မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 August 2010

19 ကံကောင်းလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းရယ်



ဒီနေရာ မှာလေ ဘယ်လိုကြီးလည်း မသိဘူးဗျာ ရေးထားတာကြီးက ၊ Calm Hill ဆိုက်ကို သွားဖတ်တော့ တွေ့ခဲ့ရသည်။ အခုလို Calm Hill မှ တဆင့် ကျွန်တော်က တင်လိုက်လို့  သူတို့ ဖြုတ်များ ဖြုတ်သွားလေမလားပဲ။ ဒါပေမဲ့ ရေးထားတာကို မြင်ရတာ ရင်ထဲမှာ ကလိ ကလိ ဖြစ်မိသည်။ ဗဟုသုတ ခေါင်းပါးသော ကျွန်တော်လို လူအတွက် ပိုတောင်မှ ဇဝေဇဝါ ဖြစ်မိပြန်သည်။ ( ဇဝေဇဝါ ဆိုလို့ ညီအစ်ကိုလို့ မထင်ပါနဲ့ဦး ၊ ဇဝါ ဆိုလို့လည်း သီချင်းရေးဆရာ မဟုတ်ပါ။ )

စာလေးကတော့ “ ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း)နှင့် တွေ့ဆုံခြင်း အပိုင်း(၇) ” လို့ ခေါင်းစဉ် တပ်ထားသည်။ အဲဒီမှာ အင်တာဗျူး လုပ်ထားတာကို တင်ထားတယ် ဆိုပေမဲ့ မဖတ်လိုက်ရမှာ စိုးလို့ ကျွန်တော် အောက်မှာ ကျွန်တော် ဖတ်စေချင်တာကို တင်ပေးပါ့မယ်။ များများ စားစား မဟုတ်ပါဘူး။ စစချင်း ဆောက်နဲ့ထွင်းတဲ့ စာလေးပါပဲ။

“ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတော့ အန်ကယ်တို့က သိမ်ဖြူလမ်းမှာ ရှိနေတယ် ပေါ့နော်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့ ဖြစ်နေတယ်။ ”

တဲ့ဗျာ။ သူ ပြောသလိုသာ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက အဲဒီ အာဇာနည်နေ့ ဆိုတဲ့ နေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို ကျဆုံး သွားရတာပါလားဗျာ။ ဒါဆို အာဇာနည်နေ့မှာ ကျဆုံးခွင့် ရတော့ ဗိုလ်ချုပ်အောင်ဆန်းက အတော်ကို ကုသိုလ်ထူးပြီး ကံကောင်းတာပေါ့လေ။ ဗိုလ်ချုပ်အောင်ဆန်းရယ် “ ငါ အတော် ကံကောင်းတာပါလား ” လို့ ကျုံးဝါးလိုက်စမ်းပါဗျာ လို့ ပြောရမလို ဖြစ်နေပြန်သည်။



ဟုတ်တယ်လေ။ သူပြောထားသလို ဆိုရင် တကယ်လို့ အဲဒီ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက မကျဆုံးခဲ့ပဲ တခြားနေ့မှာသာ ကျဆုံးခဲ့ရင် “ ဒုတိယ အာဇာနည်နေ့ ” လို့ သူတို့ သတ်မှတ်ရမလား။ “ လူသား ၉ ယောက် ရဲရဲဝံ့ဝံ့ ကျဆုံးသော နေ့ ” လို့ သတ်မှတ်ကြမလား မပြောတတ်ဘူးဗျာ။ လုပ်ရက်ပါပေ့ ၊ ပြောရက်ပါပေ့ဗျာ။

အောက်မှာ သူတို့ ဖျက်လိုက်မှာ စိုးလို့ ကျွန်တော် Print Screen ဖတ်ထားတာလေး တင်ပေးလိုက်ပါသည်။ ကြည့်ကြပါဦး အရပ်ကတို့ ။



ဗိုလ်ချုပ်အောင်ဆန်းရယ် အာဇာနည်နေ့မှာ ကျဆုံးရတာ အရမ်းကို ကံကောင်းတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်း အရမ်းကို ကံကောင်းတယ် လို့ပဲ ပြောရတော့မယ်။ မဟုတ်ဘူးလား အရပ်ကတို့။


အခု ကျွန်တော် ဒီလို တင်လို့ သူတို့နဲ့ ပတ်သတ်သူတွေ လာပြီး Cbox မှာ ၊ Comment မှာ ဆဲချင် ဆဲကြလိမ့်မယ်။ နေပါစေ စာဖတ် ပရိတ်သတ်ကြီးတို့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကျဆုံးသွားတာနဲ့တင် ကျွန်တော် အဆဲခံရတာ မတန်ဘူးလားဗျာ။ တန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရယ် အရမ်း ကံကောင်းတယ်ဗျာ။

တော်ပါပေ့ ၊ တတ်ပါပေ့ ၊ မေးတတ်ပါပေ့ မီဒီယာကြီးရယ် :P






 မူရင်း နေရာ လင့်ပါ >>>  ဒီနေရာမှာ

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

ချိုကျ said...

အဲ.....ဟုတ်ပါရဲ့ ဘယ်လိုကြီးပါလိမ့် လွဲတော့လွဲနေပါပြီ :(

ခင်တဲ့(ချိုကျ)

simple views said...

ကျမလဲ ဖတ်မိတုန်းက အော် ငါသိတာ အာဇာနည်နေ.တခုတည်းပါ ...ခုတော့ သူတို.ခေတ်တုန်းက အရင် ကိုယ်မသိတဲ့ စီနီယာ အာဇာနည်နေ.များရှိနေသလားလို.ပေါ့..
စာစီတဲ့သူရဲ့ မှားယွင်းမှု.ပေပဲလား....မသိ...
ဗိုလ်ချုပ်ချစ်ဆွေ လို.ဆိုထားတော့ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်ုး ကို ချစ်တဲ့ခင်တဲ့စိတ် လေးစားတဲ့စိတ်နဲ. ဝမ်းနည်းစွာငိုခဲ့တာလား....ငါတို.တော့ လွတ်ပြီ ကျွတ်ပြီ တိုင်းပြည်ကို အနိုင်ကျင့်လို.ရတော့မယ်ဆိုပြီး ဝမ်းသာစိတ်နဲ. ငိုခဲ့တာလား လို. ဇဝေ နဲ. ဇဝါ ဖြစ်မိပါတော့တယ်...

မာရ်နတ် said...

ဟီးဟီး

လျှပ်တပြက်က စာပေသုတ်သင်ရေး ဗိုလ်ချုပ်တွေ အာဇာနည်နေ့တောင်မှ အဲလိုမျိုး မှားတယ်ဆိုရင်တော့ စာများမတတ်တာလား သို့မဟုတ် တမင်ပဲ ဦးနှောက်မရှိကြကြောင်းထုတ်ကြွားတာပဲလားပေါ့နော်။

Anonymous said...

အင်း ကိုဇော် ရေ

ပထမ အာဇာနည် တွေများ ရှိနေလို့လား ကျနော် တို့ဘဲ ဗဟုသုတ နဲ နေလို့လား မသိဘူး အဟဲ...

ကဲ မှတ်ကြကုန်လော ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည် နေ့တွင် လုပ်ကြံခံရသည်

ရွှေစင်ဦး

mabaydar said...

ဟုတ်ပ အစ်ကိုရေ... ဂျာနယ်က အင်တာဗျူယာလုပ်ပြီး စကားလုံး မရွေးတတ်တာလား သမိုင်းပဲ မသိတာလား သိဘူးနော်... ရီရတယ်... "သွားတော့ နင်ထွက်သွားလိုက်တော့" ဆိုပြီး ကိုယ့်ပါး ကိုယ်ပြန်ရိုက်ရ မလိုဖြစ်နေပြီ.... ဟိဟိ...

သူကြီးမင်း (တုံးဖလား) said...

အင်းးး
ခွင့်လွတ်လိုက်ပါလေ။ မှားတဲ့အခါလဲ မှားပေမပေါ့။ ပုထုဇဉ်တွေကိုးဗျ။ ဒါပေမဲ့ ဒီလိုလေး ပြန်ဖော်ပြပေးတာကိုတော့ ကြိုဆိုပါတယ်။ နို့မဟုတ်ရင် မျိုးဆက်သစ်တွေ ဇဝေဇ၀ါဖြစ်ကုန်မှာ စိုးရိမ်ရတယ်။

ဒါပေမဲ့ သေချာလဲ မေးကြည့်ဦးဗျ။ အဲဒါမတိုင်ခင် အာဇာနည်နေ့များ ရှိခဲ့သေးလားမသိဘူး။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

CalmHill said...

သူတို့က ထက်ထက်မိုးဦးနဲ့ပဲ အဆင်ပြေမယ်ထင်တယ် :P

လင်းဦး(စိတ်ပညာ) said...

အဟဲ... ဒီလိုလေးတွေ ရေးထားပါတယ်ခင်ဗျ...

http://www.peoplemediavoice.com/inside-burma/snapshot-newss-martyrs-day-to-commemorate.html?refresh=1

Anonymous said...

ဟဟဟ...အရပ်ကတို့ ၇ယ် ..
အဲဒါဖတ်ပြီးတို့ နိုင်ငံမှာ
အာဇာနည်နေ့ ဘယ်နှစ်ရက်ရှိလဲဆိုတာ
ဇဝေဇ၀ါဖြစ်သွားတယ် ...

း)
ငြိမ်းစိုး

Anonymous said...

ဖစ်ရတယ် ဗိုလ်ချုပ်ရယ်။

ပုံလေးတွေ သရုပ်ဖော်ထားတာက ပိုရယ်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်ရင်တောင် အူနှိပ်နေမှာပဲ။

ညီမိုး said...

ဟီးဟီး မဟားဒရား ရယ်ရ၏ ဦးဇော် ရေ ....

ဘုရားစူး အင်တာဗျုး ကွိကွိ :D ...

Unknown said...

ကိုဇော် ရေ..
ရွှေဂဲအရင်က ရှင်းရှင်းလေးသိထားတာ အာဇာနည်နေ့ကို
ခုတော့ ရှုပ်ကုန်ပြီ သမိုင်းရယ် ဘာဖြစ်....

Unknown said...

ဘာဖြစ်ကုန်ပြီလဲ သိဘူး ....ဒီခေတ်ကြီးမှာလေ..

ဘယ်လိုပဲဖြစ်ဖြစ်ပျော်ရွှင်ပါစေ (ကိုဇော် ခနငှားနော် စကားလေး)

ခင်မင်တဲ့
ရွှေဂဲ

nla said...

I was thinking like, what??? There's Martyr's day before Bogyoke died???

Nge Naing said...

ကိုဇော်ရေ ကျောင်းမှာကတည်းက လာလည်ခဲ့တယ်။ မြန်မာစာလုံးမပေါ်လို့ မဖတ်ဘဲ ပြန်သွားရပြီး အခု အိမ်ပြန်ရောက်မှ ဖတ်ဖြစ်တယ်။ အခုဖတ်ပြီးတော့ သူများတွေ အတော်များများက ရီသွားကြတယ် အစ်မက ငိုရမလို ရီရမလို ဖြစ်နေတယ်။ "တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့ ဖြစ်နေတယ်" ဆိုတော့ အဓိပ္ပါယ်က ကိုဇော်ပြောတဲ့ အဓိပ္ပါယ်ပါပဲ ဒါပေမဲ့ အဲဒီမေးခွန်းမေးသူက ဘာကိုဆိုလိုတယ်ဆိုတာ တကယ်ပဲ သိချင်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဇူလိုင် ၁၉ ရက်နေ့ ဖြစ်နေတယ်လို့ ပြောရမည့်အစား စကားလုံးရွေးမှားတာပဲ ဖြစ်မယ်လို့ တွေးမိပေမဲ့ အဲလို သတ်မှတ်ရလောက်အောင်ကလည်း ဇူလိုင်လ ၁၉ ရက်နေ့မှာ တခြားထူးခြားပြီး သိသာထင်ရှားတဲ့ ဖြစ်ရပ်တခု ရှိခဲ့တာမျိုးလည်း မဟုတ်တော့ ကိုဇော့်ပို့စ်ကို ဖတ်ပြီး တော်တော်လေးတော့ ခေါင်းစားသွားတာတော့ အမှန်ပဲ။

သဒ္ဓါလှိုင်း said...

တော်တော့ကိုခက်တဲ့သူတွေပဲလို့ထပ်ပြီးပြောရတော့မယ်။
နောင်မျိုးဆက်တွေသမိုင်းကိုထပ်ကာထပ်ကာမှားပြီး
ဇဝေဇ၀ါဖြစ်အောင်ဖန်တီးနေတာ...
အင်းးးးးးးးးးးးးးးးးး

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ကိုဇော်ရှင်းမှပဲ..လင်းရတော့တယ်။ဗျို့။ကျေးဇူး
ရက်စက်ပါပေ့..မီဒီယာတို့ရယ်။
လိုရာတွေ..ဆွဲမေးထားသလားပဲ။
မှားတဲ့အခါလည်း..မှားပေမပေါ့လို့..
ဖြေတွေးတွေးလို့ရပေမယ့်။..
သမိုင်းကြောင်းဆိုတာမမှားသင့်ဘူးလို့ထင်တာပဲ။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

ဧပရယ်လ်ပူး@ပူးတေ said...

ဒုက္ခေါ

မြတ်ချွာဖျား.....ဖစ်မှဖစ်ရပလေတယ်...

Anonymous said...

http://degolar.blogspot.com/2010/08/martyrs-day.html