မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 January 2010

3 နှစ်သစ်အတွက် လက်နှစ်ဖက်


နှစ်သစ်အတွက် လက်နှစ်ဖက်


ယူမယ် ၊ ဆွဲမယ် နဲ့
လက်နှစ်ဖက် ရှိတယ်။

ပေးမယ် ၊ ဝေမယ်နဲ့

လက်နှစ်ဖက် ရှိတယ်။


ယူမယ် ၊ ပေးမယ် နဲ့

လက်နှစ်ဖက် ရှိတယ်။


ဆွဲမယ် ၊ ဝေမယ် နဲ့

လက်နှစ်ဖက် ရှိတယ်။


ဘယ်လို လက်တွေပဲ ဖြစ်ပါစေ

အခုတော့ . . . . .
နှစ်ဟောင်း ၂၀၀၉ နဲ့
အတူ
ဟိုး. . အဝေးမှာ ချန်ခဲ့ပြီ။


အခုလည်း လက်နှစ်ဖက်ရှိတယ်။

ဒါပေမဲ့ . .

အခု နှစ်သစ် ၂၀၁၀ မှာ

ယူမလား ၊ ပေးမလား ၊
ဆွဲမလား ၊ ဝေမလား ၊

ဒါက သင့်သမိုင်းကို

ခပ်မှိုင်းမှိုင်း ပုံဖော်လိမ့်မယ်။


ဒါဟာ . . .
ဘယ်သူရဲ့ လက်ထဲမှာမှ မရှိဘူး။

သင့်ရဲ့ သမိုင်း. . .

သင့်လက်ထဲမှာပဲ ရှိတယ်။

ကိုယ့်နှလုံးသွေးနဲ့ ကိုယ်ရေးရမယ်။
ဒါပါပဲ.. . ။ ။


ကိုဇော်


.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကျွန်တော့်ဆီမှာတော့ ရေးမယ်ရေးမယ် ဆိုတဲ့လက်နှစ်ဖက်ပဲ ရှိတယ် အစ်ကို :)
နောက်တာပါ..စိတ်ကူးလေးကောင်းတယ်အစ်ကိုရ..
တွေးစရာလေးတွေပေးတယ်

Flower said...

ထက်ရှတဲ့ စိတ်ကူးကောင်းတွေ ဖောက်ထွက်တဲ့ အိုင်ဒီယာတွေနဲ့ နှစ်သစ်ကို အားအင်အပြည့်နဲ့ ဆက်လက်ချီတက်နိုင်ပါစေ

မြတ်မွန် said...

အဲဒီလက်နှစ်ဖက်ကတော့ စာတွေဆက်ရေးနေမှာ သေခြာနေတယ်။
၂၀၁၀မှာ ဒီထက်မက အောင်မြင်ပါစေနော်။