မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 May 2010

1 အချစ်၏ ပုံသဏ္ဍန်ပေါင်းများစွာ



“ ဒီမယ် ပွဲစားကြီး မလွတ်စေနဲ့။ ကောင်မလေးက ကောင်းခြင်း ငါး ဖြာနဲ့ ပြည့်စုံတယ်ဗျ။ ”

“ ဟုတ်တယ် . . ပွဲစားကြီးရဲ့ . . ဒီလို မိန်းကလေးမျိုးက ရှားတယ်။ ပွဲစားကြီး တင် မကဘူး ကျူရှင်ဆရာ ခင်ဗျား လဲ စဉ်းစားဗျ။”

“ဟဲဟဲ . . ကျွန်တော့်ကိုချည်းပဲ ပြောမနေကြပါနဲ့ ခင်ဗျားတို့လဲ စဉ်းစားကြပါဗျ။ ကျူရှင်ဆရာ နဲ့ ဆရာဝန်ကြီး ရေ။”

“ ကျွန်တော်က အကောင်းပြောတာဗျ။ ဆရာဝန်ကြီးနဲ့ ပွဲစားကြီး တို့အတွက်ပါ။ ကောင်မလေးက ကတော် ရုပ်ဗျ။”

“ ကတော်ရုပ်ဆိုတာတော့ ကျွန်တော် လဲ လက်ခံပါတယ် ပွဲစားကြီး နဲ့ ကျူရှင်ဆရာ ရယ်။”

“ ဒီလို ကတော် ရုပ်လေးမို့ ဆရာဝန်ကတော် ဖြစ်သင့်တယ်ပြောတာပေါ့ဗျ။”

“ ဒီလိုမပြောပါနဲ့ဗျာ ပွဲစားကတော် ၊ ကျူရှင်ဆရာကတော်ရော မဖြစ်သင့်လို့လား။ ခင်ဗျားတို့လဲ ကြိုးစားသင့်တယ်။”

“ ကောင်းချင်း ငါးဖြာနဲ့ ပြည့်စုံနေတဲ့ ဒီကောင်မလေးကို မလိုချင်တဲ့ လူရောရှိပါ့မလားဗျာ။”

“ ဒါပေါ့ဗျာ . . ကျွန်တော်တို့ ရအောင်ကြိုးစားသင့်တယ်။ ကျွန်တော့်တို့က ၄၀ နားကပ်လာပြီ မဟုတ်လား။”

“ ..........................................”

“............................................”

“............................................”

“ ဒီနေ့တော့ ကျူရှင်ဆရာရေ...”

“ဒီနေ့တော့ ပွဲစားကြီးရေ......”

“ ဒီနေ့တော့ ဆရာဝန်ကြီးရေ.....”

“ အဲ...”

“ အင်း..”

“ အမ်...”

“ ဟာဗျာ..ကျွန်တော်ပဲပြောတော့မယ်။ ဆရာဝန်ကြီး နဲ့ ကျူရှင်ဆရာရေ။ လုပြောသလိုဖြစ်နေပြီ။ ”

“ အင်း . . . ပြောပြော. . .”

“ ပြောဗျာ . . .”

“ ကောင်မလေးကဗျာ သူတို့အိမ်ဘေးက အကြော်ဆရာနဲ့ လိုက်ပြေးလို့တဲ့။ ”

“ အေးဗျာ. . . သူ့ကတော်ရုပ်ကလေးနဲ့။ ”

“ ဟာဗျာ ဒီကတော် ရုပ်က အကြော်ဆရာ နဲ့ညားတော့ အကြော်ဆရာကတော် ရုပ်ပေါ့ဗျ။”

“ ဟုတ်တယ် . . ဟုတ်တယ်. . . .။”

“ ဆရာဝန်ကတော် ရုပ်လဲ မဟုတ်ဘူး။ ပွဲစားကတော်ရုပ်လဲ မဟုတ်ဘူး။ ကျူရှင်ဆရာကတော် ရုပ်လဲ မဟုတ်ဘူး။ အကြော်ဆရာနဲ့ညားတဲ့ အကြော်ဆရာ ကတော်ရုပ်ဗျ။”

“ဟုတ်တယ်............”

“..........................”

“..........................”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 



February 3, 2009 at 1:00pm က http://lovecreative.ning.com/profiles/blogs/2718575:BlogPost:19179  မှာ ရေးထားတာပါ။

ကိုဇော် 

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

ဒါမျိုး တစ်ပုဒ်လောက် စမ်းကြည့်ဦးမှ..။ :)