မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 January 2010

2 အချိန်တန်လျှင် ဖြစ်မြောက်လာစမြဲပါ

.

တစ်ခါက


ညီအစ်ကို နှစ်ယောက်ရှိသည်။ သူတို့မှာ မိဘ အမွေပေးထားသော မြေဧကပေါင်းများစွာ ရှိတယ်။ သို့သော် အစ်ကို လုပ်သူက သူတို့ မိဘက ပေးထားသော အမွေမြေကွက်များဆိုတာကို လုံးဝ စိတ်မဝင်စား။ ဘာလို့လဲဆိုတော့ ထိုမြေကွက်တွေက အလွန်ကို မြေသြဇာ ညံ့ဖျင်းပြီး ဘာပင်မှာ စိုက်လို့ ဖြစ်မလာခဲ့ပါ။ သူ စိတ်ဝင်စားတာ ရွှေထွက်သော မြေကွက်များသာ။ အခု သူ့မိဘများ အမွေပေးထားသော မြေကွက်များကို အလကားဖြစ်နေသော မြေကွက်သာ ဖြစ်တယ်ဟု သူရှုမြင်တယ်။

ဒီမြေကွက်မှာ ဆိုလျှင် ဘယ်လိုနည်းနဲ့မှ ငါတော့ မချမ်းသာနိုင်ဟု သူခံယူသည်။ ထိုကြောင့် မိဘအမွေ ဆိုသော မြေကွက်များကို ညီဖြစ်သူထံမှာ ရသမျှနှင့် ဈေးလျှော့ရောင်း၍ သူလိုချင်သော ရွှေရှာဖွေ၍ ရနိုင်မည် ထင်သော မြေကွက်များကို သာ ဝယ်ယူရန် တစ်နယ် တစ်ကျေးသို့ ပြောင်းရွှေ့သွားလေတော့သည်။ ထိုရွှေရှိနိုင်မည် ထင်သော မြေကွက်များကို ဝယ်ယူ၍ သူ တူးဖော်ကာ ရွှေကျင်လေသည်။ သို့သော် သူ လိုချင်သလောက် ရွှေကား များများ စားစား မရ။ ဒါပေမဲ့ သူ့ညီရဲ့ ဘာမှ မထွက်သော မြေကွက်ထက် စာလျှင် သူ့မြေကွက် တန်ဖိုးရှိနေသေးသည်ဟု သူခံယူသည်။

တကယ်လည်း သူ့ညီက ဘာမှ သူ၏ မြေကွက်မှာ မယ်မယ်ရရ မစိုက်ပျိုးနိုင်။ သူတို့ ပတ်ဝန်းကျင် မြေအနေအထားအရ စိုက်ပျိုးနိုင်တာ “ ဝါး “ ပင် တစ်မျိုးတည်းသာ ဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှလည်း အားတတ်သရော မစိုက်ပျိုးမိကြ။ ဒါပေမဲ့ ညီဖြစ်သူက တစ်မျိုးတွေးသည် ဘယ်သူက မှ ကျန်တဲ့ သီးနှံပင် စိုက်ပျိုးလို့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ “ ဝါး ” ပင် တစ်မျိုးတည်းကိုသာ စိုက်ပျိုးလို့ ရမယ် ဆိုပြီး သူတို့ ဘာလို့ ဒီဝါးပင်ကိုပဲ မစိုက်ကြတာလဲ။ တန်းဖိုးအရ ဈေးအရနည်းလို့လား။ ငါ ဒီဝါးပင်ကိုပဲ စိုက်မယ် လို့ ဆုံးဖြတ်တယ်။


ဒါနဲ့ ညီလုပ်သူက သူ့မှာ ရှိသော အရင်းအနှီးများနှင့် မာကျောကျစ်လျစ်နေသော မြေကွက်များကို တဖြေးဖြေးချင်း မြေဆွ ဖွပြီး ဝါးပင်တစ်မျိုးကိုသာ စိုက်လေတော့သည်။ သူ နေ့စဉ်ရက်ဆက် မြေဆွသည် ၊ မြေတွေကို ဖွသည် ၊ ဝါးပင်ပေါက်လေးများကို ခက်နက်နက်စိုက်သည်။ သူ့ကို ကြည့်ပြီး အားလုံးကလည်း သနားဂရုဏာသက်ကြသည်။ မိဘအမွေဆိုတာကို မစွန့်လွှတ်နိုင်သော ၊ မဖြစ်နိုင်တာကို အတင်းကြီး ကြိုးစားနေသူ ဆိုပြီး သူ့ကို သနားကြတယ်။ သို့သော် သူ ဂရုမစိုက်။ သူ့စိုက်မယ်လို့ ဆုံးဖြတ်ထားသော ဝါးပင်လေးများကိုသာ ရှင်သန်ကြီးထွားလာအောင် သူ ဆက်လက် စိုက်ပျိုးသည်။

တစ်နှစ် -----> သူ့မြေကွက်များထဲမှာ ဝါးပင်လေးတွေ ဘာမှ မထူးခြားသေး ။ သူထွန်ယက် စိုက်ပျိုးလွန်းသောကြောင့်သာ သူ့မြေယာများ အနည်းငယ် ပျော့ပျောင်းလာလေသည်။

နှစ်နှစ် --------> သူ့မြေကွက်မှ ဝါးပင်ဆိုတာ ဘယ်လိုမှ အရိပ်အယောင်ပင် ပေါ်မလာသေး။ သူ့မြေယာများကတော့ ညက်သထက် ညက်လာခဲ့တယ်။

သုံးနှစ် ---------> သူ့ကို သနားသောကြောင့် ပတ်ဝန်းကျင်က လူတွေကပါ။ တော်ပါတော့ ဆက်မစိုက်ပါနဲ့တော့.။ ဒီမြေ ဒီနေရာက ဘာမှ စိုက်ပျိုး ဖြစ်ထွန်းတာ မဟုတ်ဘူးလို့ ပြောကြတယ်။ ထိုသို့ ပြောသူများထဲမှာ သူ၏ အကို အရင်းလည်းပါတယ်။ သူ့အစ်ကိုကတော့ အခု ရွှေတူးသော လုပ်ငန်းမှ ရသော ငွေဖြင့် အတော်အတန် စုဆောင်းမိနေလေပြီ။ သို့သော် သူ မရပ်ခဲ့။ သူ့မြေများကတော့ လွန်စွာမှ ပျော့ပျောင်း ညက်ညောခဲ့လေပြီ။

လေးနှစ် ---------> လေးနှစ်မြောက်သော အခါမှာတော့ သူမြေထဲမှ အညောင့်လေးတွေ ထွက်လာတယ်။ ဒါ ဘာအညောင့်လည်းလို့ မေးစရာ မလိုပါ။ သူ ဝါးပင်လေးတွေ တစ်မျိုးတည်းသာ သူ ဖြစ်အောင် စိုက်ခဲ့တာပါ။ ဟုတ်တယ်..ဒါ ဝါးပင်က အစို့အညောင့်လေးတွေ။ သူ့မြေမှာ ဝါးပင်လေးတွေ ပေါက်လာခဲ့ပါပြီ။ မောကျောကြမ်းတမ်းလှပါတယ် ဆိုတဲ့ မြေဆီလွှာတွေလည်း အခုတော့ နုညံ့ပျော့ပျောင်းခဲ့ပြီ။

ငါးနှစ် -----------> သူ့ရဲ့မြေမှာ အလွန်မှ သန်မာထွားကျိုင်းပြီး ကောင်းမွန်လှပသော ဝါးပင်များကို လယ်ဧက ပေါင်းများစွာ တွေ့ရှိရလေတော့သည်။ ဝါးပင်ဆိုတာကလည်း ထူးခြားသည် တစ်ခါသာ ဖြစ်အောင် စိုက်ဖို့လိုသည်။ နောက်ပိုင်း သူ့ဖာသာသူ ဝါးစို့လေးတွေ ထွက်လာကာ ဆက်လက် အပင်ပေါက်ပြီး ရှင်သန်နိုင်သည်။

ငါးနှစ်ပြည့်သော အခါမှာ တော့ အရင်က သူ့ကို တားခဲ့ကြသူတွေ အားလုံး သူ့ကို အားကျလာကြရသည်။ ကိုယ်တိုင် တားခဲ့ဖူးသော သူ့အစ်ကိုတောင်မှ သူရဲ့ ရွှေရှာဖွေရေးလုပ်ငန်းမှာ စုဆောင်းထားမိသော ငွေကြေးတွေကို မေ့လျော့ကာ ညီဖြစ်သူ၏ ဝါးပင်တွေ ပေါက်နေသော လယ်မြေများကို အံ့သြ နှမြောခဲ့မိသည်။ ဘာလို့လဲ ဆိုတော့ သှူု့ညီက အခု ဝါးပင်တွေ ကို ထုတ်လုပ်ရောင်းချခြင်းဖြင့် သန်းကြွယ် သူဌေး တစ်ယောက် ဖြစ်နေခဲ့လေပြီ။

ဒီအဖြစ်လေးက .....

* ဘယ်လုပ်ငန်းမှာ မဆို ငါးနှစ်တာ ကာလပြည့်အောင်တော့ ဘယ်အလုပ်မဆိုမှာ အားစိုက်ထုတ်လုပ်သင့်ပါတယ်လို့ ပညာပေးသလို.....

* လောကမှာ မိမိစိုက်ပျိုးသော အပင်ကိုသာ မိမိ ပြန်လည်ရရှိ အကျိုးရှိစေမယ်လို့လည်း သင်ခန်းစာ ပေးပါတယ်။

* ဘယ်ကိစ္စမှာ မဆို မိမိက ဖြစ်မြောက်အောင်မြင်ရမယ် ဆိုသော စိတ်ဓါတ်ကသာ ရည်ရှည်မှာ အနိုင်နဲ့ အရှုံးကို ဆုံးဖြတ်ပေးတယ် ဆိုတဲ့ သင်ခန်းစာလေးကိုလည်း ပေးပါတယ်။

source; Paul Wattmall Be Patient
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

မှန်ပါ့ ကိုဇော်..
ခုရေတွင်းတူး ခုရေကြည်သောက်လို့မရနိုင်ပါဘူး။
အချိန် အတိုင်းအတာတစ်ခုကိုတော့ ပြင်ဆင်ရင်း
စိတ်ရှည်ရှည် စောင့်နိုင်ရပါမယ်။ ရလာဒ်ကောင်းတွေက ကိုယ့်လုပ်ဆောင်မှုအတိုင်း ပေါ်ထွက်လာမှာပါ။

Flower said...

စာကိုဖတ်လိုက်လိုက်တာ အားကိုရှိသွားတာဘဲ ဗီတာမင်အားဆေးသောက်ရသလိုပေါ့. ခုတော့ အားဆေးပိုင်ရှင်ကြီးက အိပ်ကောင်းတုန်းနေမှာ... ခိ