မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 May 2010

7 ကျည်ဆံကာ မိန့်ခွန်း




၁၉၁၂ ခုနှစ်တွင် သမ္မတလောင်း ရုဇဗဲ့သည် သမ္မတ ဖြစ်စေဖို့ မဲဆွယ် တရားများ လှည့်လည် ဟောကြားနေစဉ် မီလ်ဝေါ့ကီမြို့အတွက် ဟောပြောဖို့ ဟောပြောခန်းသို့ သွားရန် ကားပေါ် အတတ်တွင် လူတစ်ယောက် ပြေးလာကာ သူ့အား သေနတ်ဖြင့် အနီးကပ် ပစ်လေသည်။ ကျည်ဆံက ရင်ဘတ်ကို ထိမှန်ပြီး သူလဲကျသွားတော့ အနီးမှ သူ့လူများက သေနတ်သမားကို ဝိုင်းဖမ်းပြီး အဆုံးစီရင်ဖို့ ဒေါသတကြီး ပြင်ကြသည်။ လဲကျနေရာမှ သူ ကြိုးစားထတော့ ရင်ဘတ်မှာ သွေးတွေက စီးကျနေသည်။

“ ကျွန်တော့်ဆီကို ဒီသေနတ်သမားကို ခေါ်လာခဲ့ပါဗျာ။ ”

သူ့မှာ ရှိနေတဲ့ အားကုန်သုံးပြီး အော်ပြောလိုက်တယ်။ သူ့ဆီ ရောက်လာတဲ့ လူသတ်သမားအား ဒေါသထွက်နေတဲ့ လူအုပ်ကြီးထဲမှ ဆွဲခေါ်သွားပြီး . . .

“ သူ့ကို ဘာမှ မလုပ်ကြပါနဲ့ဗျာ ။ သူ့ဖာသာ ဥပဒေ အရ ခံစားသွားပါလိမ့်မယ်။ ”

ဟု ဆို၍ ရဲ အရာရှိ လက်ထဲသို့ သေသေချာချာ အပ်ပြီး သူ့ကို ဟောပြောပွဲသို့ ခေါ်ဆောင်သွားမည့် ကားပေါ်တွင် ခွေခွေလေး လဲနေလေတော့သည်။ သူ့အဖွဲ့သားများက ဆေးရုံသို့ မောင်းရန် ပြင်ဆင်လေသည်။ သို့သော် ရုဇဗဲ့က လက်မခံ။ သွေးတွေ ထွက်နေရင်းကကို ကားပေါ်မှ ပြန်ဆင်းကာ ဟိုတယ် အခန်းထဲသို့ ယိုင်ထိုးထိုး ဝင်သွားကာ သွေးများပေ နေသော သူ့အဝတ်အစားများကို လဲသည်။ ပြီးတော့ ပြန်ထွက်လာကာ မူလအစီအစဉ်အတိုင်း ဟောပြောပွဲ ခန်းမသို့ပဲ မောင်းခိုင်းသည်။

ဟောပြောပွဲ ခန်းမရောက်တော့ သေနတ်ဒဏ်ရာကို သွေးထပ်မထွက်စေရန် အဝတ်နဲ့ ထပ်စီး၍ သူ့အား စောင့်နေသော ပရိတ်သတ်ကို ဟောပြောရန် စင်ပေါ်သို့ တတ်သွားသည်။ သူစပြီး မိန့်ခွန်းပြောတော့ အသံက တိုးတိုး။

“ ဒီအချိန်မှာ ကျွန်တော် အသံကို ကျယ်ကျယ် မပြောနိုင်တဲ့ အတွက် ခွင့်လွှတ်ပေးစေလိုပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်တော် အကျယ်ဆုံး ပြောပါ့မယ်။ သည်းခံပြီးတော့ နားထောင်ပေးပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ရင်ဘတ်ထဲမှာ ကျည်ဆံ တစ်ထောင့်က ရှိနေလို့ပါ။ ”

သူက ဒီလို ပြောတော့ အောက်က ပရိတ်ကြီးက နားမလည် ၊ သူနောက်နေတယ် လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့ ဆက်ပြီး ငြိမ်ကာ နားထောင်နေတယ်။ သူက ဟောပြောပွဲကို စဖို့ သူ့ရဲ့ ရင်ဘတ်ထဲက မိန့်ခွန်းစာရွက်ကို ထုတ်လိုက်မှ ပရိတ်သတ်တွေ အားလုံး “ ဟင် ” ဆိုသော အသံတွေ ပြိုင်တူ ခန်းမ တစ်ခုလုံး လျှံထွက်တယ်။ ဟုတ်တယ်။ သူ့ရဲ့ မိန့်ခွန်း စာရွက်မှာ သူ့ရင်ဘတ်ထဲကို ကျည်ဆံက ဖောက်ဝင်တုန်းက ထွက်ခဲ့တဲ့ သွေးတွေနဲ့ ကျည်ဆံ ဝင်သွားရာ အပေါက်ကို မြင်လိုက်ကြရလို့ပါပဲ။

“ ကျွန်တော် တစ်ညလုံး ဒီနေ့ ဟောပြောပွဲ အတွက် အကောင်းဆုံး ဖြစ်အောင် မိန့်ခွန်းတွေကို ပြင်ဆင်ပြီး ရေးခဲ့ပါတယ်။ ”

သူက လေသံတိုးတိုးနဲ့ ပြောတယ်။

“ ဒါကြောင့် မထင်မှတ်ပဲ အခု မိန့်ခွန်းစာရွက်က အတော်ကြီးကို ထူနေခဲ့တယ်။ အခုတော့ ဒီထူနေတဲ့ မိန့်ခွန်းစာရွက်ကို ရင်ဘတ်ထဲ ထည့်ထားမိတဲ့ အတွက် လူသတ်သမားက ပစ်လိုက်တဲ့ ကျည်ဆံက ဒီမိန်ခွန်းစာရွက် အထူကြောင့် ကျွန်တော့်ကို သေလောက်အောင် ဒဏ်ရာ မရခဲ့တာပါ။ ဒါကြောင့် ကျွန်တော် အခု မိန့်ခွန်း ဆက်ပြောခွင့် ရနေတာပါ။ ဒါပေမဲ့ ကျည်ဆံကတော့ ကျွန်တော့်ရင်ဘတ်ထဲမှာ ရှိနေပါတယ်။

တကယ်လို့ ကျွန်တော်သာ မိန့်ခွန်းကို ပြီးပြီးရော အတိုလေး ချရေးပြီး စာမျက်နှာ ၃ မျက်နှာလောက် ဆိုပြီး အတိုချုံးရေးမိခဲ့ရင် ကျည်ဆံက ကျွန်တော် ကျောပြင်က ဖောက်ထွက်သွားမှာပါပဲ။ အခုတော့ မိန့်ခွန်း စာရွက် ထူထူတွေကြောင့် ကျွန်တော့်ကို သေလောက်အောင် ဒဏ်ရာ မဖြစ်စေပဲ ရင်ဘတ်ထဲမှာသာ ကျည်ဆံက ကိန်းအောင်းနေပါတော့တယ်။ ”

ဒီလို အစပြုပြီး ရုစဗဲ့ က ထိုနေ့က မိန့်ခွန်းကို တစ်နာရီခွဲမျှ ကြာအောင် ဟောပြောသွားခဲ့တယ်။ ပြီးမှ သူရဲ့ အစောင့်အရှောက်များ ခေါ်ဆောင်ရာ ဆေးရုံသို့ လိုက်ပါသွားလေသည်။ ထိုနေ့က ဟောပြောခဲ့သော မိန့်ခွန်းကို ရုဇဗဲ့၏  ကျည်ဆံကာ မိန့်ခွန်း ” ဟူ၍ ထင်ရှားခဲ့ပါသည်။



source; Making Life Of Masterpiece By O.S.Marden
ကိုဇော် ခံစားတင်ပြသည်။
4.5.2010
.

Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကျေးဇူးတင်ပါတယ် .. အခုလို ရုဇဗဲ့ အကြောင်း သိလိုက် ရတဲ့အတွက် သူ့ကို ပိုပြီး လေးစားမိသလို
မျှဝေပေးတဲ့သူကိုလည်း ကျေးဇူး အထူး ပါ .....

mie nge

mon said...

ညက်စိမကောင်းဘူးပြောပြီး သူပဲ ပို့စ်ဒေတစ်ခုပြီးတစ်ခုတက်လို့။
ညက်မှန်းတပ်လိုက်ပါလေ :D

တခါတလေလာလည်ဖတ်သူတစ်ဦး

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းတယ်ဗျို့ တိုတို ရှင်းရှင်း နဲ့ ဗဟုသုတ တစ်ခုရ တယ်....

မြသွေးနီ said...

ဗဟုသုတရတယ်ဗျို့..။ အဲ့ဒီလို ဖြစ်ရပ်မှန် ဗဟုသုတလေးတွေ ထပ်ပြီး ဖတ်ချင်ပါသေးတယ်။

Unknown said...

အော်.. အဲဒီတုန်းက အဲဒီလို ဖြစ်ခဲ့တာကိုး.. လေးစားလောက်တဲ့ ပဂ္ဂိုလ်တစ်ဦးအကြောင်း ဗဟုသုတရလို့ ကျေးဇူးပါ ကိုဇော်ရေ...

Unknown said...

တိုင်းပြည်နဲ့ ပတ်သက်လာရင် လေးစားစရာကောင်းတဲ့ လူတစ်ဦးဘဲနော်
အဲဒါကြောင့်လည်း ကျော်ကြားပါပေတယ်ဗျာ

Unknown said...

ရေလည်လေးစားပါတယ်...သူ့ ရဲ့ ကျည်ဆန်ကာမိန့် ခွန်းကိုလည်းဖတ်ချင်သွားပြီ။