မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 January 2010

0 အပြုံးများ ( ၁ )

လောကမှာ ငွေကြေးလည်း ကုန်ကျစရာ မလို ၊ ကိုယ်လည်း စိတ်ချမ်းမှုကို ရစေပြီး ၊ တစ်ဖက်သားအတွက်လည်း စိတ်ချမ်းပျော်ရွှင်မှုကို ဖြစ်စေနိုင်သော အံ့သြစရာ အလုပ်တစ်ခုကို ပြပါ ဆိုရင် “ အပြုံး ” ကိုပဲ ပြရပါလိမ့်သည်။ ထိုကြောင့် အပြုံးနဲ့ ပတ်သတ်ပြီး ဖတ်ထားမိသော စာလေးတွေကိုလည်း စုထားမိပါသည်။ ထိုစာများကိုလည်း အပြုံးများခေါင်းစဉ် အောက်မှာ ရေးသားမည် ဖြစ်ပြီး Tag အနေနဲ့ အပြုံး ဟု ကျွန်တော် ယူပါမည်။ ( ကိုဇော်ကတော့ ခေါင်းစဉ်တွေ စွတ်ခွဲနေတာပဲလို့ မပြောနဲ့နော် :P ။ စိတ်ပါရာလေးတွေ ရေးရတာ။ )

အပြုံးဆိုတာ နေ့အလင်းကို ပိုပြီးတောက်ပြစေသည်။ အပြုံးဆိုတာ အမှောင်ထုကို ပြိုကွဲစေသည်။ အပြုံးဆိုတာ ငိုနေသူတွေကို မိန်းမောစေသည်။ အပြုံးဆိုတာ နေ့တစ်နေ့လုံးကို လန်းဆန်းတတ်ကြွစေသည်။ အပြုံးဆိုတာ ဆေးမည်သည်။ ဘာလို့လဲ ဆိုတော့ အောက်ပါ အဖြစ်အပျက်လေးတစ်ခုက ထိုသို့ သက်သေပြထားသည်။

ကျွန်တော့်ဘဝမှာ စိတ်ပျက် ၊ စိတ်ဓါတ်အကြီးအကျယ်ကျနေသော အချိန်တစ်ခု ရှိခဲ့ဖူးပါတယ် ထိုအချိန်က ကျွန်တော် ဒေးလ်ကာနက်ဂျီရဲ့ ဘဝမှာ အဆိုးဆုံး အချိန်ဟူ၍ ပြောလို့ ရမည်။ ကျွန်တော် အလွန် စိတ်ဓါတ်ကျနေတယ်။ ဘယ်လောက်တောင်မှ စိတ်ဓါတ်ကျနေလဲ ဆိုရင် မြစ်ထဲခုန်ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဒီနေ့ ဒီအချိန်ဟာ နောက်ဆုံးအချိန်ဖြစ်တယ် လို့ ကျွန်တော် ကိုယ့်ဖာသာကိုယ် သတ်မှတ်ရင်း မြစ်ကို သွားဖို့ ကျွန်တော် အိမ်ကနေ ထွက်လာခဲ့ပါတယ်။

စိတ်ပျက် ၊ စိတ်ဓါတ်ကျနေသူ အဖို့ လောကကြီးက ဘယ်နေရာကို ကြည့်ကြည့် သာယာ လှပမှု မရှိခဲ့ပါဘူး။ အားလုံးဟာ မီးခိုးရောင် ၊ မဲမဲမှောင် ။ ကျွန်တော် မြစ်သို့သွားဖို့ ဖြတ်သန်းလာခဲ့တဲ့ လမ်းလေးတစ်ခုကို အဖြတ်မှာတော့ လူတစ်ယောက်က ကျွန်တော့်ကို လှမ်းပြီး “ ဟဲလို . . မစ္စတာ.။ ” ဟု နှုတ်ဆက်ပါတယ်။ ကျွန်တော် လှည့်ကြည့်တော့ သူ့ကို ကျွန်တော် မသိပါ။ သူ့ကို တစ်ခါမှလည်း မမြင်ဖူးပါ။ သို့သော် သူ့အပြုံးတွေက တောက်ပလွန်းသည်။ ဒီထက်ပိုထူးခြားတာက ထိုလူမှာ ခြေထောက်နှစ်ချောင်းလုံး လုံးဝ မရှိပါ။

သူက စကိတ်စီးသော ပျဉ်ချပ်လေးပေါ်မှာ ထိုင်လျှက် ကျွန်တော့်ကို ပြုံး၍ ကြည့်နေတယ်။ ထိုလူရဲ့ အခြေအနေက တကယ်ဆို စိတ်ပျက် အားငယ်စရာ။ သို့သော် အခု သူ့မှာ အလွန်တောက်ပသော အပြုံးတစ်ခုကို ပိုင်ဆိုင်ထားသည်။ ကျွန်တော် သူ့ကို မပြုံးနိုင်ပဲ ပြန်ကြည့်လိုက်တော့ သူက ပြောတယ်။

“ မစ္စတာ ခဲတံလေးများ မဝယ်ချင်ဘူးလားဗျာ။ ”

လို့ ပြောပြီး သူ ခဲတံရောင်းတယ်။ သေဖို့ မြစ်ဆိပ်ကို သွားနေသူတစ်ယောက်က ခဲတံ ဘာများလုပ်ဖို့လဲဗျာ။ သူရောင်းနေတဲ့ ခဲတဲက တစ်ထုပ်ကို တစ်ဒေါ်လာလို့ ရေးထားတယ်။ ကျွန်တော် တစ်ဒေါ်လာတန် တစ်ရွက် ထုတ်ပြီး သူ့ကို ပေးလိုက်တယ်။ ပြီးတော့ သူပေးနေတဲ့ ခဲတံကို မယူပဲ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ မကြာခင်သေတော့မဲ့ လူတစ်ယောက်က ခဲတံတွေကို ဘယ်နေရာမှာ အသုံးချရမလဲ။

ကျွန်တော် လှည့်ထွက်လာတော့ သူက နောက်ကနေ ပျဉ်ချပ်လေးကို လက်ထောက်တွန်းရွေ့ရင်း. . .

“ မစ္စတာ ခဲတံ ယူဖို့ မေ့သွားပါတယ်။ ”

လို့ ပြောပြီး ကျွန်တော်နောက်ကို လိုက်ပေးတယ်။ စိတ်ရှုပ်ထွေးနေတဲ့ ကျွန်တော့်အဖို့ သူ့ကို စကားများများ မပြောနိုင်ပါ။

“ ကျွန်တော် ခဲတံ မလိုချင်ပါဘူး။ ”

ဒါပဲ။ ကျွန်တော် ပြောပြီး ဆက်လျှောက်လာတယ်။ ကျွန်တော် စိတ်တွေကို ညစ်နွမ်းမှုတွေ ဖုံးအုပ်လေးလံရင်း ကျွန်တော် မြစ်ဆီသို့ ရောက်လျှောက်တာ။ ကျွန်တော် သတိမထားမိတာက ကျွန်တော် လျှောက်သွားလေရာ လမ်းတလျှောက် ဒီလူကလည်း နောက်ကနေ စကိတ်စီးသော ပျဉ်ချပ်လေးကို လက်နဲ့ တွန်းရွေ့ ရွေ့ရင်း လိုက်ပါလာတာပါပဲ။ သူ ရပ်ကွက် နှစ်ခုလောက် ကျွန်တော်နောက်က လိုက်အပြီးမှာတော့ ကျွန်တော် သူ့ကို သတိထားမိတယ်။

“ ခင်ဗျား ဘာလို့ ကျွန်တော့်နောက် လိုက်နေတာလဲ။ ”

သူက ပျဉ်ချပ်လေးကို တွန်းပြီး လိုက်ထားရတဲ့ မောပန်းမှု နဲ့ နေခြည်နုနုရဲ့ အောက်က နွမ်းနယ်မှုတွေကို သက်သေပြတဲ့ အနေနဲ့ သူ့မျက်နှာမှာ ချွေးတွေ အသီးသီး တပ်ဆင်ထားတယ်။ သို့သော် သူ့ရဲ့ မျက်နှာကတော့ ပြုံးနေတာပါပဲ။ သူ အပြုံးမပျက်။

“ မစ္စတာ ခဲတံ .ယူဖို့ မေ့ကျန်သွားတယ်လေ။ ဒါကြောင့် မစ္စတာ ယူချင်တဲ့ အချိန် ယူလို့ရအောင် လိုက်ပေးနေတာပါ။ ”

“ ကျွန်တော် ခဲတံ မလိုပါဘူး။ ခင်ဗျားကို လိုချင်နေတဲ့ ငွေပေးလိုက်တာပါ။ ”

“ ကျွန်တော် ငွေကို အလကားမယူချင်ပါဘူး။ ကျွန်တော်က ခဲတံ ရောင်းနေတာပါ။ တကယ်လို့ ခဲတံကို မယူလိုဘူးဆိုရင် ကျွန်တော်လည်း ပိုက်ဆံ ပြန်ပေးရပါလိမ့်မယ်။ ”

သူက ဒီလိုသာ ပြောနေတယ်။ သူ့ရဲ့ မျက်နှာမှာ အပြုံးတစ်ချက်မှ မပျက်။ ကျွန်တော့်အတွက် အံ့သြစရာ ဖြစ်နေတယ်။ ခြေနှစ်ဖက်လုံး မရှိပဲ ခဲတံ ရောင်းစားနေရသော သူတစ်ယောက်တောင်မှ သူ့ရဲ့ ဘဝကို အကောင်းဆုံး ရပ်တည်နေပြီး အပြုံးနဲ့ လောကကို ဆက်ဆံနေနိုင်ခဲ့တယ်။

ကျွန်တော် ခြေ ၊ လက် အကောင်းကြီး။ ဘာလို့ လောကကို အပြုံးနဲ့ ရင်မဆိုင်နိုင်ပဲ သေကြောင်းကြံစည်ဖို့ စိတ်ကူးနေမိပါသလဲ။ ကျွန်တော် ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းရှက်သွားမိတယ်။ ဒါကြောင့် သူ ပြုံးနေသော မျက်နှာနဲ့ လှမ်းပေးနေတဲ့ သူ့ခဲတံကို ကျွန်တော် လှမ်းယူလိုက်ပြီး “ ကျေးဇူးတင်ပါတယ်။ ” လို့ ကျွန်တော် လှမ်းပြောမိတယ်။

ကျွန်တော် သူ့ကို ကျေးဇူးတင်လိုက်တာ သူ့ရဲ့ ခဲတံလေးနဲ့ သူ့ရဲ့ အပြုံးက ကျွန်တော် အသက်ကို ကယ်ခဲ့လို့ပါပဲ။ အခု ကျွန်တော် မသေချင်တော့ပါ။ ခြေထောက်လုံးဝ မရှိသော သူတစ်ယောက်တောင်မှ သူ့ဘဝ နဲ့ လောကကြီးကို အပြုံးနဲ့ ရင်ဆိုင်နေနိုင်ရင် ကျွန်တော်ကရော ဘာလို့ ကျွန်တော့်ဘဝ နဲ့ လောကကြီးကို အပြုံးနဲ့ ရင်မဆိုင်နိုင်ရမှာလဲ။

ဒါကြောင့် ကျွန်တော်နဲ့ တွေ့ဆုံသော လူတိုင်းကို ကျွန်တော် ပြောပါတယ်။ မိမိနှင့် သိသိ မသိသိ ပြုံးပါ။ တစ်ဖက်လူ မပြုံးနိုင်ရင်လည်း မိမိကတော့ ပြုံးထားပါ။ ဘာလို့လဲ ဆိုတာတော့ “ အပြုံးဆိုတာ လူ့အသက်ကိုတောင်မှ ကယ်တင်နိုင်တယ်။ ဒါ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ”



source; Dale Carnegie Pencil With Smile
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.