မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 May 2010

36 အထူး စစ်ဆင်ရေး



တစ်ခါက . . .

မြို့နယ်လေးတစ်ခုမှာ အထူး စစ်ဆင်ရေးအနေနဲ့ ပြည့်တန်ဆာ အိမ်တစ်အိမ်ကို ရုတ်တရက် ဝင်ရောက် ဖမ်းဆီးပါလေရော။ ပြည့်တန်ဆာအိမ်ကို ဖမ်းဆီးတယ် ဆိုတာကလည်း အသိပေးခြင်း ၊ သတင်းရခြင်း မရှိပဲ ရုတ်တရက် ရှောင်တခင် ဝင်ရောက် ဖမ်းဆီးရတာ ဖြစ်လေတော့ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာ လုပ်နေသူတွေရော ၊ ပြည့်တန်ဆာတွေနဲ့ လာရောက်ပျော်ပါးသူ ယောက်ျားတွေရော ရုတ်တရက် ဆိုတော့ ဘာမှ ပြင်ဆင်ချိန်မရပဲ အခန်းထဲကနေ ကမန်းကတန်း ထွက်ပြေးကြရ၏။ လွတ်ရာ ကျွတ်ရာကို ထွက်ပြေးရတာ ဆိုတဲ့ အတွက် သူတို့မှာ အဝတ်အစားတွေကို ဝတ်ချိန်မရတော့ပဲ အခန်းထဲကနေ ကိုယ်လုံးတီးတွေနဲ့ အဝတ်အစားတွေ ရရာလေးသာ ကိုင်ပြီး ထွက်ပြေးကြရသည်။။

ဒီလိုမျိုး ပြည့်တန်ဆာများ ၊ လာရောက်ပျော်ပါးသူများကို အထူး စစ်ဆင်ဖမ်းဆီးရေးကြောင့် အဝတ်အစား မပါပဲ ထွက်ပြေးရလေတော့ ဖမ်းဆီးသူများကလည်း မျက်နှာသုတ်ပုဝါ အကြီးစားတွေနဲ့ တစ်ခါတည်း လုံလုံခြုံခြုံ ဖြစ်ရလေအောင် ပွေ့ဖက်ဖမ်းဆီး ကြရ၏။ ဒီလို မျက်နှာသုတ်ပုဝါတွေနဲ့ ပွေ့ဖက် ဖမ်းဆီးပြီးလို့ ပြည့်တန်ဆာအိမ်မှ ဖမ်းဆီးရမိသူများကို ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ပြီး နောက်ထပ် တစ်ပတ်ကြာတော့ ဖမ်းဆီးရမိသူများကို ခရိုင်သို့ လွှဲပြောင်းပေးလိုက်လေသည်။ အထူး စစ်ဆင်ရေးတပ်ဖွဲ့မှ လွှဲပြောင်းပြီး နောက်နေ့ကျတော့ ခရိုင်မှ အပြစ်တင်စာ ရောက်ရှိလာ၏။

အပြစ်တင်စာမှာ ရေးထားတာကတော့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သားများ အနေနဲ့ ဖမ်းဆီးရမိသူများက ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီး ရမိပြီး ပြည့်တန်ဆာအိမ်မှာ လာရောက်ပျော်ပါးသူ ယောက်ျားများကို တစ်ယောက်မှ ဖမ်းဆီးရမိလိုက်ခြင်း မရှိသည့်အတွက် ခရိုင်မှ အပြစ်တင်လိုက်ပြီး ဖြေရှင်းသော အစီရင်ခံ ထုချေလွှာတင်ရမယ်လို့ အမိန့်ရောက်ရှိလာ၏။ ဒါကြောင့် မြို့နယ်မှာရှိနေတဲ့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့က တာဝန်ရှိသူက ထုချေလွှာကို အောက်ပါ အတိုင်း ပြန်လည်ရေးသားပေးပို့လိုက်သည်။

သို့/ လေးစားရပါသော ခရိုင်မှ တာဝန်ရှိသူ ခင်ဗျား။

ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သည် ပြည့်တန်ဆာအိမ်များကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးသော အခါမှာ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာများ နှင့် ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသူ ဦးရေမှာ များပြားလှသောကြောင့် အရေးပါသော ပြည့်တန်ဆာများကို ဦးစားပေးဖမ်းဆီး ရနေပါသောကြောင့် လာရောက်ပျော်ပါးသူ ယောက်ျားများကို မဖမ်းမိပဲ လွှတ်မြောက်သွားရခြင်း ဖြစ်ပါတယ်။

အကယ်၍ ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အား ပြည့်တန်ဆာများကို ဖမ်းဆီးသောအခါမှာ လုံလောက်သော လူအင်အားများ ထောက်ပံ့ပေးနိုင်ပါက ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ ပြည့်တန်ဆာများနှင့် လာရောက်ပျော်ပါးသော ယောက်ျားများကိုပါ ဖမ်းဆီးရမိနိုင်ပါမည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အား လူအင်အားများ လုံလောက်စွာ တိုးပေးနိုင်ပါက ကျွန်တော်တို့ အားလုံးကို ဖမ်းဆီးနိုင်ပါမည်ဟု ယုံကြည်ပါသည်။

လေးစားစွာဖြင့်
အထူး စစ်ဆင်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ခံ
ကယ်လီ

ထိုကဲ့သို ခရိုင်ကို အစီရင်ခံ ထုချေလွှာတင်ပြီး နောက်ထပ် တစ်ပတ်အကြာမှာ ခရိုင်မှ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သို့ အင်အားတောင့်တင်းစေရန် အထူး စစ်ဆင်ဖမ်းဆီးရေး တပ်သား အယောက် ၁၀၀ ထပ်မံ၍ ပို့ဆောင်လိုက်လေသည်။ ဒါကြောင့် အထူး စစ်ဆင်ရေး အဖွဲ့ကလည်း လူအင်အား အလွန်ကို တောင့်တင်းသွား လေတော့၏။

ဒါနဲ့ နှစ်လအကြာမှာ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့က မြို့နယ်တစ်ခုမှ ပြည့်တန်ဆာအိမ်တွေကို ရှောင်တခင် အထူး စစ်ဆင်ဖမ်းဆီးရေး ပြုလုပ်ခဲ့ကြ၏။ ပြည့်တန်ဆာများနှင့် လာရောက်ပျော်ပါးသူများ ထွက်ပြေးမှုကိုလည်း ထုံးစံအတိုင်း မျက်နှာသုတ်ပုဝါများဖြင့် ပွေ့ဖက်ဖမ်းဆီးကြလေသည်။ ဖမ်းဆီးရမိသော သူများကို ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားပြီး ခရိုင်သို့ ပို့ဆောင်လိုက်လေသည်။ ခရိုင်သို့ ပိုဆောင်ပြီး နောက်တစ်ရက်မှာ ခရိုင်မှ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သို့ ပထမတစ်ကြိမ်ထက် ပို၍ ပြင်းထန်သော အပြစ်တင်စာ ရောက်လာ၏။

အပြစ်တင်စာထဲတွင် ယခုအကြိမ်မှာလည်း ပထမအကြိမ်မှာ ကဲ့သို့ ပြည့်တန်ဆာအိမ်ကို ဝင်ရောက် ဖမ်းဆီးရာတွင် ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီးရမိပြီး ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသူ ယောက်ျားများကို တစ်ဦးမှ ဖမ်းဆီးရမိခြင်း မရှိသည့် ကိစ္စအား ပြင်းထန်စွာ အပြစ်တင်ထားသည်။ ပထမအကြိမ်မှာ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အင်အား မလုံလောက်ဘူး ဆို၍ ဖြည့်တင်း ပေးထားသော်လည်း လာရောက်ပျော်ပါးသူ ယောက်ျားများကို မဖမ်းမိခြင်းကို ဖြေရှင်းထုချေလွှာ ချက်ချင်း လိုချင်ကြောင်း အပြစ်တင်ထားသည်။

အပြစ်တင်စာ ရောက်လာပြီး ချက်ချင်း အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ တာဝန်ရှိသူသည် ချက်ချင်း ခရိုင်ရုံးသို့ အစီခံ ထုချေလွှာကို အောက်ပါအတိုင်း ပြန်၍ ရေးသားလေတော့သည်။


သို့/ လေးစားရပါသော ခရိုင်မှ တာဝန်ရှိသူ ခင်ဗျား။

ယခု ဒုတိယအကြိမ် အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ ပြည့်တန်ဆာအိမ်များကို ဝင်ရောက်ဖမ်းဆီးရာတွင် ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီး ရမိပြီး လာရောက် ပျော်ပါးသူ ယောက်ျားများကို ဖမ်းဆီးရမိခြင်း မရှိပဲ ထွက်ပြေး လွတ်မြောက်သွားကြတယ် ဆိုတာ ရိုးသားစွာ ဝန်ခံပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ပထမအကြိမ်မှာ လူအင်အား မလုံလောက်သောကြောင့် ဖမ်းဆီးရမိခြင်း မရှိခဲ့တာကို ခရိုင်မှ တာဝန်ရှိသူများက အထူး စစ်ဆင်ဖမ်းဆီးရေး တပ်သား အယောက် ၁၀၀ ဖြည့်တင်းပေးခဲ့ပါသည်။ သို့သော် ယခုအကြိမ် ဝင်ရောက်ဖမ်းဆီးသော အခါမှာလည်း ပြည့်တန်ဆာ မိန်းကလေးများကိုသာ မျက်နှာသုတ်ပုဝါဖြင့် ပွေ့ဖက်ကာ ဝိုင်းဖမ်းဆီး နေကြပါသည်။ ထိုအခါ အထူးတပ်ဖွဲ့ဝင် အင်အားမှာ အဆမတန် များပြားနေပါသောကြောင့် မိမိတို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သား အချင်းချင်း ပြည့်တန်ဆာ မိန်းကလေးများကိုသာ လုယက်ဖမ်းဆီး နေရသလို ဖြစ်နေခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး သမား အချင်းချင်း မလိုလားအပ်သော ခိုက်ရန် ဖြစ်ပွားမှုတောင်မှ ဖြစ်ပေါ်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ တောင်းဆိုလိုတာကတော့ များပြားနေသော အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သား ယောက်ျားများကို တာဝန်မှ ပြန်လည် ရုတ်သိမ်းပြီး ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသော ယောက်ျားများကို ဖမ်းဆီးရမိစေရန် “ အထူး စစ်ဆင်ဖမ်းဆီးရေး အမျိုးသမီးများ ” ကို ပို့ပေးစေလိုပါသည် ခင်ဗျား။

လေးစားစွာဖြင့်
အထူး စစ်ဆင်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ခံ
ကယ်လီ





*** ကဲ . . ဒါကြောင့် စာဖတ်သူတွေထဲမှာ ပြည့်တန်ဆာအိမ်မှာ လာရောက်ပျော်ပါးသူ ယောက်ျားများကို မျက်နှာသုတ်ပုဝါဖြင့် ပွေ့ဖက် ဖမ်းဆီးချင်သော အထူး စစ်ဆင်ဖမ်းဆီးရေး အမျိုးသမီး အဖြစ် ပါဝင်ချင်သူများ စာရင်းပေးသွင်း နိုင်ပါပြီ :P  :P  :P ***


source; International Treader Journal မှ စာလေးတစ်ခုကို ပုံဖော်ရေးသားပါသည်။

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

36 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အဟက်အဟက်.. ဂလိုလား။။။

mabaydar said...

ဆင်ခြေတွေ... အဲဒိ အဖွဲ့ထဲလဲ မပါချင်ဘူး... အမျိုးသမီးတွေ ခေါ်လဲ ဟို လိုက်စားတဲ့သူတွေကို ဖမ်းမိအုံးမှာ ဟုတ်ဘူး...

မောင်သီဟ said...

ဟာ ကျွန်တော်ပါချင်နေတာ အထူးစစ်ဆင်ရေးမှာ
အခုတော့ခက်ပြီ လာတဲ့ယောင်္ကျားလေးတွေထဲမှာ
ဘလော့ဂါတွေပါတယ်ထင်တယ်နော်း)း)

မြတ်မွန် said...

ဖမ်းချင်ပါဘူး..ဖမ်းတာပဲ ဖက်ပြီးဖမ်းရမယ်ရှိသေးတယ်...ဟီးဟီး..

ကိုရီး{ကိုကြီး} said...

ဦးဇော်တို့ စိုးမိုးတို့ ဆြာကျောင်း ဦးတိုးတို့ ဝင်ဖမ်းကြတာကိုးဗျ
ကျနော် သိသားပဲ။ ဦးဇော်ဖမ်းတဲ့ မျက်နှာသုတ်ပဝါက သေး၂လေးမဟုတ်လား :P

blackroze said...

ဟားဟား...အကိုဇော်ကတော့
ရေးတတ်တယ်..ရယ်မောခြင်းက
ဘဝအမောကိုပြေစေတယ်တဲ့လေ..
ညီမတော့ဖတ်ပြီးအားရပါးရရယ်သွားတယ်နော်..

မင်းဒင် said...

အင်း ... ။ယုတ္တိနည်းအရတော့ အတော်ကို သဘာဝကျသဗျာ ။

မင်းဒင်

Anonymous said...

အထူးစစ်ဆင်ရေးမှာပါဝင်ဖို့ ကိုယ့်စားရိတ်နဲ့ကိုယ် ၊ ကိုယ့်မျက်နှာသုတ်ပုဝါနဲ့ကိုယ် ရောက်ရှိ သတင်းပို့ပါတယ်။ ဟီးးးးဟီးးး အော်...ဟို..ကတုံးကြီးလည်း ရောက်နေတာကိုးး

သိင်္ဂါကျော် said...

သဘာဝကျတဲ့ ရယ်မောစရာလေးပဲ..
:D:D

သော်ဇင်စိုး said...

အကိုရေ အကိုသွားဖမ်းရင် ကြိုပြောနော် ကျွန်တော်ကိုလည်းလိုက်ချင်လို့..ခစ်...ခစ်..:P

Flower said...

ဖတ်သွားပါတယ်.
စစ်ဆင်ရေးထဲတော့ မပါဝင်လိုပါ..

Han Kyi said...

ကောင်းတယ်ဗျာ...အတွေးလေးသိပ်မထူးဆန်းပေမယ့် ကျားသဘာဝကိုဖော်ပြနိုင်တဲ့ ခပ်သွက်သွက်အရေးအသားကြောင့် ရုပ်လုံးပိုကြွသွားပါရဲ့..

SHWE ZIN U said...

ဟား ဟား ကိုဇော်ကတော့ လုပ်ချလိုက်ပြန်ပြီ

မျိုးပြုတ် ဖမ်းမိ သွားအောင် အကူအညီတော့ ပေးချင်ပါတယ်.. ချစ်ချစ်ကြီး နဲ သတ်နေရမှာ ဆိုးလို လက်ရှောင်လိုက်တယ်

ခင်မင်စွာဖြင့် ပျော်ရွှင်စွာ ဖတ်သွားပါတယ်

ရွှေစင်ဦး

NayHlaingBwar said...

ဒီလိုပါ ကိုဇော်ရေ မလေးမှာ တုံးက ကျွန်တော် တို့ KL ရဲ့နာမယ်ုကီးနေရာ တခုကိုရောက်တယ်ဗျ မလေးရောက်ဘူးတဲ့လူတွေတော့သိမှာပါ china town ကိုဖြတ် black market လို့ ခေါ်တဲ့ သူခိုးဈေးကိုကျော်ရင် အဲဒီနေရာကိုရောက်ပြီ(လမ်းညွှန်ပေးနေတာမဟုတ်ဘူးနော်) :) :) :) အဲဒီတုံးက အပျော်သဘောပေါ့ ကျွန်တော်တို့  စက်ရုံကရှိသမျှမြန်မာတွေ အကုန်ကိုသွားကြတာ ဘာရယ်မဟုတ်ဘူး အဲဒီ အတန်းတလျှောက်လိုက်ကြည့်ကြတာ အဲ..ဖြစ်ချင်တော့ အဲဒီနေ့  မှာ ရဲဝင်ဖမ်းပါလေရော ပြေးကြလွှားကြရတာပေါ့လူမျိုး(၁၀၁)ပါး နိုင်ငံပေါင်းစုံကလာရောက်အားပေးကြတဲ့သူ တွေကြားထဲမှာအဲဒီလိုပြေးလွှားရင်းအသံတစ်သံကြား လိုက်ရတယ် "ပြေးဟေ..ပြေးဟ"တဲ့ အညာသားလေသုံကီးနဲ့ "ဟိုက် ကိုရွှေမြန်မာကတော့ လုပ်ချလိုက်ပြန်ပြီပေါ့"အဲဒီနေ့ က ကျွန်တော်တို့ နဲ့ အတူသွားတဲ့လူတွေထဲက (ကိုxxx) ဆိုတဲ့လူတယောက်ဆိုရင် ၂ ထပ်ပေါ်ကခုန်ချထွက်ပြေးသတဲ့ ကံကောင်းလို့  ခြေတွေဘာတွေ မကျိုးတာ ..အဲဒီနေ့ကပြေးလိုက်ကြတာလူတွေလည်းအကုန်လူစုကွဲကုန်ကြတယ် စက်ရုံကငှားပေးထားတဲ့အိမ်ကို မိမိအစီအစဉ်နဲ့ မိမိ ပြန်ကြတာပေါ့ အဲညရောက်လို့ လူစုံရော ပြန်ပြောရင်း ရယ်လိုက်ုကရတာ မပြောပါနဲ့ တော့ ..
အဲဒီတုံးအခုကိုဇော်ရဲ့ စစ်ဆင်ရေးအသစ်လိုမျိုး မိန်းကလေးစစ်ဆင်ရေး အဖွဲနဲ့ ဝင်ဖမ်းရင်ကျွန်တော်တို့ လို ရုပ်ချောချာ ကောင်လေးတွေ(ေုက်ာငြာတာမဟုတ်ဘူးနော်) အရင်ဆုံးဝိုင်းအဖမ်းခံရလေမလား .. :) :) အဲဒါလေးသွားသတိရမိတာပါ..ကိုဇော်ရေ ..(ခင်မင်လျက်) နေလှိုင်ဘွား

ချစ်ကြည်အေး said...

ဟင့် ဖမ်းရဲပါဘူး မီးမီး ကြောက်ကြောက်...:D

mabaydar88 said...

အင်း ကိုဇော်..

တကူးတက လာပေးသွားတာ ကျေးဇူးပါတော်..။

ပါရကောင်းမလား.. မပါရကောင်းမလား.. စဉ်းစားနေတုန်း..။ တကယ်လို့ ပါမယ်ဆိုရင်တော့ အတက် ပညာလေးက စုံမှ ကောင်းမှာပေါ့.. ဥပမာ .. ခပ်ကြမ်းကြမ်းလေး တံခါးတွေ ဘာတွေကို ဝင်တိုတ်တာမျိုးတို့ ဘာတို့.. ဟီး.. မဗေဒါက ရဲမေ သာဖြစ်ဘူးတာ.. သေနတ်မြင်ရင် သေအောင်ကြောက်ပါ့ ကိုဇော်ရေ..

ဒါနဲ့ အဲဒီ စာဆောင်က စကာင်္ပူလား မလေးက ထုတ်တာလား မသိ..။

နောက်တခုက တနေရာမှာ ရှောင်အစား (ရှောက်) ဖြစ်နေတယ်..။ နဲနဲမြင်ရင် စေတနာကြောင့်လား ဆရာမ နှစ်ရက်နဲ့တပိုင်း အကျင့်ကြောင့်လား မသိ ပြောချင်နေပါရော ကိုဇော်ရေ..။

မဗေဒါ (၈၈)

Unknown said...

ဗိုလ်ကြီးခင်မျာ....တဘက်တစ်ထည်နှင့် တာဝန်ကိုအရိုးကြေကြေအရေခန်းခန်း ထမ်းဆောင်ရန်အသင့်ပါခင်မျာ..အရင်တစ်ခေါက်တုန်းက တဘက်တထည်ကိုတစ်ယောက်သာဖမ်းနိင်ခဲ့ သော်လည်း ယခုပြင်းပြင်းထန်ထန်လေ့ကျင့်ထားပြီဖြစ်သဖြင့် တစ်ထည်နှင်နှစ်ယောက်ရအောင်ဖမ်းပါမည်၊၊

ရွှေရတုမှတ်တမ်း said...

လာဖမ်းတဲ့..ရဲမေလေးရဲ့ မျက်နှာကို ထောက်ထားပြီး..
အဖမ်းခံပေးလိုက်ပါမယ်ကွယ်...

kiki said...

ဟင့်..အဲ့ လို ဒါးကြီးတွေတော့ ကိုင်ချင်ဘူး.
ကြွက်ထောင်ချောင်တို့ ၊ လေးဂွ တို့  နဲ့ လောက်ဆို တော်ရော ပေါ့ ကွယ် .....
မျက်နှာသုပ်ပုဝါမအုပ်လို့  မရဘူးလား...အိုက် ကအိုက် နဲ့  ..း))))
လိုရင်ခေါ်လိုက်ပါ .. လေးဂွ တော့ ရှိတယ် ..ဟိဟိ

ကိုဇော် said...

စာလုံးပေါင်း အမှားပြင်ပေးသွားလို့ ကျေးဇူးပဲ မဗေဒါရေ. .
ဒီနေ့ စာမရေးဘူးလို့ နေတာ အခန်းပြန်ရောက်မှ ကျနော့်မှတ်စုစာအုပ်လေးထဲက စာလေးကို ပြန်ဖတ်မိလို့ ရေးလိုက်တာပါ။ ဒီဂျာနယ်က မြန်မာနိုင်ငံက အဟောင်းတန်းထဲက ရတာပါ။ ကျနော့် မှတ်စုစာအုပ်ထဲက အညွှန်းအတိုင်းပဲ ရေးလိုက်တာပါ။ တကယ်တော့ သူတို့ တင်ပြထားတာ ဖမ်းဆီးရေး အကြောင်းပေါ့။ ကျနော့်က ကိုယ့်ဖာသာ ဟာသ လုပ်လိုက်တာပါ။

အားလုံး အားလုံးလည်း ကျေးဇူးပါ။

အဖြူရောင်နတ်သမီး said...

အဲ...
ဖမ်းမယ့်ရဲမေကလည်း...ဓားရှည်ကြီးနဲ့ပါလား..
အဲဒီဓားက ဘာလုပ်ဖို့လည်း....း)

သုခုမလေဒီ said...

ဖမ်းမယ့်ရဲမေတွေက ရုပ်ချောနေသလားလို့..
ဂလိုဆိုမဖြစ်ဖူးရယ်.း)))

ညလင်းအိမ် said...

ဟောဗျာ အထူးစစ်ဆင်ရေးဆိုလို့ ကျော်ခွပြီး မနည်းရောက်လာတာ ...
အဟားဟား ...
ကိုဇော်က ကြံကြံဖန်ဖန်ဗျာ ...

အဲဒါဆို ကျွန်တော်က နည်းပြလုပ်မှာဗျ ..
ဘယ်လိုဖမ်းရမလဲဆိုတာ နဖူးတွေ့ ဒူးတွေ့ သင်ပြပေးမှာ ...း))))

khin oo may said...

အခန်းရှိလား။

ဝက်ဝံလေး said...

ဟိုက် ရေးထားတဲ့ ကွန်မန့် ဘယ်ပျောက်ကုန်ပါလိမ့်

ဝက်ဝံလေး said...

ပြန်ရေးမည်
---
မာမီကွန်က အခန်းရှိလားတဲ့ ဟိဟိ စိတ်ဝင်စားတယ် ထင်ပါ့ ဟက်ဟက်
---
အေးလေ မိန်းကလေးတွေကို ဦးစားပေးဖမ်းရမှာပေါ့ ခမျာ သနားပါတယ်နော် ယောကျားလေးတွေက လက်ကလေးနဲ့အုပ်ပြီးပြေးရင် ပြီးရော မိန်းကလေးတွေခမျာ ရှက်စရာ ဟိဟိ
---
အမငီးးးး ဖမ်းဖို့မစဉ်းစားရဲပေါင် တော်နေ သူတို့က လက်နက်နဲ့ပြန်ချိန်သွားမှ ဟုတ်ပေ့ ဖြစ်နေမယ် ဟက်ဟက်

Unknown said...

ဖမ်းမဲ့ရဲမေတွေကိုကြောက်ပါဘူး...သူတို.ကိုင်ထားတဲ့ဓားရှည်ကြီးတွေကိုပဲ...ဟဲဟဲ...ကြောက်စရာကြီး ဓားတရမ်းရမ်းနဲ. ပြီးတော့ မျက်နှာတွေကလည်း ရုပ်တည်ကြီးတွေနဲ. ခုတ်မယ်ထစ်မယ်ပါးပါးလှီးမဲ့ပုံကြီးတွေဗျ...ဟီးဟီး

Unknown said...

ဝက်ဝံလေး ရဲ့ ကွန်းမန့် ဖတ်မှပဲ ပိုရီရတော့တယ်နော်..
တော်တော်ဆိုးတဲ့ ကောင်မလေး....
လက်နက်နဲ့ ချိန်လို့ ကတော့ဆောင့်ကန်ထည့်လိုက်မှာပေါ့ကွ..ဟွန့် ။ သေဖို့ သာပြင်.....

ခိုင်နုငယ် said...

အထူးစစ်ဆင်ရေးဆိုလို့...
အပြေးရောက်လာတာ...ဟောဟဲ..ဟောဟဲ
အဟဲနောက်ကျသွားတယ်ဂျာ...
ဖတ်ပြီးရယ်လိုက်ရတာ....

Unknown said...

ဟင့် .. အထူးစစ်ဆင်ရေးဆိုလို့. ကိုဇော်ကတော့ လုပ်ပြီ.. ဖမ်းဖို့နေနေသာသာ ကြည့်တောင်မကြည့်ရဲဘူး.. ကြောက်ကြောက်.

Unknown said...

ဟင့် .. အထူးစစ်ဆင်ရေးဆိုလို့. ကိုဇော်ကတော့ လုပ်ပြီ.. ဖမ်းဖို့နေနေသာသာ ကြည့်တောင်မကြည့်ရဲဘူး.. ကြောက်ကြောက်.

မြစ်ကျိုးအင်း said...

အထူးစစ်ဆင်ရေး ဆောင်ရွက်ဖို့ ပုဝါ နှစ်ထည်နှင့်အတူ ရောက်ရှိကြောင်း သတင်းပို့ ပါတယ်။ တထည်က ဖမ်းဖို့ တထည်က ကိုယ့်မျက်နာကိုယ် အုပ် ထားဖို့
း)
ပေါက်ပေါက်ရှာရှာ တွေးတတ်ပါ့

Angel Shaper said...

ဟဟားးးးးးးးးးးးး
ဂလိုလား..........
င့ါအကိုတော့ လုပ်တော့မယ်......
ပုဝါ မအုပ်ရဆိုရင် ဖမ်းမည်... ခစ်ခစ်......
သမီးကြီးတို့က ကိုယ့်ဗလကိုပဲအားကိုးပါတယ်....
ပုဝါ အားမကိုးးး ချင်.... ဟဲဟဲ

Anonymous said...

I wanted to join the task force....but I am afraid that the one whom I throw a towel to arrest would be Ko Zaw. Just for laugh!

shantun said...

အထူးစစ်ဆင်ရေးအဖွဲ.သားတွေ သွားတုန်းကတော. ရိုင်ဖယ်စတဲ.သေနတ်ရှည်ကြီးတွေနဲ.သွားပြီးတော.. ဟိုဖမ်းမယ်.အိမ်ကိုလည်းရောက်ရော.. အဲဒီသေနတ်တွေကို မသုံးပဲ နံရံမှာထောင်ထားပြီးတော. ပစ်စတိုတွေနဲ.ပဲ ထုတ်ပြီး ချိန်တယ်ဆိုလားပဲ ကိုဇော်... ဟုတ်လားဟင်.. ?
တော်တော်လေးတတ် နိုင်တဲ.ကောင်တွေပဲ စစ်ဆင်ရေး သွားတဲ.လူတွေအကုန်လုံး..ခွိ ခွိ..

ခနွဲ said...

အော်..ဒီလိုကြောင့်ကိုး။