မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 May 2010

3 ကျွန်တော့် မိုင်တိုင်များ



ကျွန်တော့်မိုင်တိုင်များ

ကိုယ်. . . .
ထိုင်နေရင်းပဲ ဖြစ်ဖြစ်
ရပ်နေရင်းပဲ ဖြစ်ဖြစ်
သွားနေရင်းပဲ ဖြစ်ဖြစ်
ပြေးနေရင်းပဲ ဖြစ်ဖြစ်
အချိန်တွေကတော့
သူ့ဖာသာ တိတ်တဆိတ်
စီးဆင်းသွားကြတယ် . . . ။

သူတို့. . . .
ထိုင်နေရင်းပဲ ဖြစ်ဖြစ်
ရပ်နေရင်းပဲ ဖြစ်ဖြစ်
သွားနေရင်းပဲ ဖြစ်ဖြစ်
ပြေးနေရင်းပဲ ဖြစ်ဖြစ်
ကိုယ်ကတော့
ကိုယ့်ဖာသာ တိတ်တဆိတ်
မိုင်တိုင်တွေကို ဖြတ်ကျော်ခဲ့တယ်. . . .။

ဟိုးအဝေးက
နောက်ချန် ကျန်နေခဲ့တဲ့
မိုင်တိုင် ခပ်သေးသေးတွေ . . .
အခု ရပ်နေရတဲ့ မိုင်တစ်ခု
အရှေ့ကို မျှော်ငေးပြန်တော့
မမှန်းဆနိုင်တဲ့ မိုင်တိုင်များ . . .
ဒီလိုပါပဲ . . .
ဝိုးတဝါးနဲ့ပေါ့. . . .။

ကကြီး ၊ ခကွေး အိမ်ကို ပြေး ဆိုခဲ့တဲ့
မိုင်တိုင် ခပ်သေးသေးလေးတွေမှာလောက်
မိုင်တိုင်ကြီးကြီး ရှေ့ရောက်လေ . . .
မမြင်နိုင်တဲ့ တစ္ဆေလက်တစ်စုံက
ဆွဲညှစ်ထားသလို
မျှော်လင့်ချက်တွေ အတွက်
ရင်မှာ ခပ်အုပ်အုပ် နာတယ် . . . . ။

ဧဒင်ဥယျာဉ်ကို
ကိုယ့်စံပယ်အိုး လောက်
တန်ဖိုး မထားခဲ့တဲ့
ခပ်ရွတ်ရွတ် ငယ်မိုင်တိုင်ကိုလည်း
ပြန်မရနိုင်တော့ပေမဲ့
သတိရတယ် . . .။

မလိမ်မိုး မလိမ္မာ
ကိုယ်က ပြဿနာကို
အိမ်အပါ ခေါ်ခဲ့သူလည်း ဖြစ်တယ်။
ဒီတော့ . . .
အိမ်က ဆီးရိုက် ဗထက်ချိုင့် လို့
ငယ်ငယ်ကတော့ အော်ခဲ့ဖူးတယ်. . . ။

တချို့မိုင်တိုင်တွေမှာ
သူငယ်ချင်းတွေ တိုးပွား
တချို့မိုင်တိုင်တွေမှာ
သူငယ်ချင်းတွေ ဆုံးပါး
ဒီလိုနဲ့ပဲ . . .
ခင်မင်မှုတွေ လုံးပါး ပါး. . . ။

သွေးမတော် သားမစပ်
ဇရပ် ရပ်ကွက် တစ်ခုမှာမှ
လူအို တစ်ယောက်လို
ကိုယ်က ကိုယ့်ကိုယ်ကိုယ်
ဖာသိဖာသာ ကျော်ဖြတ်သွားချင်မိသူ။

အိပ်မက်တွေ ပါး . . .
မျှော်လင့်ချက်တွေ ခါး . . .
ရည်ရွယ်ချက်တွေ ဝါး . . .
စိတ်ဓါတ်တွေ  စား . . .
ဘဝအဓိပ္ပါယ်တွေ ပြား. . .
ဒီလို နေရက်တွေကို ရောက်တော့မှ
ကိုယ် ရောက်နေတဲ့ နေရာကို ပြန်ကြည့်မိတယ်
မိုင်တိုင်နံပါတ် “ ၃၁ ”  တဲ့။             ။

ကိုဇော်
10.4.2010

မှတ်ချက် ။            ။ မွေးနေ့က ရေးထားပြီး မတင်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ။

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

၃၁မိုင်ခရီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ။
မိုင် ၄၀မပြည့်သေးဘူး။ ဘ၀က စလုံးရေတောင် မစရသေးဘူး။
ဒီတော့........ တောင့်ထား...။

မြတ်မွန် said...

ပြန်လည်လင့်ကျင့်ခန်း မိုင်တိုင်လား..

ရွှေနတ်သား said...

မိုင်တိုင်ကဗျာလေးကိုအခုမှဖတ်လိုက်ရတယ်..
၃၀ နဲ့  ၃၁ ပေါ့ ဗျာ