မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 January 2010

1 ဆေးခန်း နှင့် လူနာ

ဟိုနေ့က နေရင်းထိုင်ရင်း မျက်လုံးထဲကို ပိုးကောင်က ဝင်တယ်။ ဝင်မဲ့ ဝင်တော့လည်း ပိုးနံကောင် ။ နံလည်း နံသေး ၊ စပ်လည်း စပ်သေး ၊ ပူကလည်း ပူသေး။ ဒါနဲ့ပဲ ကျွန်တော် မျက်လုံးကြီး နီရဲ လာပါလေရော။

ဒီလောက်လည်း ဘာမှ ဖြစ်မယ် မထင်တော့ အလုပ်က ပြန်တော့ ဆေးခန်း မသွားပြဖြစ်ဘူး။ အိမ်ကိုပဲ တန်းပြန်လာခဲ့တယ်။ အိမ်ရောက်တော့ မျက်လုံးက အောင့်ပါ အောင့်လာတယ်။ ဒါနဲ့ပဲဘာမှ မလုပ်ပဲ ကျွန်တော် အိပ်လိုက်တယ်။ ညနေစောင်းတော့ ပိုဆိုးနေပါရောလား။ မျက်လုံးကြီး ဖောင်းပြီး နီရဲနေတယ်။ ဒီတော့ မဖြစ်ချေဘူး မနက်ဖြန်တော့ ဆေးခန်းသွားမှ ဆိုပြီး ကျွန်တော် တွေးမိတယ်။

မနက်ရောက်တော့ အလုပ်က ဆေးခန်းသွားဖို့ လက်မှတ်လေး ယူလိုက်ပြီးတော့ စူပါဗိုက်ဆာ တစ်ယောက်ကလည်း နေမကောင်းဘူးတဲ့။ ဒီတော့ မင်းငါ့ကား နဲ့ လိုက်မလား တဲ့။ လိုက်သည်ပေါ့။ နို့မို့ဆို ကိုယ်က ဘတ်စ် နဲ့ သွားရဦးမှာ။ ဒါနဲ့ ဆေးခန်းရောက်တော့ လူက ဘယ်သူမှ မရှိပါဘူး။ သူနဲ့ ကိုယ်ပဲ ရှိတယ်။ စူပါဗိုက်ဆာကလည်း ကြည့်ရတာ အကောင်းကြီး နောက်မှ မေးလိုက်တော့ ကိုယ်ပူနေတာ ၊ နေမကောင်းဘူး တဲ့။ သူကလည်း အလုပ်နားလို့ မရဘူး။

ဒီအချိန်မှာ တရုတ်မလေး တစ်ယောက် ဆေးခန်းထဲ ဝင်လာတယ်။ သူကလည်း ဆေးခန်းလာပြတာ ထင်တယ်။ ခပ်လှမ်းလှမ်းက ထိုင်ခုံမှာ ထိုင်နေတယ်။ သူ့ကိုယ်ပေါ်မှာ အနွေးထည်လည်း မပါဘူး။ ဒါပေမဲ့ အင်္ကျီတော့ ထပ်ဝတ်လာတယ်။ ဘယ်သူမှလည်း တွဲမလာရဘူး။ ဒါပေမဲ့ နေမကောင်းတာကတော့ သူ့ရဲ့ နီရဲနေတဲ့ မျက်နှာနဲ့ နှာခဏခဏ ချေနေတာက သက်သေပြနေတယ်။ ဒါနဲ့ပဲ ကျွန်တော် ဟိုးအရင် အချိန်က အဖြစ်အပျက်တစ်ခုကို သွားသတိရမိပါတယ်။

ကျွန်တော့် ဦးလေးတစ်ယောက်က ဆရာဝန် ဖြစ်တယ်။ ဆရာဝန် အလုပ်ကို သူက ငယ်ငယ်ကတည်းက အလွန်ဝါသနာကြီးစွာ စိတ်ဝင်စားတယ်။ ဒါကြောင့် သူ့မှာ ဆရာဝန် ဖြစ်ချင်စိတ်တစ်ခုပဲ ရှိခဲ့တယ်။ ဒါကြောင့်လည်း သူဆရာဝန် ဖြစ်ရေး ကြိုးစားခဲ့သောကြောင့် နောက်ဆုံးမှာ သူဆရာဝန် ဖြစ်လာခဲ့တယ်။

သူ့မှာ ထူးခြားတာ တစ်ခု ရှိတာက တခြားဆရာဝန်တွေလို ခေတ်ပေါ်ဆေးတွေကိုပဲ အာရုံပြုပြီး ရိုးရာတိုင်းရင်းဆေးတွေကို ပုတ်ခတ် ပြောဆိုလေ့မရှိဘူး။ ဒါကိုလည်း သူ လေ့လာတယ်။ လိမ်းဆေးတွေ ဆိုရင် သူ့ဖာသာ စမ်းသပ်ဖော်စပ်ပြီး ခေတ်ပေါ်ဆေးနဲ့ တိုင်းရင်းဆေးတွဲကုတယ်။ ဒါကြောင့် သူ့ဆေးခန်းက ဆေးစွမ်းထက်တယ်။ ဆေးစွမ်းထက်သလို လူနာတွေကလည်း အလွန်များလှတယ်။

သူ့မှာ နောက်ထပ် ကောင်းတဲ့ အချက်တစ်ခုက တခြားဆရာဝန်တွေလို ဆေးလေး သုံးလေးမျိုးထဲနဲ့ ကုတာ မဟုတ်ဘူး။ ဒါကြောင့် သူပေးတဲ့ ဆေးတွေကို ကြည့်ပြီး ဆေးသောက်ရမှာ ကြောက်ကြသော လူနာများက နှာခေါင်းရှုံ့ကြတယ်။ သူပေးတဲ့ ဆေးတွေက တစ်သောက် တစ်ခွက်စာကိုတောင်မှ ၆ လုံး ၊ ၇ လုံးလောက်ရှိနေတတ်တယ်။ ဘာလို့လဲ ဆိုတော့ သူက ဒီလို ပြောတယ်။

“ နေမကောင်းတဲ့ လူနာဆိုတာ ဖြစ်နေတဲ့ ရောဂါတင် ကုရတာ မဟုတ်ဘူး။ ဒီရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေကိုပါ ကြိုတင် ကာကွယ်ထားရတယ်။ ပြီးတာ့ ဒီလူနာ ရောဂါသက်သာလာရင် အားပြန်လည်ပြည့်ပြီး ကောင်းလာအောင် တစ်ခါတည်း ဆေးကို တွဲပြီး ပေးရတယ်။ ဒါကြောင့် ဦးလေး ပေးတဲ့ ဆေးတွေမှာ ဒီလိုတွေ တွဲပေးတော့ ဆေးအလုံးတွေ များနေတာ..။ ”

ဒီလို လူနာပေါ်မှာ စေတနာထားတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူက သူနေတဲ့ အိမ်မှာ ဆေးခန်း ဖွင့်ထားတာ ဆိုတော့ သူနေတဲ့ အိမ်က ကုလားရပ်ကွက် တစ်ခုကို ကားလမ်းလေးပဲ ခြားထားတယ်။ ဘယ်လို လူမျိုးကိုမှ ဆေးကုပေးမယ်လို့ သူ့မှာ ခံယူချက် မရှိပါ။ ဒါကြောင့် ဆေးစွမ်းလည်း ထက် ၊ စေတနာ လည်း ပါသော သူ့ဆေးခန်းကို ကုလားရပ်ကွက်က လူနာတွေကလည်း လာကြတယ်။

အဲဒီမှာ စတာပါပဲ။

နေမကောင်းသော လူနာ ဆိုတာ ဘယ်လိုလုပ် ပျော်ရွှင်နေနိုင်မှာလဲ။ သာမာန်နေကောင်းနေသော လူတစ်ယောက်လိုလည်း ဘယ်လိုလုပ် နေနိုင်ပါ့မလဲ။ ဒါပေမဲ့လည်း ကုလားရပ်ကွက်နားမှာ ဆိုတော့ နေမကောင်းသော ကုလားတွေက သူတို့ ထုံးစံ အတိုင်း “ ကုလားမူ မူပြီး ” နေမကောင်းတာကို သူတို့ မျက်နှာပေါ်မှာ မဲ့ရှုံ့မှုတွေပါ တပ်ဆင်ပြီး ဆေးခန်းကို လာကြတယ်။ ဒါဆို သူနဲ့ စကားများပြီ...။

စကားများတယ်သာ ပြောတာ သူပြောတဲ့ အကြောင်းပြချက်က အလွန်မှ ခိုင်မာ ကောင်းမွန်လှတယ်။ ဒီလို နေမကောင်းတာကို ရှုံ့တွ ငြီးငြူနေတတ်တဲ့ ကုလားလူမမာတွေကို သူက ပြောတယ်..

“ သိတယ်။ သိတယ်... နေမကောင်းဘူး ဆိုတာ သိတယ်။ နေမကောင်းလို့ ဆေးခန်းလာတာလေ။ ဒါပေမဲ့ မင်းတို့ မျက်နှာတွေကို ဒီလိုကြီး ရှုံ့မဲ့ မထားစမ်းပါနဲ့။ မျက်နှာကြီး ရှုံ့တွထားပြီး လူမမာဟန် လုပ်ပြမနေပါနဲ့။ ဆရာဝန်နဲ့တွေ့လို့ ဆရာရေ ကျွန်တော်တော့ ဒါဖြစ်နေပါတယ် ဆိုပြီး ပြောလည်း ရတာပါပဲ။ ဘာလို့များ ဆေးခန်းကို ရှုံ့တွပြီး လာတာလဲ။

မင်းတို့ မျက်နှာမြင်နေရတဲ့ ဆေးခန်းက လူတွေကရော ၊ ပတ်ဝန်းကျင်က လူတွေကရော ၊ ကျွန်တော်ကရော ဘယ်လိုလုပ် စိတ်ချမ်းသာ မလဲ။ နေမကောင်းပေမဲ့ ကိုယ့်မျက်နှာလေး လူမြင်ကောင်းအောင်တော့ လုပ်လာခဲ့ပါလား။ အခုတော့ ဆေးခန်းလာတယ် ဆိုကတည်းက နေမကောင်းလို့ ဆိုတာ သိနေပြီလေ။ ဘာလို့များ နေမကောင်းကြောင်းကို ထပ်ပြီး လူသိအောင် မျက်နှာကြီးကိုပါ ရှုံ့တွပြပြီး သပ်သပ်ရပ်ရပ် ဝတ်မလာကြတာလဲ။


နောက်တစ်ခါ ဒီလို လာလို့ကတော့ အလှည့်ရောက်လည်း မကုဘူးနော်။ ပြန်ရမယ်။ ရေပတ်လေးတိုက်ပြီး သပ်သပ်ရပ်ရပ်နဲ့ ပြန်လာမှ ကျွန်တော် ကုမယ်။ ”

သူပြောတဲ့ စကားတွေက ဆရာဝန် တစ်ယောက် အနေနဲ့ ရင့်တယ် ဆိုပေမဲ့ ဒါဟာ အမှန်တရားပါပဲ။ သူက ဒီလို ပြောတော့ နောက်ပိုင်း ကျွန်တော် စဉ်းစားမိပြီး အလိုလို သတိထားကြည့်မိတယ်။ နေမကောင်းလို့ ဆေးခန်းလာတယ် ဆိုမှ ဆေးခန်းလာတဲ့ လူနာတွေ မျက်နှာကြိးတွေ ရှုံ့မဲ့လို့ ၊ အဝတ်အစားတွေကလည်း အိပ်ယာထဲက ကောက်ထလာတဲ့ အတိုင်း ကြေမွနေတတ်ကြတယ်။

ဒီအချိန်ကတည်းက စပြီး ကျွန်တော် ကိုယ့်ဖာသာ ဆင်ခြင်မိတယ်။ ကျွန်တော် ဘယ်လောက် နေမကောင်းဖြစ်နေပါစေ။ ကျွန်တော် ဆေးခန်းသွားတော့မယ် ဆိုရင် မရ ရအောင် မျက်နှာလေးတော့ သစ်တယ်။ ဒီထက် ခေါင်းထူနိုင်ရင် သနပ်ခါးရေကျဲလေးတော့ ပွတ်လိုက်တယ်။ ပြီးရင် ကိုယ်ခန္ဓာကို ရေပတ်လေး တိုက်လိုက်ပြီး အဝတ်အသစ်လေးတော့ လဲလိုက်တယ်။ ဒါက သူပြောခဲ့တဲ့ စကားလေးကို ကျွန်တော် ဆင်ခြင်မိခဲ့တာ ဖြစ်တယ်။

ကျွန်တော် ဆေးခန်းရောက်သွားလို့ ဘယ်လိုပဲ ခေါင်းမထူနိုင်ဘူး ဖြစ်နေပါစေ။ ကျွန်တော် ရအောင်တော့ မျက်နှာကို သာမာန်လို ရအောင် ထားတယ်။ ဒီဆေးခန်းမှာ အလွန်ဆုံး ကျွန်တော် ရှိနေမှ တစ်နာရီပေါ့လေ။ ဒီလို မျက်နှာ ရှုံတွနေတဲ့ သူတွေကို ဒီဆေးခန်းကတော့ ဆေးခန်းဖွင့်သမျှ တွေ့နေမှာလေ။ ဒီအထဲမှာ ကျွန်တော် မပါချင်တော့ဘူး။

လူနာ အလှည့်ရောက်လို့ ဆရာဝန်ဆေးခန်းထဲကို ကျွန်တော် ဝင်သွားရင် ဆရာဝန်တွေက ဘယ်သူပြမှာလဲလို့ အမြဲလိုလို မေးမိတတ်ကြတယ်။ ကျွန်တော်ပါ ဆိုတော့ သူတို့ သေချာ ကြည့်ပြီး စမ်းပြီးမှ . . .

“ ဟာ ကိုယ်တွေ တော်တော် ပူနေတာပဲ။ ဘယ်လိုနေလဲ။ ဒါတောင်မှ ဘာမှ မဖြစ်တဲ့ အတိုင်းပဲ တော်တော် နေနိုင်တာပဲ။ ”

လို့ မှတ်ချက်ချကြတယ်။ တကယ်တော့ ဒါက ဟန်ဆောင်နေတာ မဟုတ်ပါ။ နေမကောင်းတာကို နေမကောင်းပါဘူး ဆိုပြီး ဟန်မလုပ်ချင်တာပါ။ ဒါကြောင့် လူဆိုတဲ့ အတိုင်း သာမာန်လို နေကြည့်လိုက်တာပါ။

အခုလည်း ကျွန်တော် ဆေးခန်းထဲက တရုတ်မလေးက မျက်နှာတွေ နီ ၊ နှာတွေ ချေပြီး ၊ နှာရည်တွေ ကျနေတာတောင်မှ သူ ဘာမှ မဖြစ်သလိုမျိုး ထိန်းပြီး လူမမာ ဟန်လုပ်ပြမနေပါဘူး။ ဒါကြောင့် ကျွန်တော် ပြန်ပြီး ကျွန်တော့် ဦးလေး ပြောတာကို သတိရမိသွားတယ်။

“ ဆေးခန်း လာကတည်းက နေမကောင်းဘူး ဆိုတာ သိတယ်။ ဘာလို့ မျက်နှာကြီး ရှုံ့တွထားပြီး လူမမာ ဟန်လုပ်နေတာလဲ ......... ......... ........... .......... ............ ....... ........ ........ ......... ....... .......”


ကိုဇော် ခံစားပုံဖော်သည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

[kwfw,fnDrvnf;aq;cef;oGm;&ifoefUoefUjyefUjyefUav;yJoGm;w,f/ tpfudkOD;av;ajymwmrSefwmaygh/ vluaeraumif;ygbl;qdkaeumrS xdkif;xdkif; rdIif;rdIif;MuD;qdk&ifb,faumif;rSmvJ [kwfbl;vm;