မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 October 2010

11 “ ပုစ္ဆာများ ” ရဲ့ နောက်ကွယ်




“ ပုစ္ဆာများ ” ဆိုတဲ့ ပို့စ်ကို ကျွန်တော် ရေးဖြစ်တာ တကယ်ကို ဟာသအမြင်လေးနဲ့ပါ။ ဘာရယ်မဟုတ်ဘူး အဲဒီနေ့က ဥာဏ်ပုစ္ဆာလေးတွေ ဖြေကြည့်နေရင်း အတွေးလေး ရလို့ သီတင်းလည်း ကျွတ်ပြီ ဆိုတော့ ရယ်ပြုံးမိစေဖို့ ကျွန်တော့် ထုံးစံ အတိုင်း ခပ်သော့သော့လေးနဲ့ ရေးလိုက်တာပါ။

ဒါပေမဲ့ဗျာ မမျှော်လင့်ဘဲ ရယ်ပြုံးစရာ ဟာသလေးကနေ ထိရှသွားမှုတွေ ဖြစ်ခဲ့တယ်။ ကျွန်တော့် မေးလ်ထဲကို ရင်ဖွင့်စာ ခုနစ်စောင်တောင်မှ လက်ခံရတယ်။ ဒီပို့စ်လေးကို အပြစ် မပြောကြပေမဲ့ သူတို့ ဒဏ်ရာတွေကို သီတင်းကျွတ် ဆိုတဲ့ အရာကပဲ အနာဖေး ခွာပေးလိုက်သလား မသိပါ။ ဒဏ်ရာဟောင်းတွေက ပြန်လည် နိုးထလာကြတယ်။ ရင်ဖွင့်လာသူများကို တစ်ယောက် မကျန် ကျွန်တော် အချိန်ယူပြီး လေးစားစွာ မေးလ် ပြန်ခဲ့ပါတယ်။

ပုစ္ဆာ . . . .

ပုစ္ဆာ . . . .

ပုစ္ဆာ ဆိုတာ တကယ်တော့ ဟိုနေ့က ကျွန်တော် ရယ်ပြုံးမိစေဖို့ ရေးခဲ့တဲ့ ပုစ္ဆာများ ပို့စ်ထက် မက ကျယ်ဝန်းပါတယ်။ အကြောင်းအရာတွေ များပြီး ဟုံသွားမှာ စိုးလို့ ကျွန်တော် ထိုနေ့က ပို့စ်လေးမှာ ရပ်ထား လိုက်တာပါ။ တကယ်တော့ ပုစ္ဆာ တစ်ပုဒ်ကို ဖြေဆိုတယ် ဆိုရာမှာ ဖြေဆိုသူများက ဘက်တူဖို့လည်း လိုပါသေးတယ်။ ဥပမာ - မူလတန်းကျောင်းသား အတွက် ပုစ္ဆာတစ်ပုဒ်ကို ဖြေရင် မူလတန်းကျောင်းသား အတွက် ခက်နေနိုင်ပေမဲ့ တက္ကသိုလ်ကျောင်းသားအတွက်တော့ လွယ်လွယ်လေး ဖြစ်နေနိုင်ပါတယ်။

“ အချစ် ဆိုတာ တွက်၍ မရသော ပုစ္ဆာ တစ်ပုဒ်တော့ မဟုတ်ပါ။ တွက်ရခက်သော ပုစ္ဆာ တစ်ပုဒ်မျှသာ ဖြစ်ပါသည် ” ဟု ကျွန်တော် ရေးခဲ့ပါတယ်။ ပုစ္ဆာ ဆိုတာကို အချစ် ဆိုပြီးတော့ ကျွန်တော်က ဖွဲ့တည်ချင်လို့ တင်စားခဲ့တာပါ။

ဒါဆို အခုလည်း ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာတယ် ဆိုရင် ဘက်တူညီဖို့ လိုသလို အချစ်ကို အဖြေရှာရင်လည်း ဘက်တူညီဖို့ လိုပါတယ်။ ဘက်မညီရင် ကိုယ်က အရာအားလုံး ပုံပြီး မျှော်လင့်ချက်တွေနဲ့ ချစ်ခဲ့ပေမဲ့ သူတို့ အတွက်ကျတော့ အပျော်ဆော့နေကြ အရုပ်ကလေး တစ်ရုပ်လို ၊ စိတ်ကျေနပ်အောင် ကစားနေကြ ဂိမ်းတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ တစ်ယောက်က လေးနက်နေတဲ့ အချိန်မှာ တစ်ယောက်အတွက်က ပျင်းဖို့ ကောင်းနေတယ် ဆိုတာတွေက အချစ်ကို ခံစားမှု ဘက်မတူ လို့ ဖြစ်ပါလိမ့်မယ်။ 


*** ဒီနေရာမှာ ကျွန်တော့်ကို အချစ် နဲ့ ပတ်သတ်ပြီး ဆရာကြီးလို့ မထင်ပါနဲ့ဦး *** 

ထင်မှာလဲ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း ဒီလိုပဲ ကြားဖူးနားဝတွေ ရွတ်ပြတာပါ။ အချစ်ဆိုတာ စိတ္တဇနာမ် လို့ ဆိုကြပါတယ်။ မမြင် ၊ မတွေ့ ၊ မထိ ၊ မကိုင်နိုင်ဘူး လို့ ဆိုတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မြင်နေရတဲ့ ရင်ဘတ်ထဲကိုတော့ ပြင်းပြင်းရှရှ ထိုးဖောက် မွှေနှောက်နိုင်ပါတယ်။ အချစ်ဆိုတာ အသက်အရွယ် ၊ ဆင်းရဲ ချမ်းသာ ၊ အချိန်အခါ ၊ နေရာ မရွေးဘဲ ထိပ်တိုက်ရင်ဆိုင် ရနိုင်ပါတယ်။ အဲဒီလို ရင်ဆိုင်ခဲ့ရသော လူတွေထဲမှာ ကျွန်တော်ရော မပါဘူးလို့ ဘယ်သူ ပြောနိုင်မှာမို့လို့လဲ။

ကျွန်တော် ဥပမာ ပေးနေကြ အဖြစ်အပျက်လေး ရှိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လမ်းလျှောက်ဖို့ လေ့ကျင့်ခဲ့ကြတယ်။ နောက်ကျတော့ လမ်းလျှောက် တတ်လာကြတယ်။  အခုလို လူကြီး ဖြစ်လာတဲ့ အထိကို လမ်းလျှောက်ခဲ့ကြပြီ။ ငယ်ငယ် ကလေးဘဝကတော့ လမ်း မလျှောက်တတ် ၊ လျှောက်တတ်နဲ့ လျှောက်စဉ် အခါတုန်းက ခဏခဏ ခလုတ်တိုက် ခဲ့ကြတယ်။ ခဏခဏလည်း ချော်လဲခဲ့ကြတယ်။ အရှိန်ပြင်းရင် နဖူးကွဲ ၊ ဒူးပြဲ ၊ ဗြူးဗြဲ အော်ငိုခဲ့ကြရတယ်။

အခုလို လမ်းလျှောက် ကျွမ်းကျင်လာသော လူကြီး ဘဝမှာတောင်မှ တစ်ခါတလေ ကျွန်တော်တို့ သတိမမူမိတဲ့ အခါမှာ ခလုတ်တော့ တိုက်မိတတ်ပါတယ်။ သို့သော် ငယ်ငယ်ကလိုတော့ ဝုန်းခနဲ ပစ်လဲကျ မသွားဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေတော့ လက်ထောက် မိရုံလောက်တော့ လဲကျမိမှာပါ။ နဖူးကွဲ ၊ ဒူးပြဲ ၊ ဗြူးဗြဲ ဆိုပြီးတော့ အော်ငိုတဲ့ အထိတော့ ဘယ်ရောက်မလဲလေ။ 

ဘယ်လိုပဲ ဖြစ်နေပါစေ။ အချစ်ဆိုတာကလည်း ခလုတ်တိုက် သလိုပါပဲ ၊ အသက်ကြီးငယ် ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ခလုတ်တိုက် မိနိုင်ပါတယ်။ ဝုန်းခနဲ ချော်လဲ မကျသွားဘူး ဆိုရင်တောင်မှ သွားနေတဲ့ ခရီးလမ်းမှာ ဟန်ချက်လေးတော့ ပျက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရခဲ့ရင်ပဲ တော်လှပြီလို့ ဆိုရမှာပါ။

“ ပုစ္ဆာများ ” ပို့စ်ကို ကျွန်တော် ရေးသည်မှာ အားလုံးကို ရယ်ပြုံးစေလို၍သာ ဖြစ်သော်လည်း အနာဟောင်းကို ဆွမိသလို ၊ ရေနူးပြီး ရှူမိသလို ဖြစ်ခဲ့ရသူများကို တောင်းပန်သော အနေနဲ့ ကျွန်တော် ဝတ္ထုလေး တစ်ပုဒ် အမှတ်တရ ရေးပေးပါ့မယ်။ ဒီဝတ္ထုက စိတ်ကူးယဉ်လား ၊ ဆင့်ပွား ခံစားတာလား ၊ ကိုယ်တွေ့လား ဆိုတာကတော့ မမေးပါနဲ့ဗျာ။ ဖတ်ကြည့်ပြီးမှ ကြိုက်နှစ်သက်သလို ခံစား ဆုံးဖြတ်ပေးပါ။

သို့သော်. . . 

လက်ရှိ ကျွန်တော့်မှာ လက်ဆောင်ရေးပေးဖို့ ပို့စ်လေး အချို့တော့ ကျန်နေပါသေးတယ်။ ဒါကြောင့် ဒီပို့စ်လေးတွေကို ရေးရင်းနဲ့ ကျွန်တော် အဆင်ပြေသလို ရေးသွားပါ့မယ်။ လက်ရှိရေးဖို့ ကျန်နေတဲ့ အကြွေးတွေက - 
  • သူငယ်ချင်း ဏီလင်းညို ရဲ့ “ ညာ ” ပို့စ် အဆက် “ တော ”
  • ညီမလေး ဒီဒီ  Inspiration ပေးသော “ ဆင်စီး မြင်းရံ ” 
  • နန်းလေပြေနု အမှတ်တရ ရေးခိုင်းသော “ Correction Pen လို ယောက်ျား ”
  • သူငယ်ချင်း ကျော်ကျော်လွင် ရေးခိုင်းသော “ အယူ - အပေး ”
  • သူငယ်ချင်း တစ်ယောက်အတွက် “ ရှန်တိန် ” 
ဒါပေမဲ့လည်း ဒါတွေကို ဆက်တိုက် ရေးဖြစ်မယ် လို့တော့ မဟုတ်ပါဘူး။ ဒီကြားထဲမှာ စိတ်ကူးပေါက်ရာ စိတ်ထဲ ရှိရာကိုတော့ အရင် ရေးဖြစ်မှာပါ။ သူငယ်ချင်းတွေကို ခင်သော ကျွန်တော့် အတွက်ကတော့ ဒီလိုရေးရတာ ပျော်ပါတယ်။ အမှတ်တရပေါ့လေ။

အဲ . . စကားများပြီး လေပေါနေတာနဲ့ ရေးမယ် ဆိုတဲ့ ဝတ္ထုနာမည်လေး မပြောရသေးဘူး။ ဝတ္ထုနာမည်က 

“ နှလုံးသား ရှိရာ ” 

တဲ့။ ကျွန်တော်ကလည်း လူသားထဲက လူသား တစ်ယောက်ပါပဲဗျာ။ ဘဝ ဆိုတဲ့ ခရီးလမ်းကို ဖြတ်သန်း လျှောက်လမ်းနေတဲ့ ကျွန်တော်လည်း နဖူးပြဲ ၊ ဒူးကွဲ ၊ မူးလဲသာ မကျရင်နေမယ် ကျွန်တော်လည်း “ ခလုတ် ” တော့ တိုက်ခဲ့ဖူးတာပါပဲ။ အဲ . . . လဲတော့ မလဲပေမဲ့ လဲတော့ မလိုလိုလောက်ပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လဲတော့ မလဲပေမဲ့ လဲတော့ မလိုလိုလောက်ပါပဲ ..တော်သေးတာပေါ့ ဟန်ချက်ပြန်ထိန်းနိုင်လို့ ။
နောက်ရေးမယ့် ပို့စ်တွေကိုဘယ်လို ခံစားချက်နဲ့ ရေးမယ်ဆိုတာ စောင့်မျှော်ရင်း စာရေးသူရဲ့ နှလုံးသားရှိရာအရပ်..ဘယ်မှာလဲ
ဆိုတာကိုလည်း ဖတ်ခွင့်ရချင်ပါသေးတယ်ရှင်။
...

ဝက်ဝံလေး said...

ဝေးးးးးးးးး ဘလောဂ်ပြန်ဖွင့်ပြီ ကွ
ဟဟဟ
အမှန်တော့ အရွေးလွန်သွားတာနေမှာပေါ့
ရွေးလွန်းရင် မရ သေးလွန်းလျှင်လဲ မလှ တဲ့ သိပ်မရွေးနဲ့နော်
ခစ်ခစ်

SHWE ZIN U said...

အချစ်နဲ့ပါတ်သက် လို့ ဆရာကြီးလို့ ထင်မိပါဘူး
တဝါပြီး တဝါလည်း ကျွတ်ခဲ့ပြီကိုး ကိုဇော် ကတော့ နေမြဲ နေမြဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

lwin said...

ဘယ်တော့လဲမှာလည်း ကြိုပြောပါ...ထူဘို့လွတ်လိုက်မယ်...

ahphyulay said...

အင်း..
နဖူးကွဲ၊ဒူးပြဲ ခလုတ်တိုက် ၊ အသက်အရွယ်အချိန်အခါမရွေး
အချိန်မရွေး အော် အချစ် ၊ တွက်ရခက်တဲ့ ပုစ္ဆာ အကုန်လုံး
တနင့် တပိုး မျိုချ လိုက်မိတယ်။ ချစ်လိုက်မိတယ်ဆိုရင်တော့ 
ထွက်သက်အထိ ဖျက်မရ ဖြစ်တတ်တယ်လေ၊ သူများကို
လိမ်လို့ ရပေမဲ့  ကိုယ့် ကိုယ်ကိုတော့ မရပါဘူးနော်။ မချစ်လိုက်
ခင်လေး၊မချစ်မိခင်လေး အချိန်အပိုင်းလေးကို သတိပြုလိုက်
နိုင်ရင်သိပ်ကောင်း၊ အရှိန်အဟုန်နဲ့  ရစ်ပတ်နိုင်အားသိပ်ကောင်း၊
ကျွန်တော်ကတော့  ကျွန်တော့် Heading မှာအဲ့ ဒီ
ပုစ္ဆာရဲ့ အဖြေကို ထုပ်ထားပြီးပြီ၊ သံယောဇဉ်အားလုံးကို မဲနယ်
ဆိုးပါလို့  အဲ အဖြူရောင်ဖြစ်စေချင်သူ..လို့ ။
ဟဲဟဲ နောက်တာဗျိုး ... တွက်မရလို့ ၊အဖြေမထွက်လို့ ။

အင်္ဂါဟူး said...

သံယောဇဉ် သံယောဇဉ် ၊ နေမြင့် လို့ အရူးရင့် ခဲ့တယ် ..... ဒီသံယောဇဉ်...

ကဲ.. အခုတော့ ဘာပြောမလဲ..... သူလေးပဲ ပြည့်စုံပါစေ....

ရုပ်ရှင်သွားကြည့်တော့လဲ အချစ်အကြောင်း ကက်ဆက် ဖွင့်လဲ အချစ်အကြောင်း ဘလော့ဂ် လိုက်ဖတ်လဲ အချစ်အကြောင်း ....... ဟာ ဟ

ဦးဇွတ် ညစ်နေတာတွေ ရှိတယ်ဟုတ်....

မြန်မြန် အဆင်ပြေပါစေဂျာ။

အုပ်ကြီး said...

ဘယ်လိုများခလုတ်တိုက်မိပါလိမ့်ဗျာ ....

ပေါ့ဆိမ့် said...

ကျွန်တော်လည်း ခရီးလွန်နေလို့ ခုမှပဲရောက်ဖြစ်တော့တယ်။ ကျွန်တော့ သူငယ်ချင်း ရေနွေးကြမ်းနဲတောင် ပြောနေတာ ကိုဇော် အရမ်းရေး နိုင်တာပဲလို့ တော်တယ်လို့ တို့တွေ နဲ့များကွာပါ့ကွာလို့
စောင့်ဖတ်နေမယ်ဗျာ ...

ကိုအောင် said...

နောက်ကွယ်ရဲ့ နောက်ကွယ်မှာ နောက်ကွယ်
တွေလည်း ရှိတတ်ပါတယ်၊ နေကောင်းလား
ကိုဇော်ရေ ....

ကိုရီး{ကိုကြီး} said...

မေးကြပြီပေါ့ ဦးဇွတ်ရာ
ဒါနဲ့......... ဘာမှမဟုတ်တော့ပါဘူး :))))

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

အဖြူရောင်နတ်သမီး said...

ယုံပါယယ်............
ခလုတ်တိုက်ဖူးဆယ်ဆိုတာကို....
ခြေမနဲ့တိုက်တာလား...
ခြေသန်းတဲ့တိုက်တာလား...
မှန်မှန်ဖြေ...ဒါဗြဲ..