မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 October 2010

9 ခက်ဆစ် ( ၃ )





အမှား ၂

ကြက်ခြေခတ်ခြင်း တူတာတောင်မှ
သူများတွေက ကန့်လန့်ဖြတ်တော့ “ ကြက်ခြေနီ ” တဲ့။

ဘေးတိုက်ချင်း ထူးခတ် ၊ “ အမြှောက် ” နဲ့ တူတာတောင်မှ. .
ငါ့ကျတော့. . . 
“ အမှား ”  တဲ့. . . ။



ကား

သူ့အသံထွက် အတိုင်းပဲ
ကြည့်ရတာ ဆင်မယဉ်သာကို မရှိဘူး။
ခြေအစုံကို ဘေးကားထားပြီး
ကို့ယို့ကားယား ပြေးလွှားနေတယ်။



အနုပညာ

“ ဒါ အနုပညာပဲ ”

“ ဟင် ဘယ်ဟာလဲ ”

“ ဒါပဲလေ ”

“ အင်းလေ. . ဘယ်ဟာလဲ ”

“ ကြည့်တတ် ၊ မြင်တတ် ၊ ခံစားတတ်ရင် အရာရာဟာ အနုပညာပဲပေါ့ ”



ကြိတ်ကြံ

သူငယ်ချင်း သုံးယောက် စကားပြောနေတာကို ကျွန်တော် ထိုင်ကြည့်နေမိတယ်။

၁။ “ ကြိတ်ကြံ ဆိုတာကို မကြိုက်ဘူး။ တိုင်တိုင်ပင်ပင် ပွင့်ပွင့်လင်းလင်း လုပ်ရင် ဒီထက် ပိုကောင်း လာနိုင်တယ်။ ”

၂။ “ ငါကတော့ ကြိတ်ကြံတာကို ပိုကြိုက်တယ်။ ကိုယ့်အကြံ သူများ မဦးဘူးပေါ့ ”

“  - - - - - - - - ”

“ - - - - - - - -  ”

“ - - - - - - - - ”

သူတို့ နှစ်ယောက် အပြင်းအထန် ငြင်းနေကြတုန်း တတိယတစ်ယောက် ဝင်ပြောတယ်။

၃။ ငါကတော့ ကြိတ်ကြံ ကို ပိုကြိုက်တယ်။

၁။ က မဲ့တယ်။

၂။ က ပြုံးတယ်။

၃။ က ဆက်ပြောတယ်။

“ ကြိတ်ကြံ ဆိုတာ ရိုးရိုးကြံထက် ပိုချိုတယ်။ ”


လေးစားစွာဖြင့်
ကိုဇော်
.
Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ခက်ဆစ်အားလုံးကိုကြိုက်ပါတယ်။ ကြိတ်ကြံကို ပိုလို့ကြိုက်တယ်..ချိုလို့ရှင့်။
may

မိုးယံ said...

နေညိုရင် လေပြို
အရည်ဝင်မှ ခေါင်းဆတ်
ငါ့ရုပ်က ဖိုးသိုး ဖတ်သတ်

မြန်မာစာကို မြန်မာတွေ နားလည်အောင် ရှင်းပြနေတဲ့ အဲဒီလူကြီးကို ညမာစာ ဌာန မှာ အလုပ်ခန့် သင့်ပါB။

SHWE ZIN U said...

ဟုတ်တယ် ပျဉ်းမနားက ကြိတ်ကြံ တွေများ ချိုမှချို

ခင်တဲ့
ရွှေစင်ဦး

အဖြူရောင်နတ်သမီး said...

ဒီမှာတော့ တရုတ်ကထုတ်တဲ့ ကြံကလုပ်တဲ့ သကြားတွေ စားပြီး ချောင်းတွေဆိုးနေတယ်တော့...
အဟွတ်..အဟွတ်...
သြော်...တရုတ်...တရုတ်...
မရှိမကောင်း...ရှိမကောင်း...

sosegado said...

ချိုတဲ့ကြိတ်ကြံကိုစားပြီး အပွကြံချင်တယ်၊
ကိုဇော်ရဲ့ ခက်ဆစ်လေးတွေကိုကြိုက်မိပါတယ်

ကိုအောင် said...

ဘလော့ဂါတွေ စုပြီး ပင်လယ်ဒမြအလံ လုပ်ကြမယ်လေ ကိုဇော်း)

ရွှေရတုမှတ်တမ်း said...

ဆားမချက်ပဲ သကြားချက်နေသကိုး..

အုပ်ကြီး said...

ဘာမှမမန့် ဘဲ ကြိတ်ကြံရင် ကောင်းမလား ...

Anonymous said...

လာတယ် ဖတ်တယ် မှတ်တယ်။ ကြိတ်ကြံ ဆိုလို့ ကိုဇော့် မျက်နှာဘဲ ပြေးပြေး မြင်ယောင်
တယ်။ အဟီး။ သက်မွန် ကိုလေ ခေါ်ပြီး ကြံကြိတ် ခိုင်းလိုက်ပါလား။