မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 January 2010

2 စိတ်၏ပျော်ရွှင်ရာ


“ စိတ်ဆိုတာ မိမိဖြစ်ချင်တာကို မူတည်ပြီးလိုက်ပါ စေခိုင်းသော ကိစ္စတစ်ခု ဖြစ်လေသည်။ မိမိ နှစ်သက်သည် ၊ မနှစ်သက်သည် ဆိုတာကို လိုက်၍ ပျော်ရွှင်ခြင်း ၊ မပျော်ရွှင်ခြင်းကိုလည်း ဖြစ်ပေါ်စေတတ်သည် ” ဟု ပုံပြင်လေးတစ်ပုဒ်က အောက်ပါ အတိုင်းပြောသည်။

တစ်ခါက. . .

သားဖြစ်သူကို မိဘများက စာချဘုန်းတော်ကြီး တစ်ပါး ဖြစ်စေချင်သည်။ သူက အဆိုတော် တစ်ယောက် ဖြစ်ရန်သာ ဝါသနာပါသည်။ သို့သော် မိဘများ ဖြစ်စေချင်သော ဘုန်းတော်ကြီး ဖြစ်စေရန် ဘုန်းတော်ကြီးများ သင်တန်းကျောင်းသို့ သွား၍ တရားဟောပြောပုံ စာပေကျမ်းဂန်များကို လေ့လာဆည်းပူးသည်။ သူ လုံးဝ မပျော်။ မိဘများ ဖြစ်စေချင်သော ဘုန်းတော်ကြီး ဖြစ်ရန် သူကြိတ်မှိတ် အောင့်အီးက သင်တန်းကျောင်းမှာ သွားတတ်သည်။

သင်တန်းကလည်း စည်းကမ်း အလွန်ကြီးသည်။ ကျမ်းစာများကို နေ့စဉ် တကုတ်ကုတ်ဖြင့် လေ့လာကျတ်မှတ်ရသည်။ တစ်နှစ်နေတော့မှ ဖခင်နဲ့ တစ်ခါ တွေ့ခွင့်ရသည်။ ထိုအခါတွင်မှ ပြောဖို့ “ စကားလုံး နှစ်လုံး ” မျှသာ ပြောခွင့်ရှိသည်။ တခြား အရေးမပါသော စကားများ မပြောမိစေရ။ ကိုယ်ပြောချင်သော အဓိက အကြောင်းအချက်အလက်ကို စကားလုံး နှစ်လုံးဖြင့် သာ အထိရောက်ဆုံး ဖြစ်အောင် ပြောရတယ်။

သူ သင်တန်း
ပထမနှစ် တတ်ပြီးတော့ သူ့ဖခင်နဲ့ တွေ့ခွင့်ရတော့ သူ စကားနှစ်လုံးပြောတယ်။

“ ( Hard Bed ) အိပ်ယာတွေက မာတယ်။ ”

ဒါနဲ့ပဲ သူရဲ့ ပထမနှစ် ကျမ်းဂန်သင်တန်းဟာ ပြီးဆုံးပြီး ဆက်တိုက်ဆိုသလိုပဲ ဒုတိယနှစ် ကျမ်းဂန်သင်တန်း ဆက်တတ်ရတယ်။ သူဝါသနာ မပါတာကို လုပ်နေရတော့ စိတ်က မပါဘူး။ ဒါပေမဲ့ ဒုတိယနှစ် သင်တန်း ပြီးခဲ့တယ်။ ဒီတော့ သူ နောက်တစ်ခါ သူ့အဖေနဲ့ တွေ့ခွင့်ရခဲ့တယ်။ သူ့အဖေကိုတွေတော့ သူ ပြောလိုက်တယ်။ သူပြောခွင့်ရတဲ့ စကားလေး နှစ်လုံး. . .

“ ( Food Bad ) အစားအစာ ညံ့တယ်။  ”

ဒီလို သူရဲ့ ပြောပိုင်ခွင့်ကို ပြောအပြီးမှာတော့ သူ နောက်တတ်ရဲ့မဲ့ တတိယနှစ် ကျမ်းဂန်သင်တန်းကို ဆက်တတ်ခဲ့တယ်။ မိဘလုပ်စေချင်တာ လုပ်ရတဲ့ အတွက် သူ စိတ်မပါဘူး။ စိတ်မပါပဲ သူလုပ်ခဲ့တဲ့ အတွက် ပျော်ရွှင်မှုကို မခံစားရဘူး။ တတိယနှစ်ကုန်ပြီး သူ့အဖေနဲ့ တွေ့ခွင့်ရတော့ သူ ပြောတယ်။

“ ( Resign Monk ) လူထွက်တော့မယ်။ ”

လို့ ပြောတယ်။ ဒီတော့ သူ့အဖေက ဘာမှ မပြောပဲ အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့မှ သူ့မိန်းမကို ဘာပြောလဲဆိုတော့ . . .

“ သူက မိဘ စကားမို့လို့ မပယ်ရှားချင်လို့သာ နေနေရတာလေ။ နေ့စဉ်နေ့တိုင်း ပျော်မှ မပျော်တာလေ။ ဒါကြောင့် သူလူထွက်မယ် ဆိုတာ မထူးဆန်းပါဘူ။ သူ တစ်ချိန်လုံး ငြီးတွားနေတာလေ။ ဟုတ်တယ် မဟုတ်လား။

သူ့အတွက် စိတ်ပျော်ရွှင်မှုမှ မရှိတာ။ ဒါကြောင့် သူထွက်တော့မယ် ဆိုတာ ငါ့အတွက် ကြိုပြီး တွေးထားပြီးသားပါ။ ထွက်ပါစေကွာ.။ မထွက်ရင်လည်း သူ ဘုန်းတော်ကြီးဘဝနဲ့ ပျော်မှာ မဟုတ်ဘူး။ မပျော်ရင် သူမအောင်မြင်နိုင်သလို စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရမှာပဲလေ။ ”


ဒီပုံပြင်လေးက “ လူတွေမှာ ကိုယ် မနှစ်သက်တာကို လုပ်နေရင် ပျော်ရွှင်မှု မခံစားရသလို စိတ်ချမ်းသာမှုလည်း ကင်းဝေးစေတယ်။ နောက်ဆုံးတော့လည်း မအောင်မြင်နိုင်ဘူး။ အချိန်တွေ ကုန်ဆုံးစေတာနဲ့ပဲ ဘဝမှာ တိုးတတ်မှု ပျောက်ဆုံး စေနိုင်ပါတယ် ။ ” ဆိုသော သင်ခန်းစာများကို ပေးပါတယ်။

အခု စာဖတ်သူကရော ဘာတွေ လုပ်နေပါသလဲ။ ကိုယ်ပျော်ရွှင်သော ၊ ဝါသနာ ပါသော ၊ ကိုယ် စိတ်လက်ကြည်ရွှင် ပျော်ရွှင်သော နေရာတစ်ခုမှာ လုပ်နေတာ ဖြစ်ပါသလား။ မဟုတ်နဲ့ဘူးဆိုရင်တော့ ဘဝရဲ့ ပျော်ရွှင်မှုတွေကို သင်ဖြုန်းတီးမိနေပါပြီ။ ဘဝဆိုတာ ပျော်ရွှင်မှု နဲ့ ဖြတ်သန်းသင့်သော အရာ တစ်ခုပါ။ ဒါကြောင့် စာဖတ်သူရဲ့ ဘဝအတွက် မိမိပျော်ရွှင် ဝါသနာပါရာမှာသာ အခြေချ လုပ်ကိုင်သင့်ပါတယ်။ ဒါမှ “ အောင်မြင်မှု ” ဆိုတာနဲ့ သင်တွေ့ဆုံ ရနိုင်ပါလိမ့်မယ်။

Source; M.V. Hansen Happiness Of Spirit
ကိုဇော် ပုံဖော်သည်။




Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကိုဇော်ရေ.. ဒီဥပမာလေးကလဲဖတ်လို့ အရမ်းကောင်းပါတယ်.. သတိပြုစရာပေါ့ .. ကိုဇော်လင့်ပေးထားတဲ့ multiply ကိုလဲ သွားဖတ်ပြီးပါပြီ.. ဥပမာကတော့အတူတူပါဘဲ.. ကျွန်မက မြန်မာ(နယ်စပ်) မှာဘဲဆိုပါတော့.. ဒါပေမဲ့ China Net ကိုသုံးပါတယ်.. ဒီတော့ connection ကတော့ ကောင်းပါတယ်.. သို့သော် အဟန့်အတား အပိတ်အဆို့ကတော့ မြန်မာနဲ့ ထူးမခြားနားပါဘဲ.. blogspot တွေဆိုရင် ကျော်ခွပြီးမှ ကြည့်ရပါတယ်.. ဒါကြောင့်လဲ ကျွန်မဘလောဂ့်ကို wordpress နဲ့ဘဲ ရေးရတာပါ.. blogspot ကို သုံးလို့အဆင်မပြေလို့ပါ.. wordpress နဲ့ရေးပေမဲ့ မေးရမဲ့သူမရှိဖြစ်နေပြီး ဒီလိုဘဲ စမ်းတ၀ါးဝါးနဲ့ လုပ်နေခဲ့ရတာပါ.. ဖြစ်သလောက်လေးနဲ့ဘဲ ဘလောဂ့်ကို လုပ်ထားရသလိုဖြစ်နေတယ်.. ဘလောဂ့်တစ်ခုရဲ့ အင်္ဂါတော့ မစုံမလင်ပါဘဲ.. ခပ်ညံ့ညံ့ဘလောဂ့်လေးကို သီးခံပြီးလာဖတ်ရှုပေး၊လာအားပေးတာဘဲ ကျေးဇူးတင်ပါတယ်နော်..

Flower said...

ကိုဇော်ရေ.. ဒီဥပမာလေးကလဲဖတ်လို့ အရမ်းကောင်းပါတယ်.. သတိပြုစရာပေါ့ .. ကိုဇော်လင့်ပေးထားတဲ့ multiply ကိုလဲ သွားဖတ်ပြီးပါပြီ.. ဥပမာကတော့အတူတူပါဘဲ.. ကျွန်မက မြန်မာ(နယ်စပ်) မှာဘဲဆိုပါတော့.. ဒါပေမဲ့ China Net ကိုသုံးပါတယ်.. ဒီတော့ connection ကတော့ ကောင်းပါတယ်.. သို့သော် အဟန့်အတား အပိတ်အဆို့ကတော့ မြန်မာနဲ့ ထူးမခြားနားပါဘဲ.. blogspot တွေဆိုရင် ကျော်ခွပြီးမှ ကြည့်ရပါတယ်.. ဒါကြောင့်လဲ ကျွန်မဘလောဂ့်ကို wordpress နဲ့ဘဲ ရေးရတာပါ.. blogspot ကို သုံးလို့အဆင်မပြေလို့ပါ.. wordpress နဲ့ရေးပေမဲ့ မေးရမဲ့သူမရှိဖြစ်နေပြီး ဒီလိုဘဲ စမ်းတ၀ါးဝါးနဲ့ လုပ်နေခဲ့ရတာပါ.. ဖြစ်သလောက်လေးနဲ့ဘဲ ဘလောဂ့်ကို လုပ်ထားရသလိုဖြစ်နေတယ်.. ဘလောဂ့်တစ်ခုရဲ့ အင်္ဂါတော့ မစုံမလင်ပါဘဲ.. ခပ်ညံ့ညံ့ဘလောဂ်လေးကို သီးခံပြီးလာဖတ်ရှုပေး၊လာအားပေးတာဘဲ ကျေးဇူးတင်ပါတယ်နော်..

လေးစားလျှက်
ချော