဲ့ ရုပ်လက္ခဏာ ဆိုတဲ့ Hardware ကိုတင်ကြည့်ပြီး ချစ်တာ မဟုတ်ပါဘူး။ သူမရဲ့ စိတ်သဘောထား ဆိုတဲ့ Software လေးကိုပါ ချစ်ခဲ့တာပါ။ ဒါကြောင့် ရုပ်ရော ၊ နာမ်ရော ကို ချစ်တယ်လို့ ဆိုနိုင်တယ်။ သူမကို ကျွန်တော် မြင်ကတည်းက ကောင်တာပေါ်မှာ တင်ထားတဲ့ Laptop လေးလိုပဲ ကျွန်တော် ကြည့်မဝခဲ့ဘူး။ သူမ အနားကကို မခွာနိုင်တော့တာပါပဲ။ ဒါကြောင့် သူမ မှ သူမ ဖြစ်ခဲ့ပြီး သူမ ကိုပဲ ရအောင် ကျွန်တော် ကမ်းလှမ်းခဲ့တာ။ 

စတိုထဲမှာ သိမ်းထားတဲ့ Laptop အသစ်တွေလိုပေါ့။ သိမ်းထားတဲ့ နောက်ထပ် Laptop အသစ်တွေ ဘယ်လောက် ကောင်းတယ် ပြောပါစေ။ ကျွန်တော်ကတော့ လူမြင်ကွင်းမှာ တင့်တယ်တယ်ဆိုတဲ့ သူမကိုပဲ အရယူလာမိခဲ့တယ်။ ဘူးထဲမှာ သေချာ မသိမ်းထားလို့  သူမပေါ်မှာ တတ်နေတဲ့ ဖုန်တွေ ရှိနေခြင်း အတွက်လည်း ကျွန်တော်က သူမကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ Laptop Cleaner လေးနဲ့ သုတ်ပေးမှာပါပဲ။ သူမမှာ ဘယ်လို အပြစ် ဆိုတဲ့ ဒဏ်ရာ ဒဏ်ချက်များ ရှိနေပါစေ ကျွန်တော်ကတော့ သူမကို နှစ်သက်စွာ ဆက်လက်ပြီး ချစ်သွားမှာပါပဲ။ 

သူမရဲ့ သွင်ပြင်ကို ပြောင်းလဲ စေနိုင်မဲ့ Windows XP , Windows Vista နဲ့ Windows 7 ဆိုတာတွေကို ကျွန်တော် အသစ်ပေါ်လာတိုင်း သူ့ကို ဆင်ယင်သွားမှာပါ။ သူမရဲ့ ဖြတ်ထိုးဥာဏ်အားက နည်းနေလို့ ဆိုပြီး ကျွန်တော်က အတင်းအကြပ် Ram တွေ ထပ်လဲမယ် ဆိုတာမျိုးလည်း ကျွန်တော်က မလုပ်ပါဘူး။ သူမမှာ ရှိနေတဲ့ မှတ်ဥာဏ်တွေ ပိုကောင်းလာအောင် ၊ ပိုမှတ်နိုင်လာအောင် ဆိုပြီး ကျွန်တော်က Hard Disk  တွေလည်း မလဲခိုင်းသလို ၊ ထပ်လည်း မထည့်ခိုင်းပါဘူး။ သူ့ဖာသာ နဂို ရှိနေတဲ့ အတိုင်းလေးပဲ သူ့ကို ကျွန်တော် ချစ်သွားမှာပါ။

သူမရဲ့ ဘယ် Program ဆိုတဲ့ ဘယ်လို အကျင့်စရိုက်လေးက မှားနေတယ်ပဲ ပြောပြော သူမကို ကျွန်တော် Code တွေ ပြောင်းပြီး မပြင်မှာ ဖြစ်သလို ၊ ဖြည့်ပြီးလည်း အတင်းအကြပ် ပြင်ဆင်နေမှာ မဟုတ်ပါဘူး။ သူမမှာ ရှိနေတဲ့ အမည်းစက် ဆိုတဲ့  #000000 Code တွေကို အဖြူသွားအောင် ဆိုပြီး #FFFFFF Code တွေနဲ့လည်း အစားထိုးမှာ မဟုတ်ပါဘူး။ သူမဖာသာ နဂို ရှိနေတဲ့ အတိုင်းပဲ ကျွန်တော်က လက်ခံ ချစ်သွားမှာပါ။

သူများတွေလို အိမ်မှာ Desktop ကြီး ထားခဲ့ပြီး လမ်းသွားတော့ သူများ Laptop တွေကို ငေးသလိုမျိုး ကျွန်တော်က လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူမက ကျွန်တော့်ဘေးနားမှာ အမြဲတမ်း ပါနေမှာ ဖြစ်လို့ပါပဲ။ ကျွန်တော် မျက်နှာမူလိုက်တဲ့ အရာဆိုတာကလည်း  သူမရဲ့ မျက်နှာလို့ ဆိုရမဲ့ ကွန်ပျူတာ မော်နီတာလေးပါပဲ။ ဒါပေမဲ့ သူမ မျက်နှာပေါ်မှာ ဖိုင်တွေ  ၊ ဖိုဒါတွေ ဆိုတဲ့ အသွင်အပြင် အရောင်ခြယ်များလို ကျွန်တော်က သူမ မျက်နှာပေါ်မှာ ပါးနီတွေ ၊ လိုင်နာတွေနဲ့ ရှုပ်ရှက်ခတ်နေတာ မတွေ့ချင်တာကတော့ အမှန်ပါပဲ။ 

ဒါပေမဲ့ သူမ အတွက် တကိုယ်ရေ သန့်ရှင်းရေး ဆိုတဲ့ Disk Cleanup နဲ့  Defragment ဆိုတာတွေကိုတော့ နေ့တိုင်း လုပ်ပေးဖြစ်သွားမှာပါ။ ဒါမှ သူမလည်း အမြဲတမ်း လန်းဆန်းတတ်ကြွနေမှာ ဖြစ်ပြီး ကျွန်တော်နဲ့ သူမ တွဲသွားတဲ့ အခါမှာလည်း အမြဲတမ်း မြန်ဆန် သွက်လက်နေမှာ ပေါ့ဗျာ။ သူမမှာ ရှုပ်ထွေးလာတဲ့ ပြဿနာများ အတွက် ကျွန်တော် သူမကို ခေါင်းဆေး အနားယူဖို့ Error Checking လုပ်ပေးသွားမှာပါ၊ သူမကို အမှားတွေ ၊ ပြဿနာတွေ ကင်းစင်စေချင်တယ်လေ။

တကယ်လို့ သူမက ခေါင်းမထူနိုင်လောက်အောင် ဖြစ်သလို Windows မတတ်လာတော့ပဲ Error တွေများလာခဲ့ရင်တော့ ကျွန်တော်က သူမကို သူမ ခန္ဓာကိုယ်ထဲ လှုပ်ရှားမှုတွေ မလုပ်စေတော့ပဲ အနားယူပြီး အမှားတွေကို ဆေးကြောပေးချင်တယ်။ ဒါကို Windows တတ်မရလို့ Safe mode နဲ့ ဝင်ပြီး စက်ရှင်းတယ်လို့ ဆိုကြတယ် မဟုတ်ပါဘူး။ နောက်ပြီးမှ သူမကို ကျွန်တော် ပြန်ပြီးတော့ အင်အားသစ်နဲ့ နိုးထစေချင်တယ်။ 

တကယ်လို့ သူမကို အနားပေးပြီး Safe mode နဲ့ အမှားတွေ ရှင်းထုတ်တာတောင်မှ သူမ အရင်လို စိတ်ဓါတ်တွေ ပြန်လည် မနိုးကြားလာဘူး ဆိုရင် ကျွန်တော် သူမကို အတိတ်က ပျော်ရွှင်ဖွယ် ဖြစ်ရပ်တွေကို ပြန်ပြောပြတဲ့နည်းလို့ ဆိုရမဲ့ System Restore နည်းနဲ့ ဖြေရှင်းကြည့်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ အရာရာဟာ အမှား မဖြစ်သေးတဲ့ အတိတ်ကာလ တစ်ခုကို သူမ ပြန်ရောက်သွားပြီး ပြန်လည် လန်းဆန်း တတ်ကြွ လာနိုင်ပါတယ်။

ကျွန်တော် ဒီလိုတွေ ပြောနေလို့ ကျွန်တော့်ကို ပိုလှချည့်လား။ လွန်လှချည့်လားလို့ မထင်ပါနဲ့ ၊ မတွေးပါနဲ့။ သူမ မရှိရင် ကျွန်တော်ကလည်း မနေပျော်လောက်အောင်ကို သူမကို ကျွန်တော့် ဘဝမှာ စွဲနေမိပြီလေဗျာ။ ဒါကြောင့် ကျွန်တော် သူမကို အရာရာ ဂရုစိုက်မိတာပါပဲ။ သူမကို ကျွန်တော် တွယ်တာမိလို့ပါပဲ။  သူမ နေမကောင်းလို့ မျက်နှာညှိုးနွမ်းသလိုမျိုး သူမ မော်နီတာက အရောင် ဖျတ်ခနဲ ဖျတ်ခနဲ မငြိမ်ရင်တောင်မှ ကျွန်တော် သူမကို အမြန် ဆေးခန်း ဆိုတဲ့ ပြင်ဆိုင်ကို ပို့ရမှာပေါ့။ 

အိုဗျာ . . နောက်ဆုံး သူမဟာ အန္တရာယ် တစ်စုံတစ်ခုကြောင့် ခန္ဓာကိုယ် ထိခိုက်သွားရတယ် ဆိုတဲ့ ပြုတ်ကျကွဲခြင်း ၊ ပူလို့ ပျက်ဆီးခြင်းတွေ ဖြစ်လာရင်တောင်မှ ကျွန်တော်က သူမကို ဆက်လက် ချစ်ခင်စွာနဲ့ပဲ ပြုပြင်လို့ ရနိုင်တာလေးတွေ ပြုပြင်ရင်း သူမရဲ့ သက်ဆုံးတိုင်အောင် ကျွန်တော် ဘဝထဲမှာ သူမက ရှိနေမှာပါ။ သူမကိုသာ ကျွန်တော် သူမ ဘဝ နောက်ဆုံး သက်တမ်းကုန်သွားတဲ့ အထိ ကျွန်တော် သူမနဲ့ အတူ နေထိုင်သွားမှာပါပဲ။ ဘာလို့လဲ ဆိုတော့ သူမဟာ “ ကျွန်တော် ချစ်ရသော သူ တစ်ယောက်  ” ဖြစ်နေလို့ပါပဲ။ 


မှတ်ချက်။    ။ ဘာရယ် မဟုတ် ရေးမိတဲ့ အတွက် ဘာရသမှ ပါမှာ မဟုတ်ပါ။ သင်ခန်းစာနဲ့ စာရင်းတွေထဲမှာ လုပ်ရင်း ပျင်းပျင်းရှိတာနဲ့  ချရေးလိုက်တာပါ။ ကျွန်တော်ရဲ့ စိတ်ကူးမျှသာ ဖြစ်သောကြောင့် အရာရာ လွဲချော်မှုများ ရှိနေနိုင်ပါတယ်။ 


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

အဲလောက်ကြီး လည်း အစွဲအလမ်း မကြီးပါနဲ့ တယောက် မကောင်းတော့လည်း တယောက်ပြောင်းတာပေါ့

နောက်ဆုံးပေါ် သစ်သစ် လေး များဆို ကောင်းမှကောင်း

ခင်မင်စွာဖြင့်
ရွှေစင်

ခိုင်နုငယ် said...

ကျွန်တော်ချစ်ရသောဆိုလို့...
ဘာညားလဲလို့...လတ်ဆတ်သတ်တော့
ကိုဇော်က..ကွန်ပူတာကိုဂျစ်တာကိုး....
ဘယ်ရယ်မဟုတ်ရေးထားတဲ့စာကလည်းကောင်းပါတယ်။
သူမကိုဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်ဆိုတာတွေ
ဗဟုသုတရပါတယ်။

Nothing! said...

အဲဒီလောက်သဘောထားမြင့်မြတ်တဲ့
ယောင်္ကျားတယောက်ရဲ့ ချစ်သူအပေါ်ထားတဲ့
မေတ္တာတရားမျိုးဒီတခါပဲဖတ်ဖူးပါတယ်...
မင်္ဂလာရှိလိုက်တာ...တကယ်ပါ...
ကိုယ်လည်းချစ်သူကိုအဲလိုပဲချစ်တတ်နားလည်
တတ်ပေမယ့်...ကိုဇော်လိုတော့ မပြောတတ်ဘူး
ပြောတတ်ချင်ပါ့ရှင်...
ကိုဇော်ကို ရတဲ့မိန်းကလေးကတော့ အရမ်းကံကောင်း
မှာပဲ...စေတနာဆိုတာတူသောအကျိုးပေးတယ်တဲ့
ကိုယ်ဇော်လည်း ကိုဇော့်လို စိတ်သဘောထားရှိတဲ့
သူနဲ့ တွေ့ ပါစေလို့ ဆန္ဒပြုပါတယ်...။

Unknown said...

ကိုဇော်
အနားမှာ ရှိရက်သားနဲ့များ
အဝေးတနေရာက ဆိုတော့ ဘယ်လောက်များဝေးနေလဲ လို့ ဟားးးး
ကိုဇော် နဲ့ အဲဒီ သူမ ဆိုတာလေး ထားဝရ လက်တွဲနိုင်ပါစေ

Unknown said...

အမ်.. နင်ကတော့လေ .. ငါကတော့ အစပိုင်းမှာ သူ့ကောင်မလေးအကြောင်းဘဲလို ထင်လိုက်တာ.. လက်စသတ်တော့ သူ့ကွန်ပြူတာအကြောင်းကိုး.. ဟီးးး.. နင်သိလား.. ငါ့ကို ကိုအောင်ကြီးက ကြိမ်းမောင်းနေတယ်.. တစ်နေ့ ငါ့ကွန်ပြူတာကို ကိုင်ပေါက်ပစ်မယ်တဲ့... တစ်နေ့တစ်နေ့ ကွန်ပြူတာနဲ့ဘဲ ရှိနေလို့တဲ့.. ဟင့်

Unknown said...

ဟဲ.... ရှိတာလေးကို စုပုံချစ်နေရတာပါ ဘဲကိုဇော်ရယ်...အတူတူပေါ့

မောင်သီဟ said...

ရေးတတ်လိုက်တာ သူ့ချစ်သူလေးအကြောင်းး)
ဒါလေးကပဲ အဖော်ပေလားဗျာ

မြတ်မွန် said...

နည်းပညာခေတ်ဆိုတော့ နည်းပညာအချစ်ပေါ့လေ..

Unknown said...

နည်းပညာအချစ်မဟုတ်ဘူးဗျ...ကွန်ပြူတာနားမှာပဲနေ၊အိပ်၊စားနေတော့ရည်းစားတောင်ကွန်ပြူတာလို့မြင်နေတာဗျ....အင်း...

Anonymous said...

တူ၏
...

Angelhlaing(May everybody be happy and healthy! said...

သက်ဆိုင်သူကို ဖတ်မိစေချင်လိုက်တာ.....
အကိုရာ...