မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 October 2010

10 ခက်ဆစ် ( ၂ )





ပိုက်ဆံ

“ ငါတော့ ငါတို့ ပိုက်ဆံကို နာမည်ပြောင်း ပစ်ချင်တယ် ”

လို့ သူငယ်ချင်း ပြောတုန်းက ကျွန်တော် သဘောမပေါက်ခဲ့ဘူး။
အတီးအတ နဲ့ သူ့ကို ကြည့်နေတုန်း သူက ဆက်ပြောတယ်။

“  ဒီ “ ကျပ် ” ဆိုတဲ့ အခေါ်ကြောင့် . . .
လူတွေ “ ကြပ် ” တည်းနေတာလား လို့ပါကွာ ” တဲ့။

ကျွန်တော် နားမလည်နိုင်စွာ ယောင်တိယောင်တောင် ကြည့်နေတုန်း . . .
သူက ဆက်ပြောတယ်။

“ ချောင်ချောင်လည်လည် ဖြစ်အောင်  . . .
ငါတော့  “ ချောင် ” လို့ ပြောင်းသုံးချင်တယ် ” တဲ့။

သူ ရှင်းပြလို့  ပြီးတာတောင်မှ . . .
ကျွန်တော်က နဝေတိမ်တောင် နဲ့။



အရိပ်

အလင်းမှာ သွားတုန်းက ရဲရင့်ခြင်းမျိုးနဲ့
အခု အမှောင်ထဲမှာလည်း ခပ်ရဲရဲ လျှောက်စမ်းပါ။
ခင်ဗျားဘေးမှာ အခုလည်း “ ကျုပ် ” ကပ်ပါနေပါတယ်။
ခင်ဗျား မမြင်တတ်လို့ပါ။



အမှား

သူ့ဖာသာသူ တိတ်တဆိတ် နေခဲ့တာ
အမှန် ဆိုတာ ပေါ်လာမှ
လက်ညှိုး ဝိုင်းထိုးခံရပြီး ပိုနာမည် ကြီးလာတော့တယ်။



သွေး

Passport လုပ်တုန်းက အကြောင်းကို ပြန်သတိရမိတယ်။
ကျွန်တော့် ရှေ့မှာက “ ချင်း ” အမျိုးသား တစ်ယောက်။
မြန်မာ စကားတောင်မှ မပီပါ။ ဝဲတဲတဲ နဲ့ သူ့အသံကို ကြားနေရတယ်။
စစ်ဆေးရေးက သူ့ကို မေးတယ်။

“ ခင်ဗျား သွေးက ဘာလဲ ”

သြော် . . ငါဆိုရင် A သွေး လို့ ဖြေမှ ဆိုပြီး စဉ်းစားနေတုန်း
ထို ချင်း အမျိုးသားက ဖြေတယ်။

“ ကျွန်တော့်သွေးက “ အနီရောင် ” ပါ ” တဲ့။

သူ့ အဖြေနဲ့ ကျွန်တော့် အဖြေ ဘယ်သူက ပိုတိကျမယ် ထင်လဲ။


*** ဟိုနေ့က ခရီးသွားပို့စ် နောက်ဆက်တွဲလေး ရေးလို့ ပြီးတော့မှ WiFi က လွတ်နေတာ မသိဘူး။ ပို့စ်ကို Save လိုက်တာ အကုန်ပျောက်သွားတယ်။ Back ပြန်ခေါ်တာတောင်မှ မရတော့ဘူး။ ဒါနဲ့ နှမြောပြီး စိတ်ပျက်သွားမိတယ်။ ဒါကြောင့် ပို့စ်အရှည် ရေးဖို့ အင်အားလေး မွေးနေတုန်းမှာ ဒါလေးတွေကို စာအုပ်ထဲကနေ ဘလော့ပေါ်လေး တင်ခွင့်ပြုပါ။ 

ကိုယ့်ဖာသာ ခက်ဆစ် ဖွင့်ထားတဲ့ စာလေးတွေပါ။ စာအုပ်ထဲမှာ ၊ စာရွက် အပိုင်းအစများမှာ ရေးထားမိပြီး အရမ်းကို များလာလို့ ဒီမှာ တင်လိုက်တာပါ။ လူတိုင်းနဲ့တော့ သဟဇာတ ကျမယ် လို့ လုံးဝ မမျှော်လင့်မိပါဘူး။ ဒါတွေ ဖတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်ရင်   မနှစ်သက်သူများ ကျော်ဖတ်ကြပါကုန်။ ***


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လက်ကိုဖွင့်ပြမှပဲ ရေးလို့ ရမှာလဲရှင့်။ ဖွင့်မပြဘဲရော ရေးလို့ မရဘူးလားရှင့်။ သိချင်ပါတယ်ရှင်။
ချင်းအမျိုးသားဖြေသွားတာ မှန်လိုက်တာရှင်။
...

မိုးယံ said...

ကျော်ဖတ်တော့မှ ကြပ်ဖော်ကြပ်ဖက်တွေနဲ့ တော်တော်ကြပ်ကုန်မယ်။ လုံးဝ ကို နှစ်ခါ ထပ်မရေးတော့ ဒါအဓိပ္ပါယ်တိကျတယ်။ ကျော်ဖတ်တယ်ဆိုလို့ ဟိုတစ်လောကပဲ အကြော်တွေထဲအဖတ်တွေ ပါဆိုပဲ (ပလတ်စတစ်ဖတ်များပြောပါတယ်)
ဒါနဲ့ စကားမစပ် ချင်းအမျိုးသားနဲ့ ကျွန်တော်နဲ့ သွေးတူတယ်ဗျ။ ကျွန်တော့သွေးလဲ အနီရဲရဲပဲ။ လူများတွေ လက်ညှိုးဝိုင်းထိုးခံရမယ့် နံမည်ကြီးမှုမျိုးတော့ မလိုချင်တာ အမှန်ပါ။ ဂြီ

အျဖဴေရာင္နတ္သမီး said...

အပေါ်က ခလေးလေး...
ဘာတွေလျှောက်ပြောနေတာတုန်း...
ရှူးးးးးးး..........တိုးတိုး

blackcoffee said...

အင်း.. ဟုတ်မယ်.. ကျပ်ဆိုတဲ့အတိုင်း ကြပ်နေတာဖြစ်မယ်..

SHWE ZIN U said...

ကိုဇော် ရေ

ချောင် တွေ များများ လိုချင်တယ်ဗျို့..

ဒါနဲ့ ကျနော့် သွေး လည်း အနီရောင်ဘဲ ဒါပေမဲ့ နဲနဲ ဖျော့နေသလိုဘဲ..

ခင်တဲ့
ရွှေစင်ဦး

သိင်္ဂါကျော် said...

မရောက်ဖြစ်တာ နှစ်ရက် သုံးရက်မှာ ဖတ်စရာ အကြွေးတွေက များနေပါရောလား..

သူကြီးမင်း (တုံးဖလား) said...

အင်း ကိုဇော်ပြောမှ စဉ်းစားစရာတိုးလာတယ်။ ဒါနဲ့.. ချောင်ဆိုတာကြီးတော့ မလုပ်ပါနဲ့ဗျာ။ နေရာတိုင်းမှာ ချောင်နေရင် ဒုက္ခနော။း)))
ဥပမာ။ ။ ကားဘီးတပ်ကြပ်ထားတဲ့ ၀က်အူတို့ ဘာတို့ ညာတို့ ချောင်နေရင်တော့ ဒုက္ခနှင့်လှလှတွေ့ရော့မယ်။ နောက်မှ နောင်တတွေတစ်ပုံကြီးရပြီး "ကျပ်" ဘဲကောင်းပါတယ်လို့ ဆိုကြပြန်ဦးမှာ မြင်ယောင်မိသေးတယ်။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အုပ်ကြီး said...

သူ့ ဖာသာသူ တိတ်တဆိတ်နေခဲ့တာ ...
နာမည်မကြီးချင်တော့ပါဘူးဗျာ

ငြိမ်းစိုးဦး said...

အမှား ကို ချောင် မှာ ထားပြီး
သွေး အရိပ် နဲ့ အချစ်လို့ ...
နှလုံးသားမှာ ရေးထိုးချင်မိပါတယ် ...
ခက်ဆစ်တွေ ကောင်း၍ နှစ်သက်ရပါသည်။
ငြိမ်းစိုးဦး

သုခုမလေဒီ said...

ခက်ဆစ်ကောင်းကောင်းလေးတွေဖတ်သွားတယ်...