မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 January 2010

3 စင်ကာပူက သကြားလုံး

အဲဒီနေ့က.....

စားရင်းသောက်ရင်း..စကားလေးတွေပြောရင်း ကိုဆန်း ကပြောတယ်..။

" ငါ စင်ကာပူ ရောက်တုန်းကပေါ့ကွာ "

တဲ့.။

ကိုဆန်း က ထူးထူးဆန်းဆန်း စင်ကာပူ ရောက်ပြီးမှ မလေးရှား ကို လာတဲ့လူပေါ့..။ သူကဆက်ပြောတယ်...။

" ငါက ရောက်တာ မကြာသေးဘူးပေါ့ကွာ၊ ဘာမှ မသိသေးတဲ့ အချိန်ပေါ့..။ အစ်ကိုတွေ အခံရှိတော့ သူတို့ဆီသွားလည်တယ်ကွာ ။ အဲဒီမှာ ထူးထူးဆန်းဆန်းလေး တွေ့ရတယ်..။ သူတို့က စားပြီးသား သကြားလုံးခွံလေးတွေကို မလွှင့်ပစ်ပဲ စုစုထားတယ်ကွ.။ အဲဒီအခွံက အလူမီနီယံနဲ့လုပ်ထားတော့ေ၇ာင်းစားလို့ရတယ်လေ..။ မေးကြည့်တော့ ရောင်းစားဖို့တဲ့..တစ်ကီလို ၄ ကျပ်ဆိုလားပဲ.. ၊ ငါကရယ်တာပေါ့ကွာ ဘာလုပ်မှာလဲ တစ်ကျပ် ၊ နှစ်ကျပ် မဟုတ်ဘူးလား..။ "

ကျွန်တော် ဘာမှ မပြောမိဘူး ခေါင်းတော့ ညိတ်ပြလိုက်တယ်..သူဆက်ပြောတယ်..

" အဲဒီ သကြားလုံးကလည်း စင်ကာပူမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပဲလေ..၊ လူတိုင်းစားကြတယ်ဆိုတာမျိုးပေါ့ ၊ အဲဒီလိုပါပဲ စားတဲ့လူတိုင်းကလဲ ဒီအခွံကို စုထားကြတယ်..။ တစ်နေ့....."

သူဘာမှ ဆက်မပြောပဲ အဝေးကိုငေးတယ်..သူ ဒီထက်ပိုဝေးတဲ့ နေရာကို မြင်ပုံရတယ်..။ ကျွန်တော်ဘာမှမနှောင့်ယှက်ပဲ သူ့ကိုလွှတ်ထားလိုက်တယ်..။ ခဏကြာမှသူု လက်ရှိကမ္ဘာ ကိုပြန်ရောက်လာပုံရတယ်..။

" တစ်နေ့ အပြင်သွားနေရင်း ငါလည်း ဒီသကြားလုံးလေးကို စားသွားတယ်..။ ကောင်းတော့ ငါလဲကြိုက်တယ်လေ..၊ တစ်လုံးကုန်တော့ နောက်တစ်လုံးထုတ်စားပြီး အခွံကိုတော့ ငါ့က သိမ်းမှ မသိမ်းတော့ လွှင့်ပစ်လိုက်တယ်..။ တစ်ကျပ် ၊ နှစ်ကျပ်ကွာ ဘာလုပ်မှာလဲပေါ့.။ လမ်းလျှောက်လာရင်း...ခဏနေတော့ ဘာရယ်မဟုတ် နောက်လှည့်ကြည့်လိုက်တော့ ငါ့နောက်မှာ အဘွားကြီးတစ်ယောက် တော်တော်အိုနေပြီကွ တုန်တုန်ချိချိနဲ့ ငါ့လွှင့်ပစ်လိုက်တဲ့ သကြားလုံးခွံကိုကောက်နေတယ်..၊ ငါပြုံးမိသွားသလို သြော်.... သူလိုချင်တာကို မပေးလိုက်မိတာလဲ စိတ်မကောင်းဘူး..။ သူကတော့ တုန်တုန်ချိချိနဲ့ပဲ လျှောက်နေတယ်..။ ခဏကြာတော့ ဘာရယ်မဟုတ်ဘူး နောက်လှည့်ကြည့်တော့.."

ကိုဆန်း သက်ပြင်းကို ပြင်းပြင်းမှုတ်ထုတ်တယ်...။ နောက်...သူဆက်ပြောတယ်...။

" အဲဒီ အဘွားကြီးဘာလုပ်ထင်လဲ...သူလုပ်လိုက်တာက ငါလွှင့်ပစ်လိုက်တဲ့ သကြားလုံးခွံလေးကို သူကကောက်တာ ရောင်းစားဖို့မဟုတ်ဘဲ ရှေ့မှာတွေ့တဲ့ အမှိုက်တောင်းထဲ သွားထည့်တာပဲ....။ ငါ ဘယ်လိုဖြစ်သွားမှန်းမသိဘူးကွာ..။ ဒါနဲ့ နောက်လကျတော့ စင်ကာပူ ကပြန်ခဲ့တာပဲ...ပြီးတော့ ဒီမလေးရှား ကိုထွက်လာတာ..။ ဘယ်နည်းနဲ့မှ ငါ စင်ကာပူ ကိုပြန်မသွားနေတော့ဘူး..အကြွေးတင်နေသလို ခံစားရတယ်..။ "

ကိုဆန်း ဘာမှဆက်မပြောတော့ဘူး...ကျွန်တော်ကလည်းဆက်မမေးဖြစ်ပါ...။ ဆက်မေးစရာလည်း မလိုတော့ပါ...၊ ဆက်ပဲစဉ်းစားမိတယ်..။ အင်း စင်ကာပူက လူတွေ သကြားလုံးခွံကို စုတယ်ဆိုတာ ရောင်းစားဖို့တစ်ခုထဲတော့ မဟုတ်နိုင်ဘူး...။ အလေအလွင့် ၊ သန့်ရှင်းမှု ၊ ပြီးတော့ စည်းကမ်း..၊ ဒါတွေကိုကျွန်တော် မြင်နေရတယ်...။

မှတ်ချက်။ ။ ကိုဆန်းနဲ့ ကျွန်တော် မတွေ့တာတော်တော် ကြာခဲ့ပြီ...။ ကိုဆန်းဟာ ကျွန်တော့်ကို အရမ်းခင်တယ်..။ သူဟာ Graphic ပညာရှင်တစ်ယောက်ပါ..။


ကိုဆန်းကို သတိရစွာဖြင့်
ကိုဇော် ခံစားတင်ပြသည်။

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကျွန်မ ဒီပိုစ့်လေးကို တော်တော် သဘောကျမိတယ်.. ကိုဇော့်ဘလောဂ့်မှာ တစ်ခါဖတ်ဖူးတယ်.. ဖတ်ပြီး သဘောကျလို့ ဒါနဲ့ပါတ်သက်ပြီး စာတစ်ပုဒ် ရေးမိသေးတယ်.. save လုပ်ထားပြီး မတင်ဖြစ်သေး တာ.. ခုချိန်ထိ ရှိသေးတယ်..

မြသွေးနီ said...

စကာၤပူသၾကားလံုးက
လူတစ်ယောက်စီမှာ ထားရှိရမယ့်စည်းကမ်းကို
မီးမောင်းထိုးပြလိုက်သလိုပါဘဲ။
သူတို့ တိုင်းပြည် သန့်ရှင်းမှု၊ စည်းကမ်းရှိမှု မှာ
ထင်ရှားကျော်ဇောနေတာ ဒီလိုတစ်ဦးချင်းရဲ့ အသိစိတ်ဓာတ်တွေကိုက သန့်ရှင်းမှု၊ စည်းကမ်းရှိမှဆိုတာရဲ့ အဓိပါယ်ကို သေခြာသိနေလို့ပါဘဲနော်။

မြသွေးနီ

Anonymous said...

ကိုဇော်
အထက်က Y M ပြောသွားတဲ့ Comment လေးကိုသိပ်သဘောကျတယ်။
မှန်တယ်။ Singapore ကစည်းကမ်းရှိလို့တိုးတက်လာတဲ့တိုင်းပြည်လေးပါ။
လူတိုင်းမှာ နိုင်ငံကြီးသားစိတ်ဓာတ်လေးရှိရင်အရာရာဟာတိုးတက်
လာမှာအသေအချာပေါ့နော်။