မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 January 2010

1 အချိန်မျှဝေပေးပါ

.


.


ဒီပုံတွေကတော့ ပထမအကြိမ် Save The Aged အဖွဲ့သားများရဲ့ ရွှေသံလွင် ဘိုးဘွားရိပ်သာ အလှူ ဓါတ်ပုံများပဲ ဖြစ်ပါတယ်။ ဒီဓါတ်ပုံလေးတွေမှာ ပေးသူ နဲ့ ယူသူများရဲ့ တောက်ပသော အပြုံး ၊ ကြည်စင်သော မျက်နှာများကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်ကတော့ အဝေးက ဆိုတော့ အားလုံးကို ဝိုင်းဝန်း လှူတန်းကြဖို့ ဖိတ်ခေါ် နှိုးဆော်ရုံပဲ တတ်နိုင်ပါတယ်။

အခု ကျွန်တော် အကြောင်းအရာလေး တစ်ခု ပြောပြချင်ပါတယ်။ ကျွန်တော်တို့ ဒီလို စဉ်းစားမိတယ်။ လစဉ် လစဉ် ဘိုးဘွားရိပ်သာတွေကို အလှည့်ကျ လှူတာကတော့ ဟုတ်ပါပြီ။ သို့သော် ဘိုးဘွားရိပ်သာဆိုတာ များများစားစား ရှိတာ မဟုတ်။ နောက်တစ်ခုက ပိုက်ဆံချမ်းသာ နေလို့ မိဘကို ပစ်ထားတဲ့ သဘောနဲ့ လစဉ်ကြေးပေးပြီး ထားလို့ ရနေတဲ့ နာမည်အရမ်းကြီး ဘိုးဘွားရိပ်သာတွေကို ကျွန်တော်တို့ ရှောင်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ ကျွန်တော်တို့ အားမပေးပါဘူး။

ဒါကြောင့် ကျွန်တော်တို့ လစဉ် တကယ်ကို ဆင်းရဲ နွမ်းပါးပြီး သားသမီးတွေကလည်း ထောက်ပံ့မှု အားနည်းနေသော ၊ ဆင်းရဲနေသော ဘိုးဘွားများကို လစဉ် သူတို့ အတွက် အမြဲတမ်း ထောက်ပံ့သွားမယ်လို့ စဉ်းစားမိပါတယ်။ ဒါကို အခုတော့ အသင်းအင်အား ရန်ပုံငွေ အရ ဘိုးဘွားများ ( ၁၀ ) ဦးနဲ့ စတင်မယ်လို့ အကြမ်းဖျဉ်း လျှာထားပါတယ်။

ဒီဘိုးဘွားများအတွက် အမာခံအင်အားမှ အတိုင်းအတာ တစ်ခု သတ်မှတ်ပြီး အမြဲတမ်း လှူဒါန်းသွားပါ့မယ်။ တခြားသော လစဉ်အလှူငွေတွေကိုတော့ ကျွန်တော်တို့ တခြားသော ပရဟိတ ကိစ္စရပ်များမှာ ထောက်ပံ့ပေးကမ်း လှူဒါန်းပါ့မယ်။

တခြားသော ပရဟိတ လုပ်ငန်းများဟု ခေါ်ဆိုရတွင် သဘာဝဘေးကြောင့် ခံစားနေရသော လူပုဂ္ဂိုလ်များ ( ဥပမာ - ဆူနာမီ ၊ နာဂစ် ) ၊ ဆွံအ နားမကြားကလေးများ ၊ ပညာသင်ကြားရန် ခက်ခဲနေသော ကလေးသူငယ်များ နှင့် တခြားသော ပရဟိတ လုပ်ငန်းများမှာ လုပ်ကိုင်သွားပါမယ်။

အခု လောလောဆယ် ကျွန်တော်တို့မှာ ခက်ခဲနေတာ တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ လစဉ် ထောက်ပံ့လှူဒါန်းဖို့ ရပ်ကွက် အသီးသီးမှာ ရှိနေသော ဘိုးဘွားများကို ရှာရခက်နေခြင်းပါပဲ။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် အမြင်လေး နည်းနည်းပြောပါရစေ။ မြန်မာလူတွေမှာ ကိုယ်က ကောင်းမွန်ပြည့်စုံအောင် မထားနိုင်စေကာမူ သူများက ထောက်ပံ့ပေးကမ်း လှူဒါန်းမယ် ဆိုရင် သိက္ခာကျတယ် လို့ လွဲမှားစွာ ယူဆတတ်ကြပါတယ်။ ဒါကြောင့် ဘိုးဘွားတွေခဗျာမှာ လိုအပ်နေလျှက်နဲ့ ကျွန်တော်တို့ ရှာဖွေ မရခြင်းပါပဲ။

ဒါကြောင့် အခုစာဖတ်သူ သူငယ်ချင်းတွေကလည်း မိမိတို့ ပတ်ဝန်းကျင်မှာ တကယ်ကို လိုအပ်နေသော ဘိုးဘွားများကို တွေ့ရှိခဲ့ပါက ...
ကျွန်တော် ( kozaw.sa@gmail.com ) သို့လည်းကောင်း၊ အောက်ပါ သူငယ်ချင်းများသို့ လည်းကောင်း ၊ ဆက်သွယ် အကြောင်းကြားပေးပါ။

(၁)ဇင်အိအိဝင်း (H.P 09-509-3896) zineiei.savetheaged@gmail.com

(၂)ဗေဒါဇော် (Ph,593151) baydarzaw@gmail.com

(၃) စုစုနွယ် - ( Ph-095072875 ) sunwe.sta@gmail.com

(၄)သိင်္ဂီဖြိုး baydayaung@gmail.com

(၅)စည်သူထွန်း- sithuhtun21@googlemail.com

(၆)စိုင်းဟိန်းသီဟအောင် -saicohein@gmail.com


ကျွန်တော်တို့ အသင်းသားများ ဝမ်းသာစွာ လာရောက်ဆက်သွယ်ပါလိမ့်မယ်။ ဒီလို နှုတ်၏ ဆောင်မ ကူညီခြင်းဖြင့်လည်း ကုသိုလ် ယူနိုင်ကြပါတယ်ခင်ဗျား။

ကျေးဇူးအထူး တင်ပါတယ်။
ကိုဇော် ကုလိုလ်မျှဝေသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော့်နဲ့ အချိန်

ကျွန်တော် ဒီ Blogspot နေရာလေးမှာ ဖွင့်ထားခဲ့တာ ကြာခဲ့ပါပြီ။ သို့သော် မြန်မာနိုင်ငံ သူငယ်ချင်း ဝင်ရောက်ဖို့ ခက်ခဲတယ် ဆိုလို့ ကျွန်တော် Multiply နေရာလေးမှာ ပြောင်းရေးခဲ့ပါတယ်။ ဒီနေရာလေးကတော့ zaw357 ဆိုတဲ့ ကျွန်တော်နာမည်အရင်းခံသော နာမည်လေးနဲ့ ဖွင့်ထားခဲ့တာပါ။

ကျွန်တော် ဒီနေရာကို ပြောင်းမယ်လို့ စဉ်းစားပြီး Multiply မှာ ရေးထားသော စာများကို အချိန်ရသလို ပြောင်းလာခဲ့ ပေမဲ့ အခုထိ ၄ ပုံ ၁ ပုံ မျှသာ ပြောင်းရွှေ့လို့ ပြီးပါသေးတယ်။ သို့သော် အချိန်ရသလို ကျွန်တော် ပြောင်းရွှေ့နေပေမဲ့ အခုတော့ ဒီပရဟိတ အသင်းလေးအတွက် စိတ်အား ၊ အကြံဥာဏ်အားဖြင့် ပါဝင်နေရတာ ဖြစ်လို့ ကျွန်တော် ဒီနေရာမှာ ဆက်လက်ပြီး အတိုင်းအတာ တစ်ခု အထိ ၊ အချိန်လေး တစ်ချိန်အထိ
စာလေးတွေ တင်ဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်စာဆက်မရေးတော့ဘူးလို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော် စာတွေကတော့ တစ်နေ့ အနည်းဆုံး တစ်ပုဒ်တော့ ရေးနေမှာပါ။ ဒါပေမဲ့ စာတွေ ပြောင်းရင်း နှစ်ဖက်စလုံးမှာ စာတွေ တင်ဖို့ အခက်အခဲရှိနေလို့ ကျွန်တော် ဒီနေရာမှာ စာတင်ခြင်းကို ခဏရပ်ထားပါဦးမယ်။ Import နဲ့ စာတင်တာကို မနှစ်သက်သော ကျွန်တော် ဒီလို ပုံမှန်ပဲ ကူးယူတင်တာမို့ အချိန်အနည်းငယ်ကြာလို့ပါ။

ဒါကြောင့် ကျွန်တော့်ဘလော့လေးကို အားပေးဖတ်ရှူကြတဲ့ စာဖတ်သူ သူငယ်ချင်းများကို လေးစားသော အားဖြင့် http://zaw357.multiply.com မှာ ဆက်လက် လိုက်ပါပြီး စာတွေ ဖတ်ရှုပေးပါလို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ Blogspot ကိုတောင်မှ လာဖတ်နိုင်သော သူငယ်ချင်းတွေ အနေနဲ့ http://zaw357.multiply.com ဆိုတာ အခက်အခဲ မရှိ ဝင်ကြည့်နိုင်သော နေရာလေးတစ်ခုပါ။ ကျော်စရာလည်း မလိုပါဘူး။

ကျွန်တော် စာတွေကတော့ ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး တစ်နေ့ အနည်းဆုံး တစ်ပုဒ်တော့ အနည်းဆုံးရအောင် ဆက်ရေးသွားပါ့မယ်။

ခင်မင်လေးစားစွာဖြင့်
ကိုဇော်
.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

ကိုဇော်ရေ...

ကျွန်မဘဲညံ့လို့လားမသိ။
multiနဲ့ ဆိုက်မှန်သမျှ ဖတ်လို့ဘဲရတယ်။ မန့်လို့မရဘူးရှင့်။ zaw357.blogspot.comနဲ့မှ မန့်လို့ရတာ။ ဒါတောင် ကျော်ဝင်ရသေးတာ။ နောက်ဆို ဘယ်လို မန့်ရပါ့။

မြသွေးနီ