မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 January 2010

0 ကောင်လေး နဲ့ ကောင်မလေး

လူဆိုတာ ချစ်တတ်ကြသူတွေပါပဲ။ ကိုယ်ချစ်တာကို ထင်ထင်ပေါ်ပေါ် ပြတတ်တဲ့ သူနဲ့ ထင်ထင်ပေါ်ပေါ် မပြတတ်တဲ့ သူ ဒါတွေပဲ ကွာပါလိမ့်မယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ပုံပြင်လေး တစ်ခုက အောက်ပါ အတိုင်း ပြောပြတယ်။


တစ်ခါက

ကောင်လေးတစ်ယောက် နဲ့ ကောင်မလေးတစ်ယောက် က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်တယ်။ သူတို့မှာ တခြားလည်း သူတို့မှာ ပေါင်းဖို့သူ မရှိ။ မိဘတွေကလည်း အိမ်နီးနားချင်း သူငယ်ချင်းတွေ ဆိုတော့ သူတို့ အတွက် ဘာမှ ပြဿနာ မရှိဘူး။

ငယ်ငယ်ကတည်းက ကျောင်းသွားတော့လည်း အတူတူ ၊ ကျောင်းနေတော့လည်း အတန်းတည်း အတူတူ ၊ ဒီလိုနဲ့ သူတို့ အရွယ်ရောက်လာတယ်။ ဒီအချိန်အထိလည်း သူတို့ အတူတူ ကျောင်းသွားဖော် ၊ ကစားဖော် ၊ စာကျက်ဖော် တွေပါပဲ။ ဒါပေမဲ့ အရွယ်တွေလည်း ကြီးလာသလို သူတို့ စိတ်ထဲမှာလည်း တစ်ယောက်ကို တစ်ယောက် သံယောဇဉ်ကြီးလာခဲ့ပါတယ်။

မိဘတွေကလည်း သူတို့ကို ကျောင်းပြီးသွားရင် ထိမ်းမြားပေးမယ် လို့ စီစဉ်နေတာကို နှစ်ယောက်စလုံး သိကြတယ်။ ဒါပေမဲ့ သူတို့မှာ အပြင်လူ ဆိုတာလည်း မရှိလေတော့ သုတို့ ဘာမှ ငြင်းစရာ မရှိခဲ့ဘူး။ ဒါကြောင့် သူတို့ အေးအေးဆေးဆေးပဲ နေလာခဲ့ကြတယ်။

ဒါပေမဲ့ တစ်နေ့တော့ ကောင်မလေးစိတ်ထဲမှာ တစ်မျိုးခံစားလာရတယ်။ သူက ငါ့ကို ချစ်မှ ချစ်ရဲ့လားပေါ့။ တကယ်လို့ မချစ်ပဲ နဲ့ ငါ့ကို မိဘတွေ သဘောတူထားလို့ အလိုက်အထိုက် ဆက်ဆံနေတာလား။ ဒါမှ မဟုတ် ငါ့ကို အားနာပြီး ဆက်ဆံနေတာလား။ ဒါနဲ့ပဲ ကောင်မလေး စိတ်ထဲမှာ ခိုးလို့ခုလု ဖြစ်လာတယ်။ နေလို့ထိုင်လို့ မရဖြစ်လာတယ်။

ကောင်လေးဆီက သူ့ကို ချစ်တယ်လို့ သိရရေးက သူ့အတွက် အရမ်းကို အရေးကြီးတဲ့ ကိစ္စ တစ်ခုလို ဖြစ်လာတယ်။ ဒါကြောင့် ကောင်လေး သူ့ကို ချစ်လားလို့ သိရအောင် နည်းမျိုးစုံ သုံးပြီး ကြိုးပမ်းတော့တယ်။ ကောင်လေးကတော့ သူ့ဖာသာ နေတာဆိုတော့ ဘာမှ မသိပါဘူး။ သူ့ဖာသာ အေးဆေးပဲ နေတာပါ။ သူကလည်း ကောင်မလေးနဲ့ ငယ်ငယ်ကတည်းက အတူတူနေလာတာ ဆိုတော့ သံယောဇဉ် ရှိတာပါပဲ။ ဒါပေမဲ့ ကောင်မလေးလိုတော့ သူက ငါ့ကို ချစ်ရဲ့လားလို့ သံသယ မရှိလေတော့ သူဘာမှ မစစ်ဆေးဘူးပေါ့လေ။

ကောင်မလေးကတော့ သူ့ကို အမြဲတမ်း သူ့ဆီက သူမ ကို တကယ်ချစ်တယ် ဆိုတဲ့ စကားလေးကို ကြားရဖို့ နည်းမျိုးစုံ သုံးပြီး လိုက်စစ်နေတယ်။ ကြာလာတော့ ကောင်လေးကလည်း သိလာရတယ်။ သူ့ကို ဒီလိုတွေ မလုပ်ဖို့ ကောင်လေးက ပြောတယ်။ ဒါနဲ့ပဲ ကောင်မလေးနဲ့ ကောင်လေး စကာများရတယ်။ ဒီတော့ ကောင်မလေးက ပြောတယ်။

“ ငါ သိပါတယ်။ နင့်က ငါ့ကို ချစ်မှ မချစ်တာ။ မိဘ သဘောတူထားလို့ ဆက်ဆံနေတာ မဟုတ်လား။ နောက် နင် ချစ်တဲ့ သူတွေ့သွားရင် ငါ့ကိုထားခဲ့မှာ မဟုတ်လား။ ငါ့ကတော့ နင့်ကို သံယောဇဉ်ရှိတော့ မိဘတွေ သဘောတူလို့ မဟုတ်ဘူး။ တကယ်ကို စိတ်ထဲက ပါပါ ဆက်ဆံနေတာ။ နင့်လို ဟန်ဆောင် ၊ လိမ်ညာနေတာ မဟုတ်ဘူး။ ”

ဒီတော့ ကောင်လေးကလည်း သူမပြောတာ မဟုတ်တဲ့ အကြောင်းကို ရှင်းပြတယ်။

“ မဟုတ်ပါဘူးဟ. .နင်ကလည်း ၊ ငါက ဒီလိုပဲ နေတတ်တာလေ။ နင့်လို ငါက ဖွင့်မပြတတ်တာပဲ ရှိတာလေ။ ”

ဒီတော့ ကောင်မလေးက ပြန်ရန်တွေ့တယ်။

“ ဘာ မဖွင့်ပြတတ်တာလဲ။ ငါက ဖွင့်ပြီး နင့်ကို ချစ်ပြနေတော့ နင်က တန်ဖိုး မထားတာ မဟုတ်လား။ ”

“ ဟာ..မဟုတ်ပါဘူးဟ ။ ဒါက နင့်ဖာသာ စွပ်စွဲတာပါ။ နင့်ငါ့ကို မမြင်တတ်သေးပါဘူး။ ဘာပဲ ပြောပြောပါ ငါတို့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လေ။ အချိန်ကျရင် ငါတို့ လုပ်စရာတွေ ပြီးရင် ငါတို့ ဒီအချိန်မှ ပြောကြတာပေါ့။ ”

ကောင်လေးက ဒီလိုပြောတော့ ကောင်မလေးက . . .

“ ငါ သိပါတယ်လေ။ နင့်က လွယ်လွယ်နဲ့ ရနေလို့ တန်ဖိုး မထားတာ မဟုတ်လား..ငါ့ကို..။ ”

ကောင်မလေးက ဒီလို စကားနာထိုးတော့ ကောင်လေးက ခေါင်းကို ကုတ်လိုက်ရင်း. . .

“ မဟုတ်တာဟာ.. နင့်နဲံ့ ငါနဲ့ က ဒီလို ပြောစရာလား။ ”

“ အေး..ပြောစရာပေါ့ဟ ။ လူတွေက လွယ်လွယ်နဲ့ ရတာ ဆိုရင် တန်ဖိုးမှ မထားတာ..။ ဒါကြောင့် နင့်ကိုလည်း ငါမုန်းတယ်။ မုန်းတယ်။ ”

ကောင်မလေးက ဒီလိုလည်း ပြောရော..ကောင်လေးက တွေးတွေးဆဆ နဲ့ ဒီလို ပြောတယ်။

“ အေး . . . နင်က ဒီလိုပြောမှာပေါ့။ ဒီလိုပဲဟ . . လူတွေက လွယ်လွယ်နဲ့ မရတာ ဆိုရင် စပျစ်သီးချဉ်တယ် ဆိုတဲ့ မြေခွေး လိုပဲလေ။ လွယ်လွယ် မရရင် မကောင်ဘူး လို့ ပြောတတ်ကြတယ်။ ”

လို့ ပြန်ပြောသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။

ပုံပြင်ကတော့ ပြီးသွားပါပြီ။ ဘာများ ရလိုက်ကြပါသလဲ။ အဓိက ကတော့ လူတွေ ပြောပြောနေတဲ့ “ လွယ်လွယ် ” ဆိုတဲ့ စကားလုံးလေးပါပဲ။

လွယ်လွယ် နဲ့ ရရင် တန်ဖိုး မထားဘူး လား ?

လွယ်လွယ်နဲ့ မရရင် တန်ဖိုးမရှိဘူး ၊ မကောင်းဘူး လို့ ပြောကြလား ?



လွယ်လွယ်နဲ့ ရတယ် ၊ မရဘူး ဆိုတာ ဘယ်အချိန်မှာ တန်ဖိုး ရှိမလဲ ၊ မရှိဘူးလဲ။ သေချာတာကတော့ လူတွေရဲ့ အတွင်း စိတ်သဘောထား ကပဲ အားလုံးကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။


source; Chinese Newspaper ( http://www.chinadaily.com.cn/ )

ကိုဇော်



Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: