မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 January 2010

3 ဘဝ နဲ့ ဆန္ဒ


တစ်ခါက ကောင်လေး တစ်ယောက်ရှိတယ်။ မျက်နှာချိုတယ်။ သို့သော် သူ့ဘဝက မချိုဘူး။ သို့သော် သူက နှုတ်ချိုတယ်။ သို့သော် လူတွေရဲ့ အကြင်နာတရားက သူ့အပေါ်မှာ မချိုဘူး။ သို့သော် သူကတော့ ဟာသဥာဏ်တွေ သူ့ဦးနှောက်က အဆက်မပြတ်ထွက်တယ်။ သို့သော် သူ့ကို ဘယ်သူမှ မရေးတယူ သိပ်မရှိလှ။ သို့သော် သူ့ကို ခင်မင်သူတော့ များတယ်။ သူကလည်း လူတွေကို အောက်ကျို့ပြီး ကူညီတတ်တယ်။

ဘဝမှာ ဘာမှ ကြီးကြီးကျယ်ကျယ် မခံစားတတ်ခင် ၊ ကြီးကြီးကျယ်ကျယ် မတွေးတောတတ်ခင်မှာ သူ့အဖေက သူ့ကို လူ့ဘဝထဲက နှုတ်ဆက်သွားခဲ့တယ်။ ဘဝကို ဟာသဥာဏ်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်သန်းချင်တဲ့ သူအတွက် မိသားစု စားဝတ်နေရေးဆိုတာကြီးက ဖိလာတယ်။ ဒါနဲ့ သိုင်းသင်တန်းကျောင်းမှာ ဝင်တတ်ရောက်ပြီး ဒီက ရတဲ့ ပေးကမ်းထောက်ပံ့ကြေး အနည်းငယ်နဲ့ မိသားစုကို သူပြန်ထောက်ပံ့တယ်။

ဒီအချိန်မှာ သူက ဘာဆို ဘာမှ မဟုတ်သေးသူ တစ်ယောက်။ ဒါပေမဲ့ ဒီအချိန်မှာ သိုင်းပြိုင်ပွဲတွေမှာတော့ သူက ဆုတွေ ရနေခဲ့ပြီ။ နောက်တော့ သူက သိုင်းသင်တန်းမှာ သူများတွေကို သိုင်းသင်ပေးပြီး လူတစ်ယောက်ကို သူ အရမ်းအားကျတယ်။ ဒီလူက ရုပ်ရှင်မင်းသား “ ဂျက်ကီချမ်း ” ။ ဂျက်ကီချမ်းရဲ့ အောင်မြင်မှုကို သူ သဘောကျနေတာ မဟုတ်။ သူ သဘောကျနေတာက မင်းသား ဂျက်ကီချမ်းလိုမျိုး ဟာသနှောတဲ့ ဇာတ်လမ်းလေးတွေမှာ သူပါဝင်သရုပ်ဆောင် ချင်နေမိတာ။

ကံကြမ္မာက သူ့ကို မျက်နှာသာ ပေးလာခဲ့ပါတယ်။ ဒါနဲ့ သူ့ရဲ့ စွမ်းရည်တွေကို သဘောကျပြီး ထုတ်လုပ်သူ တချို့က သူ့ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ သူ ဂျက်ကီးချမ်း လိုမျိုး သရုပ်ဆောင်ခွင့်ရတော့မလား လို့ သူ ရင်တွေ တအားခုန်လို့ ညဘက် အိပ်မပျော်။ သူ့မှာ ဟာသဥာဏ်တွေ အများကြီး ရှိနေတာ သူသိတယ်။ သူသာ ဂျက်ကီချမ်း လိုမျိုး သရုပ်ဆောင်ခွင့်ရရင် အတိုင်းထက် အလွန် သူ သရုပ်ဆောင်နိုင်လိမ့်မယ်လို့ သူ တွေးမိတယ်။

သို့သော် ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်လမ်းကို ဖတ်ကြည့်လိုက်တော့ ရာဇဝင်ကားကြီး ပြီးတော့ သူ့နေရာက အလွန်ကို တည်ကြည်ဖြောင့်မတ်သော စစ်သူကြီးသိုင်းသမား နေရာ။ ဒါနဲ့ သူ ပြောခွင့်မရပါ။ ငါ တစ်နေ့နေ့တော့ ဟာသ အက်ရှင် ဇာတ်လမ်းလေး သရုပ်ဆောင်ခွင့်ရမှာပါလို့ သူ မျှော်လင့်နေမိသေးတယ်။ သူ့ကား ပထမကား လူတွေ သိတယ် ဆိုရုံ ၊ ဒုတိယကား သူကို လူပိုသိလာတယ်။ နောက်တော့ အကြမ်းအရမ်းတွေနဲ့ အရမ်းတည်ကြည်သော ဇာတ်ရုပ်တစ်ခုကို သရုပ်ဆောင်ပြီးတော့ သူ သူ့ကို သူ “ ပုံစံ (Format ) ” ချလိုက်သလိုပါပဲ။

ဟိုးလေးတကျော်ကျော် ပေါက်သွားပြီး ကျွန်တော့်ကိုလည်း လူတွေက ကျွန်တော်ဆိုရင် ဒီလို တည်ကြည်ခန်းညားသော ဇာတ်ရုပ် အဖြစ် သတ်မှတ်လိုက်ကြတယ်။ အပြင် ကျွန်တော် အင်တာဗျုးမှာ ကျွန်တော် နဂို ပုံစံအတိုင်း ပျော်ပျော်နေတာကို လူတွေရဲ့ မျက်လုံးက သိပ်ပြီး လက်မခံချင်တော့ ကျွန်တော့်ကို မြင်ရင် သူတို့ အရမ်းကို တည်ကြည်ခန့်ညားသော လူတစ်ယောက် အဖြစ်မြင်ထားကြတယ်။ ကျွန်တော်က ကျွန်တော်ပါ။ ကျွန်တော်က ကျွန်တော်လေ။ ကျွန်တော့်မှာ ပြောပိုင်ခွင့် မရှိတော့။

ကျွန်တော် အရှိန်ထိုးအောင်မြင်လာတယ်။ ကျွန်တော့်မျှော်လင့်ခဲ့သော ဟာသ ဇာတ်ကောင်နဲ့ သရုပ်ဆောင်ခွင့် တစ်ကြိမ်မျှ မရခဲ့။ တည်ကြည်ခန့်ညားသော ဇာတ်ရုပ်ကနေ ကျွန်တော် ကြိမ်ပေါင်းများစွာ ကျွန်တော် ကြိုးစား သရုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်ဘဝဆိုတာ အပြင်မှာ ဒီလို မဟုတ်တာ သူတို့ မသိဘူး။ ကျွန်တော်က အရမ်းကို အူမြူး ပျော်ရွှင် တတ်သောသူ ၊ သူများတွေ ပျော်ရွှင် ရယ်မောနေအောင် အလွန် စနောက်တတ်သောသူ ၊ မျက်နှာပြောင်တယ် ဟာသပြောတတ်တယ် လို့ အမေက အမြဲမှတ်ချက်တွေ စုပေးထားတဲ့သူ။ ဒါပေမဲ့ ကျွန်တော် သရုပ်ဆောင် ဘဝကတော့ တည်ကြည်သော ဇာတ်ဆောင် တစ်ဦးဟု သူတို့ သိထားကြတယ်။

ဘယ်သူကမှလည်း ကျွန်တော့်ကို ဟာသလေးနဲ့ တွဲပြီး သရုပ်ဆောင်ဖို့ စိတ်ခါမှ စိတ်မကူးမိ။ သူတို့ ဇာတ်လမ်းလေးထဲမှာ ဟာသလေး လုပ်ဖို့ တစ်ခါမှ ထည့်မစဉ်းစားမိ။ သူတို့ မျက်လုံးထဲမှာ မြင်ယောင်ထားတာ ကျွန်တော်က “ လူတည် ” ကြီး။ ရတယ် ...မင်းတို့ မရိုက်ချင်တဲ့ သရုပ်ဆောင် စရိုက်မျိုးနဲ့ ငါ့ဖာသာ ဇာတ်ညွှန်းရေးပြီး ငါ့ဖာသာ ဒါရိုက်တာ လုပ် ၊ ငါ့ ဖာသာ သရုပ်ဆောင်ရင်း ငါ့ဖာသာ ထုတ်လုပ်မယ်။ ကျွန်တော် ဒီလိုပဲ ကျိန်းဝါးမိတယ်။

ဒါနဲ့ ကျွန်တော် လိုချင်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဟာသလေးတွေ ထည့်ပြီး ကျွန်တော် သရုပ်ဆောင်ရင်း ဒီဇာတ်ကားလေးကို ကျွန်တော် ထုတ်လိုက်တယ်။ ကျွန်တော် မှားပါတယ် ဆိုရင်အောင် ခွက်ခွက်လန်အောင် ရှုံးသွားခဲ့တယ်။ ဒီထက် ဆိုတာက ကျွန်တော့်ကို မီဒီယာ အသိုင်းအဝိုင်းနဲ့ ပရိသတ်အပေါင်းက အားလုံး မှတ်ချက်ပြုတယ်။ “ ဒီကောင်ရူးသွားပြီ။ ” တဲ့။ ပေါပေါတောတော ကားတွေ ရိုက်နေတယ် ဆိုပဲ။ “ ငပေါကြီး ” ဆိုတဲ့ စာတန်းတွေနဲ့ ဂျာနယ်တွေမှာ ပါလာတယ်။ ဒါ ကျွန်တော်ရဲ့ လူနေမှု ဘဝ အစစ်အမှန်ပါပဲ။ ဒါကို သူတို့ မမြင်နိုင်ကြ။ သူတို့အားလုံးက ကျွန်တော် အစစ်အမှန် ဆိုတာထက် ရုပ်ရှင်ထဲက သရုပ်ဆောင်ကိုသာ မြင်ယောင်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော် ဆက်လက်ပြီး သရုပ်ဆောင်နေခဲ့ရသော ဇာတ်လမ်း ၊ ဇာတ်ကားတွေကလည်း တည်ကြည်ခန့်ညားသော မျက်နှာတည်နဲ့ သရုပ်ဆောင်မှု တွေပါပဲ။ ကျွန်တော် စိတ်ဓါတ်ကျ ဝေဒနာလည်း ခံစားခဲ့ရတယ်။ တော်ပြီကွာ သရုပ်ဆောင်လောကကို ကျောခိုင်းပြီး ဘုန်းကြီးပဲ ဝတ်တော့မယ် လို့လည်း တွေးမိတာ အကြိမ်ကြိမ် ။ နောက်ဆုံးတော့လည်း သူ့ကို တရားတော်တွေက ကူညီဖေးမခဲ့တယ်။ ဒီတော့မှ “ ဖြစ်ချင်နေရသော သူရဲ့ ဆန္ဒ နဲ့ သူ့ဖြစ်နေသော ဘဝ ” ကို ကွဲကွဲပြားပြား မြင်လာခဲ့တော့တယ်။

“ ကျွန်တော့် အပြင်ဘဝမှာ ကျွန်တော်က ကျွန်တော့် ပင်ကိုယ် စရိုတ်အတိုင်း ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ သရုပ်ဆောင် အလုပ်မှာတော့ ကျွန်တော့်ရဲ့ ဟာသလေးတွေနဲ သရုပ်ဆောင်ချင်တဲ့ “ ဆန္ဒ ” ကို ကျွန်တော် ချိုးနှိမ်ထားရပါတယ်။ သရုပ်ဆောင် ဆိုတဲ့ နေရာက ကျွန်တော့်ရဲ့ ဘဝ ဆိုရင် ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဒီနေရာမှာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရဘူးဆိုတာ ကျွန်တော် သိလာခဲ့ပါပြီ။ ”
ဒီလို သူ့ဘဝ နဲ့ သူ့ရဲ့ ဆန္ဒ ကို ပြောပြသွားတာက ဟောင်ကောင်ရဲ့ သရုပ်ဆောင် မင်းသား “ ဂျက်လီ ( Jet Li ) ” ပါ။


လူဆိုတာ ဘဝ နဲ့ ဆန္ဒ ထပ်တူ ကျနိုင်ပါ့မလား။

source; Interview From Chinese Newspaper
ကိုဇော် တင်ပြသည်။



.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

One of my best Chinese actorဖြစ်လို့ကျေးဇူးတင်ပါတယ်ရှင်။ ဂေါင်လီအကြောင်းလေးလည်းအဲ့လိုမျိုးဖတ်ချင်မိတယ်ရှင့်။

မြသွေးနီ
http://myathwayyni.mylovecafe.com

Flower said...

ဖြစ်ချင်တာနဲ့ဖြစ်လာတာဟာ ဘယ်တော့မှ တစ်ထပ်တည်းမကျတတ်ပါဘူး.. ဒါပေမဲ့ ဖြစ်နေတဲ့ အပေါ်မှာတော့ အကောင်းဆုံး လုပ်ဆောင် ပေးဖို့ အရေးကြီးပါတယ်.. အဲလိုဆိုရင် လက်ရှိဖြစ်နေတဲ့ နေရာလေးဟာလည်း နေပျော်စရာ ဖြစ်လာနိုင်ပါတယ်..

Anonymous said...

လူဆိုတာရတာမလို လိုတာမရဖြစ်ကြတာတွေပါ၊
ရရှိလာတဲ့အနေအထားမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်၊
မချောရဲ့ စကားကိုထောက်ခံပါတယ်
ကိုဇော်ရေနောက်ထပ်ဗဟုသုလည်းရ အသိလည်းကြွယ်မယ့်စာသားတွေအများကြီးရေးနိုင်ပါစေ၊