မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 October 2010

6 ဒုတိယအကြိမ်


အခုအခါမှာ . . . . 

( မြရည်နန္ဒာရပ်က ညည ၇၅၊ ညည ၇၆၊ ညည ၇၈၊ ညည ၇၉၊ ညည ၈၀၊ ညည ၈၁ စတဲ့ရပ်ကွက် အိမ်ထောင်စု ၃၇၇၊ လူဦးရေ ၁၂၇၃ ဦးအတွက် ဆန် အရေးပေါ် လိုနေပါတယ်။ ဆန် ၇ အိတ်ဆို လူ ၁၂၇၃ ဦးစာ ထမင်းထုပ် လောက်ပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။

နက်ဖြန် မြရည်နန္ဒာ ဠ ရပ်ကွက်မှာ ဆေးခန်းဖွင့်ပါမယ်။ ခုံတွေ စားပွဲတွေကတော့ ဆွမ်းလောင်းအသင်းက စစ်ကိုင်းမှာ အရုဏ်ဆွမ်းကပ်ရင် သုံးစွဲတဲ့ စားပွဲတွေ ခုံတွေကိုပဲ သွားယူမယ်။ ပြည့်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါ်အေးမာက ကုသိုလ်ပြု ကုသပေးပါမယ်။ ) ဦးကောဝိဒ ဘလော့မှ ကူးယူဖော်ပြပါသည်။

အခုတော့ ဆရာတော် ဦးကောဝိဒ ဦးဆောင်ပြီးတော့ ကျန်းမာရေး အထောက်အကူပြု ဆေးကုသရေး နှင့် ဝေငှရေး ကို အားထုတ်ကြိုးပမ်း ဆောင်ရွက်နေပါပြီ။ ကျန်းမာရေး အတွက် ဆေးဝါးများ နဲ့ စားသုံးမှု အတွက် ထမင်းထုပ်များ အတွက် အလှူရှင်များ လိုအပ်နေပါတယ်။ စာဖတ်သူများထဲမှ သဒ္ဓါထက်သန်သော အလှူရှင်များ ပါဝင် လှူဒါန်းကြပါဦးလို့ နှိုးဆော်အပ်ပါတယ်။ 

ဆရာတော် ဦးကောဝိဒ ရဲ့ အဆိုအရတော့ ဦးဇင်း ဦးဆောင်ပြီး ဆန်များ ၊ ခေါက်ဆွဲထုပ်များ ဝေငှဖို့ စီစဉ်နေပါတယ်။ အားလုံးပဲ ရပ်ကြည့် ၊ ထိုင်ကြည့် နေမဲ့ အစား တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်း ကြပါဦးလို့ နှိုးဆော်ပါတယ်ဗျာ။

ဆက်သွယ်ရန်ကတော့ ဆရာတော် ဦးကောဝိဒ ကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းပေးပါ။

ဦးကောဝိဒ 
+95 92110202
မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ် စစ်ကိုင်း
Current Account D-1 ဦးကောဝိဒ
( မှတ်ပုံတင် နံပါတ် မလိုပါ )

ကျွန်တော် ဒီနေရာမှာ ဘာလို့ ဓါတ်ပုံ မတင်တာလဲ ဆိုတော့ ဓါတ်ပုံတင်ဖို့ နေရာ မလောက်ငှလို့ပါ။ ဒါကြောင့် အဓိက အားဖြင့် ဒီနေရာ မှာ သွားရောက်ပြီး ဂရုဏာ မျှဝေကာ သူတို့ အတွက် လှူဒါန်းပေးကြပါဦး။


*** ကိုယ့်ရဲ့ ပိုက်ဆံ တစ်ကျပ်က သူများအတွက် ထမင်း တစ်နပ် ဖြစ်နေနိုင်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

အဲဒီတော့.....
စိတ်ထဲမကောင်းတာတော့ အတော်ပဲ။ ဒေါသဖြစ်တာက တော့ ဟိုကောင်တွေကိုပဲ။ တတ်နိုင်သလောက်ပါဝင် လှူဒါန်းပါ့မည်။

SHWE ZIN U said...

ကိုဇော်ရေ

အခုတော့ ရေ ကျသွားပါပြီ ဒါပေမဲ့ မျက်စေ့နာ ဝမ်းပျက် ဖျား တဲ့ ရောဂါတွေကျန်ခဲ့တယ်

Anonymous said...

စိတ်မကောင်း ဖြစ်ရပါတယ်ရှင်။
...

သဒ္ဓါလှိုင်း said...

စိတ်မကောင်းစရာတွေမြင်ရကြားနေရတယ်..။
ရေကျသွားရင်လည်း နောက်ဆက်တွဲရောဂါတွေ
က၀င်လာအုံးမယ်...

Anonymous said...

ခုမှစာလာဖတ်မိတော့ နောက်ကျနေပြီလားတော့မသိပါဖူး
မျှဝေပေးတာကျေးဇူးပါ။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဖိုးသား said...

ကိုယ်တိုင်မလှုဒါန်းနိုင်ပေမယ့် တစ်နေ့တော့ လှုဒါန်းနိုင်တောင်တော့ ကြိုးစားပါမည်