မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 January 2010

2 ကောင်းကင်ရေ



ကောင်းကင်ရေ...

ဟိုမှာ သိုးအုပ်
နှင်းအဆုပ်ဆုပ် ၊ ဂွမ်းအုပ်တွေပမာ
နုညံ့လိုက်တာ။

ဒီမှာ ဘီလူးရုပ်
လေပြင်းမှာ တိမ်ကြွ
ငါ လန့်လိုက်တာ။

ဟိုမှာ ဂျာအေး
သူ့အမေ လိုက်ရိုက်လိုက်ပုံများ
ကို့ယို့ကားယား နိုင်လွန်းလှတယ်။

ဒီမှာ တိမ်ညို
ရွာမလိုနဲ့ မိုးပြိုလာပုံများ
ကမန်းကတမ်း နိုင်လွန်းတယ်။

ဟိုမှာ တိမ်ဖြူဖြူ
မြူနှင်းတွေအလား
ဝိုးတဝါးနဲ့ ပဲမြင်ရတယ်။

ဒီမှာ ကောင်းကင်ပြာ
ကြည်စင်ပြီး တိမ်ကင်း
ငါ့အမြင် ရှင်းလှတယ်။

ငါလေ အားတိုင်း
တိမ်တွေကို ငေး
ကောင်းကင်အကြောင်းကို တွေးတယ်။

သိုးအုပ် ၊ ဘီလူးရုပ်
ဂျာအေး ၊ တိမ်ညို
တိမ်ဖြူဖြူ နဲ့ ကောင်းကင်ပြာ
ကောင်းကင်ရေ.....
ကောင်းကင်ရေ.....
ကောင်းကင်ရေ.....
တိမ်အစုစု လေနုမှာ ပုံဖော်
ငါလေ ပျော်လိုက်တာ။

ကိုဇော်




http://zaw357.multiply.com/journal/item/366/366 မှာ 28.5.2009 ကရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

အဆိပ်သင့်သူ said...

ကောင်းကင်ရေ ကဗျာမှာ ခေါင်းစဉ်လေးပဲမြင်ရတယ်ရှင်။
စာသားတွေမတွေ့လို့မဖတ်ရဘူး။နောက်မှသတိရမိလို့ဆလက်လုပ်
ပြီးဖတ်တာ ရသွားတယ်ရှင်။
ကောင်းလိုက်တဲ့ကဗျာလေးပါ။
တစ်စုံတစ်ယောက်တော့မသိဘူး။
ကျွန်မတော့ မျက်လုံးထဲမှာတိမ်တွေကောင်းကင်မှာ အစုလိုက်ပုံလေးတွေမြင်လို့ ရင်တောင်တသိမ့်သိမ့်တုန်မိပေါ့။

အဆိပ်သင့်သူ said...

ကောင်းကင်ရေ ကဗျာမှာ ခေါင်းစဉ်လေးပဲမြင်ရတယ်ရှင်။
စာသားတွေမတွေ့လို့မဖတ်ရဘူး။နောက်မှသတိရမိလို့ဆလက်လုပ်
ပြီးဖတ်တာ ရသွားတယ်ရှင်။
ကောင်းလိုက်တဲ့ကဗျာလေးပါ။
တစ်စုံတစ်ယောက်တော့မသိဘူး။
ကျွန်မတော့ မျက်လုံးထဲမှာတိမ်တွေကောင်းကင်မှာ အစုလိုက်ပုံလေးတွေမြင်လို့ ရင်တောင်တသိမ့်သိမ့်တုန်မိပေါ့။