မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 October 2010

16 ခက်ဆစ်





အပြုံး

အလှပဲ ဖြစ်ဖြစ်
ခဏပဲ ဖြစ်ဖြစ်
တစ်ဘဝစာပဲ ဖြစ်ဖြစ်ပေါ့
အဲဒီ “ ပန်း ” ကို လိုချင်တယ်။



လက်ခုပ်

“ ခံစားချက် တူညီမှု ” အကြောင်းကို
သူငယ်ချင်း တစ်ယောက်က ဒီလို ဆိုတယ်။

“ လက်ခုပ် ဆိုတာ နှစ်ဘက် ရှိမှ မြည်တယ် ဆိုပေမဲ့
ချစ်ရေးချစ်ရာမှာတော့ . . . .
ငါတစ်ယောက်တည်းလည်း ဖြစ်တယ်။ ” တဲ့။

ဖြောင်း . . ဖြောင်း . . ဖြောင်း . .

ကျွန်တော် လက်ခုပ်တီးလိုက်တယ်။
အဲဒါ သူနဲ့ ကျွန်တော် “ ခံစားချက် တူညီမှု ” လို့ ဆိုနိုင်ပါတယ်။



ငှက်

“ ငှက် ဆိုတဲ့ နာမည် ခံသူတိုင်း
ပျံသန်းနိုင်ရမှာ မဟုတ်လား ” လို့ ကြီးတော်က ဆိုတယ်။

“ မပျံသန်းနိုင်တဲ့ ငှက်တွေလည်း ရှိပါတယ် ကြီးတော်ရာ ”
လို့ သူက ဆိုတော့ . . . .
“ အို . . မပျံသန်းနိုင်ပဲနဲ့ ငှက်လို့ ဘယ်လိုလုပ် ခေါ်မလဲ ”
 ကြီးတော်က ပြောတယ်။

“ ကျွန်တော့်ကိုလည်း ကြီးတော်ပဲ အတောင်ပံ ညှပ်ထားတာလေ ” လို့
သူဆိုတဲ့ ကြက်တူရွေးက ပြန်ပြောတယ်။



အနာ

“ ဒီဆေးကိုသာ သောက်လိုက် . . .
ဒီအနာ မနာစေရတော့ဘူး ”

ဆိုပြီး ဆရာဝန်က ပြောတော့  . . . .

“ လူနာ ” က မျက်နှာဝင်း သွားသလောက်
“ အနာ ” ကတော့ မျက်နှာငယ်လေးနဲ့ မှိုင်းပြီး
သူ့နာမည်လေးကို သူ ငဲ့ကာ ငေးတယ်။


လေးစားစွာဖြင့် 
ကိုဇော်

.
Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ဖြောင်း ဖြောင်း ဖြောင်း

ကျွန်တော်လည်း လက်ခုပ်တီးလိုက်တယ်။ (တစ်ကယ်တီးလိုက်တာနော် ကြားရလား)

ချစ်ရေးချစ်ရာမှာ ခံစားချက်တူတယ် (ငါတစ်ယောက်တည်းလည်း ဖြစ်တယ်)

အဖြူရောင်နတ်သမီး said...

အလှဆုံး ကဗျာလေးပါပဲ....

Comment ရေးဖို့ လိုက်ရှာရတာ ခေါင်းမူးသွားပြီ...
ပြန်တော့မယ်...း(

သူကြီးမင်း (တုံးဖလား) said...

ခက်ဆစ်အဖွင့်လေးကို အဓိပ္ပါယ်ပြည့်ဝစွာ ငေးမောဖတ်ရှုရင်း တွေးတောစရာတော့ အကျန်သား။ ဘေးပြောတာတွေခဏထားပြီး ရှေးသရောအခါက သီအိုရီတွေကို မယ်လိုဒီညှိနိုင်ပါပေရဲ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ကဗျာလေးနဲ့ ပုံလေးနဲ့ က အရမ်းကိုလိုက်ဖက်တာပဲရှင်။
may

ရွှေရတုမှတ်တမ်း said...

အပြုံး...
ရွှေပန်းကိုတော့ မပေးနိုင်ပါ။

လက်ခုပ်..
ချစ်ရေးချစ်ရာမှာ ဖြောင်း..ဖြောင်း..ဖြောင်း မည်လိုလျင်
အားစိုက်ပါ

ငှက်
မပျံသန်းနိုင်သောငှက်ကို..ကြက် ဟုခေါ်ပါသည်

အနာ
မနာစေလိုပါက KY သုံးပါ

sosegado said...

ကြာတွေကို လရောင်မလိုပဲ ပွင့်တဲ့နည်းတွေပေါ်နေပြီ
ပန်းကိုလိုချင်ပြီး အပြုံးလို့ ပေးထားတော့ အပြုံးပန်းလား၊
အပြုံုးကိုပြောတာလား၊
ရေမှာပျံတဲ့ ငှက်တွေကို သတိရသွားတယ်၊
ကိုယ်ဟာကိုယ် အဓိပ္ပါယ်တွေဖွင့်သွားတယ်၊

Anonymous said...

ကောင်းတယ်ဗျို့ ....
မြန်မာ့ ရေးအားအကောင်းဆုံးဘလော့ဂ်ဂါဆု တစ်ခုတော့ 
တီထွင်ပြီး ပေးသင့် နေပါပြီ...

များများရိုက်၊ မြန်မြန်ရိုက်၊ သွက်သွက်တင်
သီရိမဟာသဓမ္မဘလော့ စပေါ့ လက်စင်္ကြာ ကိုဇော်....

ဧပရယ်လ်ပူး@ပူးတေ said...

ငှက် ဆိုတဲ့ ခက်ဆစ်လေးကို ကြိုက်မိတယ်... ကိုဇော်ရေ ပူးတေစမ်းပြီးရင် စာသေချာပြန်လိုက်ပါ့မယ်...ပရောဂျက်တွေ အရမ်းကျနေလို့ အခုဆိုရင် အိမ်ရောက်တာနဲ့ လုံးဝကို ဒေါင်းသွားပြီ... ရုံးမှာကျတော့ သူများရေးထားတာတွေလောက်တော့ ဝင်ဝင်ဖတ်လို့ရတယ်... ကိုယ့်ဘလော့ကို ဝင်ပြီး စမ်းဖို့လောက်လဲ မအားသေးလို့ပါ...

တကူးတက အီးမေးလ်အတွက် ကျေးဇူးအထူးပါနော်..

ပျက်ကွက်မှုတွေအတွက်လဲ တောင်းပန်ပါတယ်... :)

ahphyulay said...

ဟားဟား..........
အင်း.. လက်ခုတ် ကို အကြိုက်ဆုံး ။

Anonymous said...

ရေမြင့်ဘို့လိုတယ်...ရေမြင့်မှကြာတင့်မှာပေါ့...ချစ်သူကကြာဆို ကိုယ်ဟာ အသင်္ချေညတော့ မလုပ်လိုက်ပါနဲ့နော်...နောက်တာနော် တကယ်..

ငြိမ်းစိုးဦး said...

သီရိမဟာသဓမ္မဘလော့ စပေါ့ လက်စင်္ကြာ ကိုဇော်....
ကောင်းလိုက်တဲ့ ဘွဲ့ ပါလား ။
လုပ်ထား ကိုဇော်ရေ ... ခက်ဆစ်လေးတွေကို ခိုက်တယ် ...
ငြိမ်းစိုးဦး

Anonymous said...

တကယ်ပြုံးပြီးရေးမိတာပါ
((((((((((ဖြောင်း ဖြောင်း ဖြောင်း)))))))))))
ကဗျာလေးတွေကောင်းလို့ တီးတာပါ။း)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

တကယ်ပြုံးပြီးရေးမိတာပါ
((((((((((ဖြောင်း ဖြောင်း ဖြောင်း)))))))))))
ကဗျာလေးတွေကောင်းလို့ တီးတာပါ။း)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

တကယ်ပြုံးပြီးရေးမိတာပါ
((((((((((ဖြောင်း ဖြောင်း ဖြောင်း)))))))))))
ကဗျာလေးတွေကောင်းလို့ တီးတာပါ။း)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

lwin said...

ချစ်သူကကြာဆို ကိုယ်ကရေဖြစ်ရမှာလေ
စကားပုံတောင်ရှိသေးတယ်
ရေမြင့်မှ ကြာတင့်တယ်တဲ့

Anonymous said...

hi!This was a really marvelous post!
I come from milan, I was fortunate to search your subject in yahoo
Also I get much in your subject really thanks very much i will come daily