မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 October 2010

10 သဘောထားဆိုတာ ဘာလဲ



အသစ် မဟုတ်ပါ။ ကျွန်တော့်ကို ဘလော့ဂါ ဆိုပြီး ဖြစ်စေခဲ့တဲ့ ပို့စ်လေးတွေပါပဲ။ အဲဒီတုန်းကတော့ ရေးပြီးရင် မေးလ်ထဲကနေပြီးတော့ သူငယ်ချင်းတွေဆီကို ပို့ပါတယ်။ အခုတော့. . .  ဆားချက်တယ်ပဲ ဆိုဆိုပေါ့။



တစ်ခါကပေါ့ . . .

ပြင်သစ်နိုင်ငံရဲ့ အကျဉ်းထောင်ထဲရှိ သေဒဏ်ပေးရာ ဌာနမှာ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားကို သေဒဏ်ပေးဖို့ အလုပ်ရှုပ်နေကြ၏။ အကျဉ်းသားနာမည်က “ ပိတိ ” (Pitti) ဆိုသူ။ လူပေါင်း (၁၁) ယောက်ကို စိတ္တဇ ဆန်ဆန် ပက်လက်လှန် ၊ ခြေလက် တုပ်နှောင်ပြီး ၊ ပါးစပ်ကို အ၀တ်ဆို့ လည်ပင်းကို သွေးစိမ်းရှင်ရှင် ထွက်အောင် လှီးပြီး သတ်ခဲ့တဲ့ သူ။ အဲ ကံဆိုးချင်တော့ (၁၁) ယောက်မြောက်မှာ သူလည်ပင်းကို လှီးပြီး သွေးတွေထွက်နေတာ သူထိုင်ကြည့်နေတုန်း  သူ့ဆီကို ဖုန်းလာသည်။ သူ ဖုန်းသွားကိုင်နေစဉ် နှစ်ကြာလာပြီဖြစ်တဲ့ လက်ကိုချည်ထားတဲ့ လက်ပတ်က ရုန်းရင်း ပြတ်သွား၏။

သူ ထွက်ပြေးတဲ့ ကောင်မလေးကို နောက်ကိုလိုက်ပေမဲ့ လမ်းမပေါ်အရောက် လူတွေ ၀ိုင်းအုံလာတာနဲ့ သူမတတ်နိုင်တော့။ ဒီလိုနဲ့ပဲ သူ အဖမ်းခံရသည်။ ထွက်ပြေးတဲ့ ကောင်မလေးကတော့ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး သေသွား၏။ ဒါနဲ့ သူ့ကို တရားရုံးတင်တော့ သူ ပြုံးပြုံးပါပဲ။ ဘာမှ အပြစ်မရှိတဲ့ သူတွေကို လည်ပင်းကို လှီးပြီး သွေးတွေကျနေတာကို ထိုင်ကြည့်ချင်တာ တစ်ခုတည်းနဲ့ လူပေါင်း (၁၁) ယောက်ကို သူ သတ်ခဲ့တယ်လို့ ၀န်ခံလိုက်လေသည်။

အလောင်းတွေကတော့ သူ့အိမ်က သံမံသလင်းအောက်မှာ ရှိတယ်လို့ ပြောလိုက်လေသည်။ ဒါနဲ့ သူ သေဒဏ်ကျခံရ၏။ ပြင်သစ် ဥပဒေအရ “ ဒဏ်ပြန်သေဒဏ်” တဲ့။ ဒါကြောင့် တရာရုံးက သူ့ကို သူ လူ (၁၁) ယောက်ကို သတ်သလို “ လည်ပင်းကိုလှီး၍ သွေးထွက်လွန်ပြီး သေစေ ” တဲ့။ ဒါကတော့ “ ပိတိ ” ကို တရားသူကြီးက အမိန့်ချမှတ်တာ . . .

ခု သူ့ကို သေဒဏ်ချမှတ်ပေးဖို့ စီစဉ်နေ၏။ သူ့အတွက် သေဒဏ်ပေးဖို့ ပြင်ဆင်နေကြသည်။ ဒါကတော့ “ ပိတိ ” သိသမျှ။ တကယ်တော့ ပြင်သစ်နိုင်ငံ ရဲ့ စိတ်ပညာရှင်တွေဟာ သူတို့ စိတ်ပညာအရ “ Attitude ” ကိုလေ့လာနေကြ၏။ သူတို့က လုတွေမှာ အရေးအကြီးဆုံးက “ Attitude” ဆိုတဲ့ “သဘောထား” ပြဿနာလို့ ယူဆကြသည်။ 


သဘောထား ပြဿနာကို ဖြေရှင်းနိုင်ရင် အရာရာ အောင်မြင်ပါသည်။ သူတို့ သီအိုရီ ပိုင်းအရ အကြိမ်ကြိမ် စမ်းသပ်သည်။ လက်တွေပိုင်းအရ တခြားသော တိရစ္ဆာန်များနှင့် အသေးစိတ် စမ်းသပ်သည်။ ခုတော့ လူ့အသက်နဲ့ သူတို့ စမ်းသပ်ဖို့ စီစဉ်နေတာပါ။

လူ့အသက်နဲ့ စမ်းသပ်မှုအရ သူတို့ဒီလူကို အခွင့်အရေးပေးထားပါသည်။ သူတို့ စမ်းသပ်မှု အောင်မြင်သည်ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ စမ်းသပ်ခံ လူကို သေဒဏ်မှ ကင်းလွတ်ပြီး ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းရွေ့ပေးမည် ဟု သူတို့ အားလုံးသဘောတူ ပြီးသားပါ ၊ ဒါပေမဲ့ သူတို့ စမ်းသပ်သော အစီအစဉ်ကို ကတော့
“ ပိတိ ” မသိပေ။ ယခု သူတို့ “ပိတိ” မြင်အောင် ပြင်ဆင်နေသည်။

လည်ပင်းကို လှီးပြီး အသတ်ခံရမည်ဟု သိထားသော “ပိတိ”ေ ရှ့တွင် လည်ပင်းကို လှီးရန် ဓားအမျိုးမျိုး ၊ အောက်မှ သွေးခံရန် စတီးဇလုံ ၊ “ ပိတိ ” လည်ပင်းကို လှီးမည့် ဆရာဝန် ၃ ယောက် ၊ အချိန်ကျတော့ “ ပိတိ ” ရှေ့မှာ ခရစ်ယာန် ဘုန်းကြီးက သမ္မာကျမ်းစာ လာရွတ်၏။ နောက်တော့ “ ပိတိ ” ကို ပက်လက်လှန်လိုက်သည်။ ခေါင်းကို အ၀တ် မည်းမည်းကြီး စွပ်လိုက်သည်။ လက်တွေ ၊ ခြေတွေ ၊ဦးခေါင်းကို တုပ်နှောင်လိုက်၏။ 


နောက်တော့ အချိန်ကျပြီ ဆိုတဲ့ ပြောသံ “ ပိတိ ” ကြားအပြီးမှာ သူ့လည်ပင်းကို ဆရာဝန်တွေက နာတယ်ဆိုရုံလေး အပေါ်ယံ အရည်ပြားလောက်ကို ၀ိုက်လှီးလိုက်၏။ သွေးက စို့တယ် ဆိုရုံလေး ထွက်တာပါ။

ဒါပေမဲ့ “ ပိတိ ” က မမြင်ရ။ “ ပိတိ ” ရဲ့လည်ပင်း ဘေးနားမှာ ဆရာဝန်တွေက အသင့်ပြင်ထားပြီး ပလာစတာနဲ့ ကပ်ထားတဲ့ ပိုက်ပျော့လေး နှစ်ခုကနေ တစ်ဖက်တစ်ချက်က ရေတွေ “ ပိတိ ” လည်ပင်းပေါ်ကို ဖွင့်ပြီး တသွင်သွင် စီးဆင်းစေလိုက်သည်။ “ ပိတိ ” အထင်ကတော့ သူ့လည်ပင်းက သွေးတွေ တသွင်သွင် စီးနေပြီလို့ ထင်နေတာပေါ့။

ဒါနဲ့ . . . 


၁၅ မိနစ်  . . . . . . ဒီအတိုင်းပါပဲ။


၄၅ မိနစ် ကြာလာတော့ . . . .“ ပိတိ ” ခန္ဓာကိုယ် တဆတ်ဆတ် တုန်နေ၏။ ( သူ သူများ လည်ပင်းကို လှီးခဲ့တဲ့ လူတွေဖြစ်တဲ့ အတိုင်းပါ။ )


၁ နာရီ ကျော်လာတော့ . . . “ ပိတိ ” ခန္ဓာကိုယ်က ဆတ်ခနဲ ဆတ်ခနဲ ဖြစ်ဖြစ်သွားသည်။ 


ဒီလိုနဲ့. . . 

၂ နာရီ လောက်မှာတော့ “ ပိတိ ” ခန္ဓာကိုယ်က မလှုပ်ရှားတော့ပဲ ငြိမ်သက်သွားခဲ့လေ၏။

ဒီအချိန်အထိ “ ပိတိ ” လည်ပင်းက သွေးတစ်စက်တောင်မှ အောက်မှခံထားတဲ့ စတီးဇလုံ ထဲသို့ မကျပါ။ စို့နေတဲ့ သွေးတွေတောင်မှ ခြောက်နေပါပြီ။ ဒါပေမဲ့ ဆရာဝန်တွေ စမ်းသပ်ကြည့်တော့ “ ပိတိ ” အသက်မရှိတော့ပါ။

“ ပိတိ ”ကတော့ သူ သတ်ခဲ့သော လူတွေ သေသလိုမျိုး သူ့အသတ်ခံရပြီ လို့ တထစ်ချ ယုံကြည်မှုကြောင့် ခန္ဓာကိုယ်က ဘာသွေးမှ မထွက်ပဲ သွေးထွက်လွန်တယ် ဆိုတဲ့ စိတ်ကြောင့် သေဆုံးခဲ့ရပါသည်။ “ ပိတိ ” သေဒဏ်မှ ကင်းလွတ်ခွင့်ကိုတောင်မှ မခံစားခဲ့ရပါဘူး။

ဒီ အဖြစ်အပျက်မှာ စိတ်ပါရဂူတွေက လူမှာ “ သဘောထား ” (Attitude) က အရေးအကြီးဆုံး လို့ အားလုံးက မှတ်ချက်ချခဲ့ကြပါသည်။

Groage Henry ရေးသော Import Attitude ကို 

ကိုဇော် ခံစားပုံဖော်သည်။

နောက်ဆက်တွဲ......

Online မှ ညီမလေးတစ်ယောက်က...“ လူမှာ ဘာက အရေးအကြီးဆုံးလဲ ” လို့မေး၏။ ကျွန်တော်က “ သဘောထား..” လို့ ပြန်ဖြေမိပါတယ်။ သူက “ ဘာလို့လဲ ..” ဆိုတဲ့ အမေးကို အခု ပြန်ဖြေလိုက်တာပါ။ ကျေနပ်မယ်လို့ ထင်ပါတယ်။


http://zaw357.multiply.com/journal/item/146 မှာ 9.3.2009 ကရေးထားတာပါ။

.
Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

မှန်ပါတယ်။ ဗဟုသုတရစေတဲ့ပို့စ် လေးပါပဲ။
မဖတ်ရသေးသူအတွက် အသစ်ပါပဲရှင်။
may

ခိုင်နုငယ် said...

စောစောစီးစီး လျှောက်လာခဲ့တာ။
သဘောထားဆိုတဲ့ ပိုစ့်လေးကြောင့်
စိတ်၏ သဘောတရားကို ကွက်ကွက်ကွင်းကွင်း
မြင်လိုက်ရတယ်။
ကျေးဇူး..ကိုဇော်။

သဒ္ဓါလှိုင်း said...

အဓိကအရေးကြီးဆုံးဖြစ်တဲ့ သဘောထားကို
မှန်မှန်ကန်ကန်နဲ့ချင့်ချိန်စဉ်းစားတတ်ဖို့သတိပေးတာ
ပေါ့နော်.။

ခင်မင်စွာ
သဒ္ဓါ

ငွေလမင်း said...

ကိုဇော် ပေးချင်တဲ့ အမြင်လေး ကောင်းပါတယ်
ဒါပေမဲ့် ပီတိက သွေးအေးအေးနဲ့ လူသတ်တာ ကြောက်စရာကြီး

Anonymous said...

အင်း အရေးအကြီးဆုံး ကို မှတ်သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင် said...

ကောင်းတယ် ကိုဇော်။

ဒေါင်းမင်း said...

ပို့လေးကတော့ဗဟုသုတရစေတယ်။
ကျွန်တော်မြင်တယ်ဒီပို့မှာ။အဓိကစိတ်ကဆောင်သွားတာပဲ
လေ။လူမှာသဘောထား အရေးကြီးဆုံးပဲနော...
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ahphyulay said...

အင်း..
မြင့် နေတယ်ဗျ၊ ဘယ်လိုပြောရမလဲ..။
ဥပဒါန် ၊ အဲ အစွဲ ၊ အထင် ... အို .ရှုပ်ကုန်ပြီ။
ဒါပေမဲ့ ကြိုက်တယ်။
လိုက်မမှီ လို့  မော်ဒါန် ပဲ လို့  ပြောတာမဟုတ်ပါ။
ကြိုက်လို့  facebook မှာ ရှယ်လိုက်ပြီ။
ပရိုဖိုင်ထဲရောက်အောင်သိမ်းတဲ့ သဘောလဲ ပါပါတယ်။

ရွှေရတုမှတ်တမ်း said...

မှန်ပါပေ့ဗျာ...

သူကြီးမင်း (တုံးဖလား) said...

သာသာလေးနဲ့ သေရတော့ ပိတိ ကံကောင်းတာပေါ့။ ဒါပေမဲ့ သူ့စိတ်က သူ့ကို သတ်သွားတာပါဘဲ။ ဒါမျိုးက လူတိုင်းမှာ တည်စွဲနေတတ်ကြတဲ့ စိတ်ခံစားမှုကြောင့် ဖြစ်ကြတဲ့ သဘောမျိုးပါဘဲ။ ညအခါမှာ တစ္ဆေခြောက်မှာကို ပိုကြောက်တာ၊ အိမ်သာနားရောက်ခါနီးမှ ၀မ်းသွားချင်စိတ်ပိုပြင်းပြတာ စသလိုမျိုးပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)