မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 May 2010

11 နောင်နှစ် ၂၀ မှာ. . . . .


နောင် အနှစ် ၂၀ မှာ ကျွန်တော်တို့ ဘယ်လို ရုပ်ပုံတွေ ဖြစ်လာနိုင်ပါသလဲ။ ဘယ်လောက်တောင်မှ အိုမင်း ရင့်ရော်သွားနိုင်ပါသလဲ။ ဘယ်လောက်တောင်မှ ဇရာရဲ့ ထုထောင်းမှု ဒဏ်ကြောင့် မျက်နှာပေါ်က အရေးအကြောင်းများ ဖြစ်ပေါ်လာနိုင်ပြီး ပြောင်းလဲ သွားစေနိုင်ပါသလဲ။

ဒီလို နောင်ဖြစ်လာမဲ့ ကိုယ့်ရဲ့ မျက်နှာကို ပုံဖော်ကြည့်ချင်ရင် ကူညီပေးနေတဲ့ ဆိုက်လေး တစ်ခုရှိပါတယ်။ လုပ်ပုံ လုပ်နည်းကတော့ လွယ်လွန်းလို့ မပြောပြတော့ပါဘူး။ ကိုယ့်ဖာသာပဲ စမ်းကြည့်လိုက်ပါ။ လုပ်ပြီးသားပုံလေးတွေကို သိမ်းထားချင်တယ် ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ သူက Photoshop ( png ) ဖိုင်နဲ့ပဲ ထုတ်ပေးမှာ ဆိုတော့ ပြန်ဖွင့်ကြည့်ချင်တယ် ဆိုရင် စက်ထဲမှာ Photoshop ရှိနေမှ ရမှာပေါ့လေ။ 

ဒါကို Photoshop နဲ့ ဖွင့် ၊ ပြီးရင်တော့ jpeg (jpg ) ပြောင်းပြီး သိမ်းထားလိုက်ရင်တော့ နောင်ဆိုရင် အလွယ်တကူ ဖွင့်လို့ရသွားပါပြီ။ ဒါကို သိမ်းထားပြီး ကိုယ့်ချစ်သူဆီကို နောင် အနှစ် ၂၀ ကျရင် ဖြစ်လာမဲ့ ပုံ ဆိုပြီးပြကာ ချစ်သူ့ဝေ ရဲ့ အမျိုး “ ချစ်သူပြေး ” အောင် လုပ်နိုင်ကြပါပြီ :P

ကျွန်တော်တောင်မှ ဒီနေ့ ပျင်းနေလို့ စာမရေးချင် ၊ ရေးပြီးသားတွေကလည်း မတင်ချင်သေးလို့ ဒီဆိုက်လေးကို လျှောက်ရှာရင်းနဲ့ တွေ့လို့ အလွယ်ရှိနေတဲ့ ကိုယ်တပိုင်းပြတ်ပုံလေးနဲ့တောင်မှ ကလိကြည့်လိုက်သေးတယ်။

အဲဗျာ. . ဆိုးလိုက်တဲ့ ရုပ်. . အဟီး။ ပြီးတော့ ပုံထဲမှာ အသက်သာ ၅၀ ကျော်လို့ ဆိုတာ “ နားကွင်း ” ကလည်း ပါနေသေး။ အဟဲ. . . ဒါကတော့ ဘယ်တတ်နိုင်မလဲလေ မူရင်းပုံကို ရိုက်ထားတုန်းက နားကွင်း ပါနေတာကိုး။ 

ကဲ. . . စမ်းကြည့်လိုက်ကြပါဦး။ တော်တော် သဘောကျဖို့ကောင်းပါတယ်။ သူထုတ်ပေးတဲ့ ပုံလေးအောက်ခြေမှာ မူရင်းပုံလေးလည်း ပါတော့ ချစ်သူကို ပေးတဲ့ အချိန်မှာ “ ကျူပ်တော့ ဒီလိုပုံကနေ ဒီလိုပုံ ဖြစ်လာမှာနော် ” ဆိုပြီး ပြရင် သူတရားရချင် ရသွားနိုင်တာပေါ့လေ :P :P :P


ပုံကို နှိပ်ပြီး ပြင်ပေးတဲ့ ဆိုက်ကို သွားနိုင်ပါတယ်။




ပျော်ရွှင်ပါစေ။
ကိုဇော်

.


Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

20 years later...more good-looking :P heeheehee

မြတ်မွန် said...

အမလေးကြည့်ရဲဘူး..ခေါင်းခေါက်ခံရထိမှာ ဆိုးလို့ပြေးပြီ..:P

SHWE ZIN U said...

ချစ်ကြည်အေး ပြောတာ ယုံဘူး ယုံဘူး

ကိုဇော် နော်

သူများတွေကို ရန်တိုက် ပေးမနေနဲ့နော် မလှတဲ့ ပုံကို ကြည့်ပြိး နောက် အသစ်ရှာသွားရင် ဘယ်နဲ့ လုပ်ရပ

Unknown said...

ဟီးးး
ကိုယ့်ဘာသာတောင် သေချာကြည့်ရဲသေးဘူး
သွေးအေးမှ တကြိမ်ပြန်ကြည့်တော့မယ်
အဲလောက် ချောတာ....
ကျေးဇူး ကိုဇော်
မနက်ခင်းလေးက ဒီပို့စ်ကြောင့်ပြုံးသွားရလို့
သေချာတယ် ဒီနေ့ ပျော်စရာကောင်းတော့မှာ

ခိုင်နုငယ် said...

အဟီး....ကိုဇော်..အိုစာသွားတဲ့ပုံက..
တရာသူကြီးနဲ့တူတယ်ဂျ..ဟိဟိ
ဇရာကိုကြိုမမြင်ချင်ပါဝူး...အဲသလိုကြိုမမြင်ရပဲတောင် လောကကြီးမျှော်လင့်မထားတာဖြစ်ဖြစ်လာတတ်တာ..
ထုလို ကိုယ့်ဇရာကို ကြိုတင်မြင်နေရရင်ဖြင့် တရာမရပဲ
ဆယ့်တစ်ကျပ်ကျတယ်...

သိင်္ဂါကျော် said...

နောင်အနှစ်နှစ်ဆယ်ရဲ့ ကိုယ့်မျက်နှာကို မမြင်ချင်ပါဘူး.. အနာဂါတ်ဆိုတာ ကြိုမသိတာ ကောင်းတယ်.. ဟိဟိ..။

သဒ္ဓါလှိုင်း said...

ကိုယ်တိုင်တော့မထည့်ရဲလို့ထည့်မကြည့်ဖြစ်ဘူး။
တယောက်ကထည့်ကြည့်လို့ကြည့်လိုက်တယ်။

ခင်တဲ့
သဒ္ဓါ

မောင်သီဟ said...

ဟင့် တားလဲမမြင်ချင်ပါဝူးဂျ အထုမှ တားအတက်က
ငယ်ငယ်လေ အဲ အသက်ပြောတာနော်း)း)

kiki said...

ခန့်  ဂျော ဂျီး ဘာ လားးး ဦးဇော် ရယ် ....
ဓါတ်ရှင် မင်းသားကြီး နဲ့  တူ လိုက် ထှာ ...

မောင် လေး said...

ကိုဇော်ရေ....ကိုယ့်ပုံကိုယ်ကြည့်ပြီး တော်တော်လန့်သွားလို့
ကိုယ့်လိပ်ပြာကိုယ် မနည်းပြန်ခေါ်ယူရတယ်ဗျို့
ဘာပဲပြောပြော ဒီဆိုက်လေး အတွက်ကျေးဇူးတင်ပါတယ်ဗျာ
ပုံတော့save မလုပ်တော့ဘူး၊ချစ်သူလေးမြင်သွားရင်
ပစ်ပြေးသွားမှာစိုးရလို့ ဟီးဟီး

Unknown said...

တိတ်တိတ်လေးစမ်းကြည့်လိုက်တယ်....
အောင်မလေး ကြည့်ကိုမကြည့်ရဲတော့ဘူး
ဆိုးလိုက်တဲ့ ရုပ်ဗျာ...