မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 October 2010

13 စစ်တုရင် ကစားခြင်း



စစ်တုရင် ထိုးခြင်း

ပွဲစပြီ...။
ငါက ရှေ့ထွက်လို့ မရ
ပွန်းကို နှစ်ကွက်တက်
မင်းက အရင်ရှေ့တန်းကို ထွက် ၊
ဘိရှော့ကို ဘေးထုတ်
ထောက်ကွက်နဲ့ ဖြတ်တား ၊
ဘုရင်မကို ထောင့်ဖြတ်ချောင်း
ကပ်စပါးရော့ အကွက်နဲ့ နှက်လိုက်မဟဲ့ ၊
ဘယ်ညာမြင်းထုတ်ပြီး ကြိုထား
မြင်းက ခွကစားပေမဲ့ အထနှေးတယ် ၊
ရထားနဲ့ ဘုရင်ကြား ရှင်းသွားရင်
ကာဆယ်ရင်း ထားလိုက်ပေါ့ ၊
ပြင်းရှရှနဲ့ အကောင်ကြီးကို တွယ်မယ် ကြံတော့
နလပိန်းတုံး သူ့ပွန်းတွေက
လိမ်ဖယ်ဖယ် နဲ့ တစ်ကွက်တိုး
ငါ့မြင်းကို ခြောက် ၊ ဘိရှော့ကို ရွယ်
ဘုရင်မကိုတား ၊ ကာဆယ်ကို စားသွားတယ်
သတိထားမိလို့ . . .
ငါ့ဘက်ကို ပြန်ကြည့်တော့
ငါ ဆိုတဲ့ ဘုရင်က
တစ်ကောင်တည်း ထီးထီးရပ်လို့
ရှုံးပြီ။    ။

ကိုဇော်


မှတ်ချက်များ။


၁။ ပွန်း =  Pawns
၂။ ဘိရှော့ = Bishop
၃။ မြင်း = Knight ( မြင်းသန်သူများ အတွက် သူက အခရာကျတာမို့ သူ့ကို သူရဲကောင်းလို့ တင်စား ကြသည်။ )
၎။ ဘုရင်မ = Queen
၅။ ကာဆယ် = Rook
၆။ ကာဆယ်ရင်း = Castling
၇။ ဘုရင် = King

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ထီးထီး ရပ်လို့ ရှုံးတာဖြစ်မယ် နောက်တစ်ခါ မမ ရပ် ရင် နိုင်မယ် ဦးဇော်။

အဲဒါ ကစားသာနေတာ ဘယ်ဟာ ဘာမှန်းမသိဘူး။ ကိုယ်စီးတဲ့မြင်း အထီးလား အမလား သိဖို့မလိုပါဘူး ခရီးရောက်ဖို့သာ အဓိကပါ။

တစ်ခါတစ်ခါ အဲလို ဇောက်ထိုး တွေးတာတွေ သဘောကျတတ်တဲ့ကောင် မိုးယံ

sosegado said...

နိုင်မယ်ထင်နေတာ အကုန်လုံးသိတဲ့အကွက်နဲ့ သွားကစားတာကိုး

Anonymous said...

နောက်တစ်ခါ နိုင်အောင်ကစားနော်
may

မောင်သီဟ said...

အဲဗျာ စစ်တုရင်မကစားတတ်ဖူးရယ် ကျားပဲထိုးတတ်တယ်ဗျ
စစ်တုရင်သင်ပြီး တွေးနေရတာကြီး ပွဲကြာတာကြီးကို မကြိုက်တာ ကျားလိုဒုန်းဒိုင်းထိုး အနိုင်ရှုံးမြန်မြန်ပေါ်တာပဲ ကြိုက်တယ်
း)

ကိုအောင် said...

စစ်တုရင်ကဗျာပေါ့။

ဆောင်းနှင်းရွက် said...

ဟားးဟားး ....

အားလုံးကို ထောက်ထား
ကာဆယ် ကို စားသွား ...
ဖွင့်ချက် ဖြစ်သွားတာ လေး
သူမသိတော့ .....
ပြုံးပြီးလေးပဲ ကြည့်နေလိုက်ပါတယ် ..း))

ငှဲ လျောင်း ...
ငှဲ လျောင်း ... ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

lwin said...

စစ်တုရင်မကစားတတ်တော့ ကဗျာဘဲဖတ်သွားတယ်

ရွှေရတုမှတ်တမ်း said...

ဘုရင်မတော့ ချောင်းနေတာပဲ..

သူကြီးမင်း (တုံးဖလား) said...

တစ်ကောင်ထဲ ဒါပေမဲ့ ခြင်္သေ့။ မရှုံးသေးပါဘူး။ ဆက်ရွေ့လေ။ တစ်ခြားဘက်က ဘာမှမှ မရှိတော့တာ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုကိုးအိမ်(မန္တလေး) said...

အင်း ကိုဇော်ရေ ဖေ့စ်ဘုတ်မှာတုန်းကလို ညီလေးလည်း ပြောခဲ့မယ်.... တို့က ဘုရင်ကြီးကွ.. နောက်တာနော် ကိုဇော်


ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

အုပ်ကြီး said...

ကျွန်တော်တို့ တစ်တွေ
ကိုယ့်အကွက်ကိုပဲကြည့်ပြီး
သူများအကွက်ကို မတွေးမိ
နောက်တစ်ပွဲတော့
သရေ လောက်ကျအောင်လုပ်ဦးမှ ..

SHWE ZIN U said...

ဘုရင်ကြီး က ထီးထီးကြီး ရပ်ကျန်ရစ် တဲ့ ဒို့တွေ ကစားခဲ့တဲ့ ပွဲတွေကို သတိရတယ်

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

Keep posting stuff like this i really like it