မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 May 2010

11 စီဘောက်မှ တဆင့်. .



စီဘောက်ပေါ်မှာ တစ်ယောက်က ဒီလို ပြောသွားတယ်။

အောင်မော်: ကိုဇော် http://lamintayar-singapore.blogspot.com/2010/04/blog-post_26.html ကိုဇော် ကျနော်ပေးထားတဲ့ blog မှာကြည့်ပြီးရင် ဘယ်နေရာလဲဆိုတာ နဲ့ဘာကြောင့်ဆိုတာလေး ပြောပြပေးပါလားခင်ဗျာ။ မလေးမှာနေတဲ့သူမို့မေးတာနော်.. .စိတ်မရှိပါနဲ့။

ကျွန်တော် သွားကြည့်တော့ အောက်ပါ အတိုင်း တွေ့ရတယ်။ ခေါင်းစဉ်ကတော့ ဒီလို တပ်ထားတယ်။

မလေးရှား မူဆလင် အစိုးရရဲ. ဗုဒ္ဒ ဘာသာအပေါ ထား ရှိသော စိတ် ထား Movie လေးပါ




ဒီတော့ ကျွန်တော် ဒီလို ပြန်ရေးပါတယ်။ သေချာပါတယ်လို့ ကျွန်တော် အတိအကျ မပြောနိုင်ပါ။ ဘာလို့လဲ ဆိုတော့ အခုလို ဖြစ်ခဲ့တာတွေက အရင်က ဆိုတော့ ကျွန်တော် မရောက်သေးပါ။ ဒီထက် သေချာ စေချင်ရင်တော့ မလေးရှား အမျိုးသား ပြတိုက်ကို သွားကြည့်ပါ။ အခုကတော့ ကျွန်တော် သတိသမျှ လောက်ကို ပြန်ပြောပြတာပဲ ဖြစ်တယ်။

အရင်က မလေးရှား ၊ အင်ဒိုနီးရှား ဆိုတာတွေက ဗုဒ္ဓဘာသာ နိုင်ငံတွေပါ။ နောက်မှ ကုန်သည်တွေနဲ့ အတူ ပါလာတဲ့ ဘာသာက အတင်းအကြပ် လွှမ်းမိုးရင်း မူစလင် ဘာသာကို အတင်းအကြပ်အပြောင်းခံရတာ။ အဲဒီတုန်းက အသိဥာဏ်လည်း နည်းခဲ့ကြတာကိုး။

နောက်တော့. . . အဲဒီ ဘာသာကနေ ထွက်ရင် အသက်ရှင်လျက် ထွက်လို့ မရဘူး ဆိုတော့ လူတွေလည်း ကြောက်ပြီး မြဲကြတာပါ။ ဒါပေမဲ့ သူတို့ စည်းကမ်း သူတို့ မလိုက်နိုင်ပါဘူး။ အခု ဒီဗီဒီယို ဖိုင်က ဘယ်နေရာမှာလဲ ဆိုတော့ အင်ဒိုနီးရှားနဲ့ နီးတဲ့ နေရာ တစ်ခုမှာ ဖြစ်ပါလိမ့်မယ်။

အရင်က မဟာသီ ရဲ့ လက်ထောက်တစ်ယောက်ရှိတယ်။ သူက မဟာသီရဲ့ အမြင်နဲ့ ဆန့်ကျင့်ဘက် ဖြစ်တယ်။ သူ့နာမည်က “ အာဒဝီ ” လို့ခေါ်တယ်။ “ ဘာဒါဝီ ” မဟုတ်ပါ။ တစ်နေ့ မဟာသီ တွေ့ဆုံပွဲ တစ်ခု အတွက် နိုင်ငံခြား ထွက်နေတုန်း သူက မဟာသီကို ထောက်ခံတဲ့ သူတွေ အားလုံးကို ဖမ်းပြီး ထောင်ထဲ ထည့်တယ်။ အဲဒီ လူနေရာမှာ သူ့လူတွေကို ထည့်တယ်။ သူရဲ့ အဖြစ်စေချင်ဆုံးက ဘာလဲ ဆိုတော့ “ ဒီနိုင်ငံမှာ မူစလင်ကိုသာ ကိုးကွယ်တဲ့ မလေး နိုင်ငံသားပဲ ရှိရမယ်။ ” ဆိုတဲ့ စိတ်အစွဲကြောင့်  တရုတ်တွေကို ရက်စက်စွာ သူ့မှာ အာဏာ ရှိလာချိန်လေးမှာ လုပ်တော့တာပဲ။

ဒါကြောင့် မလေး - တရုတ် အဓိကရုံးတွေလည်း ဖြစ်ခဲ့ရသလို တရုတ်တွေလည်း တော်တော် သေခဲ့ရတယ်။ အဲဒီ အချိန်မှာ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူဘုရားကျောင်းတွေကို ဖျက်ခဲ့တာပါ။ တော်တော်လည်း ပွက်လောရိုက်ပြီး မတည်ငြိမ်ခဲ့တဲ့ ခေတ်ကာလလို့ ဆိုရမှာပါပဲ။

ဒီသတင်းကို ကြားလို့ မဟာသီ ပြန်လာပြီး သူ့လူ ၊ လူယုံတွေနဲ့ အာဒဝီ ကို ဖမ်းပြီး အကျဉ်းချထားတာ အခု ထိပါပဲ။ မဟာသီရဲ့ အယူအဆက မလေးတွေနဲ့ချည်းဆိုရင် ဒီနိုင်ငံက မတိုးတတ်နိုင်ဘူး။ ဟုတ်ပါတယ် မလေးတွေက ငပျင်းတွေပါ၊ တရုတ်တွေနဲ့ နိုင်ငံခြားသားတွေကြောင့် မလေးရှား ဆိုတာ တိုးတတ်တာပါ။ ဒါကြောင့် တိုးတတ်မှုကို ရှေးရှုပြီး တရုတ်တွေကို စီးပွားရေး လုပ်ခိုင်းပြီး သူ့မလေးတွေကို အကာအကွယ် ပေးထားတာပါပဲ။ သူ့ရဲ့ လမ်းစဉ်ဟာ မှန်တယ် ဆိုတာကို တိုင်းပြည် တိုးတတ်တာနဲ့ ကြည့်ရင် မြင်သာပါတယ်။

နောက်ဆုံး တစ်ခု ပြောချင်တာကတော့ မဟာသီရဲ့ မျိုးရိုးဟာ မလေးနိုင်ငံသား အစစ် မဟုတ်ပါဘူး။ သူ့အဖေဟာ ဆင်းရဲ လွန်းလို့ မလေးရှား နိုင်ငံကို ရောက်လာတဲ့ “ အိန္ဒိယ လူမျိုး ” ဟိန္ဒူ ဘာသာဝင်သာ ဖြစ်တယ်။ နောက်မှ မလေးမ နဲ့ ယူပြီး နိုင်ငံသား ခံယူခဲ့တာပါ။

ဒါတွေ အားလုံးကို ကျွန်တော် သိသမျှ ဖော်ပြတာပဲ ဖြစ်တယ်။ အကျယ် သိချင်ရင်တော့ မလေးရှား အမျိုးသား ပြတိုက်မှာ သွားပြီး ကြည့်လို့ရပါတယ်။

( အခု ဘုရားဖြို တဲ့ နေရာကိုတော့ ဒါလေးပဲ ပြထားလို့ ကျွန်တော် သေချာ မသိပါ။ )

ကိုဇော်
.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

မိဇော်ရေ..
စောစောစီးစီး နိုးလာတုန်း
ခေါင်းစဉ်ကြောင့်စိတ်ဝင်စားပြီး လာဖတ်တာ..
ဘယ်သူကများ စီဘောက်ကနေ နင့်ကို
ရည်းစားစကားပြောသွားသလဲလို့လေ...
ပိုစ့်ကလေးကိုဖတ်ပြီး ဗဟုသုတ စုံလွန်းလို့..
တကယ်ကို လှိုက်လှိုက်လှဲလှဲ
ချီးကျူးမိပါတယ်.. တော်ပါပေတယ်..
လေ့လာအားကောင်းလှတယ်..

~ဏီလင်းညို~ said...

ကိုဇော်ရေ......
စောစောက မန့်တာဘယ်ပျောက်သွားတယ်မသိလို့ ........း))

ဟိုတုန်းက ဖြစ်ခဲ့တာတွေဆိုပေမယ့် ဘုရားတွေဖျက်ခံရတာမြင်ရတော့ စိတ်ထဲမှာမကောင်းဖြစ်မိရတယ်ဗျနော့်.....။

မလေးတွေက ငပျင်းတွေများတယ်.... ဆိုတာတော့ ကိုယ်တွေ့မို့ ထောက်ခံတယ်ဗျာ...........း)))

ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

၇င်ထဲမှာ မကောင်းလိုက်တာ..

အောင်မော် said...

ကျေးဇူးတင်ပါတယ်။

အောင်မော် said...

အတ္တကိုကိုးကွယ်တဲ့သူတွေ၇ဲ့ သဘောထားတွေပေါ့ဗျာ။

nla said...

i am just curious. So people in Malaysia cannot follow Buddhism?

ကိုဇော် said...

Yes, nla.
Malaysia was follow Islam.
But, they can't control their spirit.
Just name.

Unknown said...

ဟေး ငါလဲ အခုမှသိရတယ် ဒီအကြောင်းတွေ တော်တော် ဆိုးဝါးတဲ့ လူဘဲနော် ဒီ အာဒ၀ီ ဆိုတဲ့လူ.. ဗဟုသုတတွေ အတွက် ကျေးဇူးဘဲ...

မြသွေးနီ said...

ဘာပဲဖြစ်ဖြစ် ကိုယ်က ဗုဒ္ဓဘာသာဝင်ဆိုတော့
ဒီလိုမျိုးတွေ့ရရင် စိတ်ထဲ မကောင်းဘူးဟာ..။

မောင်မိုး said...

ဒီ movie ဖိုင်လေးကို ကြည့်ပြီးတာကြာပြီ။ အစက ကျနော်လည်း မလေးမှာ ဖြစ်ခဲ့တာလို့ပဲ ထင်နေတယ်။ စိတ်အထိခိုက်ဆုံးက ဘုန်းကြီးခမျာ လက်ချည်းဗလာ ထွက်သွားတဲ့ ပုံပဲ။ ဒီကောင်တွေ တော်တော်လူပါးဝတယ်ဗျာ။

သော်ဇင်စိုး said...

မလေးတွေက သူတို့အထီးကျန်မှုကို သူတို့ကိုယ်တိုင် ဖန်တီးနေကြတာပါ သူတို့ရဲ့အကြောက်တရားနဲ့ ဘယ်သူကိုမှမယုံပဲ လက်ဝါးကြီးအုပ်ထားချင်တာပါ