မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 May 2010

14 ပဟေဠိလေးတွေ ဖြေကြည့်ကြမယ် ( ၃ ) => အဖြေမှန်များ



( X X X X X ) ဒီကွင်းစ ကွင်းပိတ်ထဲမှာ ကျွန်တော်က ရုပ်တည်နဲ့ နောက်ထားတာတဲ့ စာလေး ရေးထားမိတယ်ဗျာ။ ဘာရယ် မဟုတ်ပါဘူး။ ညက အလုပ်များနေတော့ မအားတာနဲ့ စာမရေးဖြစ်ဘူး။ မနက်က အခန်း ပြန်ရောက်ရောက်ချင်း ကမန်းကတန်း နောက်ရေးလိုက်တာ။ သူငယ်ချင်း တစ်ယောက်ကလည်း ရောက်လာတော့ ပြောနေကျဖြစ်တဲ့ စကားလေးကို သတိရလို့ နောက်ပြီး ရေးလိုက်တာပါ။ ဒါပေမဲ့ နောက်တာက ထိချက်လွဲသွားတယ်။ ဒါကြောင့် ဖျက်လိုက်ပါပြီ။

အေးလေ. . . ဘာလိုပဲ ဖြစ်ဖြစ် ကျွန်တော် ပြောနေကြ စကားအတိုင်းပဲ ပြောရမှာပေါ့။


“ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်း ”


အဖြေမှန်များ။

၁။ “ ရေပန်း ” ပါ။
ရေပန်းကတော့ လှလှလေး မြင်မိတဲ့ သူတိုင်း သူ့ရှေ့မှာတောင်မှ ဓါတ်ပုံ ရိုက်မိတတ်ကြတယ် မဟုတ်လား။ 

၂။ ဒီပန်းကိုတော့ လူတိုင်း လိုချင်တပ်မက်ကြတယ်လေ။ သူ့ကို ရဖို့ အမြဲလည်း ကြိုးစားကြတယ်။ ဒါပေမဲ့ မြင်တာကတော့ မမြင်ရဘူး။ “ အောင်ပန်း ” ပါ။ ဒါကြောင့် လူတွေက အောင်ပန်း ဆွတ်ခူးချင်တယ်လို့ ဆိုကြတာပေါ့။

၃။ ဒီပန်းကို ကြားလိုက်တာနဲ့ လူနှစ်ယောက်ကို ပြေးမြင်မိပါတယ်။  အဲဒီလူနှစ်ယောက်ကတော့ “ တရုတ် နဲ့ ကုလား ” ပါ။ ဘာလို့လဲ ဆိုတော့ အဲဒီပန်းက “ ပန်းသေး ” ဆိုပြီး ဖြစ်နေလို့ပါပဲ။

၎။ အဲဒီလူတွေ အားလုံးက “ လိပ်ခေါင်း ” တွေ ဖြစ်နေကြလို့ပါ။ ဦးခေါင်းရယ်  ၊ လိပ်ခေါင်းရယ်ပါ။ 
( ဖြစ်နေသူများ ဆောရီးနော် . . . အော်ချင်လည်း အော်သွားပါ :P )

၅။ နံပါတ် ၄ အဖြေကို ရရင် နံပါတ် ၅ ကိုလည်း ရသင့်ပါတယ်။ အဲဒီလူတွေက “ ကြွက်နို့ ” တွေ ပေါက်နေကြလို့ပါ။ ကြွက်နို့က တစ်လုံးပေါက်တာနဲ့ ပွားပြီး အနည်းဆုံး ၃ လုံး ရှိနေတတ်တယ်။ အော်ရီဂျင်နယ် နဲ့ ဆိုတော့ ၅ လုံးပေါ့လေ :P

၆။ ဒါလည်း စဉ်းစားလို့ ရသွားလောက်ပါပြီ။ အဲဒီလူတွေ အားလုံးက “ ငါးမျက်စိ ” ဖြစ်နေကြတာပါ။

၈။  “ အနက်ရောင် ” ပါ။ ကမ္ဘာ့အရောင်ပါရဂူကြီး “ သောမတ်စ် ဘရောင်း ” က အရောင်တွေမှာ အနက်ရောင်က အခြေခံ အကျဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ သူ့မရှိရင် ဘယ်အရောင်မှ ပေါ်လွင်မလာဘူး လို့ ဆိုတယ်။ ဒါကြောင့် မျက်မမြင်တွေရဲ့ အမြင်အာရုံတွေ အားလုံးက မည်းနက်မှောင်နေတာပါ။

၉။ ဘယ်နိုင်ငံက မဆို ဖြစ်နိုင်ပါတယ် ဆိုပဲ။ မဖြစ်နိုင်တာကတော့ အဘွားဆိုမှတော့ “ အဘိုး ” မဖြစ်နိုင်ပါဘူး တဲ့။ ဒါက တကယ်ကို အမေရိကန်ရဲ့ ကုမ္ပဏီကြီး တစ်ခုရဲ့ အင်တာဗျူးက ကောက်နုတ်ထားတာပါ။ ဒီမေးခွန်းလေးနဲ့တင် အငိုက်မိပြီး လူပေါင်း ၄၀၀ ကျော်ကို ဖြုတ်ချနိုင်ခဲ့သတဲ့။

၁၀။ အခုပဲ အဖြေတွေ ရေးနေရင်း ကိုယ်တိုင်တောင်မှ နံပါတ် ( ၇ ) ကို သွားတပ်မိသေးတယ်။ ဆောရီး :P

မူရင်းမေးခွန်းများကို  ဒီနေရာမှာ လာဖတ်လို့ရပါတယ်။


ပျော်ရွှင်ပါစေ
ကိုဇော်
.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ညည်းကလဲအေ
မဖြေတတ်လို့ပါဆိုမှ ဇွတ်..
သိလို့ကတော့ နံမည်ကြီးအောင်အကုန်ဖြေသွားမှာပေါ့
ခုတော့ မသိလို့မှ တိတ်တိတ်ကလေး ပြန်သွားတဲ့ဟာကို...
း(

Crystal said...

စိတ်မကောင်းမဖြစ်ပါနဲ့နော်။ တကယ်မသိလို့ပါ။ သူများတွေ ဖြေသွားတာကို ကြည့်ပြီး ဖြစ်လောက်ပါတယ်လို့ ဆိုပြီး ဆိုပြီး ဆိုပြီး အသာလေး လှည့်ပြန်သွားပါတယ်။

ဝက်ဝံလေး said...

ဟင် ဘာသဘောလဲ မတူသလို မတန်သလို ဆက်ဆံတာ ကိုဇော်လေ အိမ်လာတယ် ပြန်လာမလည်ဘူး သူများတွေအိမ်ကျတော့ လိုက်လည်တာ တွေ့တယ် စိတ်မကောင်းမဖြစ်ရဘူး လား ထားပါ ဒါ မပြောပဲ ထားမလို့
---
ဖြေထားတယ်လေ မတွေ့တာလား မမြင်တာလား ဘာလဲ မသိဘူး ပြီးတော့ သူကပဲ ပြောရတယ် ရှိသေးတယ် လူလဲ သိသလောက် ဖြေသွားတာပဲ ဟာကို
ဘယ်လိုမှန်းကိုမသိဘူး
--
အမှားပါရင် ခွင့်လွှတ်
နောက်လဲ မလာတော့ပါဘူး စိတ်ချ
တာ့တာ ဘိုင်

Anonymous said...

ကောင်တာကို အကြံပေးရရင် လူတွေကြားမှာ ဆရာကြီးလုပ်ပြီး ဟိုနေရာဝင်ရန်တိုက် ဒီနေရာ ဝင်ရှုပ်လုပ်နေတာကို ပြင်လိုက်ရင် မောင်ရင် အတွက်တော်တော်လေး အဆင်ပြေသွားမယ်ထင်တယ်။ ခုတလောတွေ့ နေရတာ မောင်ရင်နဲ့ အဆင်ပြေနေတဲ့သူတွေကို ဖေးမ လို့ အဆင်မပြေဖြစ်နေသူတွေကိုတော့ ဂျောက်တွန်းနေတယ်။ မကောင်းပါဘူး ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရပ်ကို ကိုယ်က မသိပေမယ့် ဘရားသခင်က သိနေတယ် ဆိုတာကိုတော့ မမေ့နဲ့။မောင်ရင်ကယောက်ျားလေးတော့ ဟုတ်ပါတယ်နော်။ ဘက်မလိုက်နဲ့ သမာသမတ်ကျစေချင်ပါတယ်။
စေတနာနဲ့ပြောတာ စိတ်ဆိုးလည်း ဘာမှမဖြစ်ဘူး။
လိုက်မရှာနဲ့ မောမယ် အိုင်ပီ အစစ်မဟုတ်ဘူး။

အဖြူရောင်ဟတ်ကာအဖွဲ့
မြန်မာပြည်တနေရာ

မောင်မိုး said...

အင်း...အခုတစ်လော ဘလိုင်းကြီးတွေ ရန်လာစခံနေရတာများပြီ ကိုဇော်ရေ။ အခုလဲ အဖြူရောင်ဟက်ကာအဖွဲ့ဆိုပါလား။ အဟတ်...ဟတ်..ဟတ်။ ဘာတွေများ ဟတ်ကြဦးမလို့လဲ။ အဖြူရောင်လို့ နာမည်တပ်ထားပြီး ရေးထားတဲ့စာတွေက မြောင်းထဲက ကျီးကန်းအာတဲ့အသံလောက်မှ နားခံမသာပါလား။ သြော်။။ ဟတ်ချင်သပဆိုလဲ ကျနော့်မေးလ်နဲ့ ဘလော့ဂ်ကို ဟတ် လိုက်ပါဦး။ ဘယ့်ဂလောက်စွမ်းသလဲ ကြည့်ရအောင်လို့။ အချိန် ၁ လပေးမယ်။ မင်းတို့အဖြူရောင် ဟက်ကာအဖွဲ့ရဲ့ အီးမေးလ်လေးလဲ သိပါရစေဦး။ ဟဲ..ဟဲ။ မရရင်တော့ မင်းတို့အဖွဲ့နာမည်ကို ဂျီပုန်းဟက်ကာအဖွဲ့လို့ နာမည်ပေးလိုက်တော့။

ဟက်ရန်မေးလ်များ
bloggermgmoe@gmail.com
blinkblank.guy@gmail.com
blogger-mgmoe.blogspot.com

အဲဒါတွေကို မဟက်နိုင်ရင် အောက်ကလင့်ကို သွားပြီးကူညီပေးလိုက်ပါဦင်္း။ အဲဒါက Wordpress ကို Hack ထားတာ။ ဘာ Password မှ မချိန်းထားဘူး။ Admin Account link ကို ရှာလို့ရရင် မင်းတို့အဖွဲ့ကို အိမ်ဦးခန်းမှာ ၃ လ အလကားတင်ကျွေးမယ်။

ဒါနဲ့မှ မကျေနပ်သေးရင်

blinkhackergroup@gmail.com ကို Add ပြီး ဆရာကြီးလို့ခေါ်ပြီး ဦးတင်ကြ။


ကိုဇော်..ဆောရီးဗျာ။ ခတ်ကွင်းဖြစ်သွားတယ်။ ဟားးဟားး

Unknown said...

I feel so so sad by your words ... Ko Zaw ...... I always read your posts ..... but for your Puzzle ... i have no idea to answer so ..........

ကိုဇော် said...

ဒီလိုပါဗျ. . .အထင်တွေ မှားကုန်ပြီ။
ကျနော်တို့ သူငယ်ချင်းတွေမှာ တစ်ခုခုဆိုရင် နောက်ပြီး ပြောနေကြ စကား တစ်ခွန်း ရှိတယ်။ တစ်နေရာရာ သွားမယ် ၊ တစ်ခုခု စားမယ် ဆိုတာကို သဘောမတူလို့ မလိုက်ဘူး ဆိုရင် . . . . “ မင်းက ငါ့ကို မတူသလို မတန်သလို ဆက်ဆံတာပေါ့ ဟုတ်လား။ ” လို့ နောက်လေ့ ရှိတယ်။ စစအပြောခံရတုန်းကတော့ ရယ်စရာပေါ့။ နောက်တော့ အချိန်သက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပေမဲ့ တွေ့တိုင်း နောက်နေကျပါ။ ဘာမှ မဟုတ်ပေမဲ့ ရယ်စရာလေးပါပဲ။ အခုလည်း ဒီသဘောနဲ့ ပြောလိုက်တာပါ။

နောက်တာပါ မချောရယ်. . သိသိကြီးကို မချောကလဲ။

ရပါတယ် Crystal ။ ကျနော်လည်း နောက် မမေးတော့ပါဘူး။ ဆင်ခြင်ရမှာပေါ့။ ပျော်စရာလေး လုပ်တာ စိတ်ညစ်စရာတွေ ဖြစ်သွားတယ်။ ဆောရီး။

ဝက်ဝံလေး နေရာကို အကို ခဏခဏ လာလည်တယ် ဝက်ဝံလေး ၊ ဒါပေမဲ့ အရင်က ဆိုက်ကို ပိတ်ထားတာနဲ့ ခဏခဏ ကြုံတယ်။ ဒါကြောင့် ဝင်မရပဲ ပြန်ပြန်လာတာပါ။ တစ်ခါက မနိုင်း စီဘောက်မှာတောင်မှ ဝက်ဝံလေးကို မေးလိုက်သေးတယ်လေ။ ဒီတော့ ဝက်ဝံလေးကတောင်မှ ဝက်ဝံလေးမှာ ဆိုက်မှ မရှိတာ ကိုဇော်ရဲ့ လို့ ပြန်ပြောသေးတယ်လေ။ ဒါကြောင့် အကိုက သြော်. . ဝက်က စာဖတ်သူ သက်သက်ကိုး လို့ ထင်ထားမိတာ။ ဆိုက်ကို လာတိုင်းလည်း ပိတ်ထားတာပဲ တွေ့တာကိုး။ ဒါကြောင့် မရောက်ဖြစ်တာပါ။ Angel Shaper ဆီကိုတောင်မှ ရောက်ပါသေးတယ်။

အဖြူရောင်ဟတ်ကာအဖွဲ့
ရဲ့ ဆိုလိုချက်ကို ကျနော် သဘောမပေါက်ဘူး ဖြစ်ရတယ်ဗျာ။ ကျနော်က ဘယ်နေရာတွေများ လိုက်ပြီး ရန်တိုက်နေပါလိမ့်ဗျာ။ ကျနော်တောင်မှ မသိဘူး။ IP ကို ကြည့်ပြီး ပြောတာ ဆိုရင်တော့ အတူတူ သုံးတဲ့ သူငယ်ချင်းတွေကြောင့်လားတော့ မသိဘူး။ ဒါပေမဲ့ သူများကိုလည်း မထင်ချင်ဘူးဗျာ။
ဘယ်ဘက်ကို လိုက်ပြီး ပြောနေမိတာပါလိမ့်။ ဘယ်နေရာမှာပါလိမ့်။ ကျနော့်ကိုသာ ပြောတယ်။ ဘာလို့ ကိုယ်ကျတော့ IP ပြောင်းတာလဲဗျ။ ကျနော်ကတော့ အမှန်အတိုင်းပဲ ဒီနာမည် တစ်ခုနဲ့ပဲ ရေးပါတယ်။

ဒီလိုပဲ ကိုမိုးရေ. . .
ဖြစ်တတ်တယ်။ ကျနော့်မှာ ကိုယ့်ဖာသာကို ကောင်းကောင်း မနေရဘူး။ ဒါကိုပဲ လာလာ ခလုတ်တိုက်နေကြတာ။ ဘယ်သူတွေကများ ကျနော့်နာမည်နဲ့ လုပ်နေကြပြန်ပြီလဲ မသိဘူးဗျ။ အရင်ကတော့ ကျနော့်ဓါတ်ပုံနဲ့ zaw537 ဆိုပြီး zaw357 နဲ့ နာမည် ဆင်တူ လုပ်ပြီး ကျနော့်နဲ့ အတူတူ သုံးတဲ့ သူငယ်ချင်း တစ်ယောက်က လျှောက်နောက်ဖူးလို့ အရင်ကတော့ တော်တော် ဖြစ်ဖူးတယ်။ နောက်မှ သူငယ်ချင်းလည်း တောင်းပန်ပြီး မလုပ်တော့တာ။ အခုလည်း သူအပါအဝင် သူငယ်ချင်းနှစ်ယောက်နဲ့ အတူတူ သုံးနေတာ ဆိုတော့ မပြောတတ်ဘူးဗျာ။ ဘာမှန်းမသိပဲ အပြောခံရတော့ အူကြောင်ကြောင်တော့ ဖြစ်မိသား။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျနော်က ရုပ်တည်နဲ့ နောက်လိုက်မိသလို ဖြစ်သွားတာကိုး။ ဟက်ကာအဖွဲ့ရဲ့ စကားက လွဲရင် ကျန်တဲ့ သူတွေ ပြောတာကို ကျနော် နားလည်ပါတယ်။

ပျော်ရွှင်ပါစေ
ကိုဇော်

ခိုင်နုငယ် said...

မေးခွန်းတွေရဲ့အဖြေကို လာဖတ်သွားပါတယ်ဗျာ
အဖြူရောင်ဟတ်ကာအဖွဲ့ တဲ့လားဗျာ...
ဖြစ်တတ်တဲ့သဘောတရားတွေပါ..သည်းခံလိုက်ပါကိုဇော်ရာ

မြသွေးနီ said...

ကိုဇော်ရေ...

အလုပ်တွေများနေတာနဲ့ အခုမှဝင်ဖတ်မိတာ..။
မဖတ်ရသေးတဲ့ အဟောင်းတွေကနေ စဖတ်တော့ ခုမှ ဒီပို့စ်အလှည့် ရောက်တော့တယ်။

ကျွန်မဆိုက် မှာ တလောက ဒီလိုမျိုး ဥာဏ်စမ်းလေးဖွက်မိတာ မှတ်မိမယ်ထင်တယ်။ ကျွန်မစာတွေ အမြဲဖတ်ပေးတဲ့ ရုံးက ညီမတွေလည်း ကျွန်မမိတ်ဆွေ အပြင်က လူတွေ ၀ိုင်းဖြေကြတယ်။ သူတို့ အချင်းချင်း အဖြေရှာကြတာပါ။ သူတို့က ကွန်မန့် တွေဘယ်တော့မှ ပေးလေ့ရှိ သူတွေ မဟုတ်ပါဘူး။ ကိုဇော်ဆီမှာလည်း ဒီလိုမျိုး သူတွေ ရှိနိုင်ပါတယ်။ နေ့စဉ် ၀င်ဖတ်သူတွေနည်းမှ မနည်းတာနော်။

နောက်.. ကြိုးစားဖြေထားသူတွေရော..မဖြေနိုင်ပဲ ကွန်မန့်ပေးခဲ့ သူတွေကတော့ အဖြေတွေကို ဆက် မဖတ်နိုင်လောက်တော့အောင် ကိုဇော်ရဲ့ အပေါ်က စာပိုဒ်တွေက ထိစေတယ်။ နောက်တယ်ဆိုတာ ခုမှ သိပေမယ့် ဖတ်ပြီးချင်းတော့ မပျော်ကြမှာ အမှန်ပဲ ကိုဇော်ရေ..။

တချို့ readers တွေက တကယ့်ကို ပီဘိ စာတွေကိုနှစ်သက်စွာပုံမှန်လာဖတ်နေတတ်သူမျိုးတွေ မဟုတ်လား။

ရေးတဲ့စာ နဲ့ စာရေးသူ ကို သူတို့တွေ ရောထွေး မြင်သွားမှာ စိုးမိလို့ပါ။

ခင်မင်စိတ်ရင်းဖြင့်..
မြသွေးနီ

ဝက်ဝံလေး said...

ဦးမိုးပြောသလိုပဲ အဖြူရောင် ဟက်ကာအဖွဲ့ရေ ငါ့ဆိုက်ကိုတော့မဟက်ခိုင်းဘူး ဆိုက်ဟက်တာ လွယ်တယ်ဆိုပဲ ဒီတော့ ငါ့မေးလ် ကိုဟက်လိုက်ပါလား ဟက် ဟက် ဟက်

ကိုဇော် သွားပါ ခင်ဗျား ခုမှ လာပြီးတော့ နာတော့မယ် ခင်ဗျားတော့
သိပ်ကျေနပ်တာမဟုတ်ဘူး တာ့တာ ဒါဗြဲ
စကားလွန်သွားရင် ဆော်ရီး
မနက်က သွားခါနီး ဖတ်လိုက်တာ မတူသလို မတန်သလို ဆိုလို့ ထောင်းခနဲ ဒေါသထွက်သွားတာ
သိတယ် မလား ဝက်က စိတ်ကထောင်းဆို ဘာဆက်ဖြစ်တယ်ဆိုတာ ဆက်သာတွေးတော့

မောင်မိုး said...

ကျန်တဲ့သူတွေနဲ့သိပ်မရင်းနှီးတော့ ရဲရဲမပြောရဲဘူး. ၀က်ကလေးကတော့ ရင်းနှီးတယ်ဆိုတော့ ပြောဦးမယ်။ ဒီလိုပဲ နားလည်မှုတွေ လွဲတတ်ပါတယ်အေ။ ငါတို့က ပိုတောင် အစအနောက်သန်သေးတယ်။ ရုပ်တည်ကြီးနဲ့ နောက်လိုက်ရင် တကယ်မထင်ကြပါနဲ့..။ ဒါဗြဲ..။ စိတ်ကထောင်းကနဲဆိုရင် အနံ့တွေလှိုင်လာမှာစိုးလို့ ပြေးပြီ။

အော်...အဖြူရောင်ဟက်ကာအဖွဲ့ရေ...မင်းတို့လေ့လာလို့ရအောင်

http://blinkhackergroup.blogspot.com ကိုသွားကြည့်လိုက်ပါဦးကွာ။

ရွှေရတုမှတ်တမ်း said...

ပဟေဠိတွေချည့်ပါလားနော်...

Unknown said...

အဖြေတွေ..တိတ်တိတ်လေးလာဖတ်သွားသည်၊။
ကိုယ်၇မ်းဖြေထားတာတွေက...လွဲနေလို့ ရှက်စရာကြီးးး

Anonymous said...

ကျနော့်မှာ ကိုယ့်ဖာသာကို ကောင်းကောင်း မနေရဘူး။ ဒါကိုပဲ လာလာ ခလုတ်တိုက်နေကြတာ။ ဘယ်သူတွေကများ ကျနော့်နာမည်နဲ့ လုပ်နေကြပြန်ပြီလဲ မသိဘူးဗျ။ အရင်ကတော့ ကျနော့်ဓါတ်ပုံနဲ့ zaw537 ဆိုပြီး zaw357 နဲ့ နာမည် ဆင်တူ လုပ်ပြီး ကျနော့်နဲ့ အတူတူ သုံးတဲ့ သူငယ်ချင်း တစ်ယောက်က လျှောက်နောက်ဖူးလို့ အရင်ကတော့ တော်တော် ဖြစ်ဖူးတယ်။ နောက်မှ သူငယ်ချင်းလည်း တောင်းပန်ပြီး မလုပ်တော့တာ။ အခုလည်း သူအပါအဝင် သူငယ်ချင်းနှစ်ယောက်နဲ့ အတူတူ သုံးနေတာ ဆိုတော့ မပြောတတ်ဘူးဗျာ။ ဘာမှန်းမသိပဲ အပြောခံရတော့ အူကြောင်ကြောင်တော့ ဖြစ်မိသား။
---------------------------------
ဒီလိုလည်း ဖြစ်တာပဲလား။
တတ်လည်းတတ်နိုင်ပါ့ ဇော်
ဘာတဲ့ဓာတ်ပုံနဲ့ zaw537လား။ ဟားဟားဟား လို့ အော်ရယ်လိုက်တယ်။ မင်းမေးလ်နဲ့ပို့ထားတဲ့ ဓာတ်ပုံတွေကတော့ ကမ္ဘာနှံ့နေပါပြီကွယ်။
zaw357 ရဲ့မေးလ်အမှတ်အသားက မေးလ်ရဲ့အောက်ဆုံးမှာ အဆုံးသတ်လက်ကိုင်ဆောင်ပုဒ်လေးနဲ့လေ။ သိမယ်ထင်ပါတယ်။