မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 May 2010

18 ဘုရား နှင့် နတ်များ



ဒီနေ့ ဒီမှာတော့ Wesak Day လို့ ခေါ်တဲ့နေ့ပါ။ အလုပ်ပိတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မနေ့က လပြည့်နေ့ ဆိုပေမဲ့ ဒီမှာက နောက်တစ်ရက် နောက်ကျပြီးမှ လပြည့်နေ့လို့ သတ်မှတ်ကြထင်တယ်။ ဒါကြောင့် တစ်ရက် နောက်ကျနေတယ်လို့ ပြောရမလား ၊ သူ့တို့ဖာသာ အလေ့အထ ဖြစ်နေတယ်လို့ ဆိုရမလားပါပဲ။

ဒီနေ့တော့ ထူးထူးခြားခြားလို့ပဲ ပြောရမလား မသိဘူး။ စာလေးနည်းနည်း ဖတ်မိတယ်။ ဒီနောက်မှာ ထပ်ပြီး ဖတ်ဖြစ်တဲ့ ဆရာ ရွှေဥဒေါင်းရေးတဲ့   ဆော်လမုန်သိုက်    Ebook ထဲမှာလည်း အဲဒီအကြောင်းက ပါနေတော့ တော်တော်ကို ထူးဆန်းသလို ဖြစ်လို့ ဒီအကြောင်းအရာလေးကို ကျွန်တော် နားလည် သလို  အချက်အလက်များဖြင့် ကိုးကား ဖော်ပြလိုက်ပါတယ်။


~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတွေမှာ မိမိဖာသာ ဖြစ်ပေါ်နေတဲ့ စိတ်အမှတ်သညာ ရှိပါတယ်။ သိပ္ပံပညာနဲ့ လက်ခံလို့ မရသေးပေမဲ့ စိတ်ပညာ အရတော့ လူတွေမှာ အမှတ်သညာ အားလုံးကို ခန္ဓာကိုယ်ရဲ့ နေရာ သုံးခုကနေ မှတ်မှတ်ရရ မှတ်ထားပေးတတ်တယ်။

၁။ ဦးနှောက်
၂။ နှလုံးသား
၃။ သည်းခြေ

၁။ လူတစ်ယောက်ရဲ့ မှတ်သိ မှတ်ဖွယ်ရာ အားလုံးတို့ကို ဦးနှောက်က မှတ်သားပေးပါတယ်။ သူက လိုအပ်သမျှတွေ အားလုံးကို လိုသလို ပြန်ပြီး ထုတ်ယူစေတယ်။

၂။ လူတစ်ယောက်ရဲ့ ချစ်ခင် နှစ်သက် ကြည်နူးစေတတ်သော အကြောင်းအရာများ အားလုံးကို နှလုံးသားက သိမ်းဆည်းပေးထားတယ်။ ဒါကြောင့် ကိုယ်ချစ်ခင် နှစ်သက်သော သူအကြောင်းကို တွေးလိုက်တာနဲ့တင် နှလုံးသားက အခုန်မြန်လာပြီး ရင်တွေ ခုန်လာတတ်တယ်။

၃။ လူတစ်ယောက်ရဲ့ နာကျည်းမုန်းတီးမှု အားလုံးကို သည်းခြေက မှတ်သားပေးထားတယ်။ ဒါကြောင့် အမှတ်သည်းခြေ မရှိဘူးလား ဆိုတဲ့ စကား ပေါ်လာရသလို ၊ လူတစ်ယောက်ကို အရမ်းနာကြင် မုန်းတီးတဲ့ အခါမှာ ပါးစပ်တွေထဲက ခါးလာရသလို ၊ သည်းခြေတွေပါ ပျက်ဆီးပြီး စိတ်ပါ နောက်သွားတတ်တယ်။

ဒီနေရာမှာ အကြမ်းအားဖြင့် လူတစ်ယောက်ကို ဒီလို သတ်မှတ်ထားပေမဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် ၊ နှလုံးသား ၊ သည်းခြေတွေကို တစ်ပါတည်း အလုံးစုံ သိမ်းပိုက်ပြီး မှတ်မိသွားအောင် လုပ်သွားနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ “ ကြောက်ရွံမှု ” ပါပဲ။ ကြောက်ရွံမှု ဆိုတာ အရမ်းကို ထူးဆန်းပါတယ်။ သူ့ရဲ့ အဖျက်စွမ်းအားကလည်း အလွန်ကို ကြီးမားလှတယ်။

အာဖရိက တောနက်ထဲမှ လူရိုင်း ၊ အမေဇုံတောနက်ထဲမှ လူရိုင်း ၊ ဆာရာဝပ်မှာ ရှိတဲ့ လူရိုင်း ၊ အင်ဒိုနီးရှား ကျွန်းတွေပေါ်မှာ ရှိတဲ့ လူရိုင်း ၊ ကမ္ဘာအနှံ ဘယ်နေရာမှာ မဆို ရှိနေတတ်တဲ့ လူရိုင်း  ၊ အားလုံး အားလုံးသော လူရိုင်းတွေမှာ သူတို့ရဲ့ ကိုးကွယ် ပူဇော်ပသသော ရုပ်ထုများ ရှိနေတတ်ပါတယ်။ ထိုရုပ်ထုများ သဘောတရားများဟာ ယေဘုယျအားဖြင့် တစ်ခါကြည့်မိသူများကို သွေးလေ ခြောက်ခြားအောင် ကြောက်ရွံဖွယ်ရာ အရုပ်ဆိုးဆိုးများ ၊ သွေးပျက်စရာ ရုပ်ပုံများ ဖြစ်နေတတ်ပါတယ်။







ဘာလို့ ဒီလို ဖြစ်နေရလဲ ဆိုတော့ ကြည့်မိသူရဲ့ စိတ်ထဲမှာ တစ်ခါဆို တစ်ခါတည်းနဲ့ ကြောက်ရွံစိတ် ဖြစ်ပေါ်သွားပြီး ဒီကြောက်ရွံစိတ်ကို အခြေခံကာ မသိစိတ်ထဲကို ဝင်ရောက် ထိုးမွှေရင်း လူတွေရဲ့ ယုံကြည်မှုကို ရယူတတ်ကြပါတယ်။ 

စကားလေး တစ်ခွန်း ရှိပါတယ်။

“ လူဆိုတာ သင်းပျံ့မွှေးကြိုင်တဲ့ ပန်းညများစွာထက် သရဲခြောက်ရာ ညကို ပိုပြီးတော့ သတိရနေတတ်တယ်။ ” 

တဲ့။

ဒါကြောင့် တောထဲက လူရိုင်းတွေ ကိုးကွယ်သော ရုပ်ထုများ ၊ တောရွာ မြို့ပေါ်တွင် ပူဇော်ပသထားသော နတ်ရုပ်များအားလုံးဟာ လူတစ်ယောက် တစ်ခါမြင်မိယုံနဲ့ သူ့ရဲ့ မသိစိတ်ထဲမှာ ထိတ်လန့်သွားအောင် ကြောက်ရွံသွားစေနိုင်တဲ့ ပုံသဏ္ဍာန်များ ဖြစ်ပေါ်နေရတာပါပဲ။ ဒီလို ကြောက်ရွံထိတ်လန့် နေစရာ ကောင်းမှလည်း “ ဘယ်လို ကိုင်လိုက်မယ်နော် ” လို့ ပြောပြီး လူများရဲ့ ကြောက်ရွံမှု ကို အခြေခံကာ တကယ်မရှိသော အရာများကို တကယ်ပဲ ရှိလာသယောင်ယောင် ချိန်းခြောက်ပြောဆိုကာ ထိန်းကျောင်း၍ ရလာပေတော့မည် မဟုတ်ပါလား။

သို့သော် ဗုဒ္ဒမြတ်စွာဘုရားရဲ့ အသွင်အပြင် ၊ အမူအရာကတော့ ဒီလို မဟုတ်ပါ။ မျက်နှာတော် ၊ ခန္ဓာကိုယ်အမျိုးအစား ၊ အမူအရာများကိုက မြင်ရသူများ အဖို့ ထိတ်လန့်ကြောက်မက်ဖွယ်ရာ မဖြစ်ပေါ်ပါ။ မြင်သူသမျှ လူအားလုံးအတွက် တိတ်ဆိတ် ငြိမ်းချမ်းဖွယ်ရာသာ ဖြစ်ပေါ်စေပါတယ်။




ကြောက်ရွံမှု ကို အခြေခံပြီး ဖွဲ့တည်ဆောက်ထားတာ မဟုတ်တဲ့ ဘာသာ ဖြစ်တဲ့ အတွက် တထိတ်ထိတ် တလန့်လန့် ဖြစ်ပြီး ကိုးကွယ် ပူဇော်ပသ စရာ မလိုခြင်း ၊ ဘယ်လို ရှိခိုး ဝတ်မပြုရင် ဘယ်လို ကျိန်စာတွေ သင့်မယ် ဆိုပြီး မရှိခြင်းပဲ ဖြစ်ပါတယ်။

ဘုရားဆိုတာ ဘာလဲ ၊ နတ်ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းများကို ဖြေဖို့ အချက်အလက်များစွာ ရှိပေမဲ့ အခု အချက်ကတော့ ဘုရားဆိုတာ “ ကြောက်ရွံမှု ”  ကို အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရာ အဖြစ်သင့်ဘူး ဆိုတဲ့ အချက်လေး တစ်ချက်ပါပဲ။

*** အခွင့်သင့်ရင် တခြား အချက်များကို ဆက်လက် ဖော်ပြပေးပါ့မယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

နောက်လာမဲ့ အဆက်ကို စောင့်ဖတ်နေပါမယ်

SHWE ZIN U said...

ကျနော် တို့ ကတော့ အကြောက်တရား နဲ့ အရာရာ ကို ထိန်းချုပ်ခံနေရတယ်

အဟင်း အခု မန့်တာလေး တောင် ကိုဇော် ကြိုက်မှ ကြိုက်ပါ့မလားလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ဟုတ်တယ်ကိုဇော်ရေ..တစ်ချို့တွေများဆို သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံးကို နတ်တွေကို ပုံအပ်ထားသလိုဘဲ မြင်တွေ့နေရရင် စိတ်မသက်သာစရာ ကောင်းလိုက်တာနော်...

Anonymous said...

ဆက်ရေးပါဦးဗျ.. ဆန့်ငင်..ဆန့်ငင်ကြီး။

ခိုင်နုငယ် said...

ကိုဇော်ရေ...မျက်စိမကောင်းပေမယ့်
မျောက်မှန်တပ်ပြီးလာဖတ်သွားပါတယ်...
ဒီနေ့ဗုဒ္ဓမြတ်စွါဘုရားဖွါးမြင်တော်မူသည့်နေ့ဖြစ်သလို
ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့...တူညားတွေပိတ်ကိုယ်တွေ
မပိတ်လို့ညစ်ဒယ်.....
ပြီးမှနောက်တစ်ခေါက်လာဖတ်အုံးမည်....

မြတ်မွန် said...

စိတ်ဝင်စားဖို့ကောာင်းတယ်..
မှန်တယ် ကိုဇော်ရ..လူတစ်ယောက်ရဲ့ရုပ်ရည်နဲ့ စိတ်ဓာတ်ကလည်း ဒီလိုသဘောတရားပဲ..
စိတ်သဘောထားနူးညံတဲ့လူတွေမှာ ရုပ်ရည်ကလည်း ကြည်လင်ပြီး မြင်လိုက်တာနဲ့ ချစ်ခင်စဖွယ် ကောင်းသလိုပါပဲ..

kiki said...

ဒီလို ဓမ္မဒိဌာန်ကျကျ နှိုင်းယှဉ်လိုက်တော့လည်း ဟုတ်နေတာ ပဲ နော် ။ တခါမှ ဒီ အသိမျိုး မရှိခဲ့မိဖူးဘူး ..

ခုခေတ် ရွှေပြည်ကြီးထဲ တွေ့  မြင်နေရတဲ့ ၊
ခက်ထန် တဲ့  မျက်နှာ များ နဲ့  အေးမြ ငြိမ်းချမ်း တဲ့ မျက်နှာလေးတခု ကို လည်း ဒီလို ပဲ ယှဉ်ကြည့် မိလိုက်တယ် ကိုဇော် ရေ ...
(ဒီလောက်ဆို သဘောပေါက် ပါတယ် နော် ..)

မောင် လေး said...

အင်း ဟုတ်တယ်ဗျ၊အကြောက်တရားများဖိစီး လာပြီဆိုရင်
ဘာဆင်ခြင်တုံတရားမှ မကယ်နိုင်တော့ဘူးဗျနော်။
စိတ်အမှတ်သညာ နဲ့ပတ်သက်လို့ နှလုံးသားနဲ့ သည်းခြေ
ကပါ မှတ်သားပေးတယ်ဆိုတာကိုတော့ ကျွန်တော့ အနေ
နဲ့ လက်ခံလို့ မရသေးဘူးဗျာ။အစ်ကိုနောက်တင်မယ့်ပိုစ်မှာ
ထည့်ရေးပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်လျက်.....

Unknown said...

ကိုဇော် ရေ
ခုမှ စိတ်ထဲ သေချာရှင်းသွားတော့တယ်
ဦးနှောက်
နှလုံးသား
သည်းခြေ
ဘာကြောင့် မှတ်မိ စိတ်စွဲနေကြတယ်ဆိုတာရော
အကြောက်တရား နှင့် အေးမြကြည်လင်ခြင်းဆိုတာရော
တခြားအချက်များကိုလဲ မျော်နေပါကြောင်း.....

ကိုဇော် said...

ဒီလိုပါ mg lay . . .
လက်ခံနိုင်စရာလည်း မလိုပါဘူး။
ဘာလို့လဲ ဆိုတော့ ဒါက သိပ္ပံပညာ အမြင်နဲ့လည်း မဟုတ်သေးဘူး။ ဒါပေမဲ့လည်း ဒါကို ကျေလည်အောင် ရှင်းပြဖို့ ဆိုတာ တော်တော်ငြင်းခုန်ရလိမ့်မယ်။ ဒါကြောင့် ဒီပို့စ်မှာ ကျနော် အဓိက ဘာကို ပြောချင်တာလဲ ဆိုတာကိုပဲ မြင်အောင် ဖတ်ပေးပါလား။
ဘာက ဘယ်လို မှတ်သားတတ်တယ် ဆိုတာ နောက်တော့ သဘောပေါက်လာပါလိမ့်မယ်ဗျာ။
ကျေးဇူးပါ....

အားလုံး. . .အားလုံးလည်း ကျေးဇူး..။

မောင် လေး said...

ဟုတ်ပါတယ် အစ်ကို ဒီအကြောင်းတွေကအတော်ငြင်းရ
မယ့်အကြောင်းတွေပါ။ဒီပို့စ်မှာ အစ်ကိုဘာကိုပြောချင်တာ
လည်းဆိုတာ ကျွန်တော်သဘောပေါက်မိပါတယ်ခင်ဗျ၊
ဒီစင်္ကာပူမှာဒီနေ့ကို vesak day လို့သုံးတယ်ခင်ဗျ။
အစ်ကို wesak day လို့ ရေးထားမိသလားလို့။
အရေးမကြီးပါ၊အစ်ကို့ပို့စ်လေးကြိုက်လို့သေသေချာချာ
တစ်ခေါက်ပြန်ဖတ်ရင်းတွေ့မိလို့ပါ
ဂရုတစိုက် ပြန်ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုဇော် said...

မန့်ထားတာကိုတော့ ကျနော်ဖျက်တယ်ဗျ။
ဘာလို့လဲ ဆိုတော့ ခင်ဗျားက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား။ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တာ ရေးတဲ့ နေရာတွေမှာ ဒီလိုပဲ လိုက်ပြီး သူများတွေ အမြင်မှားအောင် ရေးနေလားလို့ တွေးလိုက်မိလို့ပါပဲ။
နောက်ထပ် ထပ်မန့်လာရင်လည်း ဖျက်ဖို့ အဆင်သင့်ပါ။
သူများ ဘာသာကို ကျနော် မပြောဘူး။ ကိုယ့်ဘာသာအကြောင်းပဲ ကိုယ်ပြောတာပါ။

tint said...

ခင်ခင်နဲ့ ကိုဇော်
၂ယောက်လုံး Buddhist တွေဖြစ်ပြီး ၂ယောက်လုံးဟာ ဘာသာတရားရဲ့ မွန်မြတ်မှုကို တင်ပြချင်သူတွေဖြစ်ရဲ့ သားနဲ့  ၂ယောက်လုံး ခုလို စိတ်မကောင်းဖြစ်ကြရတာ တကယ့်ကို ၀မ်းနည်းမိပါတယ်
ခင်ခင်ပြထားတဲ့  မူရင်းပို့ စ်ကို ဖတ်လိုက်မိတဲ့ အခါ နားလည်မိတာက ကိုဇော်ရဲ့  ပို့ စ်ရည်ရွယ်ချက်ဟာ symbolism ကိုသာပြောလိုရင်းလို့  နားလည်ပါတယ် ။
သူပြောချင်တဲ့  symbolism (တခြားဘာသာတွေက ရုပ်ဆိုးတဲ့  symbol ကိုသုံးတယ်။ ကိုယ်တို့ က ကြည်ညိုဖွယ်ရာမြတ်ဘုရားရဲ့  ရုပ်ပွားတော်ကို သုံးတယ်) ကိုဘဲ လက်ခံလိုက်ရင် အငြင်းထွက်စရာမရှိလို့ မြင်မိပါတယ်။
ခင်ခင်နဲ့  စအငြင်းပွားရတဲ့  အချက် ၂ချက် ဖြစ်တဲ့  ဟဒယ၀တ္ထု နဲ့ နတ်တွေရဲ့  အဆင်းကျတော့ အမှန်အမှားဆုံးဖြတ်ရခက်တာပါ။
ကဲပါလေ ။ ဒီလိုပြန်မြင်ကြည့်ရအောင်
ဝိဥာဏ် ၆ပါး မှာ မီရာ တည်ရာ ရုပ် ၆ပါးရှိတာကို အားလုံးလက်ခံတယ် ။ ဒီနေရာမှာ မြင်ကြားနံရသာနဲ့  ထိသိ ဆိုတဲ့  ၅ပါးက ပြဿနာမရှိပေမဲ့ မနောဝိဥာဏ်ရဲ့  မီရာ တည်ရာ ဟဒယ၀တ္ထုက မကြာခဏ အငြင်းပွားရတာဘဲ ။ ဒါပေမဲ့  ကိုဇော် ပြောသလို ဦးနှောက် နှလုံး သည်းခြေလို့  ကိုတို့  traditional teaching က မယူတာလဲ မှန်တယ်။ ခင်ခင်ပြောသလို နှလံးမှာတည်တဲ့  ဟဒယ၀တ္ထုလို့ လဲ ဒို့ တွေ အကုန် အညီအညွတ်လက်မခံသေးတာလဲ မှန်တယ် ။ ဒီတော့ ဒီဟာကို မနောဝိဥာဏ်သည် ရုပ်တခုကို မီရတည်ရမယ်လို့  ချပြရင် ဘယ်သူမဆို လက်ခံမယ်။ ထိုရုပ်သည် ဟဒယ၀တ္ထုလို့  ခေါ်တယ်လို့ ဆိုတဲ့ ထိလဲ ဒို့ တွေမကွဲသေးဘူး။ အဲ ဟဒယ၀တ္ထုသည် ခုခေတ်ဆေးပညာမှာ ဘာကိုခေါ်လဲဆိုတာကျတော့ ဒို့ တွေ ငြိမ်းချမ်းစွာ ကွဲလွဲကြရအောင် ။
နတ်ကိစ္စ
သူ့ ကိုအငြင်းပွားရတာတော့ မကောင်းဘူးလို့ မြင်မိတယ်
ဒီနေရာမှာတော့ စကားလုံးတွေနဲ့  ရှုပ်နေတာလို့ မြင်မိပါတယ်
ဗမာစကားမှာ နတ်ဆိုတာက တော်တော်ခက်တာဘဲ
နတ်ဝေါဟာရကို ခွဲကြည့်ရင်
အပါယ်ဘုံသား ပြိတ္တာဖြစ်တဲ့  ဝေမာနိကပြိတ္တာတွေ
စတုမဟာရာဇ်ခေါ်တဲ့  နတ်မင်းကြီး ၄ပါးကို စောင့်အပ်သော ဂုမ္ဘမ် ယက္ခိုက် နဂါးတွေနဲ့ 
တာဝတိံသာကစလို့ အထက်နတ်တွေလို့  ခွဲရမှာဘဲ
ဒီနေရာမှာ နတ်တွေ ရုပ်ဆိုးတယ်လို့ လုံးပြောရင်လဲ မမှန် ။ နတ်တိုင်းလှတယ်လို့ ပြောလဲ အလွဲ ဖြစ်နေပါတယ်
တာဝတိံသာကစလို့ အထက်နတ်တွေက လှကြ စည်းစိမ်ကြီးကြသော်လည်း
ဝေမာနိကတွေ နဲ့  စတုမဟာရာဇ်အနွယ် နတ်ဘီလူတွေကျ လှတယ်လို့ မဆိုနိုင်ပါ
ခင်ခင် သိချင်တဲ့  အထောက်အထားတွေက
၁)ကျော်စွာနတ်ခေါ်တဲ့  ဝေမာနိကပြိတ္တာကို မြင်တဲ့  လူ့ ဘ၀က အမ်ေမိဘုရားဟာ လန့် သေပြီးသူလဲ နတ်ဖြစ်တယ်တဲ့  ( sir richard temple 37 nats )
2)အာဠာဝကချွတ်ခန်း
၃) http://www.paramis.org/c/c.html
ကဲအဲတော့ သေချာပေါက်လှတဲ့  တာဝတိံသာကအနေအထက်နတ်တွေ ရှိတယ် လှတာမလှတာရောနေတဲ့  စတုမဟာရာဇ်အ၀င် နတ်တွေလဲ ရှိတယ် ။ နောက်ဝေမာနိကပြိတ္တာကို နတ်လို့ ခေါ်ထားတဲ့  ဟာတွေလဲ ရှိတယ်လေ
အဲတော့ ကိုဇော်ရောခင်ခင်ပါ ကိုယ့်ရှုဒေါင့်ကတော့ကိုမှန်နေတာဘဲ ။ ဒါပေမဲ့  ပြန်ချုပ်သော ၂ယောက်လုံးဟာ ကို့ အထွာနဲ့  ကိုဘာသာရေးကို လေးစားတဲ့ သူတွေပါဘဲ
မတူညီတာတွေ ငြင်းခုံရတာတွေကို မေ့လိုက်ကြပြီး တူညီတဲ့  ဘာသာတရားလေးစားမှုပေါ်လက်တွဲလုပ်ကြတာပေါ့
တခါတခါမှာ ကောင်းမြတ်တဲ့ ကုသိုလ်စိတ်နဲ့  ဘာသာရေးဆွေးနွေးမိရာကနေ ပုထုစဉ်တွေပီပီ ငါဆိုတဲ့  အတ္တမာနနဲ့  ဒေါသလွှမ်းလာပြီး တဘက်နဲ့ တဘက်စိတ်အခန့် မသင့်ဖြစ်တတ်ပါတယ် ။ အဲဒါကို မကြီးခင် ဖျောက်ပြီး ရည်ရွယ်ချက်တူသူတွေဖြစ်နေတာကို သတိရကြပါဗျာ

ကိုဇော် said...

ကျေးဇူးပါပဲ tint ခင်ဗျ။
ကျနော်က ဘာသာရေး အယူအဆနဲ့လည်း မထိတွေ့ဘူး။ သိပ္ပံ အယူအဆ နဲ့လည်း မထိတွေ့ပါဘူး။ တွေးမိတာလေးနဲ့ ဖတ်မိတာလေးကို ရေးကြည့်တာပါ။ ဒါပေမဲ့ဗျာ စရေးကတည်းက ဒီမှာတော့ ဆိုပြီးမှ Wesak Day လို့ စထားတာပါ။ ဒါကို Vesak Day ပြောင်းပါ ဆိုတော့ ကျနော် ဘယ်လို လုပ်ပေးရမလဲ။

http://www.google.com.my/#hl=en&q=Wesak+day+&aq=f&aqi=g-s1g7&aql=&oq=&gs_rfai=&fp=1&cad=b

ဒါကြောင့် ကိုယ့်ဖာသာ တွေးယူတာပဲ ကောင်းပါတယ်လေ။ ကျနော်က ဖြေရှင်းမရရင် မငြင်းချင်ဘူးဗျာ။ ရှင်းတော့ ရှင်းပစ်တတ်တယ်။ ဒါကြောင့် ဒီလိုပဲ လုပ်လိုက်တာပါ။

ကျေးဇူးပါပဲ ဝင်ရောက် ဖြေရှင်း စိတ်ညစ်ပေးလို့။

အတ္တ နဲ့ ဒေါသအကြောင်း သင်ပေးတဲ့ အတွက်လည်း ကျေးဇူးပါပဲ။

Unknown said...

ဒီမှာ ကိုဇော်............
ကျွန်တော်က အမြဲဖတ်နေကြပါ.........
တစ်ခါမှတော့ မမန့်ဖြစ်ဘူး.............
မနေ့ က သူပြောနေတာတွေ တွေ့တယ်............
ခင်ဗျားဗျာ............ခင်ဗျားမို့လို့ တောင်းပန်ပြီး ပြောနေတယ်.............အခု သူက ခင်ဗျား မှားတယ် ဆိုပြီး ဘလော့လုပ်ပြီး ခုတုံးလုပ်ရေးပြီ........
ဒီလိုပဲ ဘလော့ဂါလောကမှာ နာမည်ကောင်း ယူသူတွေ များတယ်...............
ဘုရားအကြောင်း ငြင်းခုန်ပြီး အသိတရား မရှိတာပဲဗျ........
စရေးကတည်းက ဖျက်ရမှာ................ပြန်ရှင်းပြလေ ပိုဆိုးလေ ဆိုတဲ့ လူတွေဗျ.................
ကိုဇော့်ကိုတော့ အားနာပါတယ်............
“ ဘုရားက မြွန့်ကြားဖူးတယ်......
ငါသည် သူများနဲ့ မငြင်းခုန်တဲ့။ သူများသည်သာ ငါနဲ့ လာငြင်းခုန်သည်။ ”
တဲ့..............ထားလိုက်စမ်းပါဗျာ.............
သူ ဘယ်လောက် တရားရှိလဲ ကြည့်ဦး..............
ဘလော့တကာ လှည့်ပြီး အော်နေတာ. . .
ထားလိုက်ဗျာ.................ကျနော် ခင်ဗျား အစားတင်းတယ်............
( ပြောတာ ရိုင်းရင် ဆောတီးဗျာ..............)

-_- said...

ဘယ်သူမှန်လဲတော့ မသိပါဘူး။နောက်ဆုံးတော့ ဘာသာရေးကနေ တစ်ယောက်နဲ့တစ်ယောက် ထိလိုက် ယိလိုက်နဲ့ အမုန်းတွေ ဖြစ်ပြီး Blog ပေါ်ထပ်တင်။ဘာသာရေးကနေ ဘယ်သူမှန်တယ်တွေ ဖြစ်ကုန်ရော။စာအသွားအလာကြည့်ရတာ မခင်ခင် က ပိုဒေါသအားတွေ အနိုင်ယူချင်မှုတွေ များနေသလိုဘဲ။

Unknown said...

သြော် နောက်ဆုံးတော့ အမှန်အတိုင်း ဖြစ်သွားပီပဲ။
ကောင်းလေစွ။
ကိုယ့်အမှားကိုယ်သိပြီး ပြင်ရင်တော့ ကောင်းပါတယ်။
ဆက်မှားနေအုံးမယ်ဆိုရင်တော့ ..............

ကိုဇော် said...

channyein ခင်ဗျာ။
အခုလို သုံးသပ်ပေးတာ ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို ကျနော် ဒီအတိုင်းပဲ ထားလိုက်ပါပြီ။
ကျနော့်ကို ခင်မြင်သော အားဖြင့် ဘယ်နေရာမှာမှ ဝင်ရောက်ဆွေးနွေးပေး မနေပါနဲ့တော့ဗျာ။ ပိုရှည်လာမှာ စိုးလို့ပါ။
ကျေးဇူး အထူးတင်ပါတယ်။

maung ခင်ဗျ။
ကျနော်က ဒီကိစ္စမှာ မှားတယ်လို့ maung က ယူဆတယ် ဆိုရင်လည်း ကျနော် မပြောလိုပါဘူး။
တစ်ခုတော့ ကျနော် ပြောပါရစေ။
ကျနော့်စာမှာ သေချာ ဖတ်ပါ။
ဒီမှာတော့ ဆိုတာ အလကား မဟုတ်ပါဘူး။ ဒီမှာတော့ ဆိုတာ ဟိုမှာတော့ မဟုတ်ဘူးလေဗျာ။ ဒီမှာ သတ်မှတ်ယူဆတာကို သိစေချင်လို့ ကျနော်က ဗဟုသုတ အနေနဲ့ ရေးပါတယ်။ ဒါလေးကို သေချာ သဘောပေါက်ရင် ကျနော် နောက်ရေးတဲ့ ဟာတွေကို ကိုယ့်ရဲ့ အယူအဆ နဲ့ မငြင်းဖြစ်တော့ဘူးလို့ ထင်ပါတယ်။

အခုလို သေချာ လာပြီး ဆိုဆုံးမတာကိုလည်း ကျေးဇူး တင်ပါတယ်။ ကျနော်က ပြန်မရေးရင် စာဖတ်သူကို မလေးစားရာ ကျမှာ စိုးလို့ ပြန်ပြောတာပါ။ ငြင်းခုန်နေတာ မဟုတ်ပါဘူး။ ကျနော် ဆိုလိုချင်တာက ဒီမှာတော့ ( ဒီက ) အယူအဆ ကိုပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။