မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 October 2010

17 ကြောင်ကတိုး စစ်ဆင်ရေး


ကြောင်တော့ ကြောင် ဒါပေမဲ့ အဲဒီကြောင်က ရိုးရိုးကြောင်တော့ မဟုတ်ဘူး။ သူက “ ကြောင်ကတိုး ” ( Civet Cat ) ပါ။


google မှ ယူသည်။

ကျွန်တော်တို့ စက်ရုံထဲမှာ သူက ဝင်နေတယ်။ ဒါပေမဲ့ သူက တစ်နေ့လုံး ငြိမ်နေလေ့ ရှိပြီး ညကျတော့မှ သားကျွေးမှု ၊ မယားကျွေးမှု အတွက် အပြင်ထွက်ကာ ရှာဖွေလေ့ရှိတယ်။ သူ့ဖာသာ ရှာဖွေစားသောက်တာ အကြောင်း မဟုတ်ပေမဲ့ စက်ရုံမျက်နှာကျက်မှာ တပ်ထားတဲ့ မီးခံဖိုက်ဘာတွေနဲ့ အလူမီနီယံတွေကို ကိုက်ဖြတ်တာကတော့ သူဌေးက သဘောမကျဘူးပေါ့။

ပထမတော့ ဘယ်က ဘယ်လို ဘာကောင်တွေ ကိုက်လို့ ကိုက်မှန်းမသိဘဲ မျက်နှာကျက်က အလူမီနီယံတွေ ကွာပြီး ပြဲကျတယ်ပေါ့။ တစ်နေ့တော့ အားလုံးသိကြတဲ့ အတိုင်းပဲ စပ်စပ်စုစု ကျွန်တော်ကပဲ သူ့ကို အပေါ်က သံယက်မတွေပေါ်မှာ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ မြန်လွန်းလို့ ဘယ်လိုမှ မှတ်တမ်း မတင်လိုက်နိုင်ဘူး။ လက်ထဲမှာလည်း ကင်မရာက မရှိဘူး။ ဒါနဲ့ ကျွန်တော်ရဲ့ တွေ့ရှိချက်ကို အလုပ်က လူတွေကို ပြောတော့ သူတို့က မယုံဘူး ဖြစ်နေကြတယ်။ ကျွန်တော်ပဲ ညဘက် အိပ်ချင်မူးတူး ဖြစ်သလိုလို ပြောကြတယ်။

ကျွန်တော်ကလည်း သက်သေပြစရာ မရှိ။ ဒါနဲ့ နေ့တိုင်း ကင်မရာလေး လက်မှာ တကိုင်ကိုင်နဲ့ ကျွန်တော့်မှာ စောင့်လိုက်ရတာ။ တစ်နေ့တော့ ကင်မရာ မကိုင်ထားတဲ့ နေ့မှ သူက အပြင်ကို လမ်းထွက်သလားတယ်။ ဒါနဲ့ ကင်မရာ ပြေးမယူနိုင်ခင် စူပါတစ်ယောက် လာတာနဲ့ သူ့ကိုပဲ ပြလိုက်တော့တယ်။ အဲဒီအချိန် နောက်ပိုင်းက စပြီးတော့ ကျွန်တော်တို့ စက်ရုံမှာ “ ကြောင်ကတိုး စစ်ဆင်ရေး ” ဖြစ်လာတော့တာပါပဲ။

ကျွန်တော် ပြလိုက်တဲ့ စူပါဗိုက်ဇာကတော့ ပြောပါတယ်။ အဲဒီအကောင်အသားက အရမ်းစားကောင်းတာတဲ့ မိရင် သူ တစ်ကောင်ကို RM 50 ပေးမယ် ဆိုပဲ။ ကျွန်တော် တွေ့ထားတာလည်း နှစ်ကောင် ပြေးလွှားနေတော့ သူတို့ မိသားစုလိုက် ရှိမယ် လို့ တွက်မိတယ်။ ဒါနဲ့ပဲ သူဌေးကို ပြောပြီးတော့ လှောင်အိမ် တစ်ခု လုပ်ပါတယ်။ ကြွက်ထောင်ခြောက်နဲ့ တူသော သံ လှောင်အိမ်ကြီး တစ်ခုပါ။ အောက်က ပုံကို ကျွန်တော်ပဲ Google က ရှာပြီး ဒီဇိုင်းဆွဲပေးလိုက်ပါတယ်။ 

ဒီပုံပါ Google က ယူပါတယ်။


နောက်တော့ ထောင်ထားလိုက်တာ နှစ်ပတ်ကျော်တယ်။ ဘာမှ သတင်းမထူးဘူး။ ဒီတော့ အရင်က ကျွန်တော်တစ်ယောက်တည်းကို အိပ်ချင်မူးတူး ဖြစ်တာလားကနေ မြင်လိုက်ရတဲ့ စူပါကိုပါ အိပ်ချင်မူးတူး ဖြစ်နေတယ် ထင်တယ် ဆိုပြီး လုပ်လာပါလေရော။ အဲဒီအချိန် အထိ ကျွန်တော်တို့ ကြောင်ကတိုးက လှောင်အိမ်ကို မျက်စတောင်မှ ပစ်ပုံမရပါဘူးဗျာ။

ကြောင်ကတိုး ဘာစားမှန်း မသိတော့ ကျွန်တော်တို့မှာ ငါးစိမ်း ၊ အသားစိမ်း ၊ အသားကျက် ၊ အသားကင်တွေ စုံနေတာပါပဲ။ KFC တောင်မှ ပါပါသေးတယ်။ ပုစွန် ၊ ပြည်ကြီးငါး . . အို ပြောမနေနဲ့တော့။ အသားတွေ ၊ ငါးတွေသာ မကောင်းတော့လို့ လဲလဲ လိုက်ရတယ် သူကိုတော့ မြင်တောင်မှ မမြင်ရတော့ဘူး။ တွေ့ပါတယ် ဆိုတဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း အူတူတူကို ဖြစ်လို့။ နောက်ဆုံးတော့ သူငယ်ချင်း တစ်ယောက်နဲ့ အဲဒီအကြောင်းကို စကားစပ်ပြောဖြစ်တော့ သူက ပြောတယ် ကြောင်ကတိုးကို ဖမ်းချင်ရင် “ သရက်သီး ” နဲ့ ထောင်ရတယ်တဲ့။ ဟာကွာ ဖြစ်နိုင်ပါ့မလားလို့ပေါ့။ 

ဒါပေမဲ့ သူပြောတဲ့ အတိုင်း စမ်းကြည့်ဖို့ ဆုံးဖြတ်ပြီး သရက်သီး တစ်လုံးကို သွားဝယ်ပြီး လေးစိပ်ခွဲကာ သံလှောင်အိမ်ထဲ ထည့်ပြီး စနေနေ့ညက စတိုထဲမှာ ထောင်ထားခဲ့ပါတယ်။ ထောင်ထားတယ် ဆိုပေမဲ့လည်း အသား ငါးတွေ နဲ့တောင်မှ မမိတော့ စိတ်တော့ သိပ်မပါပါဘူး။ ဒါပေမဲ့ ဒီနေ့ တနင်္လာနေ့ မနက်လင်းလို့ စတိုထဲက ထောင်ထားတဲ့ နေရာမှာ ကုတ်ခြစ်တဲ့ အသံတွေ ကြားနေရတယ်။ ဒါနဲ့ သွားကြည့်တော့ အောက်ပါ အတိုင်းပဲ မိနေတော့တာပါပဲ။



စိတ်ကတော့ အတော်ကြီးတဲ့ အကောင်ပါ။ ထွက်ပေါက် မရှိဘူး။ သူ့ကို မိနေပြီ ဆိုတာကို သိတော့ သံတွေ ဘာတွေ မစဉ်းစားဘူး ပါးစပ်တွေ ၊ နှာခေါင်းတွေ ၊ လက်တွေ စုတ်ပြတ်ပြီး သွေးတွေ တောက်တောက်ကျတဲ့ အထိ သံလှောင်အိမ်ကို ကုတ်ခြစ်ထားတယ်။ သံလှောင်အိမ်မှာလည်း သွေးတွေ နေရာ အနှံ့ပဲ။ ပါးစပ်ကလည်း နှာတွေ မှုတ်နေတယ်။ သူ ဒေါသတွေ ထွက်နေတယ်ပေါ့လေ။ ပြီးတော့ အရမ်းကို နံတဲ့ အကောင်ပဲဗျာ။ လှောင်အိမ်ဘေးနားမှာ နေနေတာတောင်မှ သူ့ရဲ့ နှာမှုတ်တဲ့ လေက ရောက်အောင်ကို ပြင်းတယ်။ ဒေါသ အတော်ကြီးတဲ့ ကောင်ပါ။



ဒါပေမဲ့ ကျွန်တော်တို့ အခု မိတဲ့ ကောင်က ကျွန်တော် ပထမမြင်ရတဲ့ အကောင်ကြီး မဟုတ်သေးဘူး။ အခုက သားပေါက်လောက်ပဲ ရှိပါသေးတယ်။ အကောင်ကြီး တစ်ကောင် ( သို့ ) နှစ်ကောင်တော့ ကျန်နေဦးမယ် လို့ ထင်တယ်။ အခု မိတာနဲ့တင် ရှိန်ဖို့ ကောင်းပါတယ်။ ကြောင်ကတိုး ဆိုတာ ကျွန်တော့်မှ မမြင်ဖူးတာကိုး။



မိပြီးတော့မှ တစ်ကောင် RM 50 ပေးမယ် ဆိုတဲ့ စူပါက ပြောတယ်။ မင်းအကောင်လေးတွေက သေးတယ်တဲ့။ အကောင်ကြီးမှ ပေးမယ် ဘာညာပေါ့၊ တကယ်တော့ ကျွန်တော်ကလည်း မရောင်းပါဘူး။ ငယ်ငယ်က အဖေက သင်ပေးထားလို့ လက်ရဲဇက်ရဲ ၊ လှီးမယ် ဖြတ်မယ် လုပ်ပေမဲ့ အခု နောက်ပိုင်းတော့ ဘုရားနဲ့ တရားတော်တွေ အဆုံးအမကြောင့် ကျွန်တော် သူတပါး အသက် သတ်တာ ဖြတ်တာ မလုပ်မိတော့ဘဲ ၊ ကြားသား ၊ မြင်သား တောင်မှ မစားဘဲ အတတ်နိုင်ဆုံး ရှောင်ကြဉ်ခဲ့ပါတယ်။ အခုလို သူများ အသက်ကို ငွေနဲ့ ရောင်းစားဖို့ ဆိုတာ မလုပ်ဖြစ်တော့ပါဘူး။

ဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းထဲက မြန်မာ တစ်ယောက်ကပဲ စူပါကို ပြောပြီး မိထားတဲ့ ကြောင်ကတိုးကို သူ့ကို ပေးဖို့ တောင်းနေတယ် ဆိုတာ တစ်ယောက်က ကျွန်တော့်ကို လာပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို သွားမေးတော့ သူက “ ဒီကောင့် အသားက အရမ်းစားကောင်းတယ် ” လို့ ဆိုလာပါတယ်။ ဒါနဲ့ သူ့ကို ဘယ်လို လုပ်မှာလဲ ဆိုတော့ သူက အပြန်ကျမှ ရိုက်သတ်ပြီး အိမ်ရောက်မှ ချက်စားမယ် လို့ ဆိုတယ်။ ကျွန်တော်လည်း RM 50 နဲ့ သူ့ဆီက ပြန်ဝယ်ရပါတော့တယ်။ ကိုယ်က မရတဲ့ အပြင် ထပ်တောင်မှ အိပ်စိုက်ရတာပေါ့။ 

ဒါပေမဲ့ သူက မရောင်းဘူးတဲ့။ ဒီအသားက စားရခဲတယ် ဆိုပဲ။ ဘယ်လိုမှ ဝယ်မရဘူး။ ဘယ်အသားနဲ့ပဲ စားစား နောက်ဆုံးတော့ ဟိုအဝှာ ဖြစ်သွားမှာပါပဲလေ။ ဒါကို သူများ အသက်မှ သီးသန့်ကြီး သတ်မစား စေချင်တော့ဘူး။ ဒါပေမဲ့ ဘယ်လိုမှ သူ့ဆီကလည်း ဝယ်မရတဲ့ အဆုံး နောက်ဆုံးတော့လည်း ကိုယ်နိုင်ရာနဲ့ပဲ ကိုင်ပြီး သူဌေးဆီ ဖုန်းဆက်လိုက်ပါတယ်။ အဲဒီသူဌေးကလည်း ကျွန်တော်နဲ့ အတော် အဆင်ပြေတော့ သူက “ အိုကေ ” လို့ပဲ ပြောပါတယ်။ ဖုန်းဆက်ပြီးတော့ ကျွန်တော်လည်း ပြန်လာခဲ့တယ်။



အခု အလုပ်ဝင်တော့ သူငယ်ချင်း တစ်ယောက်က တိုးတိုးလေး လာပြောတယ်။ သူဌေးရောက်လာပြီး ကြောင်ကတိုး မိပြီ ဟုတ်လား လို့ မေးတယ်။ နောက်တော့ အဲဒီကြောင်ကတိုးကို ငါယူသွားမယ် ဆိုပြီး ယူသွားတယ် လို့ဆိုတယ်။ ကျွန်တော်လည်း အတော်ကို စိတ်ချမ်းသာသွားတယ်ဗျာ။ အလုပ်က ပစ္စည်းတွေကို သူက ကိုက်ဖြတ်နေလို့သာ ဖမ်းရတာပါ။ သေစေချင်တဲ့ စိတ်ကတော့ မရှိပါဘူး။ 

အခုဆိုရင်တော့ ကျွန်တော် ပြောပြောနေတဲ့ ကြောင်ကတိုး ဆိုတာ အလုပ်ထဲမှာ ရှိနေတယ် ဆိုတာကို သက်သေပြနိုင်ပြီပေါ့ဗျာ။ ဒါပေမဲ့ နောက်ထပ် ကြောင်ကတိုး အကောင်အကြီးတွေကိုတော့ ဆက်လက် ဖမ်းရဦးမယ်ဗျာ။ ဒီအကောင်တွေကျရင်လည်း မိတာနဲ့ သတင်းပေးဖို့ရယ် ၊ သူတို့ အသက်ကိုလည်း ကာကွယ်ပေးဖို့ သူဌေးကို လှမ်းပြီး လူမိုက်ငှားရဦးမယ်။ အင်း . . . ဘာပဲ ပြောပြော ကျွန်တော်ရဲ့ “ ကြောင်ကတိုး စစ်ဆင်ရေး ” ကတော့ အောင်မြင်သွားပါပြီ။

စာဖတ်သူများထဲမှာ “ ကြောင်ကတိုး ” နဲ့ ပတ်သတ်ပြီး ဗဟုသုတ တွေကို သိသူတွေ ပါရင် ရေးသွားကြပါဦး။ ဗဟုသုတ မျှဝေ တဲ့ သဘောပေါ့ဗျာ။ ကျွန်တော်ကတော့ အခု လောလောဆယ် သိလိုက်ရတာကတော့ “ ကြောင်ကတိုးကို ဖမ်းချင်ရင် သရက်သီး နဲ့ ထောင်ရတယ် ” ဆိုတာပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုယ်ဇော့်စိတ်ကို လေးစားမိပါတယ်ရှင်။
...

မိုးယံ said...

ကြောင်မလေး ။ အဲ အောင်မလေး

ကြောင်ကတိုးဆိုတာကြီးကို အခုမှ မြင်ဖူးတာပါရှင်။ ကြားတော့ ကြားဖူးတယ်။ (ရှိတယ်ပြောသံ)။

ကျေးဇူးပါမောင်လေးရယ်။ မောင်လေးစိတ်ဓါတ်ကိုတော့ လေးစားပါတယ် ကွယ်။ သာဓု သာဓု သာဓု

မမမိုးယံ


ဟီဟိ ဂြီ။

ကိုအောင် said...

မိုက်တယ်ဗျာ ရှယ်ပဲ။

Anonymous said...

ကိုဇော်
အဲဒီလှောင်အိမ်နဲ့ဘဲ တစ်ခြားကျန်တဲ့ အကောင်တွေကို ထပ်ထောင်မယ်ဆိုရင် လှောင်အိမ်ကို ဆပ်ပြာတို့ ဘာတို့နဲ့ သေခြာရေဆေး လိုက်ပါအုံး ပထမအကောင်ရဲ့ အနံ့အသက်နဲ့ သွေးစသွေးန လုံးဝမကျန်အောင်ဆေးပါ။ တိရစ္ဆာန်တွေ မှာ sense ရှိတယ် ပထမအကောင်ရဲ့ ကိုယ်နံ့ သွေးနံ့က သူတို့အတွက် အန္တရာယ်ရှိတဲ့အရာ ဆိုတာကို အလိုလိုသိပြီး နောက်အကောင်တွေက အဲဒီလှောင်အိမ်နားတောင် မကပ်ကြတော့ဘူး။

Anonymous said...

ကိုဇော်
အဲဒီလှောင်အိမ်နဲ့ဘဲ တစ်ခြားကျန်တဲ့ အကောင်တွေကို ထပ်ထောင်မယ်ဆိုရင် လှောင်အိမ်ကို ဆပ်ပြာတို့ ဘာတို့နဲ့ သေခြာရေဆေး လိုက်ပါအုံး ပထမအကောင်ရဲ့ အနံ့အသက်နဲ့ သွေးစသွေးန လုံးဝမကျန်အောင်ဆေးပါ။ တိရစ္ဆာန်တွေ မှာ sense ရှိတယ် ပထမအကောင်ရဲ့ ကိုယ်နံ့ သွေးနံ့က သူတို့အတွက် အန္တရာယ်ရှိတဲ့အရာ ဆိုတာကို အလိုလိုသိပြီး နောက်အကောင်တွေက အဲဒီလှောင်အိမ်နားတောင် မကပ်ကြတော့ဘူး။

Anonymous said...

ကိုဇော်
အဲဒီလှောင်အိမ်နဲ့ဘဲ တစ်ခြားကျန်တဲ့ အကောင်တွေကို ထပ်ထောင်မယ်ဆိုရင် လှောင်အိမ်ကို ဆပ်ပြာတို့ ဘာတို့နဲ့ သေခြာရေဆေး လိုက်ပါအုံး ပထမအကောင်ရဲ့ အနံ့အသက်နဲ့ သွေးစသွေးန လုံးဝမကျန်အောင်ဆေးပါ။ တိရစ္ဆာန်တွေ မှာ sense ရှိတယ် ပထမအကောင်ရဲ့ ကိုယ်နံ့ သွေးနံ့က သူတို့အတွက် အန္တရာယ်ရှိတဲ့အရာ ဆိုတာကို အလိုလိုသိပြီး နောက်အကောင်တွေက အဲဒီလှောင်အိမ်နားတောင် မကပ်ကြတော့ဘူး။

Anonymous said...

ကိုဇော်
အဲဒီလှောင်အိမ်နဲ့ဘဲ တစ်ခြားကျန်တဲ့ အကောင်တွေကို ထပ်ထောင်မယ်ဆိုရင် လှောင်အိမ်ကို ဆပ်ပြာတို့ ဘာတို့နဲ့ သေခြာရေဆေး လိုက်ပါအုံး ပထမအကောင်ရဲ့ အနံ့အသက်နဲ့ သွေးစသွေးန လုံးဝမကျန်အောင်ဆေးပါ။ တိရစ္ဆာန်တွေ မှာ sense ရှိတယ် ပထမအကောင်ရဲ့ ကိုယ်နံ့ သွေးနံ့က သူတို့အတွက် အန္တရာယ်ရှိတဲ့အရာ ဆိုတာကို အလိုလိုသိပြီး နောက်အကောင်တွေက အဲဒီလှောင်အိမ်နားတောင် မကပ်ကြတော့ဘူး။

ဒေါင်းမင်း said...

ဟားဟားဟားကိုဇော်ကတကယ့်အကောင်ကိုမှသွားဖမ်း
လာတာကိုးဗျ။ကျွန်တော်သိသလောက်ပြောရရင်၊
အဲဒီအကောင်မျိုးနွယ်သုံးမျိုးရှိတယ်။ပထမတမျိုးက
အနွယ်တူမြွေပါ(ခွေးတူဝက်တူလို့လဲခေါ်တယ်၊)
၊ဒုတိယတမျိုးက ကြောင်အိုးစည်၊တတိယတမျိုးကတော့
အခုကြောင်ကတိုးပဲ။ ပထမတမျိုးမြွေပါကတော့မြင့်တယ်။
ဒုတိယကြောင်အိုးစည်ကတော့ သင်္ချိုင်းကုန်းမှာအနေများ
တယ်။ကြောင်အိုးစည်က.လူသေသားစာတာများတယ်။
အသံကလဲ ဗုံဗုံဗုံ..နဲ့မြည်တယ်။ကြောင်သံ(ညောင်)
ဆိုပြီးမအော်ဘူး၊မသိရင်ဗုံသံလိုလိုအော်တော့ညပိုင်း
သချိုင်းသွားရင်သရဲခြောက်တယ်ထင်ရတယ်။
ကြောင်ကတိုးကတော့ကျောင်းပျက်၊ဘုရားပျက်၊
ဂိုထောင်တွေမှာအနေများတယ်။ကျွန်တော်တို့ဘက်မှာ
တော့ပေါတယ်ဗျ။နောက်ပြီးကြောင်ကတိုး၊မြွေပါ၊ကြောင်အိုးစည်၊
တို့ကအတိုက်အခိုက်တော်တော်ကျွမ်းတဲ့ကောင်တွေ။
ကျွန်တော်သိသလောက်ပြောပြတာပါ..
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ဒေါင်းမင်း said...
This comment has been removed by the author.
ဒေါင်းမင်း said...

ရှိသေးတယ်ဗျ၊မြွေပါကလွဲရင်။။ကြောင်အိုးစည်၊နဲ့ကြောင်
ကတိုးကို အိမ်မှာမမွေးကောင်းဘူးလို့ အယူအဆရှိတယ်။
ကိုဇော်ဖမ်းမိတဲ့ကြောင်ကတိုးကိုချစ်စရာလေးဆိုပြီး
မမွေးလိုက်နဲ့အုံး။အဲသူတို့အသားကတော့တော်တော်
စားကောင်းတယ်လို့ပြောတယ်။ဒါပေမယ့်အရမ်းနံတော့
ညှီတာပါ၊ချက်ရင်သြဇာရွက်ထည့်ချက်ရတယ်။အဲဒါမှညှီနံ
ပျောက်တာ။အရသာတော့တော်တော်ရှိ။ဟီး။ကျားသားနဲ့
နင်လားငါလားကောင်းတယ်။သူများအသက်မသက်တာ
အကောင်းဆုံးပါပဲ။

ဧပရယ်လ်ပူး@ပူးတေ said...

သနားလဲ သနားတယ်... ကြောက်လဲ ကြောက်စရာကြီးနော်။ ဖတ်ရတာနဲ့တောင် ကြက်သီးထမိတယ်... ကြောင်ကတိုး ခုမှကြားဖူးတယ်။ ကြွက်ကတိုးတော့ကြားဖူးတယ်။ တခါမှမမြင်ဖူးဘူး။ နောက်ထပ် ဘာကတိုးတွေ ရှိသေးလဲ မသိဘူး။

ကိုဇော်ပြောသလိုဆို အတော် ဒေါသကြီးမယ့်ပုံပဲ။ သူရန်ပြုခံရရင် လွယ်မယ်မထင်ဘူး... အခုကောင်လေးက အကောင်သေးလေးဆိုတော့ အမေ အဖေတွေနဲ့များ ကွဲလာသလားလို့လဲ တွေးပြီး သနားမိတယ်... သတ္တဝါတိုင်းကတော့ ကိုယ့်ဘေးနဲ့(သေဘေး)ရင်ဆိုင်ရရင် ထိတ်လန့်ကြပြီး လွတ်ရာလွတ်ကြောင်း ကြိုးစားကြမှာပဲလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသေးတယ်...

Anonymous said...

ခြင်္သေ လား ဟုတ်ဘူး ကြွက် အဲ ဘာရယ်မဟုတ်ပါဘူး စစ်ဆင်ရေး ဆိုရင် စကားဝှက်တွေ သုံးရသလားလို့

ခင်တဲ့
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ကျောက်ကတိုးတို့ကတော့..သရက်သီးလဲ ကြိုက်တယ်. အစိ....အဲ..အဲ...သရက်စိနဲ့တူတာလဲ ကြိုက်တယ်

သိင်္ဂါကျော် said...

အရင် ကျောင်းတက်တုန်းက နေတဲ့ ရန်ကုန် အဆောင်မှာတုန်းကလည်း ဘေးက ခေါင်းမိုးပေါ်မှာ ခဏ ခဏ တွေ့ခဲ့ရတယ်..။ ဒီဘက်ကပစ်တဲ့ ထမင်းကျန်တွေ လာလာစားတာ..။ ကြောင်ကတိုးလား.. တောကြောင်လားတော့ မသိဘူး.. တစ်ကောင်ကတော့ တော်တော်ကြီးတယ်..။ နောက်တစ်ကောင်ကတော့ ခပ်ငယ်ငယ်ပဲ...။

Anonymous said...

သနားပါတယ်
အမေ အဖေတွေနဲ့များ ကွဲလာသလား မသိ

မောင်မိုး said...

သုတ်ကိုင်းနဲ့တော့ ထောင်ဖူးတယ်ဗျ..။ စက်ရုံမှာဆိုရင်တော့ လုပ်လို့မရလောက်ဘူး...။

Anonymous said...

မလေးမှာပေါတယ်ကိုဇော်
အဲကောင်တွေကို ငှက်ပြောသီ(ရခိုင်) နဲ့လည်း ဖမ်းဖူးတယ် အဲလိုလှောင်အိမ်မျိုးခပ်ကြီးကြီးနဲ့ပေါ့
ဒီကောင်တွေ သစ်ပင်ပေါ်ကလဲ ဇောက်ထိုးဆင်းတတ်တယ်ဗျ
အရမ်းလျင်တဲ့ကောင်တွေ မိရင် တရုတ်တွေက အိမ် သယ်ပြန်ကြတယ် ရိုက်သတ်ချက်စားဆိုပဲ
အရမ်းစားကောင်းတယ်ပြောတာပဲဗျ
တခါမှမစားဖူးဘူး

မောင်ဘကြိုင်