မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 May 2010

11 ပဟေဠိလေးတွေ ဖြေကြည့်ကြမယ် ( ၃ )




အရင်ကတော့ . . . အဲ . . လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတော့ မေးလ်ထဲကနေ သူငယ်ချင်းတွေကို အမြဲတမ်း ခေါင်းစားနေကြပေါ့လေ။ နောက်တော့လည်း မပို့ဖြစ်တော့ပါဘူး။ အခုတော့ စိတ်ကူးပေါက်လို့ ရေးကြည့်လိုက်ပါတယ်။ များများ မမေးပါဘူး။ လွယ်လွယ်လေးတွေ ပါပဲ။ အခက်ကြီး ဖြစ်အောင် အတင်းတွန်း မစဉ်းစားကြပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ စဉ်းစားကြပေါ့။ ဒါပေမဲ့ တချို့ အရာတွေက ပေါ့ပေမဲ့ မပါးကြဘူးဗျ. . ဥပမာ . . ဖော့တုံးကြီးတွေပေါ့လေ။ 

ထားပါတော့။ အခုကတော့ တကယ်ကို ငှက်မွှေးလေးတွေ ပါပဲ . . . စဉ်းစား . . . ခေါင်းစား ကြည့်ကြပါဦး။

၁။ ပန်းတစ်မျိုး ရှိတယ်။ သူက မြင်သူတကာ ကြိုက်ကြအောင် လှတယ်။ ဒါပေမဲ့ သူက ခူးလို့ မရဘူး။ ပန် လို့ မရဘူး။ ကိုင်လို့ မရဘူး။ ထိလို့တော့ ရတယ်။ ဘာပန်းများလဲ။

၂။ နောက်ထပ် ပန်းတစ်မျိုး ရှိတယ်။ သူကကျတော့ မြင်ကို မမြင်ရဘူး။ ထိလို့လည်း မရဘူး။ ကိုင်လို့ဖို့ဆို ပိုဝေးရော။ ဒါပေမဲ့ သူ့ကို ခူးလို့တော့ ရတယ် ဆိုပဲ။ သူ့ကို လူတိုင်းက လိုချင် တပ်မက်ကြတယ်။ သူ့ကို ရအောင်ပဲ လူတိုင်းက ကြိုးစားနေကြတယ် တဲ့။ ဘာပန်းများလဲ။

၃။ နောက်ထပ် ပန်းတစ်မျိုး ရှိပြန်သေးတယ်။ အဲဒီပန်း ဆိုတဲ့ အသံကို မြင်တာ ကြားတာနဲ့ လူနှစ်ယောက်ကို သွားမြင်တယ် တဲ့။ ဘာပန်းများလဲ။

၎။ မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံမှာ ခေါင်း ၂ ခေါင်း ရှိတဲ့သူ လူ အယောက် ၁၀၀ မှာ အယောက် ၁၅ လောက်ရှိတယ် ဆိုပဲ။ ဖြစ်နိုင်ပါ့မလား။ ဘယ်လို လူမျိုးတွေပါလဲ။

၅။ အဲဒီ စစ်တမ်းအရပဲ မြန်မာနိုင်ငံမှာ နို့ ၅ လုံး ရှိနေတဲ့ လူ အယောက် ၁၀၀ မှာ အယောက် ၄၀ ကျော် ရှိတယ် ဆိုပဲ။ ဖြစ်နိုင်ပါ့မလား။ ဘယ်လို လူတွေ များလဲ။

၆။ အဲဒီ စစ်တမ်းအရပဲ မြန်မာနိုင်ငံမှာ ကိုယ့်ဖာသာသာ သတိမထားမိပေမဲ့ လူ အယောက် ၁၀၀ မှာ အယောက် ၈၀ ကျော်က မျက်စိ ၃ လုံးစီ ရှိနေကြတယ် ဆိုပဲ။ ဘယ်လို လူတွေ များလဲ။

၈။ ယေဘုယျ အကျဆုံး အရောင်က ဘာအရောင်လဲ။ ဘာလို့များလဲ။

၉။ ကမ္ဘာ့အသက်အကြီးဆုံး အဘွားဟာ ဘယ်သူ မဖြစ်နိုင်ဘူးလဲ တဲ့။

၁၀။ ဒီမေးခွန်းကတော့ နည်းနည်း ဆန်းတယ်။ အခုလို တောက်လျှောက်သာ ဖတ်လာတာ နံပါတ် ၇ ကို ကျော်လာတာ မသိဘူး မဟုတ်လားတဲ့ . . ဟဲဟဲ . .။

*** Comment မှာ ဖြေသွားကြပါ။ အဖြေများကို ကျွန်တော် သပ်သပ် တင်ပေးပါ့မယ်။ ***

ပျော်ရွှင်ကြပါစေ
ကိုဇော် ပျင်းလို့ ရေးသည်။

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

ရွှေရတုမှတ်တမ်း said...

အရေးထဲပဟေဠိမှာ..အဖြေညှိခိုင်းနေပြန်ပြီ...မှားပါတယ်..သာအေးရယ်..

ဝက်ဝံလေး said...

၁ ခွေးသေးပန်း
၂ က မေတ္တာပန်း
၃ က ကြာပန်း သို့မဟုတ် ဂေါ်ဖီပန်း
၎ အဖြေက ခေါင်း ၂ လုံးက လူတိုင်းမှာ ရှိတယ်လေ ဗျာာ ခေါင်းနဲ့ -င်ခေါင်း လေ ဗျာာ ဟုတ်ဘူးလား
၅ ကြွက်နို့ သုံးလုံး ပေါက်နေလို့နေမှာပေါ့
၆ မိန်းကလေး ဦးရေက ယောကျာ်းလေး ဦးရေထက်ပိုများတာကိုးးး
၈ အဖြူရောင် ဘာဖြစ်လို့လဲဗျာာာ
၉ က အဘိုးပေါ့ အဘိုးက ဘယ် အဘွားဖြစ်နိုင်ပါ့မလဲ
၁၀ နံပါတ် ၇ ပျောက်နေတာ သိပါတယ် မေးခွန်းတွေ ဖြေပြီးသား ပြန်စစ်တော့လေ

ဟဲဟဲ ကိုဇော် ဖြေနိုင်ရင် ဘာဆုချမှာတုံး ဟိဟိ
ပါးလုံးနဲ့ ဝက် ၂ ယောက်ပေါင်းဖြေသည် ဒါဗြဲ

မောင်မိုး said...

ဝက်ကလေးဖြေပြီးသားဆိုတော့ ဖြေစရာမလိုတော့ဘူးပေါ့။ ဟဲ..ဟဲ.. ၀က်ကလေး စားနိုင်ပါစေ. သောက်နိုင်ပါစေ.

ချစ်ကြည်အေး said...

ဟယ် ဝက်ဝက် နဲ့ ပါးလုံးက တော်ထှာ...။ အဖြေတွေတင်မှပဲ လာဖတ်တော့မယ် ဟိဟိ...:)

Anonymous said...

၁။ ရေပန်း (သို့) မီးရှုးမီးပန်း
၂။ ၀က်ဝံလေးပြောသလိုပါပဲ။


ကျန်တာတွေတော့ မသိတော့ဘူးဗျာ။
ခေါင်းစားတယ်။

Flower said...

သိဘူး.
နဂိုက လူက ချောင်ချင်နေတာ
နင့်မေးခွန်းတွေဖြေမှ ရူးသွားရင်ဒုက္ခ
အဖြေတွေတင်မှ လာဖတ်မယ်
ခုတော့ ပြန်ပြီ.. ဟိဟိ

မြသွေးနီ said...

နေကပူပူနဲ့
လူက အူကြောင်ကြောင် ဖြစ်နေတာ..
ပေါက်ပေါက်ရှာရှာတွေ လာတွေးခိုင်းနေတယ်။
လုံးဝ (လုံးဝ) ကို မဖြေဘူး။
ပြီးမှအဖြေလာဖတ်မယ်။
ဒါပဲ။
:)

ခိုင်နုငယ် said...

၁)ကတော့..အဟဲအထက်ကသူတွေပြောသလို ခွေးသေးပန်းဖြစ်နိုင်တယ်
၂)ကရင်ဝှက်ပန်း(အချစ်) အဟီး..ဟုတ်အိလားမသိရမ်းတုတ်တာ
၃)က ကျော်သွားတယ်ဂျာ...နတိဝူး
၎)က ခေါင်းသုံးလုံးနဲ့အဖိုးအိုပဲကြားဖူးတယ်....
၅)ဒါလည်းအပေါ်ကပြောသလိုကြွက်နို့ပဲဖြစ်နိုင်တယ်...
၆)မျက်စိသုံးလုံးတော့ကြားဖူးဝူးဂျာ...အပေါ်အောက်ခြေမျက်စိရောပါ..လေးလုံးပါဂျ..ကိုဇော်ရ..အဟီး
၈)က အဖြူရောင် ဘာလို့ဆို လောကမှာဘာပဲလုပ်လုပ်
ဖြူစင်မူ့ကအဓိကကျနေလို့...ထင်တာပြောတာ။
မေးခွန်းတွေဖတ်ပြီးဖြေမလို့လာတာပဲ..
အဟဲ..အိုင်ကျူကမကောင်းတော့...
မဖြေနိုင်လို့ပြန်သွားပီ.......

မြစ်ကျိုးအင်း said...

အချိန်မအားလို့ မစဉ်းစားဖြစ်ဘူး
း)

Unknown said...

စားပြီ....စားပြီ.....ဟီးး ဒီကလည်းဂေါက်နေတာပါဆို......

Sai said...

အဟီး
ထင်တာလေးတွေပြောကြည့်မယ်နော်
၁။ လျှပ်ပန်း(ထင်တယ်) လျှပ်စီးလက်တာလေ။ ထိလို့တော့ရတယ်၊ ပြီးရင်သေရော :p
၂။ အောင်ပန်း ပေါ့ (မြို့မဟုတ်ဘူးနော် ဟဲဟဲ) မှန်တယ်ဟုတ်၊ (ကိုယ်ထင်ကုတင်ရွှေနန်း)
၃။ ............. သိဘူး၊?????
၎။ ဦးခေါင်း+လိပ်ခေါင်း
၅။ ကြွက်နို့
၆။ ငါးမျက်စိ (ဘယ်ရမလဲ ငီးငီးငီး)
၈။ အပြာရောင် (အိုဇုံးအလွှာရဲ့အရောင်၊ ကမ္ဘာရဲ့အရောင်)
၉။ အဲဒီအဖွားကလွဲရင် ကျန်တဲ့သူတွေအားလုံး
၁၀။ မသိလိုက်ဘူး ဟီးဟီး