မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 May 2010

8 ဆောရီးပါ . .မေမေ




ဘာလို့မှန်း မသိဘူး။ စိတ်တွေ စုစည်းလို့ မရဘူး။ ပူလို့ ထင်တယ်။ ကိုယ်က နေ့လည်ဖက် အိပ်ရတဲ့ သူဆိုတော့ ပိုသိသာတယ်။ ဒီကြားထဲ အိပ်လို့ ကောင်းနေတဲ့ အချိန်တွေမှာ အလုပ်က ပြန်လာသူတွေက သူတို့ရွာက လော်ကြီးနဲ့ ဖွင့်သလို ဖွင့်နေတော့ နားက ထပ်ပြီးပူ။ အဲဒီမှာ အပူတွေ စုဆုံကုန်ကြတော့တာပါပဲ။ ဒါနဲ့ စိတ်တွေလည်း စုပြုံပူပြီး စာကို ကောင်းကောင်း မရေးချင်တော့ဘူး။

အမှန်အတိုင်း ပြောရင် ဒီအတောအတွင်းမှာ ဝတ္ထုတိုလေး သုံးပုဒ် ရေးလိုက်သေးတယ်။ တင်မယ် လုပ်တော့ ဘယ်လိုမှ ကိုယ့်ဖာသာ ကိုယ် မကြိုက်ဘူး။ အရင်လို စကားလုံးတွေက စုစုစည်းစည်း တိုတိုထိထိ မရှိဘူး။ ဒက်ဖနေးရှင်း တူ ဒက်ဖနေရှင်းတွေ ဖြစ်ပြီး ပွ ထ နေတယ်။ ဒါနဲ့ ဟိုနားက ပြင် ဒီနားက ပြင်ရင်း စိတ်ပျက်ပြီး အကုန်ကို ဒလိ လုပ်လိုက်တယ်။ အေးရော။ စိတ်ပါမှပဲ ဒီအကြောင်းအရာတွေကို ပြန်ရေးတော့မယ်။

မနက်ဖြန် အမေများနေ့ ဆိုလို့ အဲဒီအတွက် တစ်ပုဒ်ရေးနေတုန်းပါပဲ။ အခု ဘလော့ တော်တော်များများမှာ အမေ အကြောင်းတွေ ရေးကြ ၊ တင်ကြ လို့ သွားဖတ်ပါတယ်။ ရေးလိုက်ကြတာ အမေကောင်းကြောင်း ၊ အမေကို ချစ်ကြောင်းတွေချည်းပဲ။ သြော်. . . သူတို့ပဲ အမေချစ်တတ်တာ ကြနေတာပဲလို့ တောင်မှ တွေးမိသေး :P ဆောရီးနော်. . နောက်တာပါ။ တကယ် ပြောတာ . . ။

ဒါကြောင့် ကျွန်တော် စဉ်းစားမိတာလေးပါ။ ဒီလောက်တောင်မှ ဘလော့ပေါ်မှာ အမေကို ချစ်တတ်နေရင် အပြင်မှာ အမေ ပြောသမျှ ဟုတ်ကဲ့ ဆိုပြီး နာခံတတ်တဲ့ သူလား လို့ပါ။ အပြင်မှာ နှုတ်လှန်ထိုးနေပြီး ဘလော့ပေါ်မှာမှ အမေကို ချစ်လိုက်တာ ဆိုတာမျိုးကြီး ဒီလိုတော့ ကျွန်တော် မခံစားတတ်ဘူး။ ကျွန်တော် မရေးချင်ဘူးဗျာ။ 

ဒါကြောင့် အခု ကျွန်တော် ရေးလက်စ အမေဝတ္ထုလေးကို အခုပဲ ဒလိ လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ လေးလေးနက်နက် ပြောမယ်ဗျာ။ ကျွန်တော်က အဖေထက် အမေကို ပိုပြီး ချစ်ခဲ့တဲ့ သူပါ။ အမေ ပြောသမျှ ဟုတ်ကဲ့ ဆိုပြီး နာခံခဲ့တဲ့ သူပါ။ သို့သော်. . . .

သို့သော်. . . . ဆောရီး. . . ကျွန်တော် တခြား ရသ တစ်ခုပဲ ပေးနိုင်အောင် ကြိုးစား ရေးတော့မယ်။ လူမြင်ကောင်းအောင် ကျွန်တော် ချစ်ပြ မနေချင်တော့ဘူးဗျာ. . .။ ဒီအတွက် . . . ၊ ဒီပို့စ် အတွက်. . ၊ ပြီးတော့ . .နောက်ထပ် ရေးမဲ့ ပို့စ် အတွက်. . .

ဆောရီးပါ မေမေ. . ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

what is good things said...

ဆောရီးပါမေမေဆိုလို့ အမေအကြောင်းလေးပဲ ဖြစ်မယ်ထင်
နေတာ။ ခုတော့ မရေးဖြစ်တာကိုး။ အမှန်အတိုင်းဖွင့်ဟ ပြောတာ ကောင်းပါတယ်။ ရေးထားပုံလေး သဘောကျ တယ်။ ပွင့်ပွင့်လင်းလင်းပဲ။
ဒါပေမယ့် ကိုယ်လည်း အမေ့အကြောင်းတင်ဖို့တော့လုပ် ထားတယ်။

mysterysnow said...

ကိုဇော် ပြောသလိုပါပဲ...
ဆောရီးလို့ ပြောမထွက်လောက်အောင်
မိခင်အပေါ် ပျက်ကွက်နေတာတွေ ရှိတတ်ကြတယ်လေ...


နှင်းနဲ့မာယာ

မြစ်ကျိုးအင်း said...

အမေကိုချစ်တဲ့နေ့တိုင်း စိတ်ချမ်းသာအောင် ထားတဲ့ နေ့တိုင်းက အမေများနေ့ပါပဲ။
အမေကိုချစ်ဖို့ အထိမ်းအမှတ်နေ့အထိ စောင့်စရာ မလိုသလို တကူးတက လုပ်စရာ မလိုဘူးလို့ တွေးမိတယ်။
ဒါပေမယ့်လည်း သူတို့လည်း အချိန်တိုင်း ချစ်မှာပါပဲ။ ဒီနေ့တော့ အမေ့အတွက် ကျွန်တော် ကျွန်မတို့ ချစ်ကြောင်း စာဖွဲ့ပါတယ် လို့ ပြောဖြစ်မှာပါ။ ဒါဆိုရင် အမေလည်း ပိုပျော်သွားနိင်မယ် ထင်တယ်။ ကျွန်တော်လည်း ရေးဖို့ စိတ်မကူးထားဘူး။
ရေးရင် နောက်တစ်ရက်ရက်မှ ရေးတာပေါ့။

Unknown said...

သူငယ်ချင်းရေ အမေများနေ့မှ အမေကို ချစ်ရမှာ မဟုတ်ပါဘူး. နေ့တိုင်းက အမေ့ကို အလေးထား ကြည်ညို ဦးချရမှာပါ.. ဒါပေမယ့် ဒီနေ့လေးဟာ ကမ္ဘာနဲ့အ၀ှမ်း တစ်ညီတစ်ညာတည်း အမေတွေအတွက် အမှတ်တရ အထိမ်းအမှတ် ပွဲလေးတွေ ပြုလုပ်လို့ ရအောင် အမေနေ့ လို့ သတ်မှတ်ထားတာမို့လား.. ဒါကြောင့် အမေနေ့မှာ အမေ့အတွက် အချိန်ပေးပြီး အမေ ပျော်ရွှင်အောင် ဖန်တီးနိုင်ပါစေ...

ရွှေနတ်သား said...

ကျွန်တော်လည်းအမေကိုချစ်ပေမဲ့  သားကောင်းတစ်ယောက်တော့မဖြစ်သေးပါဘူးကိုဇော်ရယ်...

မြသွေးနီ said...

အမေဟာ တကယ်တော့ အမေပါပဲ။
သားသမီးတိုင်းအတွက် အမေဆိုတာ...
ရှိကိုရှိခဲ့တာ..။

Unknown said...

လောကမှာ-အမေဆိုတာ တန်ဖိုးမဖြတ်နှိင်သောဆုလာဘ်ကြီးတစ်ခု ပါပဲ-အမေနေ့ဆိုတာ-ဘုန်းဘုန်းတို့အမြင်မှာတော့သီးခြားရှိမနေပါဘူး၊နေ့တိုင်းဟာအမေရဲ့နေ့တွေချည်းပါပဲ၊ဘာကြောင့်လဲဆိုတော့၊အမေတွေဟာသားတွေကို အခုလိုလူလောကကြီးထဲရောက်အောင်/လူလားမြောက်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတွေဟာ သားတွေရဲ့အသက်ရှင်နေသမျှ နေ့တိုင်းဟာ -အမေရဲ့နေ့တွေပါပဲ။ဘုရာရှင်ကိုယ်တော်မြတ်ကြ၊ီးတောင်မှ အမေရဲ့ကျေးဇူး(နို့ဖိုး)ကိုတ၀က်လောက်ပဲဆက်နိုင်ခဲ့တယ်လို့ဆိုပါတယ်၊ဘုန်းဘုန်းတို့သာမန်ပုထုဇဉ်တွေမှာတ၀က်မပြောပါနဲ့ တဆက်လောက်တောင်ဆက်နိုင်ပါ့မလာ။

Anonymous said...

ဘာပဲ ဖြစ်နေဖြစ်နေ အမေဟာ တကယ်တော့အမေပါပဲ ကိုဇော်ရယ်....
may