မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 January 2010

1 ကြောင်ချစ်သူများအတွက်

ကြောင်ချစ်သူများ အတွက်ပါ။ အစာမကျွေးရပါဘူး။ ရေ မတိုက်ရပါဘူး။ မွေးထားလို့ရတယ်။ ကြောင် ဆိုတဲ့ အတိုင်းပဲ ငြိမ်ငြိမ်လည်း မနေပါဘူး။ ပြီးတော့ ကြောင်တွေရဲ့ စရိုက် သဘာဝတွေ အကုန်လုံးကို သူက လုပ်ပါတယ်။

ဘာမှ လုပ်စရာ မလိုဘူး။ အောက်က ကျွန်တော်ပေးထားတဲ့ နေရာလေးတွေမှာ ဒေါင်း လိုက်ပြီး စက်ထဲကို ထည့်လိုက်ပါ။

ပြီးရင် ဒီလို ပေါ်နေတဲ့ Program exe လေးကို နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင် သူက ကိုယ့်ရဲ့ Desktop ပေါ်မှာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ တွေ့ရပါလိမ့်မယ် ကြောင်တစ်ကောင်ရဲ့ စရိုက်သဘာဝတွေ မျိုးစုံ။

တကယ်လို့ ဒီကောင်က ဆော့လွန်းလို့ အပေါ်ရောက်လွန်းသွားပြီ။ အောက်ရောက်လွန်းသွားပြီ ဆိုရင် ဘာမှ ပူမနေနဲ့ ၊ မောက်နဲ့ သူ့ဆီကိုသာ သွားလိုက်။ ကြောင်ပုံ မျက်နှာလေးပေါ်လာလိမ့်မယ်။ ဒီမှာ သူ့ကို မောက်နဲ့ ဖိဆွဲပြီး တစ်နေရာရာကို ပို့လို့ရသေးတယ်။ ကြောင်ကို ကုတ်က ဆွဲခေါ်လာသလိုပေါ့လေ။

နောက်ဆုံး မျက်စိနောက်ပါပြီဗျာ ဆိုပါတော့ ဒါလည်း ရတာပါပဲ။ ဒါဆိုရင် မောက်နဲ့ ထောက်လိုက်လို့ ကြောင်ပုံ မျက်နှာလေး ပေါ်လာရင် Right Click နှိပ်လိုက်ပါ။ ဒါဆိုရင် Exit ပါတဲ့ ဘောက်လေးတွေ့ရပါလိမ့်မယ်။ ဒီမှာ Exit ကို နှိပ်ပြီး ထွက်လိုက်ပါ။ ဒါဆို OK ... OK ပေါ့ဗျာ။

လိုချင်သူများ ဒီနေရာ ကနေ ယူလိုက်ပါ။

အဆင်မပြေရင် ဒီနေရာ ကလည်း ယူလို့ရပါတယ်။

ကိုဇော် တင်ပြသည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမ်တီအန် said...

ကြောင်အရမ်းချစ်တဲ့
သူငယ်ချင်းကို ချက်ခြင်း Forwardလုပ်လိုက်ပါတယ်ရှင်။
သူကတော်. ကြောင်လေးတွေကြည့်ပြီး ပျော်နေတယ်။
ကျွန်မကတော့ ကြောင်မချစ်တတ်ဘူးရှင့်။ :)

မြသွေးနီ