မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 October 2010

14 မိကျောင်း နှင့် အိမ်မြှောင်




မိကျောင်း နှင့် အိမ်မြှောင် မိတ်ဆွေဖြစ်ပြီး စကားပြောကြတဲ့ ပုံပြင်လေး တစ်ခု ကြားဖူးလား မသိဘူး။ ဒါလေးကို ပြောပြချင်ပါတယ်။ သို့သော် ဒါကို မပြောပြခင် ဘာလို့ ဒါကို ပြောဖြစ်တာလဲ ဆိုတာကို အရင် ပြောပြချင်ပါတယ်။

ကျွန်တော် မေးလ် တစ်စောင် ထပ်ပြီးတော့ လက်ခံရပါ၏။ ဟုတ်ပါတယ်။ နောက်ထပ် ထပ်ရသော မေးလ်တစ်စောင်ပါ။ ဒါဆိုတော့ ပထမ မေးလ် တစ်စောင်လည်း ရထားတယ် လို့ ဆိုချင်တာပါ။ အခု လက်ခံရသော မေးလ်နဲ့ ပထမမေးလ်ကို ကျွန်တော် ကော်ပီကူးပြီး ပြလိုက်ရုံနဲ့တင် အဲဒီစာကို ရေးတဲ့ သူဟာ ဘယ်သူဆိုတာ စာဖတ်သူတွေ နဲ့ ဘလော့ဂါ သူငယ်ချင်းတွေ သိနိုင်ပါတယ်။

ဘာလို့ ကျွန်တော်က ဒီလောက် သေသေချာချာကြီး ပြောရတာလဲ ဆိုတော့။ Myanmar Typing ဆိုပေမဲ့ ကျွန်တော်တို့ သုံးနေတဲ့ လက်ကွက်တွေက တကယ့် စာစီစာရိုက် သမားတွေလို မမှန်သေးပါဘူး။ ကျွန်တော်လည်း မမှန်ပါဘူး။ တချို့စာလုံးတွေက သိနေတယ် ၊ တချို့စာလုံးတွေက မသိတသိ ၊ တချို့စာလုံးတွေကတော့ သိကို မသိတာပါ။ ဒီတော့ ဖတ်ရင်တော့ ဖတ်လို့ ရပေမဲ့ တကယ် မြန်မာလက်ကွက့် အရတော့ “ အမှားများနှင့် ငါ ” ဆိုသလို ဖြစ်နေတော့တာပါပဲ။

ရရစ်မှာတင် အများကြီးဗျာြ-   ၊ြ-   ၊ြ-   ၊ြ -    ၊ြ -  ၊ြ -   ၊ အဲဒီလို အကွဲကွဲ အပြားပြားတွေမှာ ကျွန်တော်တို့က မြန်မာစာကို ရေးပြီး အသက်မွေး ဝမ်းကြောင်းနေရသူများ မဟုတ်တော့ သေချာစွာ သိသင့်သိထိုက်ပေမဲ့လည်း မပြုပြင် ၊ မလေ့လာမိခဲ့တာတွေ ဖြစ်နိုင်ပါတယ်။ အချိန် မလောက်ငခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ အခုလည်း ဒီလိုပဲ ထိုမေးလ်ပို့သူက ကျွန်တော့်ကို ရေးလာတဲ့ စာကို ဖတ်ကြည့်လိုက်တော့ မြင်သာပါတယ်။ ဒါပေမဲ့ သူ့မေးလ်လိပ်စာကတော့ ယောက်ျားမဟုတ် ။ မိန်းမ မဟုတ် ၊ လူမဟုတ် ၊ နတ်မဟုတ်သော လိပ်စာတစ်ခုကို ကိုယ်စားပြုထားပါတယ်။ ဒါက ကိစ္စ မရှိပါ။

ကိစ္စ ရှိလာတာက သူက ပထမမေးလ်မှာလည်း ပြောပါတယ် . . အင်း . . ပြောတယ် ဆိုတာထက် စွပ်စွဲတာပါ။ အခုမေးလ်မှာလည်း ထပ်ပါလာပြန်ပါတယ်။

ပထမ အချက် . . . 

“ ကျွန်တော် ရေးသမျှစာတွေက သူများစာတွေကို ကူးယူ မှီငြမ်းပြီး ရေးတာ လို့ ဆိုပါတယ်။ မူရင်း စာတွေကို သူဖတ်ခဲ့ရဖူးတယ် ” လို့ ဆို၏။

“ စကားနည်းတော့ ရန်ဆဲ ” လို့ ဆို၍ ကျွန်တော် ပထမ တစ်စောင်မှာ ကတည်းက သူ့ဆီ မေးလ် မပြန်ပါ။ သို့သော် သူကတော့ “ ဟုတ်လို့ ငြိမ်ခံတာပဲ ” လို့ ယူဆဟန်တူသည်။ ဒါကြောင့် နောက်ထပ် မေးလ် တစ်စောင်ပို့လာတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အကြောင်းမပြန်တော့ဘဲ ပို့စ်တင်ပြီး အားလုံးကိုပါ သိအောင် ပြောတာပါ။ 

အခု ကျွန်တော် စိတ်ကူးထားသော စာ ဒီလို ရှိပါတယ်။


ရေးဖို့ ဖရိန် ချထားတာပါ။ ဒါပေမဲ့ အရင်လို မရေးဖြစ်တော့တာက တချို့က နေ့တိုင်း အလုပ်ကြောင့် မဖတ်ဖြစ်ဘူး။ တချို့ကတော့ အကြောင်းကြောင်းကြောင့် သုံးရက်မှ တစ်ခါလောက် ဖတ်ဖြစ်သူတွေ ရှိတယ်လို့ ဆိုလာလို့ပါ။ သူတို့ လာဖတ်ရင် တင်လိုက်တဲ့ စာတွေက များနေတော့ သူတို့ ဖတ်ဖို့ လည်သွားတယ် ထင်ပါတယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း အရင်လို သိပ်မအားတော့တာလည်း ပါ ပါတယ်။

ဒီတော့. . . 

ဘယ်သူ့ဆီက စိတ်ကူးရရ ၊ ကျွန်တော် သူတို့ကို ကျေးဇူးတင်စွာနဲ့ Credit ပေးမှာပါပဲ။ စာအုပ်သော် လည်းကောင်း ၊ Blog သော်လည်းကောင် ၊ Comment သော်လည်းကောင်း ကျွန်တော် ဖော်ပြပေးမှာပါ။ သို့သော် မဖော်ပြထားတဲ့ စာတွေ အားလုံးဟာ ကျွန်တော်ရဲ့ စိတ်ကူးစစ်စစ်များပဲ ဖြစ်ပါတယ်။ တကယ်လို့ တစ်နေရာရာမှ တစ်ခုခုနှင့် မတော်တဆ တူညီနေခဲ့ရင် အဲဒါဟာ တိုက်ဆိုင်မှု တစ်ခုပါ။ 

ဘယ်လိုပင် ဖြစ်နေပါစေ။ ကျွန်တော် ရေးသော စာများကို တစ်နေရာရာမှာ ဖတ်ဖူးတယ် ၊ တစ်ခုခုနဲ့ တူနေတယ်လို့ ထင်မိကာ သံသယ ဝင်ရင် မည်သူမဆို ဘယ်စာအုပ်မှာ ဖတ်ဖူးတယ်လို့သာ ပွင့်ပွင့်လင်းလင်း ဖော်ပြပေးသွားပါ။ “ တစ်နေရာရာမှာတော့ ဖတ်ဖူးသလိုလိုပဲ ” ဆိုပြီး “ သရဲ အခြောက်ခံရတယ် လို့ ကြားမိတယ် ” ဆိုတဲ့ ဘယ်ကို သွားမေးရမှန်း မသိ စကားလိုမျိုးတော့ မလုပ်ပါနဲ့။ ကျွန်တော်လည်း လိုက်ပြီး ရှာဖတ်ရအောင်ပါ။ ကျေးဇူးပြုပြီး ပြောသွားပေးပါ။

ဒါပေမဲ့ ဒီနေရာမှာ တစ်ခုတော့ ရှိပါတယ်။ ဘယ်နိုင်ငံက ဘယ်စာအုပ်ကို ဘာသာပြန်တယ် ဆိုရာတွေမှာ ဖြစ်တတ်ပါတယ်။ နိုင်ငံကျော် “ ကျားနှုတ်ခမ်းမွှေး ” ဆိုသော စာကို ဖတ်ဖူးကြမှာပါ။ ဆရာဖေမြင့်က ဘာသာပြန်သလို ၊ ဆရာ အတ္တကျော်ကလည်း ဘာသာပြန်ထားပါတယ်။ ဒီလိုပဲ တခြားသော ဆရာတွေကလည်း ဘာသာပြန်ထားပြန်ပါတယ်။ ကိုးကားကြပါတယ်။ ဒါမျိုးကိုတော့ ဆရာဖေမြင့် ဘာသာပြန်ပြီးသားမို့ တခြားလူတွေ မပြန်ရတော့ဘူး ဆိုပြီးတော့တော့ မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ မူရင်းကိုက တခြားလူရဲ့စာ ဆိုတော့ ဘယ်သူပဲ ဘာသာပြန်ပြန် တင်ပြပုံ ဟန်လေးတော့ ကွာနေမှာပါပဲ။

နောက်တစ်ခု. . . . 

“ ရသ ” ဆိုသော စကားလုံးကို တွင်တွင် သုံးထားပါတယ်။ ရသ ဆိုတာ ဘာလို့ နားလည်လဲ ကျွန်တော် မမေးမိပါ။ မေးလည်း မမေးချင်ပါ။ ကျွန်တော် သိသလောက်ကတော့ သူများတွေ ပြောပြောနေသလို “ ရသ ဆိုတာ ကိုးပါး ” ဆိုပြီး မရှိပါဘူး။ ရသ ဆိုတာ ရသ ဆိုပြီးပဲ တစ်မျိုးပဲ ရှိပါတယ်။ သူများတွေ ပြောပြောနေတဲ့ ရသ ကိုးပါး ဆိုတာ တကယ်တော့ “ ရသမုခ ကိုးပါး ” ပါ။ မူရင်း ရသ ဆီကို သွားရောက်ရာ လမ်းကြောင်း ကိုးမျိုးလို့ ဆိုနိုင်ပါတယ်။ ဥပမာ အနေနဲ့ ဆိုရင် ဘောလုံးကွင်းကို ဝင်ရာ အပေါက်တွေ လိုပေါ့။ ဘယ်လိုပဲ ဝင်ဝင် ဘောလုံးကွင်းထဲ ရောက်ဖို့ပဲ လိုအပ်တာ မဟုတ်ပါလား။ 

“ ရသ ” ဆိုတာလည်း ဒီလိုပါ။ ဘယ်လိုပဲ ဆွဲဆောင် ခေါ်လာလာ “ စိတ်ခံစားမှု ” လေး တစ်ခုခုကို ပေးနိုင်ရင် “ ရသ ” လို့ ပီပီပြင်ပြင် ကြုံးဝါး ခေါ်ဆိုနိုင်ပါတယ်။

နောက်တစ်ချက် . . . 

ကျွန်တော် အရင်က ရေးတဲ့ စာတွေက ဇာတ်လမ်း ၊ ဇာတ်အိမ် ဖွဲ့တယ် ဆိုတာထက် တိုတို ထိထိ မိမိ ကျွန်တော် ရေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ “ မီးလုံး ” လေးတစ်လုံး လင်းဖို့ ခလုပ်တွေ  ဝါယာကြိုးတွေ ရှုပ်ယှက်ခတ် နေတာတွေကို ကျွန်တော် မလိုလားခဲ့ဘူး။ ကိုယ်ရစေချင်တဲ့ အတွေးလေးပေါ် မူတည်ပြီးတော့ တိုနိုင်သမျှ တိုအောင်သာ ကျွန်တော် ရေးခဲ့တာပါ။ ဒါပေမဲ့လည်း ဒါကိုလည်း မျက်စိ စပါးမွှေးစူးပုံ ရပါတယ်။ ဒါကြောင့် အခု နောက်ပိုင်း ကျွန်တော် တမင်ကို ဇာတ်လမ်းဖွဲ့ပြီး အရှည်တွေ ချရေးပြတာပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ အဓိက ပေးလိုတဲ့ Message ရဖို့နဲ့ ခံစားမှု တစ်ခုခု ရစေဖို့က အဓိက မဟုတ်လား။

တစ်ခါတလေတော့ ကျွန်တော်လည်း အတော်ကို စဉ်းစားမိပါတယ်။ 

“ ဘလော့ဂါတွေသာ ဘလော့ရေးနေတာ ပိုက်ဆံများ ရနေရင် ဘယ်လောက်များ ၊ ဘယ်လိုများ ဖြစ်လာကြလိမ့်မလဲ ” လို့ပါ။ 

ဟိုတစ်နေ့ကလည်း ညီ လို ဘလော့ဂါ ကောင်လေး တစ်ယောက်လည်း ကြေကွဲစွာ ရင်ဖွင့်သွားပါတယ်။ သူကတော့ အရိုးရှင်းဆုံး သူဖတ်မိ ၊ သိသမျှကို သူ့ဘလော့မှာ မျှဝေပါတယ်။ သူဖတ်ခဲ့ရတဲ့ နေရာကိုလည်း အောက်က Credit ပေးထားပါတယ်။ ဒါပေမဲ့ Fwd Mail တွေရဲ့ ထုံးစံအတိုင်း ဘယ်သူက ဘယ်လို စရေးမှန်းလည်း မသိပါဘူး။ အဲဒီတော့ သူ့ဆီကို လာပြီး “ ကတော်ရုပ်နဲ့ ကလော်တုပ် ” ပါလေရောဗျာ။ ဒါက အတော်ကို ဆိုးပါတယ်။

နောက်တော့ သူ့မှာ နာမည်တူ ကိစ္စကလည်း တတ်နေပြန်ပါလေရော။ ဒီအကြောင်းကို ကျွန်တော်က သိထားလေတော့ သူ့ကို ပြောပါသေးတယ်။ မင်းနဲ့ နာမည်တူ ရှိနေတယ် နော် သတိထား။ အဲဒီနာမည်တူကလည်း “ နိုင်ငံရေး ” ဆိုက်တွေမှာ ရေးနေတာဆိုတော့ အတော်ကို သူ့အတွက် စိုးရိမ်မိတယ်။ ကျွန်တော် ပြောပေမဲ့ သူကလည်း သတိမထားမိခဲ့ဘူး ထင်ပါတယ်။ အခုနောက်တော့ သူ့မှာလည်း ပူပူဆူဆူ ဖြစ်လာခဲ့တယ်။ အဲဒီလို လူမှားရာက စတာပါပဲ။ တကယ်တော့ ဟိုတစ်ယောက်နဲ့ သူနဲ့ ဘယ်လိုမှ မဆိုင်ပါဘူး။ ဒါပေမဲ့လည်း မသိရှာတော့ သူပဲ မှတ်တာပေါ့ဗျာ။

ဟိုတလောကပဲ ကျွန်တော်လည်း ဖြစ်လိုက်ပါသေးတယ်။ “ ကိုဇော် ” နာမည်နဲ့ “ နိုင်ငံရေး နဲ့ ဘာသာရေး ” ဆိုက်တွေမှာ လိုက်ရေးနေတယ် လို့ ကျွန်တော့်ကို လာပြောသူက ပြောတယ်။ ဒါနဲ့ Google နဲ့ ရှာကြည့်လိုက်တော့  . . . . ဝိုး. . . . .  ကိုဇော်  . . . . . ကိုဇော် တွေ မနည်းပါလား။ အနောက်က ကွင်းစ ၊ ကွင်းပိတ်တွေနဲ့ ဂုဏ်ပုဒ်တွေ ထည့်ထားတာလည်း အများကြီး။ ကိုယ် ကိုယ်တိုင်ကလည်း ဒီလို ခံစားရဖူးလို့ သူ့ကို ကျွန်တော်ကလည်း ဖြေဆေးထိုးကာ ပြောလိုက်နိုင်တာပါ။ ဒါပေမဲ့လည်း  . . . . . . .

နောက်တစ်မျိုး. . . 

တကယ်တော့ စာတစ်ပုဒ်ဆိုတာ လူတိုင်းနဲ့ အဆင်ပြေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

၁။ အသက်ကြီးသူတွေ အတွက် ရေးရင် လူငယ်တွေ ဖတ်ရတာ ပျင်းမယ် ၊ ကလေးတွေ နားလည်မှာ မဟုတ်ဘူး။

၂။ လူငယ်တွေ အတွက် ရေးပြန်တော့ ကလေးတွေက ခေါင်းခြောက်အောင် ဖတ်ရမယ် ၊ လူကြီးတွေ အတွက်က ပေါ့ရွှတ်ရွှတ်။

၃။ ကလေးတွေ အတွက် ရေးတော့ လူငယ်တွေ အတွက် ဖတ်ပျော်ပြီး လူကြီးတွေ လှည့်မကြည့်။

၎။ ဒီတော့ ကလေး ၊ လူငယ် ၊ လူကြီးတွေ အားလုံးအတွက် အဆင်ပြေအောင်လည်း ရေးလိုက်တော့ . . . . “ အဲဒီ စာဟာ ဖတ်လို့ ချောရင် ချော ၊ မချောရင် ပေါ သွားတော့တာပါပဲ။ ”

ဒါကြောင့် ကိုယ်ဖတ်သမျှ စာ ကိုယ်နဲ့ အံ့ဝင်အောင်ဆိုရင် ကိုယ်ဖတ်မဲ့ စာကိုတော့ သွားပြင်ခိုင်းလို့ မရပါဘူး။ အဲဒီအတွက် လုပ်ရဖို့ နည်းလမ်းတွေက ဒီလို ရှိပါတယ်။ 

၁။ ဟိုဘက်ကမ်းက မီးဘယ်လောက် လင်းလဲ ဆိုတာ သိချင်ရင် ကိုယ့်ဆီက မီးကို အရင်ငြိမ်း ကြည့်ရမယ်။ 

ကိုယ်က ဘယ်လောက် တတ်ပြီးသား ၊ သိပြီးသား ဆိုပြီး ထင်နေရင်တော့ ထိုစာထဲက ဘာမှ ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစာထဲမှာ ဘာတွေ ပါလဲ ဆိုတာ သိချင်ရင် ကိုယ့်ဆီမှာ နေရာလွတ်လေး ရှိမှ အဲဒီစာက နေရာယူပြီး ကျန်ခဲ့နိုင်မှာပါ။ 

၂။ စာစွဲနဲ့ ဖတ်ပါ ၊ ငါစွဲကို မေ့ထားပါ။

စာတစ်ပုဒ်ရဲ့ဆွဲဆောင်မှု ကောင်းသွားတဲ့ အခါမှာ ထိုစာထဲက ဇာတ်ကောင်နေရာမှာ မိမိက ဝင်ရောက်ကာ ခံစားမိတတ်ပါတယ်။ အဲဒီအချိန်မှာ ငါသာ ဆိုရင် ဆိုတဲ့ စိတ်နဲ့ စာရေးသူရဲ့ သူ့စိတ်ကူးအပေါ် ပုံဖော်မှုကို လက်မခံချင်ဘဲ။ ငါ စိတ်ထဲက အတိုင်း ဘာလို့ မဖြစ်ရတာလဲ ဆိုပြီးတော့ ဖြစ်ပေါ်လာတတ်ပါသည်။

၃။ မျက်မမြင်တွေ မတွေ့ရဘူး ဆိုတိုင်း အလင်းရောင်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

ကိုယ်လက်ခံ ယူထားတာက တစ်မျိုး ၊ အဲဒီစာထဲမှာ လက်ခံရယူကာ စာရေးသူက ရေးထားတာ တစ်မျိုး ဆိုတော့ သူပြောချင်တာကိုလည်း ကိုယ်က မမြင်နိုင်တော့ ၊ ဒီလိုပဲ ကိုယ်ဖြစ်နေတာကိုလည်း စာရေးသူက မမြင်နိုင်။ ဒါနဲ့ပဲ အကန်းတွေလို ဖြစ်သွားတတ်ကြတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ သဘာဝတရားကတော့ သူ့ဖာသာသူ တည်မြဲလျက်ပဲ ရှိနေတယ်။ 

ဥပမာဗျာ. . . 

ကျွန်တော် ဆိုရင်လည်း သူများရေးတဲ့ စာတွေကိုလည်း လိုက်ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ ရေးသမျှ ကျွန်တော်နဲ့ သဘောထားချင်း တိုက်ဆိုင်မနေပါဘူး။ ကွဲလွဲမှုတွေ အများကြီး မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျွန်တော့် နာမည်မပါဘဲ ၊ သူတို့ဖာသာ ခံစားမှု တစ်စုံတစ်ရာ နဲ့ ရေးတဲ့ စာမှာ သဘောထား ကွဲလွဲချက်တွေ ကျွန်တော် မရေးခဲ့ပါဘူး။ သူတို့ ဘာပြောချင်လဲ ဆိုတာကိုပဲ ကျွန်တော် အဓိက ဖတ်ခဲ့တာပါ။ သူတို့ ပေးချင်တဲ့ Message ကိုသာ ရအောင် ကျွန်တော် ယူခဲ့တာပါ။

တကယ်လို့ “ သိတ် ” ဆိုတဲ့ စာလုံးပေါင်းမှာ “ သိပ် ” ဆိုပြီး ပြောင်းသွားတာ ၂၅ နှစ်ကျော်ပြီ ၊  “ သိတ် ” ဆိုပြီး မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ မရှိတော့ဘူး လို့ ကျွန်တော် မပြောခဲ့ပါဘူး။ ဒါက သူရေးထားတဲ့ စာရဲ့ အဓိက ပေးချင်တဲ့ Message က “ သိတ် ” ဆိုတဲ့ စာလုံးပေါင်းမှ မဟုတ်ဘဲ။ ဒါမျိုးလေးတွေဟာ ဘယ်သူမဆို မှားနိုင်ပါတယ် ၊ မှားလည်း မှားကြမှာပါပဲ။ ( ကျွန်တော်လည်း သတိမမူရင် မှားနေဆဲပါ ) ဒါပေမဲ့ သူ့ဖာသာ ပြုပြင်လိုစိတ် ရှိသူဆိုရင် သူများတွေ ရေးတာကို ကြည့် ၊ မြင် ၊ ဖတ် ၊ မှတ်ရင်း ပြုပြင်သွားပါလိမ့်မယ်။ 

ဒီလိုပဲလည်း ဖြစ်သင့်ပါတယ်။



“ မိကျောင်း နှင့် အိမ်မြှောင် ” ဆိုတဲ့ ပုံပြင်လေးကတော့ ဒီလို ဆိုတယ်။

တစ်ခါက . . . 

မိကျောင်း နဲ့ အိမ်မြှောင် ဟာ အဆွေခင်ပွန်း ဖွဲ့ပြီး နေထိုင်ကြသတဲ့။ သူတို့ နှစ်ကောင်က နေ့စဉ် အိမ်မြှောင်က သစ်ကိုင်းပေါ်က မိကျောင်းက သစ်ကိုင်း အောက်က ရေထဲမှာ ခန္ဓာကိုယ်ကို နှစ်ထားရင်း ခေါင်းလေးပဲ ဖော်ကာ ငြိမ်ပြီး စကားပြောကြသတဲ့။ သူတို့ ပြောတဲ့ စကားတွေက တောင်စဉ် ရေမရတွေ ချည်းပဲပေါ့။ 

တစ်နေ့တော့ မိကျောင်းက ရေထဲမှာ ခေါင်းလေးကို နှစ်ပြီး ငြိမ်နေတဲ့ အချိန်မှာ အိမ်မြှောင်က စကားဆိုတယ်။

“ မင်းနဲ့ ငါက အရွယ်အစားပဲ ကွာတာ ၊ ကျန်တဲ့ ပုံသဏ္ဌာန်တွေ အားလုံး အတူတူပဲ။ ”

ဒီလို အိမ်မြှောင်က ပြောတော့ မိကျောင်းက ရေလေး စိမ်ရင်း ခပ်ပျင်းပျင်း ပြန်ပြောတယ်။

“ အဲဒီတော့ ဘာဖြစ်လဲ ”

“ တကယ်လို့ ငါသာ အကောင်ကြီးလာပြီး မင်းအရွယ်လောက်သာ ရှိလာရင် မင်းထက် ငါက ပိုပြီးတော့ စွမ်းအားတွေ ပြည့်နေမယ် လို့ ငါက တွေးကြည့်မိလို့ကွ ”

“ ဘာလို့ မင်းက ဒီလို တွေးရတာလဲ ”

“ မင်းပဲ စဉ်းစားကြည့်လေ ၊ ငါက သစ်ပင်ပေါ်လည်း တတ်နိုင်တယ် ၊ သစ်ပင်ပေါ်မှာလည်း ဘေးတိုက် တွယ်ကပ်နေနိုင်တယ် ၊ သစ်ကိုင်းကို အောက်ကနေပြီးတော့လည်း တွယ်ထားနိုင်တယ် ၊ အစားအစာကိုလည်း ပိုးကောင် ၊ ပုစဉ်း စတာတွေကို အရှင်ဖမ်းပြီး စားနိုင်တယ်။ ”

“  - - - - - -  ”

အိမ်မြှောင်က ဒီလို ပြောတော့ မိကျောင်းက ခေါင်းလေးပေါ်အောင် ရေစိမ်နေရာကနေ နှာခေါင်းလေးပဲ ပေါ်အောင် ရေကို ပိုစိမ်လိုက်တယ်။ ဒါပေမဲ့ အိမ်မြှောင်ကတော့ မသိဘူး။ သူပြောလိုရာကို ဆက်ပြောတယ်။

“ တကယ်လို့ ငါ့ရဲ့ ရန်သူ လိုက်လာပြီ ဆိုရင်လည်း ရန်သူရဲ့ မျက်စိကို လှည့်စားတဲ့ အနေနဲ့ အမြီးကို ဖြတ်ပြီး လှည့်စား ပြေးလို့ ရတယ် ”

“ - - - - - - - ”

“ ငါ့ ခန္ဓာကိုယ်ကလည်း မင်းတို့လို ညစ်ပတ်ပေရော မနေဘူး ၊ အမြဲတမ်း သန့်ရှင်းနေတယ် ”

“ - - - - - - - ”

“ ငါတို့ ခန္ဓာကိုယ်က အမြီးမှာ နှစ်ခွ ရှိနေရင် သိဒ္ဓိဝင်တယ် ဆိုပြီးတော့တောင်မှ လူတွေက သုံးကြသေးတယ်။ ”

“ - - - - - - - ”

“ ဖြောင်း ”

ဒီအချိန်မှာပဲ အိမ်မြှောင် တွယ်ကပ်နေတဲ့ သစ်ကိုင်းကို တခြားသော သစ်ကိုင်းတစ်ခုက လေတိုက်လို့ အချင်းချင်း လာပြီး ရိုက်မိပါလေရော။ မထင်မှတ်ပဲ သစ်ကိုင်းက ရိုက်မိတဲ့ အရှိန်နဲ့ အိမ်မြှောင်ဟာ သစ်ကိုင်းကနေပြီး လွတ်ကာ မိကျောင်းရှိနေတဲ့ ရေထဲကို “ ပလုံ  ” ဆိုပြီး ပြုတ်ကျသွားတော့တယ်။

“ ဝုန်း . . . ဝုန်း . . .  ဝုန်း ”

ဆိုပြီး ပြုတ်ကျတဲ့ အရှိန်ရော ၊ ရေထဲကျပြီ ဆိုတဲ့ ကြောက်စိတ်ရောနဲ့ အိမ်မြှောင်ဟာ ရေထဲမှာ ကမန်းကတမ်း ကူးခတ်ပြီး ကုန်းပေါ် ပြေးတတ်တော့တယ်။ သူ့တစ်ကိုယ်လုံးလည်း ရေတွေ ပေပွလို့ပေါ့။ သူရေထဲကျသံ ၊ ရုန်းကန် ကူးခတ်သံ ၊ အပြေးအလွှား ကုန်းပေါ်ပြေးတတ်သံတွေ ကြားတော့ ရေထဲမှာ ခေါင်းလေးပါ နှစ်ပြီး နှာခေါင်းလေးသာ ဖော်ထားတဲ့ မိကျောင်းက မျက်လုံးလေး တစ်လုံး ဖွင့်ကြည့်တယ် ပြီးတော့ အဲဒီမျက်လုံးလေးကို ပြန်ပိတ်ပြီး သူ့ဖာသာပဲ ဖာသိဖာသာ နှာခေါင်းလေး ဖော်ပြီး ရေစိမ်နေတယ်။

ဒီအချိန်မှာတော့ ရေထဲကျလို့ ထိတ်လန့် ကြောက်ရွံ့ကာ ရေစိုသွားလို့ ဒေါသထွက်နေတဲ့ အိမ်မြှောင်က သူ့ဖာသာ တစ်ယောက်တည်း အော်ဟစ် မြည်တမ်း ဆဲဆိုနေခဲ့တယ်။ မိကျောင်းကတော့ သူ့ဖာသာ နှာခေါင်းလေးဖော် ၊ မျက်လုံးလေး မှိတ်ပြီး ရေစိမ်နေတယ် . . . .

ဖာသိဖာသာနဲ့ပေါ့ . . . . ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ရှင်။ ခက်ပါဘိနော်။
...

ngwelamin said...

ကိုဇော်ရေ..
ခွေးဟောင်တိုင်း ထမကြည့်နဲ့
အိပ်ရေးပျက်တယ်

ကိုအောင်(ပျူနိုင်ငံ) said...

အိမ်မြှောင့်နဲ့ မိကျောင်းက ဂေါ်ဇီလာတွေရဲ့
ပထမမျိုးစေ့တွေ ဖြစ်မယ် ကိုဇော်၊ နောက်တာနော် ...း)

မောင်မိုး said...

စာရေးသူတိုင်း၊ စာဖတ်သူတိုင်း ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာတပုဒ်ပါ ကိုဇော်..။ လေးစားပါတယ်။ ကျနော်ပို့လိုက်တဲ့ ဆင်ဖြူအကြောင်းတော့ မရေးနဲ့နော်...။

ကိုကိုးအိမ် said...

ဟဟ ဖတ်လို့ကောင်းတယ် ဖတ်လို့ကောင်းတယ် ဇာတ်လမ်းလေးလည်းဆုံးသွားရော ရယ်နေရတာနဲ့ ကွန်မန့်တောင်တော်တော်နဲ့ မရေးဖြစ်ဘူး... အင်း ကိုဇော်စာရေးတာတော်တယ်၊ ထိတယ်ဆိုတာ ဒီတစ်ပုဒ်တည်းနဲ့တင် လုံးဝလက်ခံသွားပြီအကို..။ ဒါပေမယ့် ဇာတ်လမ်းက မဆုံးသလိုပဲ... မလိုအပ်လို့ ချန်ထားခဲ့ရင်တော့ မသိဘူးပေါ့လေ..

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

မိုးယံ said...

တစ်ချို့က ဦးဇော်လက်သံကို သိလို့ တားယူနေရတယ်။ ခွိခွိ ...
ဘူလူတွေက ဘာရုပ်နဲ့ ဘာရုပ် ဆိုလား။ ဟာ ဟ
လူမှားတာတွေ အခု ရှင်းသွားပြီထင်ပါတယ်။

၂။ စာစွဲနဲ့ ဖတ်ပါ။ ငါစွဲကို မေ့ထားပါ။ အဲဒါ ခိုက်တယ်။

သတင်း

ခုတစ်လော 10 လပိုင်း 2010 ဘာတွေ မှန်းကိုမသိဘူး။ ကိုရီယားမှာ လူတွေ တစ်ပြွတ် အိမ်ထောင်ပြု စုံတွဲ 7200 ၊ တစ်ကမ္ဘာလုံးဆို အတွဲပေါင်း (33000) သုံးသောင်းကျော်၊ မြန်မာပြည်မုန်တိုင်းဝင် မန်းလေရေကြီး ဘလော့ဂ်တွေ မုန်တိုင်းထန် ဘလော့ဂ်ဂါ တစ်ချို့ စိတ်ညစ် တစ်ချို့ ပေါက်ကွဲ တစ်ချို့ ခဏနားထား။ဟာဟ
တစ်ချို့ သနားပါတယ် ရေကြီးလို့ မိချောင်းဘ၀ပြောင်းသွားလား မှတ်ရတယ်။ ဘာတဲ့
နှာခေါင်းလေးဖေါ် မျက်လုံးလေးမှိတ် ရေစိမ်နေတဲ့ပေါ့။ မျိုးကြီးသီချင်းလေး ဟစ်လိုက် (ပြောပြော နားနားပြီးပြောအားလုံးလဲ ကြားပါတယ်)လို့ ဒါမှ ။

မိကျောင်းဇော်။ အဲအဲ ကိုကြီးဇော် ညစ်နေတာတွေ အမြန်လစ်စေဗျာ။

ညီငယ်
မိုးယံ

SHWE ZIN U said...

မိချောင်းဇော် ရေ

ဖတ်သွားတယ် လူအမျိုးမျိုးပေါ့ ကိုယ်စိတ်အဟာရ အတွက် စာတွေရေးနေပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

ဒီကောင်မလေး* said...

ဗဟုသုတအများကြီးရစေပါတယ်
အစ်ကို့ဆိုဒ်က ညီမလေး အတွက်တော့ အားကျစရာတွေကြီးပါပဲ...

Anonymous said...

ဟိုက် ရှာလပတ်.... ကိုဇော်ကြီးကို လာကလိနေတယ် ထင်ပါ့ ဂလိုပဲဗျာ့ တခါတခါ ခလုတ် တွေတိုက်တတ်တယ် ဒါပေမယ့် မမှု့ပါနဲ့လေ အရေးမစိုက်သလိုနေသပါ့ အဲ.... ပို့စ်တပုဒ်အဖြစ်အသက်သွင်းလိုက်ပုံကတော့ အနော်အတွက် ပညာယူစရာပေပဲး)
ကျေးဇူးကိုဇော် နောက်ပို့စ်တွေမွှေလိုက်အုံးမယ်
ကိုဇော့်အိမ်မရောက်တာကြာပါ့ကောလား

မောင်ဘကြိုင်

ahphyulay said...

အင်း... ကိုဇော်ရေ့ ..
ပြောချင်တာက တော့  “ငါ” ငါ ငါ ဆိုပြီး
စွဲစွဲ နေတတ်တဲ့ ငါစွဲ တွေပါပဲ လို့  ။ အဲ့ ဒီ ငါစွဲ
တွေကို တစ်မျိုးလှည့် ပြီး ပြော ကြပါသေးတယ်။
အရူးတွေ ပါတဲ့ ..။ ဒါဆို ကျွန်တော်တို့  “ငါ” သမား
တွေ အားလုံးဟာ အရူးတွေ ကြီးပေါ့ နော်။ ဒါပေမဲ့ 
နဲနဲ ရူးတာနဲ့ များများရူးတာတော့  ကွာ နေအောင်ကြိုးစား
ရမှာပါ။ ဥပမာ ဂက်(စ)အိုးထဲ ဂက်(စ)ထပ်ဖြည့် ချင်ရင်
လက်ကျန်ကို လုံးဝ ရှင်းရပါတယ်။ empty ဖြစ်ပါမှ
ထည့် သမျှ pressure အကုန် ဝင်တော့  တာပါ။


ခင်တဲ့ ..

sv said...

အော် မိကျောင်းနဲ. အိမ်မြှောင်လား..ကျမက ပုံကိုကြည့်ပြီး ဖွတ် နဲ. တောက်တဲ့ အကြောင်းရေးထားတာလားလို...တောက်တဲ့က ရပြီးတဲ့ ကပ်နေတဲ့ နေရာက ခွာကိုမခွာတော့ဘူးလေ...သူ.အတုကို ဖွတ်တွေက လိုက်ခိုးမှာ...ခစ်ခစ်..
လေကြမ်းတွေ တိုက်စမ်းပါစေ...လှိုင်းကြမ်းတွေ ထန်စမ်းပါစေ....ခွေးရူးတွေ ဟောင်စမ်းပါစေ....ဒိုကတော့ နေမြဲ...

လေးစားစွာဖြင့်
simple views

Anonymous said...

မနေနိုင်လို့ ပြောပါရစေ
“စကားနည်း ရန်စဲ” ဖြစ်ပါတယ်..
အမှားတွေ ဝေဖန်ရင် မကြိုက်တတ်မှန်းလည်း သိပါတယ်။

လေလွင့်လူ said...

:D I like your story very much
I can't help laughing after reading it.

ဒုတိယလူ said...

သိမှက်ရှောင်ကြင်စရာ လေးတွေ အတွက်
ကျေးဇူးပါ ကိုကြီးဇော်..
ခင်မင်လေးစားလျှက်
(ဒုတိယ)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.