မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 May 2010

10 သီချင်းနဲ့ ရေးတဲ့ ကျွန်တော့် ည




“ ကျွန်တော် တစ်ပုဒ်လောက်တော့ ငိုပြပါရစေ။ ”

ဆိုပြီး “ အငဲ ” က IC Show မှာ ပြောပြီး “ ဒီကွင်းပြင်ကြီးမှာ . . . . ” ဆိုပြီး အစပြုတဲ့ သီချင်းလေး ဆိုသွားတယ်ဗျာ။ ခံစားမိတဲ့ သူတွေအတွက် ၊ ခံစားချက်ခြင်း တိုက်ဆိုင်သူတွေ အတွက်တော့ အနှစ်တွေပေါ့ဗျာ။

အခု. . . .

ကျွန်တော်လည်း ဘလော့ပေါ်မှာ တစ်ခါလောက် ငိုပါရစေ။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် စာလေးတွေ ရေးပြီးသားလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အကျင့်က အခြေအနေလေး တစ်ခုခုတိုက်ဆိုင်လာမှ တင်တာ ပိုပြီးတော့ အဆင်ပြေမယ် လို့ ထင်တယ်။ အဲဒီစာက ရာဇဝင်လို တမ်းချင်းမျိုး ကျွန်တော် ရေးထားမိရင် ရေးထားမိမယ်ပေါ့ဗျာ။ ဒါပေမဲ့. . . . ကျွန်တော်အတွက် တိုက်ဆိုင်မှု တစ်ခုလေးရှိမှ တင်ချင်မိတယ်။

အခု . . . ဒီညမှာ ကျွန်တော် ရေးနေတာက “ လှိုင်းများ ” ဆိုတဲ့ စာလေးပါ။ ရေးလို့ မပြီးသေးပါ။ ဒါပေမဲ့ ဖီးလ်ကလည်း ဆက်မလာဘူး။ ဒါကြောင့် ရပ်ပြီး သီချင်းထိုင်အော် နေတုန်း။ သူငယ်ချင်း တစ်ယောက်က ကဗျာလေး တင်တယ်။ “ ည ” ဆိုတဲ့ ကဗျာလေးပေါ့လေ။ ကျွန်တော် ဖတ်ပြီး သူ့ကဗျာကို ဖတ်ပြီး အောက်က သီချင်းလေး တစ်ပုဒ်ကို လက်ဆောင် ပေးလိုက်တယ်။ နောက်တော့. . . ဒီအချိန်မှာပဲ. . .

ကျွန်တော့်ဆီကို တစ်ယောက်ကလာပြီး Comment ပေးသွားတယ်။ ဒီနေရာမှာ။ Comment ပေးသွားတာ့ မထူးဆန်းပေမဲ့ ကြည့်လိုက်တော့ ထူးဆန်းသွားတယ်။ သူကလည်း “ ကိုဇော် ” ပဲတဲ့လေ။ ဟိုတလောကတောင်မှ ကျွန်တော့်စီဘောက်မှာ လာလည်သွားလို့ ပြန်သွားလည်တော့ ဘလော့ဂါ တစ်ယောက်ရဲ့ နာမည်တူ တစ်ယောက်ကို ကျွန်တော် သိတဲ့ ဘလော့ဂါ နာမည်နဲ့ တွေ့လိုက်ရတယ်။ ဒီတော့ အခု ကိုဇော် ကလည်း သူများနေရာတွေမှာ လိုက်ရေးရင် နာမည်တူနေရင် မခက်ပါလား လို့ စဉ်းစားမိတယ်။

ဒါပေမဲ့ အခု ညီလေးကတော့ သူက နောက်လူ ဆိုတော့ သူ့ဖာသာ ပြောင်းပေးပါ့မယ် လို့ ပြောသွားပါတယ်။ ဒါကြောင့် ဘာမှလည်း ပြဿနာ မရှိပါဘူး။ သူ့ဖာသာပဲ အေးဆေး ငြိမ်းချမ်းစွာ ပြေလည်သွားပါတယ်။ ဒီလို အသိနဲ့ အလိုလို နားလည်မှု ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရတာ အရမ်းကို ဝမ်းမြောက်စရာပါ။ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။

အဲဒီအချိန်မှာ သူငယ်ချင်း တစ်ယောက်က စိတ်မကောင်းစွာ နဲ့ အကြံပေးတယ်။ ကျွန်တော့် Comment နေရာမှာ အကောင့်မဝင်ပဲနဲ့ ပေါက်ကရ လိုက်ရေးနေတဲ့ Anonymous ဆိုတာတွေကို လက်မခံပါနဲ့လား ၊ သူတို့ကြောင့် တခြားစာဖတ်သူတွေ စိတ်ရှုပ်ရတယ်လို့ ဆိုတယ်။ တကယ်လို့ သူတို့ စာရေးသူကို လေးစားသူ ဆိုရင် အကောင့်ဝင်ပြီး ရေးလိမ့်မယ် လို့ ပြောတယ်။ တကယ်လို့ သာမာန်ဆိုရင်တော့ နေပါစေပေါ့ လို့ ပြောတယ်။ ဟုတ်ပါတာပါပဲ သူပြောတာလဲ။ တစ်ကယ်လည်း ဒီလိုလူတွေကြောင့် စာရေးသူတွေ စိတ်ရှုပ်ကြရတာ အများကြီးပါ။ ကျွန်တော်ကတော့ အရေထူနေပါပြီ။

ကျွန်တော်ကလည်း စာဖတ်သူတွေ အကောင့်ဝင်နေတာနဲ့ စိတ်ရှု့ပ်နေရမှာ စိုးလို့ Anonymous ကိုပါ ထားပေးထားတာ။ အခုတော့ ခင်မင်ရသော စာဖတ်သူဆိုရင် ကျွန်တော့်ကို ပြောစရာ ရှိတယ် ဆိုရင် အကောင့်လေးနဲ့ ပြောသွားမှာပဲ ဆိုပြီး ကျွန်တော် အကောင့်နဲ့မှ Comment ပေးဖို့ ပြင်ဆင် ထားလိုက်တယ်ဗျာ။

ကျွန်တော့်ကို နားလည်မှု ပေးနိုင်မယ်လို့ ယူဆပါတယ်။ 

ကျွန်တော်က မာနကြီးတာ မဟုတ်သလို ၊ ဘာမှ ဘဝင်မြင့်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော်က အပြင်မှာ ခပ်ပျော်ပျော် ၊ ခပ်ပေါပေါ နေတတ်သူ တစ်ဦးပါပဲ။ ကျွန်တော်နဲ့ ချက်ဖူးသူတိုင်းလည်း သိကြမှာပါ။ ပြောတဲ့ အကြောင်းအရာကို လိုက်ပြီး တည်ငြိမ်မှုတော့ ရှိရမှာပေါ့လေ။ ပေါ့ပေါ့ပါးပါးဆိုလည်း ပေါ့ပေါ့ပါးပါး ပြောရသလို ၊ လေးလေးနက်နက် ကိစ္စ ဆိုလည်း တည်တည်တံ့တံ့ ပြောရတာပေါ့။ အဓိက ကျွန်တော် ပြောချင်တာကတော့ Comment ရေးချင်တဲ့ စာဖတ်သူများ အကောင့်လေး ဝင်ပြီး ရေးပေးပါလို့ ဆိုချင်တာပါ။

ဘာလို့ အခုလို ပို့စ်တစ်ပုဒ် အနေနဲ့ ပြောတာလဲ ဆိုတော့ စာဖတ်သူများအားလုံးကိုလည်း လေးစားလို့ အသိပေးတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီနေ့တော့ စာရေးတင်ဖို့ ဖီးလ်မလာတော့ပဲ သီချင်းလေးတွေ ပဲ ဆိုနေမိတယ်။ ကျွန်တော် ဆိုနေမိတဲ့ သီချင်းလေးတွေကိုလည်း အားလုံး ခံစားနိုင်အောင် မျှဝေလိုက်ပါတယ်။ သီချင်းတွေ အားလုံးကလည်း ဒဏ်ရာ အသီးသီးနဲ့ ပါသလို ၊ အမှတ်တရ အသီးသီးနဲ့လည်း ပါတယ်။ မျှဝေ ခံစားကြည့်ပါဦး။

အဲ. . ပြောချင်တာ တစ်ခုတော့ ရှိတယ်ဗျာ။ ဒီသီချင်း အားလုံးက “ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ ” အတွက်ပါပဲ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီညမှာ ကျွန်တော့် အတွက် အကြိုက်ဆုံး နဲ့ အထိဆုံး သီချင်းလေးကို ပြပါ ဆိုရင် အခု အောက်က သီချင်းလေး ပြရမှာပဲဗျာ။ ဘာလို့လဲ ဆိုတော့ အခု ကျွန်တော့်နားမှာ ဘယ်သူဆို ဘယ်သူ့မှ မရှိဘူး ကျွန်တော် တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘေးနားမှာ တစ်ယောက်ယောက် ရှိနေသလို ပါပဲ။ ဘာလို့လဲ ဆိုတော့ သီချင်းလေးကို နားထောင်ရင် သဘောပေါက်သွားမှာပါ။


~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

ကျွန်တော့်ကို သူငယ်ချင်းတွေက မေးကြတယ် ၊ ပြောကြတယ်။ ရေးလိုက်တဲ့ ကဗျာတွေမှာ “ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ ” ဆိုတာတွေ ချည်းပဲ။ ဒါ.. . . ဘယ်သူလဲ ပေါ့လေ။ ဘာဖြစ်လို့လဲပေါ့။ အဲဒီလို သူတို့ မေးလာရင် ကျွန်တော် ဒီသီချင်းလေး တစ်ပုဒ် ပြန်ပို့ပေးလိုက်လေ့ ရှိပါတယ်။ သူတို့ အမေးကို သီချင်းနဲ့ ဖြေလိုက်တာလို့ ဆိုချင်လည်း ဆိုလို့ ရပါတယ်။ ဘာလို့လဲ ဆိုတာ သီချင်းလေးကို အောက်မှာ နားထောင်ကြည့်လိုက်ရင် သိမှာပါ။


~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~

တစ်ခါတစ်လေကျတော့လည်း ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကို ပြောပြချင်တဲ့ အကြောင်းအရာလေး ရှိတယ်။ ဒါပေမဲ့ သူ့ကို ပြောပြရင် စကားလုံးတွေက ပွထနေမှာ စိုးလို့ သီချင်းလေး တစ်ပုဒ်နဲ့ပဲ ကျစ်ကျစ်လစ်လစ် ဆိုပြလိုက်ချင်တယ်ဗျာ။ ဒီလိုပေါ့။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

အဝေးတစ်နေရာမှာ ရောက်နေကြသူတွေ ဆိုတော့ သူဘာဖြစ်နေလဲ ကိုယ်မသိနိုင်သလို ၊ ကိုယ်ဘာဖြစ်နေလဲ ဆိုတာလည်း သူ မသိနိုင်ဘူးပေါ့ဗျာ။ ဒါကြောင့် သူ့ကိုလည်း နည်းနည်းတော့ မေးချင်မိတယ်။ သီချင်းလေးနဲ့ပဲ မေးလိုက်မယ်ဗျာ။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

သတိရတာနဲ့ လွမ်းတာ တူလား ၊ မတူဘူးလား ဆိုတာကို ကျွန်တော်တို့ သူငယ်ချင်းတွေ ငယ်ငယ်က တော်တော် ငြင်းခုန်ခဲ့မိတယ်။ နောက်တော့ အဖြေရတယ်လို့ပဲ ထင်ပါတယ်။ သတိရတယ် ဆိုတာ တိုက်ဆိုင်မှုတွေမှာ ပါဝင်ပြီး လွမ်းတယ် ဆိုတာကတော့ “ တမ်းတမှု ” တွေပါဝင်တယ်ဗျ။ ဒါကြောင့် ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကို လွမ်းတဲ့ အခါမှာ ကျွန်တော် ဒီသီချင်းကို ဆိုမိပါတယ်။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

အသံလည်း မကောင်းပဲနဲ့ သူ့ကို ကျွန်တော် အော်ကြီးဟစ်ကျယ် ဆိုပြမိတဲ့ သီချင်း တစ်ပုဒ်ကို ရွေးပါ ဆိုရင် ခပ်ရှက်ရှက်နဲ့ပဲ ဒီသီချင်းကို ရွေးပြရမှာပါပဲ။ သတိရမိတိုင်း ဆိုမိတဲ့ သီချင်း ဆိုပါတော့. . . . ။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

လူတော်တော်များနဲ့ တိုက်ဆိုင်နေမလားတော့ မသိဘူး။ သီချင်းရဲ့ နာမည်ကိုက ကျွန်တော်နဲ့ တိုက်ဆိုင်နေတယ်ဗျာ။ “ အဝေးက ချစ်သူ ” တဲ့။ ကိုယ်တိုင် နားထောင်မိရင်း . . ရင်ဘတ်တူသူများ အတွက်ပါ။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အဝေးက ချစ်သူ တစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် အနီးကပ် ဘာတွေ ဖြစ်နေလဲ။ ဘာတွေ လုပ်နေလဲ။ ဘာတွေ လိုအပ်နေလဲ မေးလို့ မရပေမဲ့ သူ့ကိုတော့ ပျော်စေချင်ပါတယ်။ ဒါကလည်း ဘယ်သူမဆို ကိုယ့်ချစ်သူ အပေါ်မှာ ထားတဲ့ စိတ်လေးပဲလို့လည်း ယူဆမိပါတယ်။ ဒါကြောင့် သူ့အတွက် ဒီသီချင်းလေးကို ဆိုမိတယ်။


~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~

တကယ်လို့ စာဖတ်သူတွေ အနေနဲ့ ဒီလို သီချင်းတွေ အတွက် စိတ်ရှုပ်စေခဲ့ရင် ဆောရီးပါ။ အကယ်၍ ကြိုက်နှစ်သက်ခဲ့လို့ ဒီလို သီချင်း အစီအစဉ်လေးကို သဘောကျတယ် ဆိုရင်တော့ ကျွန်တော် နောက်လည်း စီစဉ်ပေးပါ့မယ်။ နားထောင် ချင်သော ၊ နှစ်သက်သော သီချင်းများကို ရေးပေးခဲ့ပါ။

ဒီနေ့ အသံ မကောင်းပဲ ကိုယ့်အသံကိုယ်လန့်အောင် သီချင်း အော်ကြီးဟစ်ကျယ် ဆိုလိုက်လို့လား မသိဘူးဗျာ စိတ်တွေ နည်းနည်းတော့ ပေါ့ပါးသွားသလိုပဲ။ ညဉ့်ဦးပိုင်းက ဖေဖေ နဲ့ စကားပြောလိုက်ရတော့ အတော်မောသွားပြီး စိတ်တွေ ရှုပ်ထွေးသွားတာလည်း ပါတယ်။ ဒါကြောင့် စိတ်ကို ဖောက်ခွဲလိုက်မိတယ်။

အားလုံးလည်း ပျော်ရွှင်ကြပါစေဗျာ။

ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ သို့. . . ။

မှတ်ချက်။    ။ သီချင်းများ အားလုံးကို Play မြားလေးကို နှိပ်ထားပြီးမှ Pause ကို ပြန်နှိပ်ပြီး ပြည့်မှ နားထောင်ရင် မြန်မာနိုင်ငံက သူငယ်ချင်းတွေ ထစ်တော့မှာ မဟုတ်ပါဘူး။

လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကြိုက်တယ်ကိုဇော်ရေ.....သီချင်းလေးတွေနဲ့ ကွက်တိဘဲ.......နောက်ကိုလည်း ဆက်လက်မျှော်နေမယ်ဗျာ........အကုန်ကောင်းတယ်....သီချင်းတွေ....၀ိုင်ဝိုင်းရဲ့ လက်ခံမှာလား ဆိုတဲ့ သီချင်းကတော့ လောလောဆယ် အထိဆုံးဖြစ်သွားတယ်

Flower said...

ကြားပါစေအေ
ညည်းရဲ့ကမ္ဘာမြေတစ်နေရာက ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ချစ်သူကြားပါစေ..

thadarhline said...

ကမ္ဘာမြေတနေရာကချစ်သူတဲ့လား။သီချင်းလေးကိုသေချာ
နားထောင်ပြီးခံစားသွားတယ်။တကယ်လည်းခံစား
ရတယ်။

ခင်တဲ့
သဒ္ဓါ

သိင်္ဂါကျော် said...

သီချင်းတွေ လာနားထောင် သွားပါတယ်..
အဝေးက ချစ်သူ နဲ့ မြန်မြန် ပြန်ဆုံနိုင်ပါစေ..။

Unknown said...

ကိုဇော်ရေ......
သီချင်းလေးတွေနားထောင်သွားတယ်
တနေရာက ဆိုတဲ့ တယောက်လဲ ကြားသိပါစေလို့

ရွှေရတုမှတ်တမ်း said...

ပေါတဲ့အကြောင်းကြေငြာနေရသေးလား...သိပြီးသား...း))))))

အမ်တီအန် said...

သီချင်းတွေဖွင့်လိုက်..
ကွန်နက်ရှင်ကကျလိုက်...
ကွန်နက်ရှင်လေး ပြန်တက်လာလိုက်..
သီချင်းကို ပြန်ဖွင့်ကြည့်လိုက်..
ကွန်နက်ရှင်လေးက ပြန်ကျလိုက်...
ကွန်နက်ရှင်လေး ပြန်တက်လာလိုက်..
သီချင်းကို ပြန်ဖွင့်ကြည့်လိုက်..
ကွန်နက်ရှင်လေးက ပြန်ကျလိုက်...
ဝူး.......တော်ပြီ..ဒီကွန်နက်ရှင်..
နောက်နေ့မှ ..
ဘုရားရှိခိုးပြီး ထပ်ဖွင့်တော့မယ်..။
:)

ခင်မင်စွာ...
မြသွေးနီ

Only U said...

အော်...ကမ္ဘာမြေတစ်နေရာကချစ်သူအတွက်တဲ့လား။

အင်း...ဒီသီချင်းလေးတွေကတိုက်ဆိုက်လိုက်တာ။

ကျမကို အဲဒီသီချင်းတော်တော်များများကို ဂျီတော့ကနေ လူတစ်ယောက်ဆိုပြခဲ့ဖူးတယ်။ သူကတော့ မမှတ်မိလောက်တော့ပါဘူးလေ။ သူဆိုပြခဲ့တဲ့ မွန်မြတ်ခြင်း သီချင်းလေးကို အရမ်းနှစ်သက်ခဲ့တာပါ။

နောက်ဆုံးသီချင်းလေး...ဟဲလေးရဲ့ပျော်ရင်ပြီးတာပဲ သီချင်းလေးကို သူလာပို့လို့နားထောင်ဖူးပြီး အရမ်းကြိုက်လို့ဆိုက်မှာတောင်တင်ထားမိသေးတယ်။

အားလုံးနားထောင်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် “နင်ပျော်ရင်ပြီးတာပဲ”
ပျော်ရွှင်ချမ်းမြေ့ပါစေ။

SSA

Angelhlaing(May everybody be happy and healthy! said...

သက်ဆိုင်သူတော့မသိဘူး....မဆိုင်သူတွေတော့ နားထောင်သွားတယ်အကို ....:):)

Anonymous said...

`~~~နင်ပျော်ရင် ပြီးတာပဲ~~~~ ကိုအကြိုက်ဆုံးပဲ....