မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 January 2010

1 အလွမ်းပန်း




အလွမ်းပန်း


ပြောပြလို့ရရင်..
ပြောပြချင်တယ်...။
ရင်ထဲက ချစ်တဲ့အကြောင်းတွေကို...
ခက်တာက...
ပြောပြလို့မရအောင် ချစ်နေမိလို့....။

ချစ်သူဆိုတော့လည်း...
သတိရရုံ ဘယ်ကမလဲ...၊
အချိန်တိုင်းလွမ်းနေတာ.....
ဒီမှာ.....
ပန်းတွေတောင်မှ ငိုတယ်...။

မမြင်လည်း လွမ်း...
မြင်လည်း လွမ်း...
မလွမ်းလည်း ပွင့်..
လွမ်းလည်း ပွင့်...
ချစ်သူအတွက်...
ရင်မှာ......
အလွမ်းပန်းများ...ပွင့်နေ၏....။

ကိုဇော်






မှတ်ချက် ။ ။ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ..သို့.........


http://zaw357.multiply.com/journal/item/354/354 မှာ 24.5.2009 ကရေးထားတာပါ။

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အဆိပ်သင့်သူ said...

ကမ္ဘာမြေတစ်နေရာမှချစ်သူ ဆိုတာ အရမ်းသုံးတာပဲ။
ကဗျာဆရာချစ်သူဖြစ်ခွင့်ရတာ ကံကောင်းမယ်နော်။
ကဗျာလေးတွေနဲ့ ချစ်သူလွမ်းတာ အရမ်းဖတ်လို့
ကောင်းပါ့ရှင်။