မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 January 2010

3 စိတ်ကူးများ ရောင်းချနိုင်ပါပြီ

.

ဖြစ်စဉ် ( ၁ )

အာသာဖရိုင်းသည် ရုံးတစ်ခုမှ တောက်တိုမယ်ရာ စာရေးလေး တစ်ယောက်ဖြစ်သည်။ သူ့မှာ အတန်းပညာမှလည်း ကြီးကြီးမားမား တတ်မြောက်ထားခြင်း မရှိ။ အလုပ်လုပ်ရာမှာလည်း သူက ညံ့ဖျင်းသေးသည်။ သူတို့ ကုမ္ပဏီက စက္ကူတွေကို သေချာစွာ မကပ်သော ကော်တစ်မျိုးကို ထုတ်လုပ်သည်။ ထိုကော်များသည် လွန်စွာမှ အခြောက်မြန်ကြသည်။ သို့သော် ကော်က ကပ်မှု အားမရှိ။ ဒါကြောင့် ချက်ချင်းကပ်လိုက်ပြီး ရက်အနည်းငယ်ကြာလျှင် ကပ်ထားသော စက္ကူ အနားသာတွေမှ စပြီး ကော်တွေ ကွာလာလေ့ရှိတယ်။

ဖရိုင်း တစ်ခု သတိရတယ်။ သူ ငယ်ငယ်က နေလာခဲ့တဲ့ ရွာမှာ သုံးကြတဲ့ ကော်တစ်မျိုး ရှိတယ်။ ဒီကော်က ခြောက်ဖိုံ့ တော်တော် ကြာတယ်။ ဒါပေမဲ့ ဒါပေမဲ့ ကပ်ပြီဟေ့ဆိုလည်း ဘယ်လိုမှ ပြန်မကွာတော့ဘူး။ သူတို့ ရွာမှာ ဒီကော်နဲ့ အင်္ကျီတွေ ဘာတွေတောင်မှ ကပ်ပြီး ချုပ်ကြတယ်။ ဒီတော့ ဖရိုင်း တစ်ခု စဉ်းစားမိတယ်။

ဒီကော်နှစ်မျိုးကိုသာ ပေါင်းပြီး ကော်အသစ်တစ်မျိုး အဖြစ် ရောင်းချနိုင်ပါက အခု လက်ရှိကုမ္ပဏီရဲ့ မကပ်တဲ့ ကော် နဲ့ သူ့ရွာမှ အလွန်ကပ်သော ကော် နှစ်မျိုးရဲ့ ကြားမှ ၊ အလွန်အခြောက်မြန်သော ကော်နဲ့ ခြောက်ရန် အလွန်ကြာသော ကော် နှစ်မျိုး ကြားမှာ ကော်တစ်မျိုး ဖြစ်လာနိုင်တယ် ဆိုပြီး သူ့မှာ စိတ်ကူးလေး တစ်ခု ရတယ်။

ဒါနဲ့ သူ့ကုမ္ပဏီကို ပြောပြတော့ အားလုံးက ဝိုင်းရယ်ကြတယ်။ ဒါကြောင့် သူ တခြား ကုမ္ပဏီ တစ်ခုနဲ့ ဆက်သွယ်ကြည့်တယ်။ ဒီတော့ ဒီကုမ္ပဏီ တစ်ခုက သူရဲ့ စိတ်ကူးကို လက်ခံတယ်။ တကယ်လို့ ဖရိုင်း ရဲ့ စိတ်ကူးအတိုင်း သူတို့ စမ်းသပ်လို့ အောင်မြင်ခဲ့ပြီး ဒီကော်အသစ် ရောင်းချဖြစ်ခဲ့ရင် ဖရိုင်းကို ရောင်းရငွေရဲ့ ၁ ရာခိုင်နှုန်း ပေးပါ့မယ်လို့ သဘောတူတယ်။ ဒါနဲ့ ဖရိုင်း သူရဲ့ ရွာမှ ကော်ဖော်မြူလာကို လေ့လာပြီး လက်ရှိ ကုမ္ပဏီမှာ သုံးနေတဲ့ ကော်ဖော်မြူလာကိုတော့ မူပိုင် ဝယ်လိုက်တယ်။ နောက်တော့ ဖရိုင်း ရဲ့ စိတ်ကူး အကောင်အထည်ပေါ်လာခဲ့ပါတယ်။

ကော် နှစ်မျိုးကို ရောစပ် သုံးစွဲနိုင်ပြီး ခြောက်လည်း အခြောက်မြန် ၊ ကပ်လည်း စွဲမြဲစွာ ကပ်စေတဲ့ ကော်တစ်မျိုး ထုတ်လုပ်နိုင်ခဲ့ပြီး ဒီကော်ကလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၁၀၀ ကျော် ရောင်းချရသောကြောင့် ဖရိုင်းမှာ သူ့ရဲ့ စိတ်ကူးလေးကြောင့် တစ်နှစ်ကို ဒေါ်လာ တစ်သန်းကျော် ဝင်ငွေ ရနေပြီ ဖြစ်ပါတယ်။ ဒီကော်ကတော့ ယနေ့ အားလုံး အသုံးပြုနေတဲ့ “Post it ” ဆိုသော “ တံဆိပ်ခေါင်း ” မှာ ကပ်သော ကော်ပါပဲ။


ဖြစ်စဉ် ( ၂ )

တိုင်လာ က ဆံပင် အလှဖန်တီးပေးရသူ တစ်ယောက်ဖြစ်သည်။ သူ့မှာ သားသမီး နှစ်ယောက်ရှိသည်။ သူ အလုပ်ထဲမှာ အလုပ်လုပ်နေရင်း ညနေစောင်း သူ့သားသမီးတွေကို ကျောင်းကြိုပြီး သူ့အလုပ်ရှေ့မှာ ရပ်စောင့်နေမဲ့ သူရဲ့ ညီမ ဝမ်းကွဲ ကားကို စိုးရိမ်နေတတ်သည်။

တိုင်လာ မှာ ခင်ပွန်းကလည်း မရှိတော့ သူ့ခင်ပွန်းက သူတို့ ပထမဦးဆုံး သားကြီးကို ကျောင်းကြိုနေရင်း ကားထဲမှာ မူးယစ်သောက်စားသူ တစ်ယောက်၇ဲ့ ကားက နောက်ကနေ ဝင်တိုက်လို့ ပွဲချင်းပြီး သူရော ၊ သားကြီးရောသေဆုံးခဲ့ကြရသည်။ ထို မြင်ကွင်း ၊ ထိုအဖြစ်အပျက်ကလည်း တိုင်လာ ကို အမြဲတမ်း ကားထဲမှာ ကလေးတွေ ရှိနေတာကို စိတ်ပူနေမိစေသည်။ စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်နေစေသည်။ တိုင်လာ အမြဲ စိတ်ပူနေမိစေသည်။

ဒါနဲ့ တစ်နေ့တော့ တိုင်လာ စိတ်ကူးလေး ရလာသည်။ ဒီလို ကားထဲမှာ ကလေးတွေ ရှိနေတာကို ကားထဲမှာ ကလေးတွေ ရှိနေပါတယ် ဆိုပြီး စာတမ်းလေးတွေ ကပ်ထားရင် ကောင်းမလား ဆိုပြီးတော့..။ ဒါနဲ့ တိုင်လာ ဒီလို စာတမ်းလေးတစ်ခုကို သူ့ကားမှာ ကပ်ဖို့ သူ တံဆိပ်လုပ်ငန်းမှာ ကပ်ခွာတံဆိပ်လေး နှစ်ခု သွားအပ်တယ်။ သူ့တံဆိပ်လေးလည်း ရရော သူ့ကားမှာ ကပ်ထားရင်း ၊ နောက်တစ်ခုကို တံဆိပ်တွေ ရောင်းချသော ကုမ္ပဏီကြီးတစ်ခုမှာ သူမ အကြံဥာဏ်ကို ပြောပြတယ်။ ပြီးတော့ သူမ လုပ်ထားတဲ့ တံဆိပ်လေးကို ပြတယ်။

ဒီတော့ ကပ်ခွာ တံဆိပ်တွေရောင်းတဲ့ ကုမဏီက သူမ ဆီက ဒီတံဆိပ်ကို မူပိုင်ခွင့်နဲ့ ချက်ချင်းဝယ်တယ်။ ပြီးတော့ ဒီကပ်ခွာတံဆိပ်တွေကို ကမ္ဘာအနှံကို ထုတ်လုပ်ဖြန့်ချီရောင်းချပါတော့တယ်။ ဒီစိတ်ကူး အတွက် တိုင်လာ တစ်နှစ်ကို ဒေါ်လာ လေးသောင်းလောက် နှစ်စဉ် ရရှိနေပါတယ်။ တိုင်လာ စိတ်ကူးရခဲ့တဲ့ စာတမ်းလေးကတော့ “ ကားထဲမှာ ကလေးရှိနေသည်။ ” ဆိုသော် “ Baby In Car ” ဆိုသော စာတမ်းလေးတွေပါပဲ။


ဒါကြောင့် ဘယ်လို အခြေအနေမှာပဲ ဖြစ်နေပါစေ။ သင့်မှာ အောင်မြင် ပေါက်မြောက်နိုင်သော အရည်အသွေး မရှိဘူး ဆိုတာ မဖြစ်နိုင်ပါ။ သင့်မှာ စိတ်ကူးလေး တစ်ခုသာ ရှိပါစေ။ သင့် အောင်မြင်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ယနေ့ ခေတ်ကြီးဟာ စိတ်ကူးတွေကို ရောင်းစားလို့ ရသော ခေတ် ဖြစ်သောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ ရှိနေသော စိတ်ကူးများကို ယုံကြည်စွာဖြင့် ရောင်းချနိုင်ပါပြီ။


နက်ထဲမှ အပိုင်းအစများကို စုစည်းတင်ပြပါသည်။
ကိုဇော်

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

ဖတ်ရတာ မိုက်တယ်ဗျာာာာာာာာ
ဒါနဲ့ကိုဇော် တနေ့ကို ပို့စ် ဘယ်နှပုဒ်ရေးနေတာလဲဟင်

ကိုဇော် said...

စိတ်ကူးပေါက်သလောက်ပဲ ဝက်ဝံလေးရေ..
ပျော်ရွှင်ပါစေ။

Flower said...

အား မိုက်တယ်.. အဲလိုစိတ်ကူးတွေကို ရောင်းချင်လိုက်တာ ဘယ်သူလာဝယ်မယ်မသိ.. စိတ်ကူးတွေရောင်းတယ်ဗျို့လို့ လိုက်အောင်ရရင်ကောင်းမလား... ရောင်းချင်တာတော့အမှန်ဘဲ